Powered by Blogger.
RSS

ကမ္ဘာနှင့် ဂြိုလ်ငယ်တစ်ခု တိုက်မိသွားမည့်အဖြစ်မှ ကံကောင်းစွာလွဲချော်


ကမ္ဘာနှင့် ဂြိုလ်ငယ်တစ်ခု တိုက်မိသွားမည့်အဖြစ်မှ ကံကောင်းစွာလွဲချော်

နိုဝင်ဘာ၆ရက်နေ့တွင် ကမ္ဘာနှင့် ဂြိုလ်ငယ်တစ်ခု တိုက်မိသွားမည့်အဖြစ်မှ ကံကောင်းစွာ လွဲချော်သွားခဲ့ကြောင်း သိရသည်။ အဆိုပါဂြိုလ်ငယ်သည် ကမ္ဘာနှင့် မိုင်၈၇၀၀မျှသာရှိသည့် အကွာအဝေးမှ ဖြတ်သန်းသွားခဲ့သည်။ ကမ္ဘာအနီးသို့ အဆိုပါဂြိုလ်ငယ် နီးကပ်လာသည်ကို ၁၅နာရီအလိုမှသာ သိရှိသတိထားနိုင်ခဲ့သည်။ ဂြိုလ်ငယ်မှာ လနှင့်ကမ္ဘာအကွာအဝေးဖြစ်သည့် မိုင်ပေါင်း၂၅၀,၀၀၀ထက် အဆ၃၀အထိ ပိုမိုနီးကပ်သွားခဲ့ကြောင်းလည်း သိရသည်။ 2009 VAဟု အမည်ပေးထားသည့် ၂၃ပေကျယ်သော အဆိုပါဂြိုလ်ငယ်မှာ ကမ္ဘာကိုတိုက်မိခဲ့လျှင်လည်း ဆိုးရွားသည့် ထိခိုက်ပျက်စီးမှုများ မဖြစ်နိုင်ပဲ လေထုတဲတွင်သာ လောင်ကျွမ်းပျက်စီးသွားမည်ဟု ဆိုသည်။


ယခုဖြစ်ရပ်ကို အာရီဇိုနားတက္ကသိုလ်ရှိ Catalina Sky Surveyမှ စတင်သတိပြုမိခဲ့ပြီးနောက် နာဆာအဖွဲ့ကြီးမှလည်း ကမ္ဘာအနီးသို့ ဂြိုလ်ငယ်တစ်ခု နီးကပ်လာခြင်းကို ထောက်လှမ်းဖော်ထုတ် အတည်ပြုခဲ့သည်။ 2009 VAမှာ ကမ္ဘာနှင့်အနီးဆုံးမှ ဖြတ်သန်းသွားသည့် တတိယမြောက် ဂြိုလ်ငယ်တစ်ခုလည်း ဖြစ်သည်။ နာဆာအဖွဲ့၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၀၈ခုနှစ် အောက်တိုဘာ၉ရက်နေ့တွင်လည်း ကမ္ဘာမြေပြင်နှင့် မိုင်၃၈၂၀အကွာမှ အရွယ်အစား ၁မီတာအကျယ်ရှိသည့် 2008 TS26 ဂြိုလ်ငယ် ဖြတ်သန်းသွားခဲ့သည်။ ထို့အပြင် ၂၀၀၄ခုနှစ် မတ်လ၃၁ရက်နေ့တွင် ၇မီတာအကျယ် 2004 FU162ဟု အမည်ပေးထားသည့် ဂြိုလ်ငယ်မှာ ကမ္ဘာနှင့် မိုင်၄၀၆၀အကွာမှ ဖြတ်သန်းသွားခဲ့သည်။ ၁၉၀၈ခုနှစ်တွင် ဂြိုလ်ငယ်တစ်ခု ကမ္ဘာမြေပြင်ရှိ ဆားဘီးယားဒေသသို့ ကျရောက်ခဲ့သဖြင့် သစ်တောဧရိယာ စတုရန်းမိုင်ပေါင်း ၁၂၀၀ပျက်စီးခဲ့ရဖူးကြောင်း သိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...