Powered by Blogger.
RSS

ကမ္ဘာဂြိုဟ်နှင့်တူသော 'စူပါမြေကမ္ဘာ' ဂြိုဟ်သစ်တစ်လုံးတွေ့ရှိ

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ဝါရှင်တန်- သက်ရှိများနေနိုင်သည့် ဤ မြေကမ္ဘာနှင့်တူသော ဂြိုဟ်တစ်လုံးကို ဤနေစကြ၀ဠာ အပြင်ဘက်၌ ကက်ပလာ အာကာသ မှန်ပြောင်းဖြင့် တွေ့ထားကြောင်း အမေရိကန်နာဆာ အဖွဲ့မှ ဒီဇင်ဘာလ ၅ ရက်တွင် ကြေညာသည်။

ပြင်သစ် နက္ခတ္တသိပ္ပံပညာရှင်များကလည်း သက်ရှိများနေနိုင်ဖွယ်ရှိသည့် ကျောက်သားဖြင့်ပြီးသော ဂြိုဟ်တစ်လုံးကို ဤနေစကြ၀ဠာ အပြင်ဘက်တွင် မိမိ တို့ ပထမဆုံးအကြိမ်တွေ့ရှိကြောင်း ယခု နှစ်ဦးပိုင်းက ကြေညာသည်။

သို့သော် ၂၀၀၉ ခုနှစ်ကတည်းက စတင်တွေ့ရှိ စူးစမ်းလာခဲ့သည့် Kepler-22b ဟု အမည်ပေးထားသော ယခုဂြိုဟ်တုသစ်မှာလည်း အမေရိကန်အာကာသ အေဂျင် စီအနေဖြင့် ပထမဆုံး အတည်ပြု ပြောကြားနိုင်ခဲ့သော ဂြိုဟ်ဖြစ်သည်။

အတည်ပြုခြင်းဆိုသည်မှာ သင့်တင့်သော အခြေအနေများဖြင့် ထိုနေစကြ၀ဠာ၌ ယခုဂြိုဟ်သစ် အမှန်တကယ်ရှိနေခြင်းကိုသာ ဆိုလိုပြီး ဂြိုဟ်သစ်ပေါ်၌ သက်ရှိများ အသေအချာရှိနေသည်ဟု ဆိုလို ခြင်းမဟုတ်ဟုဆိုသည်။

မြေကမ္ဘာနှင့်တူသည့် ယင်းကဲ့သို့ သော ဂြိုဟ်များသည် ရေရှိနိုင်ဖို့အတွက် ၎င်းတို့၏ နေနှင့်မနီးလွန်း မဝေးလွန်း သည့်နေရာတွင် ရှိနေရမည့်အပြင် သက်ရှိများ ရှင်ကျန်မျိုးပွားနိုင်ရေး အတွက် သင့်တင့်သည့်အပူချိန်နှင့် လေထုလည်းရှိနေရမည် ဖြစ်သည်။

"Kepler-22b ဟာ သက်ရှိတွေ နေနိုင်လောက်တဲ့ ဇုန်နယ်ထဲမှာရှိတာ သေချာပါတယ်။ အခြေခံမျက်နှာပြင် တစ်ခုခုသာ ရှိနေရင်တော့ ဒီဂြိုဟ်ရဲ့ အပူချိန်လည်း ကောင်းနေဖို့များပါ တယ်"ဟု နာဆာအဖွဲ့ အေမီသုတေသန ဌာနမှ ကက်ပလာ သုတေသနမှူး ဘီးဘို ရပ်ကီက ဆိုသည်။

နေနှင့်တူသော ကြယ်တစ်လုံးကို အလင်းနှစ် ၆၀၀ ခန့်အကွာမှ ရက် ၂၉၀ တစ်ပတ်နှုန်းဖြင့် လှည့်ပတ်နေသော Kepler-22b သည် ဤကမ္ဘာဂြိုဟ်ထက် ၂ ဒသမ ၄ ဆ ပိုကြီးသည်။

နက္ခတ္တဗေဒသိပ္ပံသုတေသန မှတ်တမ်းတွင် စူပါမြေကမ္ဘာများ (Super-Earths) အဆင့်အုပ်စု၌ စာရင်းသွင်းထားသည်။

Kepler-22b ဂြိုဟ်၏ မျက်နှာပြင် အထက် အနီးဝန်းကျင်အပူချိန်ကို ၇၂ ဒီဂရီ ဖာရင်ဟိုက် (၂၂ ဆဲဆီးယပ်) ခန့်ဟု ခန့်မှန်းထားပြီး ဂြိုဟ်အမျိုးအစားမှာ ကျောက်သားလော၊ ဓာတ်ငွေ့လော၊ သို့တည်းမဟုတ် အရည်လော သိပ္ပံ ပညာရှင်များ မသိကြသေးပေ။

နေရှေ့မှ ဖြတ်သန်းသွားနေသော Kepler-22b ၏ ပထမဆုံးပုံရိပ်ကို ၂၀၀၉ ခုနှစ်၊ မတ်လတွင် နာဆာမှ Kepler အာကာသယာဉ် လွှတ်တင်ပြီး မကြာမီမှာပင် ယာဉ်ပေါ်တွင် အသင့် တပ်ဆင်ထားသော (အာကာသသို့ သယ်ဆောင်ခဲ့သည့် ကင်မရာများ အနက် အကြီးဆုံးဖြစ်သည့်) ကင်မရာ ဖြင့် ရိုက်ယူရရှိခဲ့သည်။

အချက်အလက်များကို ယင်းကင်မရာဖြင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအထိ မြေကမ္ဘာသို့ ရိုက်ကူး ပေးပို့နေဦးမည်ဖြစ်သည်။

"နာဆာအဖွဲ့သည် ယခင်ကတည်းကပင် ဂြိုဟ်၊ သို့မဟုတ် အရံဂြိုဟ်ဟု ထင်ရသော အရာဝတ္ထုပေါင်း ၂,၃၂၆ ခုကို ဤနေစကြ၀ဠာ ပြင်ပ၌ စူးစမ်းလေ့လာ ခဲ့သည့်အနက် ယခုအခါ ဂြိုဟ်ဖြစ်ရန် အလားအလာများစွာရှိသည့် ဂြိုဟ်သစ် ပေါင်း ၁,၀၉၄ လုံးကို ဖော် ထုတ်နိုင်ပြီဖြစ် ကြောင်း ယခုသီတင်းပတ်တွင်း ကယ်လီ ဖိုးနီးယားပြည်နယ်၌ ကျင်းပသော ညီလာခံတစ်ခုသို့ တင်သွင်းသည့် နာဆာ သုတေသနစာတမ်း၌ ဖော်ပြထားသည်။

ဒေါ်လာ သန်း ၆၀၀ ခန့်ကုန်ကျသည့် Kepler ခရီးစဉ်သည် မြေကမ္ဘာ ဂြိုဟ်နှင့်တူသော ဂြိုဟ်များကို အခြား နေစကြ၀ဠာများ၌ ရှာဖွေလေ့လာရန် ဆောင်ရွက်သည့် နာဆာ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

Kepler အာကာသ ယာဉ်သည် အခြားသော နေစကြ၀ဠာ များရှိ (ဤကမ္ဘာဂြိုဟ်အရွယ်ခန့်အထိ ငယ်သည့်) ဂြိုဟ်များကို ထောက်လှမ်း ရှာဖွေလျက်ရှိသည်။

ဤနေစကြ၀ဠာပြင်ပရှိ ဂြိုဟ်သုံးလုံးကို သက်ရှိများနေနိုင်မည့် ဂြိုဟ်များအဖြစ် ကမ္ဘာ့နက္ခတ္တဗေဒသိပ္ပံပညာရှင်များ လက်ခံထားပြီး ဖြစ်သည်။

ပြင်သစ်သိပ္ပံပညာရှင်များ ယခုနှစ် မေလ၌တွေ့ခဲ့သည့် Gliese 581d ဂြိုဟ်၊ ဆွစ်သိပ္ပံပညာရှင်များ ယခုနှစ် ဩဂုတ်လတွင် တွေ့ခဲ့သည့် HD85512b ဂြိုဟ်နှင့် ယခုနှစ် မတ်လတွင် နောက်ဆုံးတွေ့သည့် Kepler-22b ဂြိုဟ်တို့ဖြစ်သည်။

Gliese 581d နှင့် HD85512b တို့သည် ဤနေစကြ၀ဠာမှ နေထက် အရွယ်အစားပိုငယ်၊ ပို၍လည်းအေးသော နေများကို လှည့်ပတ် ကြောင်း တွေ့ရသည်။

ဤနေစကြ၀ဠာမှ နေနှင့် တူသော နေတစ်စင်းအား မနီးလွန်း မဝေးလွန်းသည့် အကွာအဝေး (သက်ရှိ များရှင်သန်နိုင်သည့် အပူချိန် ရှိသည့် နေပတ်လမ်း) မှ လှည့်ပတ်နေသော တွေ့ရှိထားပြီး ဂြိုဟ်များတွင်ကား Kepler-22b သည် အရွယ်အစား အငယ်ဆုံးဖြစ်သည် ဟုလည်း နာဆာ ကဆိုသည်။

Kepler-22b အတည်ပြုလက်ခံရေးတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဥရောပသိပ္ပံပညာရှင်များသည် Gliese 581d နှင့် HD85512b ဂြိုဟ်နှစ်လုံးကို ရှာဖွေ၍ အတည်ပြုချက် ရခဲ့ပြီးဖြစ်သည်ဟု သိရသည်။

Kepler အာကာသမှန်ပြောင်းဖြင့် ယနေ့အထိ စူးစမ်းစစ်ဆေးချက်အရ ထောက်လှမ်းတွေ့ရှိထားသည့် ဤ နေစကြ၀ဠာပြင်ပရှိ ဂြိုဟ်သစ်ပေါင်း ၂,၃၂၆ လုံးအနက် ဂြိုဟ်နှင့် အရံဂြိုဟ် (လ) စုစုပေါင်း ၄၈ လုံးကို သက်ရှိများ နေနိုင်သည့် အလားအလာရှိသော ဂြိုဟ်များအဖြစ် စာရင်းပြုထားပြီးဖြစ်သည်။

Credit : Myanmar Times

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လကမ္ဘာပေါ်မှာ နေမုန်တိုင်းတိုက်ခတ်

လကမ္ဘာပေါ်တွင် နေမုန်တိုင်း တိုက်ခတ်လျက်ရှိရာ လမျက်နှာပြင်နေရာ အများအပြားမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီး လျက်ရှိသည်ဟု နာဆာမှ သိပ္ပံပညာရှင်များက နိုဝင်ဘာ ၇ ရက်နေ့က ပြောကြားလိုက်သည်။ ကွန်ပျူတာများဖြင့် တွက်ထုတ်လိုက်သော ရလဒ်များအရ နေမုန်တိုင်းသည် မားစ်ဂြိုဟ်အပါအဝင် ဂြိုဟ်အများစုကို ထိခိုက်သွားနိုင်သည်ဟုဆိုသည်။ သိပ္ပံပညာရှင်များအနေဖြင့် လကမ္ဘာအပေါ် နေစွမ်းအင်၏ အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ခန့်မှန်းတွက် ထုတ်နိုင်ခြင်းပင်ဖြစ်သည်။ နေမှဓာတ်ငွေ့တန်ချိန် သန်းထောင်ပေါင်းများစွာ ထုတ်လွှင့်နေပြီး ယင်းတို့မှာ တစ်နာရီလျှင် မိုင်သန်းပေါင်းများစွာ ပေါက်ကွဲလွင့်စဉ်လျက်ရှိသည်။ ကမ္ဘာဂြိုဟ်ကိုမူ နေအပူလှိုင်းများမှ ကာကွယ်ပေးနိုင်သော သံလိုက်စက်ကွင်းရှိသောကြောင့် ထိခိုက်မှု မရှိနိုင်ကြောင်းသိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်သားများ ရှိနေနိုင်ဆုံး ကမ္ဘာများ စာရင်းထွက်ပေါ်

တစ်ခြား ကမ္ဘာမှ သက်ရှိများဟု ခေါ်ဆို သည့် ဂြိုဟ်သားများ အသက်ရှင် နေထိုင်နိုင် သည့် ဂြိုဟ်ကမ္ဘာ များ ရှိနေနိုင်သည့် ဂြိုဟ်ကမ္ဘာများ စာရင်းကို သိပ္ပံပညာရှင်များမှ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ယင်းသို့သော ဂြိုဟ်များ စာရင်းတွင် စနေဂြိုဟ်၏ အရံလ ဖြစ်သော Titan နှင့် ထူးဆန်းသည့် ဂြိုဟ်တစ်လုံး ဖြစ်သည့် ကမ္ဘာနှင့် အလင်းနှစ် ၂၀.၅ နှစ်ကွာဝေးသည့် Libra တာရာ ကြယ်စု တွင်ရှိသော Gliese 581g တို့လည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံ တကာမှ သိပ္ပံပညာရှင်များ ပါဝင်သည့် အဆိုပါ အဖွဲ့မှာ ယခုလို သတ်မှတ်ရန်အတွက် သတ်မှတ်ချက် နည်းလမ်း ၂ မျိုးဖြင့် ဆန်းစစ် ပြခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသတ်မှတ်ချက် နှစ်မျိုးမှာ ကမ္ဘာနှင့် ပုံစံတူညီသည့် စံနှုန်း Earth Similarity Index (ESI) နှင့် ဂြိုဟ်နှင့် ပုံစံတူသည့် စံနှုန်း Planetary Habitability Index (PHI) တို့ဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့သော စံနှုန်း နှစ်ခုလုံးတွင် အင်္ဂါဂြိုဟ်မှာ နှစ်ခုလုံးတွင်ပါင်ပြီး ဂြိုဟ်သားများ ဖြစ်တည်နေနိုင်ချေ များပြားကြောင်းလည်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သက်ရှိ သတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး ကမ္ဘာဂြိုဟ်သစ်ကို ရှာဖွေတွေ့ရှိ

သက်ရှိ သတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး ကမ္ဘာဂြိုဟ်သစ်ကို ရှာဖွေတွေ့ရှိ

