ရုရှားနိုင်ငံမြောက်ဘက်၌ တည်ရှိသော Plesetsk ဒုံးပျံလွှတ်တင်ရေးစခန်းတွင် Angara ဒုံးပျံလွှတ်တင်ရန် အတွက် လိုအပ်သော အဆောက်အဦးများ တည်ဆောက်မှုအခြေအနေမှာ ပြီးစီးလုရှိပြီဟု ရုရှားအာကာသ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
Angara လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့် ပတ်လမ်း (Low Earth Orbit – LEO) အတွင်းသို့ ၂၀၀၀ ကီလိုဂရမ်မှ ၄၀၅၀၀ ကီလိုဂရမ်အထိ ပို့လွှတ်နိုင်ပြီး လက်ရှိအသုံးပြုနေသော ရုရှားနိုင်ငံလွှတ်တင်ရေးဒုံးပျံများ၏ ပင်မ လွှတ်တင်ရေးဒုံးပျံ အဖြစ်သို့ ရောက်ရှိစေရန် ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။
လွှတ်တင်ရေးဒုံးပျံအား Universal Rocket Module (URM) အပေါ် အခြေခံ၍ ဆောက်လုပ် ထားပြီး ပုံသဏ္ဍာန် အမျိုးမျိုးတပ်ဆင်နိုင်သည့် ပြန်လည် အသုံးပြု၍ မရသော လွှတ်တင်ရေးယာဉ် (Evolved Expendable Launch Vehicle – EELV) နှင့် ဆင်တူသော ပုံစံအတိုင်း ပြုလုပ်ထားသည်။
Angara လွှတ်တင်ရေးဒုံးပျံများ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံအား ကာဇက်စတန်နိုင်ငံမှ ဘိုင်ကိုနော ဒုံးပျံလွှတ်တင်ရေးစခန်းကို ဌားရမ်းအသုံးပြုရခြင်းမှ လျော့ကျစေရန် ဖြစ်သည်။ ရုရှားနိုင်ငံ၏ မြောက်ပိုင်းတွင် ရှိသော Plesetsk ဒုံးပျံလွှတ်တင်ရေးစခန်းနှင့် နိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသော အသစ်ထပ်မံပြုလုပ်မည့် ဒုံးပျံလွှတ်တင်ရေးစခန်းတို့မှ နေ၍ အလေးချိန်များပြားသော payload များ ပစ်လွှတ်နိုင်ရန်အတွက် အဆိုပါ Angara လွှတ်တင်ရေး ဒုံးပျံများကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
Source: Satellite&Space