Powered by Blogger.
RSS

မားစ်ဂြိုလ်လေ့လာရေး ဖီးနစ်ဂြိုလ်ဆင်းယာဉ် သက်တမ်းကုန်ဆုံးပြီ

http://www.planet.com.mm/news/newsimg/November08/phonix200.jpg

မားစ်ဂြိုဟ် မျက်နှာပြင် လေ့လာရေးအတွက် လွှတ်တင်ထားခဲ့သည့် ဖီးနစ်ဂြိုဟ်ဆင်းယာဉ်သည် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဘက်ထရီ ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့သလို အဆက်အသွယ် ပြတ်တောက်မှုများ ဖြစ်လာခဲ့ကြောင်း နာဆာက ကြေညာခဲ့သည်။ ကမ္ဘာ့သမိုင်းတွင် ပထမဆုံးသော အခြားဂြိုဟ်တစ်ခုပေါ်သို့ ဆင်းသက်နိုင်ခဲ့သော လေ့လာရေး ယာဉ်ပျံလေး၏ နောက်ဆုံးအချိန်သည် တစထက်တစ နီးကပ်လာပြီဟု နာဆာမှ ၀န်ခံခဲ့သည်။ အအေးဓာတ် လွန်ကဲမှုများ၊ သဘာဝသဲမုန်တိုင်းများ ကျရောက်နေသည့် မားဂြိုဟ်၏ ရာသီဥတုကြောင့် ဖီးနစ်၏ လေ့လာရေး missionမှာ နိဌိတန်ရန် အချိန်ကျရောက်လာပြီဟု ပညာရှင်များကဆိုသည်။ သို့သော်လည်း ဖီးနစ်အနေနှင့် မားဂြိုဟ်တွင် တစ်ချိန်က ရေရှိခဲ့သည်ဆိုသော အထောက်အထားများအပြင် အခြားအရေးပါသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနိုင်ခဲ့သောကြောင့် ၎င်းအားလွှတ်တင်ခဲ့ရသည်မှာ ထိုက်တန်ပါကြောင်း နာဆာက ထုတ်ဖော်ပြောဆိုလိုက်သည်။ လက်ရှိအချိန်တွင် ယာဉ်ရှိဘက်ထရီ သက်တမ်းမှာ လုံးဝကုန်ဆုံးခဲ့ပြီ ဖြစ်သောကြောင့် အပိုဘက်ထရီနှင့် ဆက်လက် လည်ပတ်နေပြီး အဆက်အသွယ်မှာလည်း လုံးဝနီးပါး ပြတ်တောက်သွားပြီ ဖြစ်သည်။ ယာဉ်၏ လှုပ်ရှားမှုများကို ဆက်လက်သိရှိနေသေးသည့်တိုင် ကမ္ဘာမြေ ဌာနချုပ်မှ ထိန်းကျောင်းနိုင်ခြင်း မရှိတော့ကြောင်း၊ မကြာမီအချိန်တွင်း သဲမုန်တိုင်းများကြောင့် မားစ်ဂြိုဟ်၏ မျက်နှာပြင်အောက် ထာဝရ နစ်မြုပ်ပျောက်ကွယ် သွားတော့မည်ဖြစ်ကြောင်း နာဆာအဖွဲ့က ထုတ်ဖော်ကြေငြာလိုက်သည်။ ဖီးနစ်၏ သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း အာကာသ စူးစမ်းလေ့လာမှု သမိုင်းအတွက် အရေးအပါဆုံး မှတ်တိုင်တစ်ခုအား စိုက်ထူနိုင်ခဲ့ကြောင်း နာဆာက ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...