စကြဝဠာနယ်နိမိတ်အတွင်း သက်ရှိသတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး သက်ရှိကမ္ဘာဂြိုဟ်ကို တွေ့ ရှိပြီလို့ အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနဲ့ အာကာသ ထိန်းချုပ်စီမံခန့် ခွဲရေးအဖွဲ့ (နာဆာ) ရဲ့  ကက်ပလာ (Kepler) လို့ခေါ်တဲ့ အာကာသယာဉ်က အတည်ပြုလိုက်ပါတယ်။ ရေနဲ့ ဇီဝပစ္စည်း သစ်ပေါင်း ၁ဝဝဝ ကျော်တွေ့ရှိတယ်လို့ သုတေသန ပညာရှင်တွေက ဒီဇင်ဘာလ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ပထမ အစီစဉ်အဖြစ် ၁၆ လကြာတဲ့ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းရဲ့ သုတေသနပြုမှုအတွင်း ကမ္ဘာမြေ ဖြစ်လာနိုင်မယ့် ဂြိုဟ်ပေါင်း ၂၃၂၆ ကို လေ့လာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီစူးစမ်းရှာဖွေ တွေ့ရှိမှုတွေကို တကယ်တမ်း သေချာတယ်လို့ အတည်ပြုနိုင်မယ်ဆိုရင် ယခုတွေ့ရှိရတဲ့ ကမ္ဘာဂြိဟ်အသစ်ဟာ လက်ရှိ နေကိုအမှီပြု လည်ပတ်နေတဲ့ နေအဖွဲ့အစည်းမှာ ရှိနေတဲ့ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေ အရွယ်အစားထက် ၄ ဆ ပိုကြီးလိမ့်မယ် လို့ သိရပါတယ်။

http://patheincity.com/news/wp-content/uploads/2011/12/95b05e0a4b19721b000f6a7067001350.jpg

ကက်ပလာအဖို့ သက်ရှိသတ္တဝါတွေနေလို့ ရမယ့် ပထမဆုံးတွေ့ရှိမှု ဖြစ်တဲ့ ကမ္ဘာဂြိုဟ်အသစ်ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲအစည်းမှာလိုပဲ နေနဲ့ ဆင်တူတဲ့ ကြယ်တလုံးကို လှည့်ပတ်နေပါတယ်။ ဒီစူးစမ်းရှာဖွေတွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေအတွက် ကျွန်တော်တို့ရဲ့  နေအဖွဲ့အစည်းနဲ့တူတဲ့ သက်ရှိသတ္တဝါတွေ နေထိုင်လို့ ရမယ့် သက်ရှိ ကမ္ဘာဂြိုဟ်တခုကို တွေ့ဖို့ အဆင့်တဆင့် နီးလာခြင်းပါပဲလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

“ရွှေဝါရောင်ဆံပင်များနဲ့ အာကာသ ကမ္ဘာ (Goldilocks planet) လို့ခေါ်ရမယ့် သက်ရှိကမ္ဘာဂြိုဟ်ကို တွေ့ရှိဘို့ ကျနော်တို့ တဖြည်းဖြည်းနီးလာပါပြီ” လို့ အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနဲ့ အာကာသ ထိန်းချုပ်စီမံခန့် ခွဲရေးအဖွဲ့ (နာဆာ) ရဲ့  ကယ်လီဖိုးနီးယားပြည်နယ် မော့ဖက် အီးမ်စ် သုတေသနဌာန ဒါရိုက်တာ ပီတာ ဝါ့ဒ်ဒင်းက ပြောခဲ့ပါတယ်။


http://patheincity.com/news/wp-content/uploads/2011/12/nasa-announces-discovery-planet-kepler-20111205-111247-311_1528211.jpg

အခု အသစ်တွေ့ရှိတဲ့ နေအဖွဲ့အစည်းအတွင်း သက်ရှိ သတ္တဝါတွေနေလို့ ရမယ့် သက်ရှိကမ္ဘာဂြိုဟ်သစ် ကို ကက်ပလာ ၂၂(ခ) (Kepler-22b) လို့ အမည်ပေးထားပါတယ်။ ကမ္ဘာမြေနဲ့ အလင်းနှစ် ၆ဝဝ လောက် အကွာအဝေးမှာရှိပြီး နေနဲ့တူတဲ့ ကြယ်ဂြိုဟ်တခုကို သူ့က လှည့်ပတ်နေပါတယ်။ ကက်ပလာ ၂၂(ခ) ရဲ့  အချင်းဝက်ဟာ ကမ္ဘာကြီးရဲ့ ၂.၄ ဆရှိပါတယ်။

http://patheincity.com/news//HLIC/55c0c95039da52e0782f739052b5cafe.jpg

ဒီဂြိုဟ်၂ခုဟာ အပူချိန် အတူတူနီးပါး ရှိကြပါတယ်။ တကယ်လို့ ဖန်လုံအိမ် အာနိသင် သက်ရောက်မှုဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမှာလိုပဲဆိုရင် ကက်ပလာ ၂၂(ခ) ရဲ့ ပျမ်းမျှအပူချိန်ဟာ ၇၂ ဒီဂရီ ဖာရင်ဟိုက် (၂၂ ဒီဂရီ စင်တီဂရိတ်)

credit : pathin city

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မားစ်ဂြိုဟ်ကို လေ့လာရန် သုတေသနယဉ် ပါဝင်သော ဒုံးပျံကို နာဆာက လွှတ်တင်

မားစ်ဂြိုဟ်ကို လေ့လာရန် သုတေသနယဉ် ပါဝင်သော ဒုံးပျံကို နာဆာက လွှတ်တင်

အမေရိကန်နိုင်ငံရဲ့ အမျိုးသား လေကြောင်းနဲ့အာကာသ ထိန်းချုပ်စီမံခန့်ခွဲရေး အဖွဲ့(နာဆာ) က၊ နိုဝင်ဘာ ၂၆ ရက် စနေနေ့ မနက် (၁ဝ) နာရီမှာ၊ လူသားမပါတဲ့ အက်လတ်စ် (၅) ဒုံးပျံကို ဖလော်ရီဒါ ကနေဗာရယ်ကျွန်းဆွယ် လေတပ်စခန်းမှ လွှတ်တင်လိုက်ပါတယ်။ စင်္ကြာဝဋာ ဂြိုဟ်တခုဖြစ်တဲ့ မားစ် ဂြိုဟ် (အင်္ဂါဂြိုဟ်) ရဲ့လျှို့ဝှက် ဆန်းပြားတာတွေကို လေ့လာဘို့ အမေရိကန် ဒေါ်လာ ၂.၅ ဘီလျှံ အကုန်ခံပြီး လွှတ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။

http://patheincity.com/news//HLIC/dbf760bd81bbf1cf17dab848cd94c37c.jpg

http://patheincity.com/news//HLIC/d214d25acf30fe8d5c614597caa34232.jpg

http://patheincity.com/news//HLIC/fed2e802671e14eb14fdfbdeef3d0d42.jpg

http://patheincity.com/news//HLIC/13e657f3ff8e569121195b2571f45c4e.jpg

http://patheincity.com/news//HLIC/ab96b80a3b8d994f103bddec3b3cae66.jpg

“ပြင်းထန်တဲ့ လေ့လာလိုအားဆန္ဒ”လို့ ချစ်စနိုးအမည်ပေးထားတဲ့၊ သာမာန် ကားလေးတစင်း အရွယ်သာသာ၊ ဒီ မားစ် ဂြိုဟ် သိပ္ဗံသုတေသန ယာဉ်ကလေးဟာ နျူကလိယား စွမ်းအင်နဲ့မားစ် ဂြိုဟ်ပေါ်မှာ မောင်းနှင်နေမှာဖြစ်ပါတယ်။ သက်ရှိသတ္တဝါတွေ မားစ် ဂြိုဟ်ပေါ်မှာ နေခဲ့တဲ့ အထောက်အထားတွေနဲ့ လူတွေ နေဘို့ သင့်မသင့် လိုအပ်တာတွေ စူးစမ်းလေ့လာပြီး အနီရောင် အာကာသဆီ၊ ၂ဝ၁၂ သြဂုတ်လ ၆ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ အစီစဉ်ဆွဲထားကြောင်း သိရပါတယ်။


Source : PatheinCity News

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာမြေပေါ်ရှိ မည်သည့်ပစ်မှတ်ကိုမဆို နာရီဝက်အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်သည့်အသံထက် ငါးဆမြန်သော ဟိုက်ပါဆိုးနစ်လက်နက်ကို စမ်းသပ်

ကမ္ဘာမြေပေါ်ရှိ မည်သည့်ပစ်မှတ် ကိုမဆို နာရီဝက်အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် အသံထက်ငါးဆမြန်သော ဟိုက်ပါဆိုးနစ် လက်နက်ကို အမေရိကန်စစ်တပ်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။ အသံထက် ငါးဆမြန်အောင် ပျံသန်းနိုင်သည့် အဆိုပါဒုံးကျည်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁း၃ဝ နာရီတွင် ဟာဝိုင်အီကျွန်းမှ ပစ်ခတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟိုက်ပါဆိုးနစ် ဒုံးကျည်သည် ပစိဖိတ်သမုဒ္ဒရာ အထက် အနောက်တောင်ဘက်သို့ ရွေ့လျားသွားပြီး မိုင်ပေါင်း ၂၅ဝဝ အကွာအဝေးရှိ မာရှယ်ကျွန်းစု ကဝါဂျာလိန်းတောင်သို့ ပစ်မှတ်ထားသည့်အတိုင်း ထိမှန်ခဲ့သည်။ အမေရိကန်စစ်ဘက်ဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူ မယ်လင်ဒါမော်ဂန်က ယခုစမ်းသပ်မှုမှာ လေကြောင်းရွေ့လျားမှု၊ လေကြောင်းခရီးသွားလာရေး၊ လမ်းကြောင်ြး့ပရေးနှင့် ထိန်းချုပ်ရေးနှင့် အပူဒဏ်ကိုကာကွယ်မှု နည်းပညာများအတွက် အချက်အလက်စုဆောင်းရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုစမ်းသပ်ခဲ့သော ဟိုက်ပါဆိုးနစ်ဒုံးကျည် ကမ္ဘာမြေပေါ်ရှိ မည်သည့်ပစ်မှတ်ကိုမဆို နာရီဝက်အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် အသံထက် ငါးဆမြန်သော ဟိုက်ပါဆိုးနစ်လက်နက်ကို စမ်းသပ်သည် အသံထက် ငါးဆမြန်ပြီး တစ်နာရီလျှင် ၃၇၂၈ မိုင်နှုန်းဖြင့် သွားနိုင်ကြောင်းသိရသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ဆောင်ရွက်ချက်များကို ခြေဖျက်နိုင်ရန်အတွက် ခိုင်မာသော အသင့်ပြင်မှု ပြုလုပ်ထားရန် ညွှန်ကြားထားမှုကြောင့် ယခုကဲ့သို့ စမ်းသပ်မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

်credit : pyi myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကြီးကို ပူနွေးလာစေသည့်ဓာတ်ငွေ့များ ပိုမိုများပြားလာကြောင်း UN ပြောကြား



ကမ္ဘာကြီးပူနွေးစေသည့် ဓာတ်ငွေ့များစွန့်ပစ်မှုသည် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုကျွမ်းကျင်ပညာရှင်များ ခန့်မှန်းထားသည့်အခြေအနေထက် ပိုမိုများပြားလာကြောင်း အဆိုပါအဖွဲ့မှပြောကြားခဲ့သည်။ အင်ဒီးစ်၊ အလက်စကာနှင့် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းဒေသရှိ ရာသီဥတုစခန်းများမှ ကောက်ယူရရှိသည့်အချက်အလက်များအရ အိုဇုန်းလွှာကို အဓိကပျက်စီးစေသည့် CFC အစားထိုး ဓာတ်ငွေ့အပါအ၀င် ဖန်လုံအိမ်များမှထွက်ရှိသည့် ဓာတ်ငွေ့များသည် ပိုမိုများပြားလာခဲ့ပြီး ဓာတ်မြေသြဇာများမှစွန့်ပစ်လိုက်သည့် နိုက်ထရပ်အောက်ဆိုက်နှင့် ကာဗွန်ဓာတ်ငွေ့စွန့်ထုတ်မှုများမှာလည်း ပိုမိုများပြားလာခဲ့ ကြောင်းသိရသည်။ World Meteorological Organisation ၏အဆိုအရ လေထုထဲတွင် အပူချိန်လွန်ကဲမှုကိုဖြစ်ပေါ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်စွန့်ပစ်မှုသည် ၃၉ ရာခိုင်နှုန်းရှိနေပြီဖြစ်ကာ ပို မိုများပြားလာနေကြောင်း WMO မှ Greenhouse Gas ကြေညာချက်တွင် ဖော်ပြထားသည်။ နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့စွန့်ပစ်မှု များပြားလာခြင်းအပေါ်တွင်လည်း ပိုမို၍အလေးထားလာကြပြီး ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း ရာသီဥတုစနစ်အပေါ် ထိရာက်စေသည့် ပူနွေးလာမှုသည် ၂၉ ရာခိုင်နှုန်းရှိလာကြောင်း ၎င်းဖော်ပြချက်တွင်ဆက်လက်ဖော်ပြပေးထားသည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စွန့်ပစ်မှုမှာ ၁၉၉၀ ပြည့်နှစ်များကထက် ပိုမိုများပြားမြင့်တက်လာနေပြီဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ပြီးလျှင် ဒုတိယအရေးကြီးဓာတ်ငွေ့ဖြစ်သော မီသိန်းစွန့်ပစ်မှုမှာလည်း ကမ္ဘာတစ်ဝန်းလုံးတွင် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ရေးသားသူ - ဟေမာ
Ref: DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေယာဉ်တင်သင်္ဘောအရွယ် ဥက္ကာခဲတစ်ခု ကမ္ဘာနှင့်လအကြား ဖြတ်သန်း

b32_09

လေယာဉ်တင်သင်္ဘောတစ်စင်း အရွယ်အစားမျှရှိသော ဥက္ကာခဲတစ်ခုသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကမ္ဘာနှင့်လအကြား လ၏ပတ်လမ်း ကိုဖြတ်သန်းခဲ့ကြောင်း သိရသည်။

YU55 ဟု အမည်ပေးထား သောဥက္ကာခဲသည် ကမ္ဘာမြေအတွက် အန္တရာယ်ရှိနိုင်ခြေ အလွန့်အလွန် နည်းပါးသောကြောင့် စိုးရိမ်ဖွယ်မရှိ ခဲ့သော်လည်း နှစ်ပေါင်း ၃၅ နှစ် အတွင်း ကမ္ဘာနှင့်အနီးဆုံးမှ ဖြတ်သန်းသည့် ဥက္ကာခဲဖြစ်သည့်အတွက် နက္ခတ်တာရာကြည့် ၀ါသနာအိုးများအတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။

သို့ရာတွင် အလွန်ဖျော့တော့သောကြောင့် သာမန်မျက်စိဖြင့် ကြည့်ရှုရန်မဖြစ်နိုင်ခဲ့ပေ။ တယ်လီစကုပ်ဖြင့် ကြည့်ရှုရာတွင်လည်း မြို့ပြများမှ မြင်တွေ့ရန်ခက်ခဲခဲ့သလို လပြည့်နေခြင်းကလည်း ကြည့်ရှုသူများအတွက် အခက်ကြုံစေခဲ့သည်။

ယင်းဥက္ကာခဲသည် ကမ္ဘာအနီး ၁၉၇၆ ခုနှစ်က ဖြတ်သန်းခဲ့ဖူးပြီး အမေရိကန် အာကာသအေဂျင်စီပင် သတိမပြုမိခဲ့ပေ။

