Powered by Blogger.
RSS

ဟိုက်ဒြိုဂျင်စွမ်းအင်သုံး မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ် မိတ်ဆက်ပြသ

“အနာဂတ်ကာလမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်မယ့် နည်းပညာသုံး လေယာဉ်တွေ တီထွင်လာနိုင်ဖို့အတွက် Phantom Eyeက မျိုးစေ့ချပေးလိုက်တာပါ”

ဟိုက်ဒြိုဂျင်စွမ်းအင်သုံး မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ် မိတ်ဆက်ပြသ

အမေရိကန် လေယာဉ်ကုမ္ပဏီကြီး ဘိုးအင်းသည် ထောက်လှမ်းရေး ကဏ္ဍအတွက် ဟိုက်ဒြိုဂျင် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်တစ်စင်းအား မိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။ Phantom Eyeဟု အမည်ပေးထားသည့် အဆိုပါ လေယာဉ်သည် အမြင့်ပေ (၆၅၀၀၀)ထိ ပျံသန်းကာ လေထဲတွင် (၄)ရက်ကြာအောင် ဆက်တိုက်ပျံသန်းနေနိုင်မည်ဟုဆိုသည်။ ယင်းလေယာဉ်ကို ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက် ဘိုးအင်းက တီထွင်ထားခြင်းဖြစ်သည်။


Phantom Eye

ဘိုးအင်းသည် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်မျိုးဆက်သစ် တစ်မျိုးကိုလည်း တီထွင်နေပြီး လေထဲတွင် (၁၀)ရက်ဆက်တိုက် ပျံနေနိုင်မည့် အဆိုပါ လေယာဉ်အား Phantom Rayဟု အမည်ပေးထားသည်။ Phantom Rayသည် တိုက်ခိုက်ရေး ကဏ္ဍတွင်လည်း အသုံးချနိုင်မည်ဖြစ်သည်။ ဘိုးအင်း၏ Phantomလေယာဉ် ဌာနမှ ဥက္ကဌ ဒါရဲလ်ဒေးဗစ်က “ကျွန်တော်တို့ Phantom Eyeနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။

Phantom Eye

Phantom Eyeကို အမေရိကန် အာကာသ လေ့လာရေး အေဂျင်စီ (NASA)က (၂၀၁၁)ခုနှစ်တွင် စတင်အသုံးပြုသွားမည်ဖြစ်ပြီး ဟိုက်ဒြိုဂျင်ကို စွမ်းအင်အတွက် အသုံးပြုမှုတွင် ရှေ့ဆောင်လမ်းပြ တီထွင်မှုတစ်ခုလည်း ဖြစ်လာသည်။ Phantom Eye၏ စီမံကိန်း မန်နေဂျာ ဒါရူးမိုးလ်က “အနာဂတ်ကာလမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်မယ့် နည်းပညာသုံး လေယာဉ်တွေ တီထွင်လာနိုင်ဖို့အတွက် Phantom Eyeက မျိုးစေ့ချပေးလိုက်တာပါ”ဟု ပြောကြားခဲ့သည်။ Phantom Eyeတွင် မြင်းကောင်ရေ (၁၅၀)စီရှိသော (၂.၃)လီတာ၊ ဆလင်ဒါ (၄)လုံးတပ် အင်ဂျင်(၂)လုံး တပ်ဆင်ထားပြီး တောင်ပံနှစ်ဖက်အကျယ် ပေ(၁၅၀)ရှည်သည်။ (၁၅၀)နော့ မြန်နှုန်းထိ မောင်းနှင်နိုင်ပြီး လက်နက်တပ်ဆင်မှုအတွက် ပေါင်(၄၅၀)ထိ သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...