Ref;DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ် အာကာသယာဉ်နှစ်စင်း ကမ္ဘာပတ်လမ်းအတွင်း ပထမဆုံးအကြိမ် ချိတ်ဆက်


တရုတ်အာကာသယာဉ် နှစ် စင်းသည် ကမ္ဘာပတ်လမ်းအတွင်း ပထမဆုံးအကြိမ် ချိတ်ဆက်နိုင်ခဲ့ ကြကြောင်း သိရှိရသည်။ လူလိုက် ပါခြင်းမရှိသော အာကာသယာဉ် Shenzhou 8 ကို လွန်ခဲ့သော အပတ်က လွှတ်တင်ခဲ့ပြီး ပတ်လမ်း အတွင်းရောက်ရှိနေသော တရုတ်ပိုင် အာကာသဓာတ်ခွဲခန်း Tiangong-1 နှင့် နိုဝင်ဘာ ၂ ရက် တွင် အောင် မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ချိတ်ဆက်ခြင်းကိုတရုတ် နိုင်ငံရှိ အာကာသဟင်းလင်းပြင် တွင် ဆောင်ရွက်ခဲ့ကြသည်။ ယခု ကဲ့သို့ ပြုလုပ်နိုင် ခဲ့ခြင်းသည် တရုတ် တို့၏ အာကာသစခန်း တည် ဆောက်ထားမှုကို လုပ်ငန်းစတင် နိုင်ရန် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ယခုအကြိမ် သွား ရောက်ချိတ်ဆက် သော အာကာသ ယာဉ် Shenzhou 8 တွင် လူလိုက် ပါခြင်းမရှိပေ။ အနာဂတ်အာကာသ ခရီးလုပ်ဆောင်မှုများတွင် အာကာ သယာဉ်မှူးများ လိုက်ပါရန် ရည်ရွယ်ထား သည်။ ၄င်းယာဉ်နှစ်စင်း သည် အမြင့်ကီလိုမီတာ ၃၄ဝ မှ လှည့်ပတ်နေပြီး မြေပြင်ထိန်းချုပ် ရေးစခန်းBeijing Aerospace Flight Control Centre မှ ထိန်းချုပ် ထားနိုင်ခဲ့ကြောင်း ဖော်ပြထား ကြသည်။ ၄င်းအာကာသယာဉ်နှစ်စင်း တို့သည် နှစ်ပတ်ကြာ အတူတကွ လှည့်ပတ်ပျံသန်းနေပြီး Shenzhou 8 သည် ကမ္ဘာမြေပြင် သို့ ပြန်လည် ဆင်းသက်လာမည်ဖြစ်သည်။ China Aerospace ၏ ပါမောက္ခ Yang Yuguang က ၁၂ရက်ခန့်သာ အတူတကွ ချိတ်ဆက်နေပြီး ကမ္ဘာ သို့ ပြန်လာ မည်ဖြစ်ကြောင်း ရှင်း လင်းပြောပြသည်။ အာကာသအတွင်း ချိတ်ဆက် နေစဉ် Shenzhou 8 သည် ဒုတိယအကြိမ် မီတာ ၁၄ဝခန့် အကွာ ပြန်လည်ခွာ ထုတ်ပြီး တစ်ဖန် ထပ်မံချိတ်ဆက်ကာ ၂ ရက်ခန့် ပျံသန်းစမ်းသပ်မှုပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ၅ ကီလိုမီတာအကွာမှ ယာဉ်နှစ်စင်း အတူတကွ ယှဉ်၍ ပျံသန်း လှည့်ပတ်မှုကို ပြုလုပ် ကြ မည်ဖြစ်သည်။ ဤအာကာသခရီး စဉ်အတွက် ဂျာမနီနိုင်ငံ၏ German Space Agency (DLR) မှ စမ်းသပ်မှုဆိုင်ရာ ပစ္စည်းများပါဝင် သော သေတ္တာကို ကူညီပေးပို့ခဲ့ သည်။ ၄င်းအထဲတွင် ငါးများ၊ တီကောင်များ၊ အပင်များ၊ ဗက်တီးရီး ယားပိုးမွှားများအပြင် ဇီဝဆိုင်ရာဖြစ် စဉ်များ လေ့လာနိုင်သည့်ပစ္စည်းများ နှင့် ကင်ဆာဆဲလ်များကိုပါ ထည့် သွင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။ ထိုသေတ္တာကို တရုတ်နှင့်ဂျာမနီတို့ ပူးတွဲဆောင်ရွက်ခဲ့သဖြင့် Simbox ဟု အမည်ပေးထားသည်။ တရုတ် တို့၏ အာကာသစခန်း Tiangong-1 ကို ယခုနှစ် စက်တင်ဘာလ အတွင်းက လွှတ်တင်ခဲ့သည်။ ၂ဝ၁၂ တွင် လူ နှစ်ဦးလိုက်ပါနိုင်သည့် အာကာသယာဉ် Shenzhou 9 နှင့် 10 ကို လွှတ်တင် ပေးမည်ဖြစ်သည်။ ထို့အပြင် ၂ဝ၂ဝ ခုနှစ်တွင် တန်ချိန် ၆ဝ ရှိသော အာကာသစခန်းအသစ် တစ် ခုကို ထပ်မံတည်ဆောက်ပေး မည် ဖြစ်သည်။ တရုတ်တို့ ၂ဝ၂ဝ ခုနှစ်တွင် တည်ဆောက်မည့် တန်ချိန် ၆ဝ ရှိ အာကာသစခန်းမှာ ယခုလက်ရှိ လွှတ်တင်ထားသည့်International Space Station (ISS) ထက် အလွန်ပင်သေးငယ် လှ ကြောင်း တွေ့ရှိရသည်။ ISS မှာ တန်ချိန် ၄ဝဝ ရှိပြီး အမေရိကန်၊ ရုရှား၊ အီးယူ၊ ကနေဒါနှင့် ဂျပန်တို့ အတူတကွ ပူးပေါင်းဆောင် ရွက်နေသော အာကာသ စခန်းကြီး တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ ၄င်းတို့၏ အာကာသစခန်းတစ်ခု တည်ဆောက်နိုင်ရန် အားထုတ်နေ ကြသည်။ ခိုင်မာ သော အာကာသ စွမ်းအားနည်းလမ်းများအောက်တွင် ဂြိုဟ်တု နှစ်လုံး လွှတ်တင်ထားပြီး လကမ္ဘာသို့လည်း လွှတ်တင်ထား ခဲ့သည်။ ထို့အပြင် တတိယမစ်ရှင် အဖြစ် လကမ္ဘာမြေပြင်သို့ စက်ရုပ် တစ်ခု ဆင်းသက်နိုင်ရန် ကြိုးပမ်း နေကြသည်။ ယခုနိုဝင်ဘာတွင် ဂြိုဟ်နီကြီးဟု အမည်ပေးထားသော မားစ်ဂြိုဟ်သို့ အာကာသယာဉ့်  Yinghuo-1 ခရီးစဉ်စတင်မည်ဖြစ် သည်။ တရုတ်တို့အား အီးယူနိုင်ငံများ က ISS နှင့် ချိတ်ဆက်အလုပ်လုပ် ရန် အကြံပြုပြော ဆိုခဲ့ကြ သည်။ အမေရိကန်တို့က ၄င်းတို့ သီးသန့် အာကာသစခန်းကို စစ်အတွက် အ သုံးချရန် စိုးရိမ်ပူပန်မှုရှိနေသည်။ ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှ အာကာသသုတေသီ ပါမောက္ခ ဂျွန်လော့ဒန်က နှစ်နိုင်ငံ အနေဖြင့် ပထမ ဆုံးယုံကြည်မှု တည်ဆောက်ကာ အသိဖလှယ်ရမည်ဖြစ်ကြောင်း၊ သို့ မှသာ ကျယ်ကျယ်ပြန့်ပြန့် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။


KLMA
Ref : Xinhua / Reuters

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသ၌ ယာဉ်ချိတ်ဆက်မှု တရုတ်နိုင်ငံ ပထမဆုံးပြုလုပ်

ပေကျင်း- တရုတ်နိုင်ငံသည် အာကာသ အတွင်း အာကာသယာဉ်ချိတ်ဆက်မှု လုပ်ငန်းကို နိုဝင်ဘာလ ၃ ရက်က ပထမဆုံးအကြိမ် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ခြင်းဖြင့် လူနေနိုင်သည့် အာကာသ စခန်းတစ်ခု တည်ဆောက် ရေးရည်မှန်း ချက်ပြည့်ဖို့ ခက်ခဲသည့် အဆင့် တစ်ဆင့်သို့ ရောက်သွားပြီဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်က လွှတ်တင် ခဲ့သော ရှင်ကျိုး အမှတ် (၈) အာကာသ ယာဉ်သည် မနက် ၁ နာရီ ၃၆ မိနစ် (ဗုဒ္ဓဟူးနေ့ ဂရင်းနစ် စံတော်ချိန် ၁၇၃၆ နာရီ) ကျော်သည်နှင့် ကမ္ဘာမြေပြင်မှ ၃၄၃ ကီလိုမီတာ (၂၁၃ မိုင်) ကျော် အမြင့်တွင် ထျန်ကုန်အမှတ် (၁) မိုဂျူးနှင့် ချိတ်ဆက်မိသွားသည်ဟု လူနေနိုင်သည့် တရုတ်အာကာသစခန်းမှ ပြောခွင့်ရ အမျိုးသမီး ၀ူဖင်းက ဆိုသည်။

ထျန် ကုန်အမှတ် (၁) မိုဂျူးမှာ တည်ဆောက်မည့် အာကာသစခန်းသစ်၏ အစိတ် အပိုင်းတစ်ခုဖြစ်သည်။

တရုတ်သည် ယခု အာကာသစခန်း ကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီးတည် ဆောက်မည်ဖြစ်ရာ အသုံးပြုရမည့် ယာဉ်ချိတ်ဆက်မှု နည်းပညာမှာ ၁၉၆၀ ပြည့်လွန်နှစ်များက အမေရိကန်နှင့် ရုရှား တို့ အောင်မြင်စွာ အသုံးပြုခဲ့ကြသော အလွန်သိမ်မွေ့ခက်ခဲ့သည့် ထိန်းချုပ်မှု ကွပ်ကဲမှုစနစ်ဖြစ်သည်။

အလွန်ခက်ခဲသော ဆောင်ရွက်မှုမျိုး အောင်မြင်စွာ ပြီးဆုံးသွားခြင်းအတွက် တရုတ်ပြည်သူ များ ၀မ်းမြောက်ဂုဏ်ယူခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ခေါင်းဆောင်များက တိုက်ရိုက်လွှင့် ထုတ်သည့် ယာဉ်ချိတ်ဆက်မှု ရုပ်သံ သတင်းများကို ပေကျင်းမြို့ အာကာသ ပျံသန်းမှုကွပ်ကဲရေးစခန်းမှ ကြည့်ရှုခဲ့ ကြပြီး ပြင်သစ်တွင် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးတက်နေသော သမ္မတ ဟူကျင်ထောင်က ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခဲ့သည်။

"အာကာသထဲမှာ ယာဉ်ချင်းချိတ် ဆက်တဲ့ နည်းပညာတွေကို ထွန်းပေါက် အောင်မြင်စွာနဲ့ ပိုင်ပိုင်နိုင်နိုင်ရလိုက်ခြင်းဟာ ကျွန်တော် တို့ရဲ့ လူတွေလိုက်ပါမယ့် အာကာသအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ အသက်တမျှ အရေးကြီးပါတယ်"ဟု ဟူက ဆိုသည်။

ရှစ်မိနစ်ကြာမြင့်သည့် ယာဉ်ချိတ် ဆက်မှုကို မိုက်ခရိုဝေ့ဖ်ရေဒါများ၊ လေဆာရောင်ခြည်သုံး အကွာအဝေး တိုင်းကိရိယာများနှင့် ဗီဒီယိုကင်မရာ များအကူအညီဖြင့် ပြုလုပ်ခဲ့သည်။

"ပတ်လမ်းထဲမှာ တစ်စက္ကန့် ၇ ဒသမ ၈ ကီလိုမီတာနဲ့ပြေးနေတဲ့ အာကာသ ယာဉ်နှစ်စင်း ချိတ်ဆက်မိဖို့ဆိုတာ ကောက်ရိုးပုံမှာ အပ်တစ်ချောင်းရှာရ သလိုပါပဲ"ဟု တရုတ်လူလိုက်ပါသည့် အာကာသအစီအစဉ်မှ ဒီဇိုင်နာ ကျောင်ကျင်ဖင်က ပြောသည်။

ရှင်ကျိုး (၈) ကို ကျန်စုပြည်နယ်၊ ကျူချွမ် အခြေစိုက် ဒုံးလွှတ်စခန်းမှ အင်္ဂါနေ့တွင် ပစ်လွှတ်ခဲ့သည်။ ထျန်ကုန်(၁) မိုဂျူး ကိုလည်း ယင်းစခန်းမှပင် စက်တင် ဘာလ ၂၉ ရက်က ပစ်လွှတ်ခဲ့သည်။

ဝူဖင်း၏အဆိုအရ ရှင်ကျိုး (၈) နှင့် ထျန်ကုန် (၁) တို့သည် အတူတူ ချိတ် ဆက်လျက် ကမ္ဘာပတ်လမ်းကြောင်း တွင် ၁၂ ရက်ကြာ ရှိနေပြီးနောက် ချိတ်ဆက်ဖြုတ်၍ ခေတ္တ တသီးတခြားနေမည်။

ဒုတိယအကြိမ် ပြန်၍တွဲချိတ် မည်။ ယင်းနောက် ရှင်ကျိုး (၈) သည် မြေကမ္ဘာဆီသို့ နိုဝင်ဘာလ ၁၇ ရက် တွင် ပြန်လာမည်ဖြစ်သည်။ နောင် ၁၀ နှစ်ကာလတွင် လူလိုက် ပါသည့် အာကာသခရီးစဉ်ပေါင်း ၂၀ ကျော်ကို စီစဉ်ထားသည်ဟု ရှင်ဟွာသတင်းတွင် ဖော်ပြသည်။

အင်္ဂါဂြိုဟ်ခရီးတွင် ဖြစ်ပေါ်လာနိုင် သည့် လူသားများ၏ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်ကို ၁၈ လကြာမျှ စမ်းသပ်စစ်ဆေးသည့် ရုရှားသုတေ သနစခန်းမှ သောကြာနေ့တွင် ထွက်လာတော့မည့် အစမ်းသပ်ခံသူ ခြောက်ဦးတွင် တရုတ် အာကာသယာဉ်မှူး သင်တန်းဆရာ တစ်ဦးပါဝင်နေသည်။

တရုတ်နိုင်ငံသည် ရုရှား၏နည်းပညာ ကို ၀ယ်ယူပြီးနောက် လူလိုက်ပါသည့် အာကာသပျံသန်းရေး အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် (ယခင် ဆိုဗီယက် ယူနီယံနှင့် အမေရိကန် ပြည်ထောင်စု တို့ပြီးလျှင်) လူသားများကို အာကာသ သို့ပို့လွှတ်သည့် ကမ္ဘာ့တတိယမြောက် နိုင်ငံဖြစ်လာခဲ့သည်။ ယခု ရှင်ကျိုး (၈) ခရီးစဉ် အောင်မြင် ပါက ရှေ့နှစ်တွင် အာကာသယာဉ် နှစ်စင်း (ရှင်ကျိုး-၉ နှင့်၊ ရှင်ကျိုး -၁၀) ကို စေလွှတ်၍ ထျန်ကုန် (၁) နှင့် ချိတ်ဆက်စေဦးမည်ဖြစ်သည်။

ယာဉ် နှစ်စင်းအနက် အနည်းဆုံး တစ်စင်း တွင် လူလိုက်ပါဖွယ်ရှိသည်။ ယင်းခရီးစဉ်အတွက် လေ့ကျင့်နေသော အာကာသယာဉ်မှူး များထဲတွင် အမျိုးသမီးနှစ်ဦးပါဝင်ရာ အရွေးခံရ ပါက တရုတ်နိုင်ငံက အာကာသသို့ ပို့လွှတ်သည့် ပထမဆုံးအမျိုးသမီးများ ဖြစ် လာပေမည်။

လူလိုက်ပါသော ခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင်စေဖို့ ရှင်ကျိုး (၈) နှင့် အတူ ပကတိအရွယ်ရှိ လူရုပ်နှစ်ခုကို ထည့်ပေး လိုက်သည်။

ယခုခရီးစဉ်အတွင်း လူ၏ အသက် ရှူမှု၊ အပူချိန်နှင့် သွေးဖိအားဆိုင်ရာ ထူးခြားမှုများကို သုတေသီများသိနိုင် ဖို့အတွက် မြေပြင်စခန်းသို့ အီလက် ထရွန်းနစ် အချက်အလက်များကိုလည်း ပေးပို့မည်ဖြစ်သည်။


(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်သွားခရီးစဉ်အတွက် ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်ခံမှုပြီးဆုံး

w76_08

အင်္ဂါဂြိုဟ်သို့ လူစေလွှတ်ရေးအတွက် စမ်းသပ်မှုအဖြစ် ကမ္ဘာမြေပေါ်တွင်ပင် လူခြောက်ဦးအား ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်မှုမှာ နိုဝင်ဘာလ ၄ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။ မော်စကိုရှိ အလုံပိတ်အခန်းကြီးတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုပြီးစီးခဲ့ပြီးနောက် ပြန်ထွက်လာကြသော အဖွဲ့ဝင်အားလုံးမှာ ကျန်းမာရေးအရ ထိခိုက်မှုလုံးဝမရှိခဲ့ဟု ဆိုသည်။

သုတေသနပညာရှင်တစ်ဦးက အခမ်းတံခါးကိုဖွင့်ပေးခဲ့ပြီးနောက် နိုင်ငံစုံမှ အဖွဲ့ဝင်ခြောက်ဦးသည် အပြာရောင်ဝတ်စုံများဖြင့် ထွက်လာခဲ့ကြပြီး မိသားစုဝင်များ၊သိပ္ပံပညာရှင်များက ဂုဏ်ပြုခဲ့ကြသည်။ ရုရှား မှ သုံးဦး၊တရုတ်၊ပြင်သစ်၊အီတလီ မှ တစ်ဦးစီပါဝင်သော အဖွဲ့သည် နောက်ထပ်ဆေးစစ်မှုများကိုမူ ထပ်မံ ပြုလုပ်ရဦးမည်ဖြစ်သည်။

စမ်းသပ်မှုတွင် အလုံပိတ်အခန်းအတွင်း လပေါင်းများစွာ နေထိုင်မှုအပါအ၀င် အင်္ဂါဂြိုဟ်ပေါ်လမ်းလျှောက်မှု ဂြိုဟ်ပုံတူမျက်နှာပြင်ပေါ်တွင် ပြုလုပ်မှု၊ကမ္ဘာမြေနှင့်ဆက်သွယ်မှုပြတ်တောက်သွားချိန်တွင် မည်သို့ကိုင်တွယ်မည် ဆိုခြင်းကို စမ်းသပ်မှုများ ပါဝင်ခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဲရစ်ဂြိုဟ်ပုသည် ပလူတိုနှင့်အရွယ်အစား ထပ်တူနီးပါးတူညီကြောင်း ထပ်မံတွေ့ရှိ

၂၀၀၅ ခုနှစ်တွင် အဲရစ်ဂြိုဟ်ပုကို တွေ့ရှိခဲ့ခြင်းနှင့်အတူ ပလူတိုသည်ဂြိုဟ်အဖြစ်မှ လျော့ကျသွားခဲ့ပြီး ဂြိုဟ်ပုစာရင်းဝင်သွားခဲ့ပြီးနောက် ယခုအခါ ထပ်မံလေ့လာမှုများအရ ယင်းဂြိုဟ်ပုနှစ်ခုသည် အရွယ်အစား ထပ်တူနီးပါးတူညီကြောင်း တွေ့ရှိခဲ့ရသည်။

ပလူတိုထက် နေနှင့် သုံးဆပိုဝေးသော အဲရစ်ကို ချီလီရှိတယ်လီ စကုပ်များဖြင့် အရွယ်အစား အတိအကျတိုင်းတာနိုင်ခဲ့ခြင်းဖြစ်သည်။

အဲရစ်ဂြိုဟ်ပုသည် အချင်း ၁၄၄၅ မိုင်ရှိပြီး ပလူတို၏ အချင်း ၁၄၂၉ မိုင်နှင့် ကွာဟချက် အနည်းငယ်သာရှိခဲ့သည်။ အဲရစ်ကိုတွေ့ရှိခြင်းနှင့် အခြားဂြိုဟ်ပုများကိုတွေ့ရှိခြင်း၊ အချို့သောဂြိုဟ်ရံလများမှာ ပလူတိုထက် ကြီးနေခြင်းတို့ကြောင့် ပလူတိုသည် ဂြိုဟ်အဆင့်မှ ဂြိုဟ်ပု အဆင့်သို့ လျော့ချသတ်မှတ်ခံခဲ့ရသည်။ အဲရစ်ဂြိုဟ်ပုကို ယခင်က မတိုင်းတာနိုင်ခဲ့ဘဲ ကြယ်တစ်စင်း၏ရှေ့တွင် ဖြတ်သွားချိန်တွင်မှ ယင်းကြယ်မှအလင်းရောင်ဖြင့် လေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ တယ်လီစကုပ် ၂၆ ခုဖြင့် လေ့လာရန် စီစဉ်ခဲ့သော်လည်း ချီလီမှ တယ် လီစကုပ်သုံးခုဖြင့်သာ လေ့လာနိုင်ခဲ့သည်။ လေ့လာမှုများ ပြုလုပ်ပြီး နောက်အဲရစ်သည် ပလူတိုထက်ပင် အတန်ငယ်ကြီးနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

ပရမ်းပတာဖြစ်မှု၊ ပဋိပက္ခဖြစ်မှုများ၏ ဂရိနတ်ဘုရားအီရစ်ကို အစွဲပြုပြီးမှည့်ခေါ်ထားသော ယင်းဂြိုဟ်ပုသည် နေအဖွဲ့အစည်းအစွန်းရှိ ဂြိုဟ်သိမ် ဂြိုဟ်မွှားစက်ဝန်း၏ အစွန်းတွင် တည်ရှိသည်။ နေမှ ၄ ဒသမ ၅ ဘီလျံမိုင်အကွာတွင် တည်ရှိပြီးရောက်ရှိလာသော အလင်းတိုင်း ကို အလင်းပြန်လေ့ရှိသည်ဟု သိရသည်။

Ref: DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ် အာကာသစခန်းလွှတ်တင်ရန် တစ်ဆင့်တက်

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)

တရုတ် အာကာသစခန်း ကောင်းကင်ဘုံနန်းတော် မိုဂျူး လွှတ်တင်စဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ပေကျင်း- တရုတ်အမျိုးသားနေ့ နှစ်ပတ်လည်မတိုင်မီတွင် တရုတ်နိုင်ငံ သည် အာကာသစခန်းတစ်ခု တည်ဆောက်နိုင်ရန် ပြင်ဆင်သည့် အနေဖြင့် စမ်းသပ် မိုဂျူးတစ်ခုကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်လိုက်သည်။

တရုတ်ဘာသာဖြင့် 'တီယန်ဂေါင် ၁' (Tiangong-1) သို့မဟုတ် ကောင်းကင်ဘုံဟု အမည် ပေးထားသော မိုဂျူးကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီ သဲကန္တာရအတွင်းမှ ဂင်းနစ်စံတော်ချိန် ၁၃၁၅ တွင် Long March 2 F ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။

၂၀၂၀ ပြည့်လောက်တွင် အာကာသ စခန်းတည်ဆောက်နိုင်ရန်အတွက် အစ ပျိုးသည့်အနေဖြင့် ဤ လူမပါသော အလေးချိန် ရှစ်တန်ခွဲရှိသည့် မိုဂျူး ပေါ်တွင် အာကာသတွင်း စမ်းသပ်မှု များကို လုပ်ဆောင်မည်ဟု ဆိုသည်။

ဒုံးပျံလွှတ်တင်ရေးစခန်းတွင် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ဒုံးပျံလွှတ်တင်မှု ကို ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး သမ္မတ ဟူကျင်ထောင်ကမူ ပေကျင်း မြို့တော်ရှိ အာကာသ ပျံသန်းမှုထိန်း ချုပ်ရေးစခန်းမှာ ကြည့်ရှုနေခဲ့သည်။

ဒုံးပျံစတင်လွှတ်တင်ပြီး ၁၀ မိနစ် အကြာ ကမ္ဘာမြေမှ ၁၂၅ မိုင် အရောက် တွင် Tiangong-1 မိုဂျူးသည် ၎င်းကို လွှတ်တင်ပေးသော ဒုံးပျံမှ အောင်မြင်စွာ ခွဲခွာသွားပြီး ၎င်း၏ ဆိုလာပြား (နေ စွမ်းအင်ဖန်ပြား) နှစ်ခုကို ဖွင့်လိုက်သည်။

အာကာသတွင် သက်တမ်းနှစ်နှစ် ကြာရှည်ခံမည့် Tiangong-1 မိုဂျူး သည် ယခုနှစ်ကုန်ပိုင်းတွင် လူမပါသော Shenzhou VIII အာကာသယဉ်နှင့် တရုတ်တို့၏ အာကာသတွင်း ပထမ ဆုံးချိတ်ဆက်မှုကို ပြုလုပ်မည်ဟု သိရှိရသည်။

ဤစမ်းသပ်မှု အောင်မြင်လျှင် အနည်းဆုံး လူတစ်ဦးပါဝင်မည့် Shenzhou IX နှင့် X အာကာသယာဉ် နှစ်ခုနှင့် ချိတ်ဆက် မည်ဖြစ်သည်။

အာကာသတွင် ယာဉ်ချင်းချိတ်ဆက် ရသော အလုပ်မှာ အလွန်ခက်ခဲသည်။ တစ်နာရီလျှင် ကီလိုမီတာ ၂၈,၀၀၀ နှုန်းဖြင့် တစ်ခုတည်းသော ပတ်လမ်းမှ ကမ္ဘာကို ပတ်နေသော အရာနှစ်ခု တစ်ခုနှင့်တစ်ခု ထိခိုက်ပျက်စီးမှုကို ရှောင်ရှားနိုင်အောင် တဖြည်းဖြည်း လုပ်ရသောကြောင့် ဖြစ်သည်။

ref : mmtime

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံအနီး ကပ္ပလီပင်လယ်အော် အတွင်း ဂျာမနီဂြိုဟ်တုပျက် ကျဆင်းခဲ့ဖွယ်ရှိ

ဂျာမနီ ဂြိုဟ်တုပျက် တစ်စင်း ကမ္ဘာမြေပေါ် ပြန်လည် ကျဆင်းလာခဲ့ ရာ အောက်တိုဘာလ ၂၃ ရက်နေ့တွင်
လေထုအတွင်း ၀င်ရောက်လာခဲ့ပြီး ဂြိုဟ်တုအစိတ်အပိုင်းများ ကမ္ဘာမြေပေါ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ အထိ ဂြိုဟ်တုအစိတ်အပိုင်းများ ကျဆင်းခြင်းနှင့် ပတ်သက်ပြီးသတင်းပေးပို့ မှုမရရှိ
သောကြောင့် ကျဆင်းဖွယ်ရှိသည့် နေရာများထဲမှ မြန်မာနိုင်ငံ ကမ်းလွန် ကပ္ပလီပင်လယ်အော်(သို့မဟုတ်) လူသူမ
နေသောနေရာ တစ်နေရာသို့ ကျဆင်းရန်ဖြစ်နိုင်ခြေ အများဆုံးဖြစ် နေကြောင်းသိရသည်။

သိပ္ပံပညာရှင်များ ခန့်မှန်းထားသော ကမ္ဘာမြေပေါ် ကျဆင်းမည့်အချိန်သည် အာရှစံတော် ချိန်များအရ နိုင်ငံအလိုက်
နံနက်ပိုင်း ၇ နာရီမှ ၈ နာရီ ၀န်းကျင်ဖြစ်ပြီး ကျဆင်းမည့်အချိန် တွက်ချက်မှုမှာ တစ်ရက်ခန့်အထိ ကွဲလွဲနိုင်ကြောင်း
သိရသည်။ ဂျာမနီအာကာသစင်တာမှ ထုတ်ပြန်ချက်အရ ဂြိုဟ်တုကျဆင်းသည် ဆိုသော သတင်းပို့ချက် မရရှိသော
ကြောင့် လူသူမရှိသည့်နေရာသို့ ကျဆင်းခြင်းသာ ဖြစ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မည်သည့်နေရာသို့ ကျဆင်းသည်ဟု အတိအကျ မပြောနိုင်သော်လည်း မြန်မာနိုင်ငံကမ်းလွန် ကပ္ပလီ ပင်လယ်
အော်၊ မြန်မာနိုင်ငံကုန်းတွင်းပိုင်း၊ အိန္ဒိယသမုဒ္ဒရာကိုလွန်ပြီး သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းသို့ ကျရောက် နိုင်ဖွယ်ရှိ
သည်ဟု အမေရိကန်သိပ္ပံပညာရှင်များက အစောပိုင်းတွင် တွက်ချက်ထားခဲ့ပြီး တရုတ်နိုင်ငံတွင်းသို့ ကျဆင်းနိုင်ခြေ
ရှိကြောင်းလည်း ခန့် မှန်းထားခဲ့သည်။ တရုတ်သို့ကျမည် ဆိုလျှင် လူသန်းနှင့်ချီနေထိုင်သော ချုံကင်းနှင့်ချန်ဒူးသို့
ကျဆင်းနိုင်၍ စိုးရိမ်ရကြောင်း ဟားဗတ်-စမစ် ဆိုနီယန်စင်တာမှ အာကာသရူပဗေဒ ပညာရှင် ဂျိုနသန်မက်ဒေါ်ဝဲလ်
က အစောပိုင်းတွင် သုံးသပ်ခဲ့သည်။ သို့ရာ တွင် တရုတ်ဘက်မှ သတင်းထွက် ပေါ်မှု မရှိခဲ့ပေ။

၂ ဒသမ ၆၉ တန် လေးသော ROSAT အမည်ရဂြိုဟ်တုကို ၁၉၉၀ ပြည့်နှစ်က လွှတ်တင်ခဲ့ပြီး အာကာသ တွင်းရှိ
တွင်းနက်ကြီးများ၊ နျူထရွန် ကြယ်များ၊ အာကာသတွင်းမှ X-Ray ရင်းမြစ်များကို လေ့လာခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်
ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်ပါသည်။

ref: http://www.mmcfamily.org/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်အသစ်တစ်ခု မွေးဖွားခြင်းကို ဟာဝိုင်အီမှ သိပ္ပံပညာရှင်တစ်ဦး မှတ်တမ်းတင်နိုင်ခဲ့

ဟာဝိုင်အီတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်တစ်ဦးသည် ၁၀ မီတာရှည်သော ကက်ခ်တယ်လီစကုပ် ညီနောင်ကို အသုံးပြုပြီး ကြယ်(နေ) တစ်စင်းကိုပတ်ပြီး ဂြိုဟ်သစ်တစ်ခု မွေးဖွားခြင်းကို ပထမဆုံးအကြိမ် တိုက်ရိုက် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

LkCa 15b ဟုခေါ်သော ယင်း ဂြိုဟ်မှာ ဂြိုဟ်လောင်း အဆင့်သာရှိသေးပြီး အေးသောဖုန်နှင့်ဓာတ်ငွေ့များ ၀န်းရံနေသည်ဟု သိရသည်။ ကမ္ဘာနှင့် အလင်းနှစ် ၄၅၀ အကွာတွင်ရှိသော ယင်းဂြိုဟ်မှာ တွေ့ရှိရသမျှထဲတွင် အငယ်ဆုံးဂြိုဟ်ဖြစ်သည်ဟု သိရသည်။

LkCa 15b ဟာ တွေ့ရှိရသမျှထဲမှာ အငယ်ဆုံးပါပဲ။ အရင်စံချိန်တင်ထားတဲ့ ဂြိုဟ်ထက် ငါးဆလောက် ပိုငယ်ပါတယ်။ အရင်တုန်းကဆိုရင် ဒီလိုမျိုးဖြစ်စဉ်တွေက ကြယ်(နေ)တွေနဲ့ အနီးမှာဖြစ်တော့ လေ့လာလို့ မရခဲ့ပါဘူး။ ဒါပေမဲ့အခု အချိန်မှာတော့ ကျွန်တော်တို့က ဒီဂြိုဟ်နဲ့ သူ့ပတ်ဝန်းကျင်က အခြေအနေတွေကို တိုက်ရိုက်တိုင်းတာ လေ့လာနိုင်ခဲ့ပါပြီ'' ဟု လေ့လာတွေ့ရှိခဲ့သည့် ပညာရှင် အဒမ်ခရောက်ဇ်က ဆိုသည်။

Ref: DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်၏ ကမ္ဘာ့လမ်းကြောင်းနေရာပြစနစ် (ဂျီပီအက်စ်)ကို ယှဉ်မည့် စနစ်သစ်ဖန်တီးရန် ဥရောပသမဂ္ဂက ဂြိုဟ်တုများလွှတ်တင်

w74_09

အမေရိကန်၏ ကမ္ဘာ့လမ်းကြောင်းနေရာပြစနစ် (Global Positioning System-GPS) ကို ယှဉ်ပြိုင်နိုင်မည့်စနစ်သစ် ဖန်တီးရန်အတွက် ဥရောပသမဂ္ဂက ဂြိုဟ်တုများလွှတ်တင်မှုကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်ခဲ့ကြောင်းသိရသည်။ ပြင်သစ်ဂီယာနာမှ ရုရှားဆိုယုဇ်ဒုံးယာဉ်အသုံးပြုပြီး ဥရောပ၏ ပထမဆုံးလမ်းကြောင်းပြ ဂြိုဟ်တုနှစ်စင်းကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ဥရောပကော်မရှင်သည် အမေ ရိကန်နည်းတူကိုယ်ပိုင်လမ်းကြောင်းပြ ဂြိုဟ်တုစနစ်တစ်ခု ဖန်တီးနိုင်ရေးအတွက် ယူရို ၅ ဒသမ ၄ ဘီလျံမျ အသုံးပြုရန် ရည်ရွယ်ထားသည်။ ဂယ်လီလီယိုဟု အမည်ပေးထားသော ယခု စီမံကိန်းတွင် သုံးစွဲမည့် ဂြိုဟ်တု ၂၇ စင်းနှင့် အပိုဂြိုဟ်တုသုံးစင်းကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီး လွှတ်တင်သွားမည်ဖြစ်ပြီး ယခုလွှတ်တင်လိုက်သည့် ဂြိုဟ်တုနှစ်စင်းမှာ ပထမဆုံးဖြစ်သည်။

ယခု စနစ်သစ်သာ ပြီးစီးပါက ကမ္ဘာ့မြေပြင် တစ်မီတာအတွင်း( ၃ ဒသမ ၂၅ ပေ)အထိ အသေးစိတ်ချဲ့ကြည့်နိုင်မည်ဖြစ်ပြီး လက်ရှိဂျီပီအက်စ်စနစ်အရမူ သုံးမီတာမှ ၈ မီတာအတွင်းသာ အကြီးချဲ့ပြီး အသေးစိတ်ကြည့် နိုင်သည်။

Ref: AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်ကိုယ်ပိုင် အာကာသစခန်းတည်ဆောက်ရေး ပထမခြေလှမ်းအဖြစ် လေ့လာရေးစခန်း၏ ပင်မအစိတ်အပိုင်း လွှတ်တင်

w71_04

ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်မှုအတွက် ပထမဆုံးခြေလှမ်းအဖြစ် ယင်းအစီအစဉ်တွင် ပါဝင်သည့်လေ့လာရေးစခန်း ပင်မအစိတ်အပိုင်းကို တရုတ်နိုင်ငံက စက်တင်ဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်လိုက်ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်မည့် အာကာသစခန်းအတွက် အကြိုစမ်းသပ်မှုများ ပြုလုပ်ရန် အလေးချိန် ၈ ဒသမ ၅ တန်ရှိသည့် Tiangong-1 (ကောင်းကင်နန်းတော်) ဟုအမည် ပေးထားသော လူမဲ့အာကာသစခန်း အစိတ်အပိုင်းကို ဂိုဘီ သဲကန္တာရအစွန်းရှိ ကျူးကွမ်လွှတ်တင်ရေးစခန်းမှ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

လွှတ်တင်ပြီး ၁၀ မိနစ်အကြာ မြေပြင်အထက် ၁၂၅ မိုင်အရောက် တွင် Tiangong-1 သည် ၎င်းအား ပစ်တင်ခဲ့သည့် Long March 2F မှ အောင်မြင်စွာ ခွဲထွက်ခဲ့ကြောင်း သိရသည်။

အာကာသအတွင်း နှစ်နှစ်ကြာ လေ့လာမှုများ လုပ်သွားမည့် Tian-gong-1 သည် တရုတ်နိုင်ငံ၏ Shen-zhou VIII လူမဲ့အာကာသယာဉ်နှင့် ယခုနှစ်ကုန်ပိုင်းတွင် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားသည်။ နောက်ထပ် လွှတ်တင်မှု နှစ်ခုတွင်မူ အနည်းဆုံးတစ်ခု၌ လူပါလာမည်ဖြစ်ပြီး ယင်းစခန်းတွင် တစ်လကြာမျှနေထိုင်မည် ဖြစ်သည်။ အခြားစမ်းသပ်စခန်း အစိတ်အပိုင်းနှစ်ခုကိုလည်း လွှတ်တင်ကာ ချိတ်ဆက်မည်ဖြစ်သည်။

အာကာသစခန်းကြီးကိုမူ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း သုံးပိုင်းခွဲပြီး လွှတ်တင် တပ်ဆင်မည်ဖြစ်သည်။ တန် ၆၀ မျှရှိမည့် တပ်ဆင်မှုများ ပြီးစီးပါကလည်း တရုတ်အာကာသစခန်းသည် နိုင်ငံ ၁၆ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) နှင့်ယှဉ်လျင် သေးငယ်နေဦး မည်ဖြစ်သည်။တရုတ်သည် ISS တွင်သာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သော်လည်း အမေရိကန်၏ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ နည်းပညာပိုင်းအရ ကြည့်လျှင် တရုတ်၏ ယခုလုပ်ဆောင်ချက်သည် အမေရိကန်၏ ၁၉၆၀ ပြည့်နှစ်များ က ဂျီမီနီစီမံကိန်းနှင့်ဆင်တူပြီး ထိုစဉ်ကထက် အားသာသည်မှာ လွှတ်တင်မှုအကြိမ် ရေလျှော့သွားခြင်းနှင့် စခန်းတည်ဆောက်ရေးအတွက် အမေရိကန်ေ ဆာင်ရွက်ခဲ့ရသကဲ့သို့ အစမှ ပြန်လည်လေ့လာရန် မလိုတော့ခြင်းဖြစ်သည်။

တရုတ်သည် ၂၀၀၃ ခုနှစ်တွင် လူလိုက်ပါသည့်အာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စုတို့ ပြီးနောက် အာကာသအတွင်းသို့ လူစေလွှတ်နိုင်သည့် ကမ္ဘာ့တတိယမြောက် နိုင်ငံဖြစ်သည်။

Ref:AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်တံခွန်များသည် ကမ္ဘာဦးခေတ်၏ ရေအရင်းမြစ် ဖြစ်ခဲ့ဖွယ်ရှိ

သမုဒ္ဒရာရေကဲ့သို့သော ရေရှိသည့် ကြယ်တံခွန်တစ်စင်းကို နက္ခတ်ပညာရှင်များက တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာခေတ်ဦးတွင် ကြယ်တံခွန်များမှ တစ်ဆင့် ကမ္ဘာပေါ်သို့ ရေအရင်းအမြစ်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်နိုင်သည်ဆိုသော သီအိုရီ ပိုမိုအားကောင်း လာစေခဲ့သည်။

ကမ္ဘာကြီးစတင်ဖွဲ့တည်စဉ်က အပူချိန်မှာ အလွန်အမင်း များပြားသောကြောင့် ရေအရင်းမြစ်ရှိခဲ့လျှင် ပင်အငွေ့ပျံတက်သွားနိုင်ပြီး နောက်အနှစ် ရှစ်သန်းခန့်တွင်မှသာ သမုဒ္ဒရာများပေါ်ပေါက်လာခြင်းဖြစ်သည် ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားခဲ့ကြသည်။

ယခင်ကတည်းက ရေခဲရှိသော ကြယ်တံခွန်များကို တွေ့ရှိခဲ့သော် လည်း ကမ္ဘာပေါ်ရှိရေနှင့် ဓာတုဖွဲ့စည်းပုံမတူသောကြောင့် မျက်မှောက်ခေတ်သမုဒ္ဒရာများ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ကြယ်တံခွန်များမှ ရေ ပံ့ပိုးပေးနိုင်သည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ဂျာမနီနိုင်ငံ မက်စ်ပလန့်ခ် အင်စတီကျု၊ နေစွမ်းအင်သုတေသနဌာနမှ ပညာရှင်များ၏ လေ့လာမှုအရ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများနှင့် ဓာတုဖွဲ့စည်းပုံတူသော ရေရှိသည့် 103P/Hartley2 ကြယ်တံခွန်ကို တွေ့ရှိခဲ့ကြသည်။ ယခင်လေ့လာမှုများအရ ဥက္ကာပျံများမှ ခေတ်ဦးကမ္ဘာသို့ ရေရောက်ရှိလာခြင်းဖြစ်ကြောင်း ယူဆခဲ့ကြသည်။

Ref: Reuters

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စကြ၀ဠာပြန့်ကားမှုကို လေ့လာတွေ့ရှိခဲ့သူ ပညာရှင်သုံးဦး ရူပဗေဒနိုဗယ်ဆု ဆွတ်ခူး

b27_18

စကြ၀ဠာပြန့်ကားမှုသည် အရှိန်အဟုန်အဖြင့် ဖြစ်ပေါ်နေကြောင်း လေ့လာတွေ့ရှိမှုတွင် ပါဝင်ခဲ့သူပညာရှင်သုံးဦးသည် ယခုနှစ်အတွက် ရူပဗေဒ နိုဗယ်ဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

အမေရိကန်မှ ဆော်လ်ပါးလ်မက်တာ၊ အဒမ်ရိစ်နှင့် သြစတြေးလျမှ ဘရိုင်ယန်ရှမစ်တို့သည် ဆုကို ခွဲဝေရရှိကြမည်ဖြစ်သည်။ အရာဝတ္ထုများပိုမို ဝေးကွာလေလေ ပိုမိုလျင်မြန်စွာရွေ့ လျားလေလေဖြစ်သည့်ဖြစ်စဉ်ကို ဆုံးဖြတ်ပေးသော Type 1a ဆူပါနိုဗာ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏လေ့လာမှုများအရ စကြ၀ဠာသည် ပြန့်ကားနေရုံ သက်သက်မဟုတ်ဘဲ ဖြန့်ကျက်မှုသည် မနားမနေအရှိန် မြှင့်ပြန့်ကားနေခြင်းကို တွေ့ရှိခဲ့ရသည်။

ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေမှ ပါမောက္ခပါးလ်မက်တာက ဆုကြေးဆွီဒင်ခရိုနာ ၁၀ သန်း၏ တစ်ဝက်ကို ရရှိမည်ဖြစ်ပြီး သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ပါမောက္ခရှမစ်နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အာကာ သတယ်လီစကုပ် သိပ္ပံအင်စတီကျုမှ ပါမောက္ခရိစ်တို့က ကျန်တစ်ဝက်ကို ခွဲရမည်ဖြစ်သည်။

ပညာရှင်သုံးဦး၏ တွေ့ရှိမှုများသည် လက်ရှိနားလည်းထားသည့် စကြာဝဠာ မူလဖြစ်စဉ်၏ အခြေခံဖြစ်ခဲ့သော်လည်း ခက်ခဲသောမေးခွန်းများကိုလည်း ပေါ်ပေါက်စေခဲ့သည်။ ပြန့်ကားမှုဆက်လက်ဖြစ်ပေါ်နေ ခြင်းကို ရှင်းပြရန်အတွက် စကြ၀ဠာမူလ အစလေ့လာမှုပညာရှင်များက dark energy ဟုခေါ်သော စွမ်းအင်တစ်မျိုး ရှိသည်ဟု ယူဆထားကြသည်။ Dark Energy ၏သဘောသဘာဝမှာ အံ့ဖွယ်အခြေအနေတစ်ရပ်အဖြစ်သာ တည်ရှိနေသေးသော်လည်း ယင်းစွမ်အင်သည် စကြ၀ဠာလေးပုံသုံးပုံတွင် တည်ရှိနေကြောင်း သီအိုရီများက ဖော်ပြထားသည်။ ပါးလ်မက်တာသည် လေ့လာမှုကို ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ရှမစ်နှင့်ရိစ်တို့က ၁၉၉၄ ခုနှစ်တွင်မှ သီးခြားလေ့လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ကြယ်ဖြူပုဟု ထင်ရှားသော ထူထဲသိပ်သည်းမှုမြင့်သည့် ကြယ်အမျိုးအစားတစ်မျိုး၏ တောက်ပသော အဆုံးဖက်ခြမ်းဖြစ်သော ဝေးကွာသည့်နေရာမှ Type 1a ဆူပါနိုဗာ ဖြစ်စဉ်များကို တိုင်းတာရန် ဖြစ်သည်။ မူလကဝေးကွာသော ဆူပါနို ဗာများသည် နှေးကွေးလာပြီး စကြာဝဠာပြန့်ကားမှု ပြန်လည်ကျဆင်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း နှစ်ဖွဲ့စလုံးသည် ဆူပါနိုဗာများမှာစင်စစ်တွင် ဆက်လက်အရှိန်မြှင့်နေပြီး စကြ၀ဠာသည် အစဉ်တိုးချဲ့ပြန့်ကားနေကြောင်း အယူအဆကို မမျှော်လင့်ဘဲ ဖော်ထုတ်နိုင်ခဲ့ကြသည်။ တွေ့ရှိချက်များကို မရှေးမနှောင်းပင် အပြိုင်ထုတ်ပြန်နိုင်ခဲ့သောကြောင့် ပူးတွဲဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Ref;BBC

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှားတို့၏ Glonass ဂြိုလ်တု လမ်းညွှန်စံနစ်အကြောင်း



ရုရှားနိုင်ငံဟာ နိုင်ငံရဲ့ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြစနစ်ရဲ့ ဂြိုဟ်တု အုပ်စုဖြစ်တဲ့ ဂလိုးနက်စ်ဂြိုဟ် တုတွေ အာကာသတွင်း နေရာချထားခြင်းကို အပြီးသတ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ရုရှား အာကာသ အေဂျင်စီ ရို့စ်ကိုစ်မို့စ် အကြီးအကဲ ဗလာဒီမာ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။ အဆိုပါ ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ စနစ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ GPS စနစ်နဲ့ တူညီပြီး စစ်ဘက်ရော အရပ်ဖက်ကပါ အသုံးပြုနိုင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။


Glonass စံနစ်သုံး လမ်းညွှန်ကရိယာတစ်ခုပုံ

အဆိုပါ ရုရှား လမ်းညွှန် တည်နေရာပြ စနစ်မှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး လုပ်ငန်း လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ ဂြိုဟ်တု (၂၄)ခုနဲ့ သီးသန့် ဂြိုဟ်တု (၂)ခုမှ (၃)ခုအထိ လိုအပ်ပါတယ်။


လေကြောင်းချီစစ်သည်တော်တစ်ဦးတွင် တပ်ဆင်ထားသော glonass equipment တစ်ခု

ရုရှား နိုင်ငံဟာ အခု အောက်တိုဘာလ အစောပိုင်းမှာ ဂလိုးနက်စ် အမ် ဂြိုဟ်တုကို အာကာသ အတွင်း အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ တဲ့အတွက် ပတ်လမ်းအတွင်း ဂြိုဟ်တုတွေ ချထားခြင်း ပြီးဆုံးပြီ ဖြစ်ကြောင်း ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ ဂြိုဟ်တုတွေဟာ အချိန် အနည်းငယ် အတွင်းမှာ အသုံးပြုနိုင် တော့မှာ ဖြစ်ကြောင်း ရို့စ်ကို့စ်မို့စ် အကြီးအကဲ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။

အခုလက်ရှိ အချိန်မှာ ကမ္ဘာ့ ပတ်လမ်းအတွင်း ဂလိုးနက်စ် ဂြိုဟ်တု (၂၈) လုံးရှိနေပြီး (၂၃)လုံးဟာ လုပ်ငန်း လုပ်ဆောင်လျက် ရှိပါတယ်။ (၂)လုံး ကိုတော့ လုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ကျန် (၃)လုံးကတော့ ပြုပြင် ထိန်းသိမ်းရေး လုပ်ဆောင်လျက် ရှိပါတယ်။ ပိုပေါ့ကင်ရဲ့ အဆိုအရ ရုရှားနိုင်ငံဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ မိုးလေ၀သနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တုတွေကို လွှတ်တင်သွားဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။

ref: Voice Of Myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်တံခွန်တစ်ခု​​ပေါ်တွင် ကြီး​​မား​​​သော ​​ရေပြင်အား​​ သိပ္ပံပညာရှင်များ​​ ရှာ​​ဖွေ​​တွေ့​​ရှိ

alt

ကြယ်တံခွန်တစ်ခု​​ပေါ်တွင် ကြီး​​မား​​​သော ​​ရေပြင် © dailymail

သိပ္ပံပညာရှင်များ​​သည် ကြယ်တံခွန် တစ်ခု​​ပေါ်တွင် ကြီး​​မား​​ကျယ်ပြန့်​​​သော ​​ရေပြင်တစ်ခုအား​​ ရှာ​​ဖွေ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။

Hartley 2 ကြယ်တံခွန်​​ပေါ်တွင် ကမ္ဘာ​​ပေါ်ရှိ သမုဒ္ဒရာ ​​ရေပြင်ထက် ပိုမိုကြီး​​မား​​​သော ​​ရေထုတစ်ခု ရှိ​​နေ​​ကြောင်း​​ Natureသိပ္ပံဂျာနယ်တွင် ထည့်​​သွင်း​​​ဖော်ပြခဲ့​​သည်။ Deuteriumဟု​​ခေါ်သည့်​​ ရှား​​ပါး​​​သော Hydrogenဓာတ်​​ငွေ့​​ တစ်ခု တည်ရှိ​​နေခြင်း​​​ကြောင့်​​ ယခုလို ​​ရေပြင်ကျယ် ​​ပေါ်​​ပေါက်လာခြင်း​​ဟု ပညာရှင်များ​​က ယုံကြည်​​နေသည်။ ပညာရှင်များ​​က ယခု​​တွေ့​​ရှိမှု​​ကြောင့်​​ တစ်ချိန်က ကမ္ဘာ​​ပေါ်တွင် ​​ရေလုံး​​ဝ မရှိခဲ့​​ဘဲ ကြယ်တံခွန်များ​​ ဝင်တိုက်ရာမှ ​​ရေများ​​ ပျံ့​​နှံ့​​​ရောက်ရှိလာသည်ဟူ​​သော အယူအဆသစ်ကို ​​လေ့​​လာစဉ်း​​စား​​​နေပြီဖြစ်သည်။

ကမ္ဘာ​​မြေ၏ ဓာတုဖွဲ့​​စည်း​​ပုံအရ ဥက္ကာခဲနှင့်​​ ကြယ်တံခွန်များ​​တွင် ပါဝင်​​နေ​​သော Deuterium ဖွဲ့​​စည်း​​ပုံသည် ပိုမိုလျင်မြန်စွာ အ​​ခြေကျတည်ရှိသွား​​နိုင်မည်ဟု သိရသည်။ သတ္တုဆန်​​သော ဒြပ်များ​​ ပါဝင်​​သော ပစ္စည်း​​များ​​သည်လည်း​​ ကမ္ဘာ​​ပေါ်သို့​​ ဥက္ကာခဲများ​​ ကျ​​ရောက်ချိန်တွင် ပိုမိုပျံ့​​နှံ့​​တည်ရှိလာခြင်း​​ဟု ပညာရှင်များ​​က ယုံကြည်ထား​​သည်။

Hartley 2သည် Dueteriumတည်ရှိမှုဆိုင်ရာ ​​လေ့​​လာဆန်း​​စစ်မှုများ​​ကို ကျယ်ကျယ်ပြန့်​​ပြန့်​​ လုပ်​​ဆောင်နိုင်ခဲ့​​သည့်​​ ပထမဆုံး​​ ကြယ်တံခွန်လည်း​​ ဖြစ်လာ​​ကြောင်း​​ သိရှိရသည်။ အဆိုပါ ​​လေ့​​လာမှု စစ်တမ်း​​ကို အ​​မေရိကန်နိုင်ငံ၊​ မစ်ချီဂန် တက္ကသိုလ်မှ သု​​တေသန ပညာရှင် တက်ဘာဂျင်က ဦး​​​ဆောင်ခဲ့​​ခြင်း​​ဟုလည်း​​ Natureက ​​ဖော်ပြသွား​​သည်။

ref: people media voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိုဘိုင်းဖုန်း ၄ သန်း စီမံကိန်းအတွက် တည်ဆောက်မည့် တာဝါများအချို့တွင် ဆိုလာစနစ်တပ်ဆင်မည်


မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်းတွင် ပထမနှစ်လျာထားချက် ၄ သန်းအတွက်တည်ဆောက်မည့် တာဝါတိုင် အချို့၌ ဆိုလာစနစ်တပ်ဆင်မည် ဖြစ်ကြောင်း အဆိုပါစနစ်ကို တပ်ဆင်မည့် Solar Hut မှ Technical Consulant ဦးခင်မောင်က ပြောသည်။ ၎င်းဆောင်ရွက်ချက်အတွက် ကုမ္ပဏီအချို့က ကမ်းလှမ်း ထားကြောင်း သိရသည်။ မိုဘိုင်းဖုန်းချထားပေးရေး ပထမနှစ် စီမံကိန်းအတွက် တာဝါတိုင်ပေါင်း ၁၄၅၀ ဝန်းကျင်ကို တည်ဆောက်မည် ဖြစ်သည်။

“လတ်တလောမှာ ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေပါတယ်။ GSM တာဝါတိုင် ၄၀ မှာ အဲဒီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆိုလာစနစ်တွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ခွင့်ပြုချက်နဲ့ ရရှိထားတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို တည်ဆောက်ပြီး ဆိုလာစနစ် တပ်ဆင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

စီမံကိန်းအတွက် တည်ဆောက်သည့် တာဝါတိုင်အားလုံးတွင် ဆိုလာစနစ်ပါဝင်မည် မဟုတ်သော်လည်း သုံးပုံတစ်ပုံ နီးပါးဝန်းကျင်တွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ “တာဝါတိုင်အများစုကတော့ Solar စနစ်တပ်ဆင်မှာ မဟုတ်ဘူး။ မြို့နဲ့နီးတဲ့နေရာတွေမှာ ဆိုရင် လျှပ်စစ်မီးအလွယ်တကူ ရောက်ရှိနေလို့ နယ်ဒေသတွေ၊ မြို့နဲ့ ဝေးတဲ့နေရာတွေမှာ တပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အခြားကုမ္ပဏီအချို့နှင့်လည်း ဆက်သွယ်ရေး တာဝါတိုင်အချို့တွင် ဆိုလာစနစ်တပ်ဆင်ရန် ဆွေးနွေးလျက်ရှိပြီး လက်ရှိမြို့နယ် ၁၀ ခု အတွက် Proposal ရေးခိုင်းထားခြင်း ရှိကြောင်း သိရသည်။ ဆက်သွယ်ရေးတာဝါတိုင်များတွင် ဆိုလာစနစ်တပ်ဆင်ခြင်းအားဖြင့် ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Ref : Internet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလင်းထက် မြန်သော အမှုန်တစ်မျိုး တွေ့ရှိ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသထဲက သံလိုက်အမြှုပ်များ

နေစကြ၀ဠာရဲ့ ပြင်ပဟာ ရှင်းလင်းချောမွေ့နေခြင်း မရှိဘဲ သံလိုက်ရေမြှုပ်ကြီးတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို အာကာသထဲ ပျံသန်းနေတဲ့ Voyager ဂြိုဟ်တု ၂ လုံးက မကြာသေးခင်က ပေးပို့လိုက်တဲ့ အချက် အလက်တွေအရ သိရှိခဲ့ပါတယ်။ နေကဖြာထွက်နေတဲ့ သံလိုက်ဓာတ်တွေနဲ့ တခြား Galaxy ကြယ်စုတွေကနေ လွင့်စင်ထွက်လာနေတဲ့ သံလိုက်ဓာတ်တွေ ပေါင်းစပ်မိရာက ဒီ သံလိုက် ရေမြှုပ်ကြီးတွေ ဖြစ်ပေါ်လာတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာ့ဆွဲအားရှိတဲ့ ကမ္ဘာပေါ်မှာ လူတွေ၊ ပစ္စည်းတွေ၊ ဒြပ်ဝတ္ထုတွေအားလုံး တည်ရှိနေကြတာပါ။ နေဟာလည်း ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်တဲ့အတွက် သူ့မှာလည်း ဆွဲအားရှိပါတယ်။ အဲဒီလို နေစကြ၀ဠာအပြင် ဂြိုဟ်တွေ၊ လတွေ ရှိတဲ့နေရာတွေမှာ တခုနဲ့တခု ရုပ်ဝတ္ထုတွေရဲ့ ဆွဲငင်အားတွေကြောင့် သူ့နေရာနဲ့သူ တည်နေကြတယ် လို့ ဆိုပါတယ်။

စကြာဝဠာရဲ့ တချို့နေရာတွေမှာ ဒြပ်ဝတ္ထုတွေရဲ့ ဆွဲအားကြောင့်မဟုတ်ဘဲ သံလိုက်တွေရဲ့ ဆွဲငင်အား၊ သံလိုက်သတ္တိကြောင့် တနေရာနဲ့ တနေရာမှာ ရုပ်ဝတ္ထုတွေ တည်နေလို့ ရနိုင်တယ်၊ တည်လည်းတည်နေ ကြတယ်ဆိုတာကို အခု သိပ္ပံပညာရှင်တွေက ခန့်မှန်း ပြောဆိုလာနေကြပါပြီ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရေအောက် စက်ရုပ်ပြိုင်ပွဲ


မက္ကဆီကို ပင်လယ်ကွေ့အတွင်း မနှစ်က ရေနံတွင်း ပေါက်ပြီး ရေနံစိမ်းတွေ ယိုထွက်ခဲ့တဲ့ပြဿနာ ပေါ်လာပြီး နောက်ပိုင်း ရေအောက် စက်ရုပ်တွေ အသုံးပြုတဲ့အပေါ် လူအများ စိတ်ဝင်စားလာခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းက Houston မြို့ နာဆာ အမေရိကန် အမျိုးသားအာကာသသိပ္ပံနဲ့ သုတေသနဌာနက ရေပေါ် ပေါ်နိုင်စွမ်းရှိတဲ့ ဓါတ်ခွဲခန်းမှာပြုလုပ်တဲ့ ပြိုင်ပွဲကို တကမ္ဘာလုံးက ရေအောက် စက်ရုပ်အကြောင်း စိတ်ဝင်စားသူ လူငယ် ၈၀၀ လောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။

အဝေးထိန်းယာဉ် Remote-Controlled Vehicles ROVs လို့ ခေါ်တဲ့ အဲဒီ ရေအောက် စက်ရုပ်တွေဟာ ရေအောက် ကြမ်းပြင်မှာ ရေနံစိမ်းတွေ ယိုစိမ့်ထွက်နေတဲ့ တွင်းဝကို ပိတ်နိုင်ဖို့ ကြိုးစားနေကြသူတွေအတွက် မျက်စိနဲ့ လက်သဖွယ် အတော်လေး အသုံးဝင်ခဲ့တာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးပျံ အိန္ဒိယ စမ်းသပ်

အိန္ဒိယနိုင်ငံက နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာတိုပစ် ဒုံးလက်နက်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။

Prithvi 2 လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးလက်နက် စမ်းသပ် ပစ်လွှတ်မှုကို တနင်္လာနေ့က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အောရစ္စ (Orissa) ပြည်နယ်မှာ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း စမ်းသပ်ပစ်လွှတ်ရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အက်စ်.ပီ ဒက်ရှ် (S.P Dash) က ပြောပါတယ်။

Prithvi ဒုံးလက်နက်ဟာ အိန္ဒိယနိုင်ငံ အတွင်းမှာ ပြုလုပ်တာဖြစ်ပြီး စမ်းသပ်မှုတွေကို နှစ်ပေါင်း အတန်ကြာ ပြုလုပ်နေခဲ့တာပါ။

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံဟာ ပုံမှန်ဆိုသလို ဒုံးလက်နက်တွေကို စမ်းသပ်နေကြတာပါ။ တဘက်နဲ့တဘက် ထိပ်တိုက် တွေ့လာရင် အဆင်သင့် ဖြစ်နေအောင် လုပ်နေကြတဲ့သဘော ဆောင်ပါတယ်။

၁၉၄၇ ခုနှစ် ဗြိတိသျှ လက်အောက်က လွတ်လပ်ရေး ရခဲ့ပြီးကတည်းက ၂ နိုင်ငံ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားနဲ့ ဟီမားလေးယား နယ်နိမိတ်ဒေသ ကိစ္စကို အကြောင်းပြုပြီးတော့ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် SES-2 နှင့် Arabsat-5C ဂြိုဟ်တုတို့အား အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် SES-2 နှင့် Arabsat-5C ဂြိုဟ်တုတို့အား အောင်မြင်စွာလွှတ်တင်နိုင်ခဲ့
စက်တင်ဘာလ၊ ၂၁ရက်၊၂၀၁၁ ခုနှစ်

၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် SES-2 ဂြိုဟ်တုနှင့် Arabsat-5C ဂြိုဟ်တုတို့အား ပြင်သစ်ဂီယာနာနိုင်ငံ ကိုရူးဒုံးပျံလွှတ်တင်ရေးစခန်းမှနေ၍ Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် GEO ( တည်ငြိမ်ပတ်လမ်း) သို့ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်းသိရသည်။ ယင်းလွှတ်တင်မှုသည် Ariane အမျိုးအစား လွှတ်တင်ရေးယာဉ်များ၏ ၂၀၄ ကြိမ်မြောက်ပစ်လွှတ်မှုဖြစ်ပြီး အကြိမ် ၆၀ ပစ်လွှတ်ခဲ့သော Ariane 5 လွှတ်တင်ရေးယာဉ်၏ ၄၆ ကြိမ်မြောက် အောင်မြင်စွာလွှတ်တင်နိုင်ခြင်းလည်း ဖြစ်သည်။ Ariane 5 လွှတ်တင်ရေးယာဉ်သည် ဂြိုဟ်တုနှစ်လုံးအားသယ်ဆောင်၍ သတ်မှတ်နေရာအရောက်တွင် Arabsat-5C ဂြိုဟ်တုအား ဦးစွာခွဲထုတ်ခဲ့ပြီးနောက် ၈ မိနစ်အကြာတွင် SES-2 ဂြိုဟ်တုအား ခွဲထုတ်ပေးခဲ့သည်။

SES-2 ဂြိုဟ်တုအား ကနေဒါနိုင်ငံရှိ ဂြိုဟ်တုဝန်ဆောင်မှုဆောင်ရွက်သည့် SES ကုမ္ပဏီမှပိုင်ဆိုင်ပြီး မြောက်အမေရိကတိုက်အပေါ်ရှိ ဂြိုဟ်တုတည်နေရာ အနောက်လောင်ဂျီတွဒ် ၈၇ ဒီဂရီတွင်ထားရှိမည်ဖြစ်သည်။ Orbital Science မှထုတ်လုပ်သော GEOstar 2.4 bus ကိုအခြေခံထားသော SES-2 ဂြိုဟ်တုတွင် C-band transponder ၂၄လုံး နှင့် Ku-band transponder ၂၄ လုံးပါဝင်ပြီး အလေးချိန်အားဖြင့် ၃၁၅၂ ကီလိုဂရမ်ရှိမည်ဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့် ကာရစ်ဘီယမ်ဒေသများအား ဂြိုဟ်တုဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားသည်။ ယင်းဝန်ဆောင်မှုများအပြင် SES-2 ဂြိုဟ်တုတွင် အမေရိကန်လေတပ်၏ ဒုံးပျံအန္တရာယ်ကာကွယ်ရေး၌ အသုံးပြုမည့် Infrared Payload ( CHIRP) ကိုလည်း တင်ဆောင်ထားသည်။

ဆော်ဒီအာရေဗျနိုင်ငံရှိ Arabsat ဂြိုဟ်တုဝန်ဆောင်မှုကုမ္ပဏီက ပိုင်ဆိုင်သော Arabsat-5C ဂြိုဟ်တုအား အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများအား ရုပ်သံထုတ်လွှင့်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ခြင်း၊ အင်တာနက် နှင့် VSAT ၀န်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ထားသည်။ Arabsat-5C ဂြိုဟ်တုသည် Astrium မှ ထုတ်လုပ်သော Eurostar E3000 Bus ကိုအသုံးပြုထားပြီး C-band နှင့် Ka-band transponder များတပ်ဆင်ထားကာ အလေးချိန်အားဖြင့် ၄၆၃၀ ကီလိုဂရမ်ရှိသည်။

http://groups.google.com/group/satellitestudygroup?hl=en

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသစခန်းမှယာဉ်မှူးသုံးဦး ကမ္ဘာမြေသို့ပြန်လည်ဆင်းသက်လာ


ရုရှားနိုင်ငံက အပြည်ပြည်ဆိုင် ရာအာကာသစခန်းသို့ လူလိုက်ပါ ဆိုယုဇ်ဒုံးယာဉ်လွှတ်တင်မည့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ချိန်တွင် ယာဉ် မှူးခြောက်ဦးအနက် သုံးဦးမှာ စခန်း တွင် ကျန်ရှိနေသည့် ဆိုယုဇ်ယာဉ် ဖြင့် ကမ္ဘာမြေပေါ်သို့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လာခဲ့ကြောင်း သိရသည်။

ဆိုယုဇ်ယာဉ်သည် ဆိုဗီယက် နိုင်ငံဟောင်း ကာဇက်စတန်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ရုရှားအာ ကာသယာဉ်မှူးနှစ်ဦးနှင့်အမေရိကန် အာကာသယာဉ်မှူးတို့လိုက်ပါလာခဲ့ သည်ဟုသိရသည်။

စခန်းတွင် အမေရိကန်၊ ရုရှား နှင့် ဂျပန်မှတစ်ဦးစီကျန်ရှိနေပြီး ၎င်းတို့ပြန်လာရေးအတွက်မှာမူ ရုရှားက ထပ်မံလွှတ်တင်မည့် ဆိုယုဇ်ဒုံးယာဉ် များကိုသာ စောင့်ဆိုင်းရမည်ဖြစ် သည်။ အမေရိကန်က အာကာသ လွန်းပြန် ယာဉ်များကို အနားပေး လိုက်ပြီး ယာဉ်သစ်မထုတ်နိုင်မီတွင် ဆိုယုဇ်ယာဉ်များကိုသာ လိုက်ပါခွင့် အခကြေးငွေပေးပြီး အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ကုန် တင်ရန်နှင့်လူပို့ဆောင်ရန် သုံးနိုင် သော ဆိုယုဇ်ဒုံးယာဉ်များမှာ စက် ချွတ်ယွင်းမှုများကြောင့်ဆိုကာ အာ ကာသစခန်းသို့ထွက်ခွာရန် ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသောကြောင့် အခက် ကြုံနေရသည်။

ဆိုယုဇ်ယာဉ်များသည် ဒုံးပျံနှင့် အတူ ထိပ်ဖူးအဖြစ် ကမ္ဘာမြေမှထွက် ခွာသွားပြီး ပြန်လည်ဆင်းသက်သော အခါတွင်လည်း ယင်းထိပ်ဖူးပိုင်း ဖြင့် ပြန်ဆင်းသက်ရခြင်းဖြစ်ပြီး အမေရိကန် လွန်းပြန်ယာဉ်များကဲ့သို့ စတိုင်ကျစွာ လေယာဉ်ဆင်းသလို ဆင်းသက်နိုင်ခြင်း မရှိပေ။ ဘူးလုံး ကြီးအသွင်ရှိသော ဆိုယုဇ်ယာဉ် သည် လေထီးဖြင့်ကျလာပြီး နေရာ အတိအကျထိန်းချုပ်ရန် ခက်ခဲသည်။ သို့ရာတွင် ကုန်ကျစရိတ် သက်သာ သောကြောင့် ယနေ့အချိန်အထိ သုံး နေခြင်းဖြစ်ပြီး နိုင်ငံတကာ အာကာ သစခန်းနှင့် ဆက်သွယ်ရန် တစ်ခု တည်းသော ယာဉ်ဖြစ်နေသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မှ နောက်ထပ် ဆိုယုဇ်ဒုံးယာဉ်ကို လွှတ်တင်မည်ဟု ရုရှားကကြေညာ ထားပြီးစခန်းတွင် ကျန်ရစ်သူသုံးဦး မှာ ၂၂ ရက်တွင် ကမ္ဘာပေါ် ပြန်ဆင်း ရန် မျော်လင့်ထားသည်။ လွှတ်တင် မှုကိုထပ်ရွှေ့မည်ဆိုပါက စခန်းတွင် ကျန်သူများ ရိက္ခာပြတ်လပ်မှုကြုံရ နိုင်ပြီး အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်များလုပ်ပေးရမည့် အခြေ အနေ ရောက်သွားနိုင်သည်။

Ref: Reuters,AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေနှစ်စင်းကိုပတ်နေသောဂြိုဟ်တွေ့ရှိ



ပြင်ပ စကြ၀ဠာများထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေနှစ်စင်း ကို ပတ်နေသောဂြိုဟ်ကို နာဆာ၏ ကက်ပလာ တယ်လီစကုပ်ဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။

Kepler-16b ဟု အမည်ပေး ထားသော ဂြိုဟ်သည် မိမိတို့ နေစကြ ၀ဠာရှိ စနေဂြိုဟ်ကဲ့သို့သော လူမနေ နိုင်သည့် အေးခဲသော ဓာတ်ငွေ့စု ကြီးသာ ဖြစ်သည်ဟု သိရသည်။

ယင်းဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၂၀၀ ခန့်အကွာတွင် ရှိ သည်ဟုသိရသည်။ (အလင်းနှစ်ဆို သည်မှာ ကမ္ဘာကနေကိုတစ်ပတ် ပတ်သော ကာလ(တစ်နှစ်) အတွင်း အလင်းရောက်ရှိသည့် မိုင်ပေါင်း ၅၈၈၀,၀၀၀,၀၀၀,၀၀၀ မိုင်ကို ဆိုလို သည်) ယခင်ကတည်းက နေနှစ်စင်းကိုပတ်သည့် ဂြိုဟ်ရှိနိုင်ကြောင်း သုံး သပ်ခဲ့ကြဖူးပြီး သိပ္ပံ ၀တ္ထုဇာတ်လမ်း များတွင် ပါဝင်ခဲ့သော်လည်း ယခု အခါတွင်မှ ပထမဆုံးတွေ့ရှိခြင်း ဖြစ် သည်။

ယင်းဂြိုဟ်တွင် နေ၀င်ချိန်၊ နေထွက်ချိန်ကို နှစ်ခါစီ ကြုံတွေ့ရ သည်။ ယင်းနေတို့သည်လည်း အချင်းချင်း ၄၁ ရက်လျင် တစ်ပတ် နှုန်းဖြင့် ပတ်နေကြပြီး ဂြိုဟ်က နေ နှစ်စင်းကိုပတ်ရန် ကြာချိန်တစ်နှစ် မှာ ၂၂၉ ရက်ဖြစ်သည်။

Ref: AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုလွှ​တ်တင်ရေးဒုံး​ပျံ Dnepr-1




အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်နိုင်ရန်အတွက် အသုံးပြုသော လွှတ်တင်ရေးဒုံးပျံ တစ်ခုဖြစ်သည့် Dnepr-1 ဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်သည်။ Dnepr ဟူသောအမည်သည် ရုရှားနိုင်ငံမှဖြစ်ဖျားခံ၍ ယူကရိန်း၊ ဘီလာရုစ် အစရှိသည့်နိုင်ငံများအား ဖြတ်သန်းကာ ပင်လယ်နက်အတွင်းသို့ စီးဝင်သွားသော Dnieper မြစ်ကိုအစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။ International Space Company Kosmotras မှ ပိုင်ဆိုင်သော Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ၁၉၉၉ ခုနှစ်၊ ဧပရယ်လ ၂၁ ရက်နေ့တွင် ယင်း၏ ပထမဦးဆုံးသော လွှတ်တင်မှုအဖြစ် ၃၅ ကီလိုဂရမ်သာရှိသော UoSAT-12 အသေးစားဂြိုဟ်တု ( mini-satellite ) အား ပတ်လမ်းနိမ့်ပတ်လမ်း ( Low Earth Orbit ) သို့ အောင်မြင်စွာ ပစ်လွှတ်ပေးနိုင်ခဲ့သည်။ Dnepr-1 ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံသည် အသေးစားဂြိုဟ်တုအများအပြားအား ပတ်လမ်းနိမ့်ပတ်လမ်းအတွင်းသို့ ပို့ဆောင်ပေးခြင်းကို အဓိကပြုလုပ်သည်။ အများအားဖြင့် ဂြိုဟ်တုအလေးချိန် ၃၀၀ကီလိုဂရမ် အောက်နှင့် ၅ ကီလိုဂရမ်အောက်ရှိသော ဂြိုဟ်တုအများအပြားကို တစ်ပြိုင်တည်းလွှတ်တင်ခြင်းဖြစ်သည်။ ( တည်ငြိမ်ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများသည် အများအားဖြင့် ပျှမ်းမျအလေးချိန် ၄၆၀၀ ကီလိုဂရမ်ခန့်ရှိကြသည်။)
Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံအမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်ပြီး hypergolic လောင်စာရည်( hypergolic liquid propellent ) သုံး အင်ဂျင်အဆင့် သုံးဆင့် ( three-stage) ပါရှိသော ဒုံးပျံဖြစ်သည်။ ယင်းဒုံးပျံအား ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော ဒုံးပျံပစ်လွှတ်ရေးစခန်း ( သို့ ) Dombarovsky ဒုံးပျံပစ်လွှတ်ရေးစခန်း မှ ပစ်လွှတ်သည်။



Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့်ပတ်လမ်း အတွင်းသို payload အလေးချိန် ၃၆၀၀ ကီလိုဂရမ်အထိ့ ပို့ဆောင်ပေးနိုင်ပြီး Sun-Synchronous ပတ်လမ်းအတွင်းသို့ payload အလေးချိန် ၂၃၀၀ ကီလိုဂရမ်ပို့ဆောင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် အဓိက payload ဂြိုဟ်တုအပြင် အခြားသော အသေးစားဂြိုဟ်တုများကိုပါ တစ်ပြိုင်တည်းထည့်သွင်း လွှတ်တင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် စီးပွားဖြစ်လွှတ်တင်မှု ၁၄ ကြိမ်ပစ်လွှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇူလှိုင်လ ၂၆ ရက်နေ့တွင် ဘီလာရုစ်၊ အီတလီ၊ ရုရှား၊ အမေရိကန်၊ တောင်ကိုရီးယား ၊ နော်ဝေးနှင့် ဂျပန်နိုင်ငံတို့၏ အသေးစားဂြိုဟ်တုများစုပေါင်းလွှတ်တင်စဉ် တစ်ချိန်သာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ လွှတ်တင်ပြီး ၇၄ စက္ကန့်အကြာတွင် ဒုံးပျံအင်ဂျင်၏ combustion chamber 4 ချို့ယွင်းမှုဖြစ်ပေါ်ကာ ဘိုင်ကိုနောဒုံးပျံပစ်လွှတ်ရေးစခန်း၏ ၁၅၀ ကီလိုမီတာ အကွာ၊ ကာဇက်စတန်နိုင်ငံ၏ လူနေထိုင်ခြင်းမရှိသည့် ဒေသသို့ပျက်ကျခဲ့ခြင်းဖြစ်သည်။ လောင်စာများ မီးလောင်ပေါက်ကွဲမှုကြောင့် အဆိပ်အတောက်များဖြစ်ပေါ်ခဲ့ပြီး ရုရှားအစိုးရမှ ယင်းအဖြစ်အပျက်အတွက် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ပေးလျော်ခဲ့ရသည်။


Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ (Asean Nations’ Communications Satellite)


အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ၏ အကြောင်းအရာ အချက်အလက်များကို အပိုင်းလိုက်ခွဲ၍ ဖော်ပြသွားပါမည်။ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့သည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုများရှိကြသည်။ လာအိုနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုဟ်တု တစ်ခုကို တရုတ်နိုင်ငံအကူအညီဖြင့် လွှတ်တင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျန်ရှိသော အာဆီယံနိုင်ငံများအနက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုလွှတ်တင်ရန် စိတ်ပါဝင်စားလျက်ရှိပြီး ဘရူနိုင်းနိုင်ငံသည် ဆက်သွယ်ရေးဂြိုဟ်တုစီမံကိန်းပြုလုပ်ရန် စိတ်ပါဝင်စားမှုမရှိသေးကြောင်း တွေ့ရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဂြိုဟ်တုလွှတ်တင်မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်ထိ မည့်သည့်အဖွဲ့အစည်းကိုမှ စာချုပ်ချုပ်ဆိုရခြင်းမရှိသေးကြောင်း သိရှိရသည်။ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံက ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု စုစုပေါင်း (၁၅) ခုဖြင့် အများဆုံး ပိုင်ဆိုင်ထားသည်။ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဂြိုဟ်တု (၄) ခုစီပိုင်ဆိုင်၍ နောက်ထပ်ဂြိုဟ်တုတစ်ခု ထပ်မံလွှတ်တင်ရန် မှာယူထားသည်။ စင်ကာပူနိုင်ငံက ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု (၂) ခု ပိုင်ဆိုင်၍ ထပ်မံလွှတ်တင်ရန် နောက်ထပ် ဂြိုဟ်တုတစ်ခုအား မှာယူထားသည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ဆက်သွယ်ရေးဂြိုဟ်တု (၁) ခုအား ပိုင်ဆိုင်ထား၍ ဂြိုဟ်တုတစ်ခုအား ထပ်မံလွှတ်တင်ရန် မှာယူထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု (၁) ခုကို လွှတ်တင်ထားပြီးဖြစ်သည်။ ဖတ်ရှုသူများ ဗဟုသုတရရှိစေရန် အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ၏ အချက်အလက်များကို တတ်နိုင်သမျှ ရေးသားဖော်ပြသွားပါမည်။

Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေအဖွဲ့အစည်ြး​ပင်ပသို့ ပထမဦးဆုံးေ​ရာက်ရှိသည့် အာကာသယာဉ်


နေအဖွဲ့အစည်း၏ ပြင်ပသို့ ပထမဦးဆုံးရောက်ရှိသည့် အာကာသယာဉ် Voyager 1 က ရိုက်ကူးခဲ့သော ကမ္ဘာနှင့်လတို့၏ တည်ရှိနေပုံ



ကမ္ဘာနှင့် လတို့အတူတကွ လည်ပတ်နေပုံကို ဂြိုဟ်တုတစ်ခုက ပထမဦးဆုံးရိုက်ကူးထားသော ပုံဖြစ်သည်။ ယင်းပုံအား Voyager 1 အာကာသယာဉ်က ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ကမ္ဘာနှင့် မိုင်ပေါင်း ၇.၂၅ သန်း (ကီလိုမီတာ ၁၁.၆၆ သန်း) အကွာအဝေးမှ ရိုက်ကူခဲ့ခြင်းဖြစ်သည်။ အဆိုပါပုံအား Voyager 1 အာကာသယာဉ်ပေါ်တွင် ပါရှိသည့် ကင်မရာ filter များက ရိုက်ကူးခဲ့ သည့် ဓာတ်ပုံ (၃) ပုံအား NASA ၏ Jet Propulsion Laboratory (JPT) တွင် ပြန်လည်ပေါင်းစည်း၍ ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ပုံတွင်မြင်တွေ့နေရသည့် လ၏ အရောင်မှာ ပိုမိုတောက်ပမှုရှိစေရန် အရောင်တင်ထားခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသည် လထက်အဆပေါင်းမြောက်မြားစွာ ပိုမိုတောက်ပသောကြောင့် ဓာတ်ပုံကြည့်ရှုသူများ ရှင်းလင်းပြတ်သားစွာ မြင်သာစေရန် ပြန်လည် အရောင်တင်ထားခြင်းဖြစ်သည်။ Voyager 1 အာကာသယာဉ်အား ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral လွှတ်တင်ရေးစခန်းမှ Titan III E/Centaur လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၇၂၂ ကီလိုဂရမ်ရှိသော Voyager 1 အာကာသယာဉ်အား နေအဖွဲ့အစည်းနှင့် ယင်းပြင်ပရှိ အာကာသကို လေ့လာရန်လွှတ်တင်ခဲ့ခြင်းဖြစ် သည်။ Voyager 1 အာကာသယာဉ်သည် နေအဖွဲ့အစည်း၏ ပြင်ပကိုလေ့လာရန်လွှတ်တင်ထားသော အာကာသယာဉ် (၅) စင်းအနက်မှ (၁) စင်းဖြစ်ပြီး လွှတ်တင်သည့်နေ့မှ ယနေ့အထိ နှစ်ပေါင်း ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်နေသော အာကာသယာဉ်ဖြစ်သည်။ Voyager 1 အာကာသယာဉ်သည် လက်ရှိအချိန်တွင် နေမှအကွာအဝေး ၁၁၇.၈၄၃၆ AU (Astronomical Units)၊ ကီလိုမီတာအားဖြင့် ၁.၇၆၂၉၁၅×၁၀၁၀ ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိနေပြီး စကြာဝဠာအတွင်းတွင် အဝေးဆုံးရောက်ရှိနေသော လူသားများပြုလုပ်သည့်အရာဝတ္ထုတစ်ခုဖြစ်သည်။




Voyager 1 အာကာသယာဉ်၏ ပုံဖြစ်သည်။ ယင်းအာကာသယာဉ်၏ ထူးခြားချက်မှာ နေရောင်ခံပြားများ ပါဝင်ခြင်းမရှိဘဲ အာကာသယာဉ်၏ ပါဝါကို ယာဉ်ပေါ်တွင်ပါရှိသည့် Radioisotope Thermoelectric Generator (RTG) မှ ထုတ်ယူသုံးစွဲခြင်းဖြစ်သည်။

Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ ပထမဆုံး အာကာသဆိပ်ကို ၉ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီး

Virgin ကုမ္ပဏီ၏ အာကာသယာဉ်များ ပျံတက်ရန် ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသဆိပ်ကို ၉ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၆ ရက်နေ့ သတင်းများက ဖော်ပြသည်။ Virgin ကုမ္ပဏီ၏ ပထမဦးဆုံး အာကာသ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်တွင် စတင်မည် ဟု ဆိုသည်။ သူဌေးကြီး ဆာရစ်ချက် ဘရန်ဆန်၏ Virgin Galactic ကုမ္ပဏီသည် နယူး မက္ကဆီကို ပြည်နယ် လက်စ်ခရူဆေး ဒေသရှိ မြေ အကျယ် ၁၈ဝဝ ဧကတွင် အာကာသဆိပ်ကို တည်ဆောက်နေခြင်း ဖြစ်သည်။

တည်ဆောက်မှုမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ရာ အပြည့်အစုံ ပြီးစီးရန် အတွက် လ အနည်းငယ်သာ လိုတော့သည် ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီမှ ပြောရေးဆို ခွင့်ရ အမျိုးသမီးက ကုမ္ပဏီ၏ ပထမဆုံး အာကာသ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်၏ ပထမ သုံးလပတ် အတွင်း စတင် နိုင်လိမ့်မည် ဟု ဆိုသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကာဗွန်ဒိုင် အောက်ဆိုက်ကို မှီဝဲကာ အသက်ရှင်နိုင်သော သက်ရှိကို ဖန်တီးနိုင်ခဲ့ ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်၌ အသက်ရှင် နေထိုင်ရန် ဖြစ်နိုင်လာ


အမေရိကန် သိပ္ပံပညာရှင် ခရိတ်ဗန်တာသည် ကမ္ဘာ့ ပထမဆုံး အဖြစ် လူတို့ ပြုလုပ်သည့် သက်ရှိကို လွန်ခဲ့သည့် နှစ်က ဖန်တီး နိုင်ခဲ့သည်။ ယင်းနောက် သူတို့ အဖွဲ့သည် ကာဗွန်ဒိုင် အောက်ဆိုက်ကို မှီဝဲလျက် အသက်ရှင်နိုင်သော ဆဲလ်များကို ဖန်တီးပြီး အင်္ဂါဂြိုဟ်ပေါ်ရှိ စခန်း၌ နေရာ ချထားပေးရန် ရည်ရွယ်လျက် ရှိသည်။

ဗန်တာက ကမ္ဘာမြေ၌ စားနပ်ရိက္ခာ နှင့် စွမ်းအင် ထုတ်လုပ်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိ နေပြီး မကြာမီ အကျပ်အတည်းများနှင့် ရင်ဆိုင် လာရဖွယ် ရှိသောကြောင့် အင်္ဂါဂြိုဟ်ပေါ်တွင် လူ့ အဖွဲ့အစည်း အသစ် တစ်ရပ် တည်ထောင်နိုင်ရန် မျှော်လင့်နေသည်။ သို့သော် အင်္ဂါဂြိုဟ်ပေါ်ရှိ ပါးလွှာသော လေထု အတွင်း ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့မှာ ၉၅ ရာခိုင်နှုန်း ရှိနေ သည် ဟု ဆိုသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိန်များဖြင့် ဖွဲ့စည်း ထားသော ဂြိုဟ်တစ်လုံးကို သြစတြေးလျ နက္ခတ္တဗေဒ ပညာရှင်များ တွေ့ရှိ


ကျွန်ုပ်တို့ ကမ္ဘာကြီး တည်ရှိရာ နဂါးငွေ့တန်း၏ အနောက်ဘက်တွင် စိန်များဖြင့် ဖွဲ့စည်း ထားသည် ဟု ယုံကြည်ရသော ဂြိုဟ်တစ်လုံးကို တွေ့ရှိ ခဲ့ကြောင်း သြစတြေးလျ နက္ခတ္တဗေဒ ပညာရှင်များက သြဂုတ်လ ၂၆ ရက် နေ့တွင် ကြေညာခဲ့သည်။ ကမ္ဘာမှ နေ၍ အလင်းနှစ်ပေါင်း ၄ဝဝဝ ဝေးကွာသည့် နေရာတွင် ကမ္ဘာမြေ၏ ငါးဆ အရွယ်အစား(အချင်း ၆ဝ,ဝဝဝ ကီလိုမီတာ) ရှိ အဆိုပါဂိုဟ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဂြိုဟ်သည် တစ်ချိန်က ကြယ်တစ်လုံး ဖြစ်ပြီး ပျက်စီးယိုယွင်း သွားပြီးနောက် ပုံဆောင်ခဲ အဖြစ် ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မဲလ်ဘုန်းမြို့ရှိ ဆွင်ဘန်း နည်းပညာ တက္ကသိုလ်မှ ပညာရှင် မက်သရူးဘေ ဦးဆောင်သော နိုင်ငံတကာ အဖွဲ့က အဆိုပါ ဂြိုဟ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခု တွေ့ရှိသည့် ဂြိုဟ်သည် ကာဗွန် အလွန် ကြွယ်ဝစွာဖြင့် ဖွဲ့စည်း ထားပြီး တွေ့ရှိဖူးပြီးသမျှ ဂြိုဟ်များ အားလုံး အနက် အသိပ်သည်းဆုံး ဖြစ်သည်ဟု ဆိုသည်။ ဂြိုဟ်၏ ဖွဲ့စည်းပုံမှာ သိပ်သည်းလွန်း သောကြောင့် ကာဗွန်များသည် ပုံဆောင်ခဲ အဖြစ် တည်ရှိနေသည် ဟု ယူဆရပြီး ယင်းမှာ စိန်၏ ဖွဲ့စည်းပုံ အတိုင်း ဖြစ်သည် ဟု ယူဆရပြီး ယင်းမှာ စိန်၏ ဖွဲ့စည်းပုံ အတိုင်း ဖြစ်သည် ဟု ဆိုသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာမှ အာကာသယာဉ် လွှတ်တင်ပုံအဆင့်ဆင့်










































  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...