Powered by Blogger.
RSS

အာကာသဖုန်စုပ်စက် ဆွစ်ဇာလန်ပညာရှင်များ ဖန်တီးနေ

ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။
အချင်း ၁၀ စင်တီမီတာ ထက်ကြီးသော အမှုန်အမွှား ၁၆၀၀၀ ကျော်နှင့် ယင်းထက်သေးသော အမှုန်အမွှား သန်းပေါင်းများစွာမှာ ကမ္ဘာကိုပတ်နေကြောင်း အာကာသစင်တာမှ ပါမောက္ခနှင့် အာကာသယာဉ်မှူးဖြစ်သူ ကလော်ဒီနီကိုလီယာ က သုံးသပ်သည်။

''မတူညီတဲ့ ဂြိုဟ်တုအမျိုးမျိုးကို ပတ်လမ်းထဲက ရှင်းပစ်ပေးနိုင်မဲ့ အသင့်သုံးလို့ရတဲ့စနစ်မျိုး ထုတ်လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့က ၀န်ဆောင်မှုပေးမှာပါ။ အာကာသအေဂျင်စီတွေက (အာကာသအမှိုက်) ပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းနေကြပါပြီ။ သူတို့ပို့လွှတ်မှုကဖြစ်တဲ့ အမှိုက်တွေသူတို့ ရှင်းရမှာပါ။အဲဒီနယ်ပယ်မှာ ကျွန်တော်တို့က စွန့်ဦးတီထွင်သွားမှာပါ'' ဟု အာကာသစင်တာမှ ဒါရိုက်တာဗော်လ်ကာ ဂတ်စ်ကဆိုသည်။

Ref: AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Mobile GPS System


မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ GPS System တွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်မှာ
အနည်းငယ် ပြောပြသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပက
ဖုန်းအသုံးပြုသူတွေ ကြားထဲမှာ GPS System နဲ့ပတ်သက်ပြီး အခက်အခဲတွေနဲ့
နားလည်မှု လွဲမှားခြင်းရှိနေတာ တွေ့ရလို့ပါ။ ပြည်တွင်းကို
ဝင်ရောက်လာခဲ့တဲ့ မိုဘိုင်းဖုန်းအများစုမှာ GPS စနစ်တွေ ပါဝင်ပေမယ့်
တော်တော်များများက အသုံးပြုလို့မရတာမျိုးတွေ ရှိတယ်လို့ ဆိုကြတဲ့အပြင်
နားလည် ကျွမ်းကျင်သူတွေလောက်ပဲ အသုံးပြုကြပြီး တချို့အသုံးပြုချင်သူတွေ
အနေနဲ့လည်း နားလည်မှု လွဲနေကြတာကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းတွေမှာ
ပါဝင်တဲ့ GPS စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ GPS ဆော့ဖ်ဝဲ လိုအပ်ပါတယ်။
အများစုအားဖြင့်တော့ Android OS စနစ်သုံး ဖုန်းအသုံးပြုသူ
တော်တော်များများမှာ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဖုန်းမှာ နဂိုကတည်းက
ပါဝင်တဲ့ GPS စနစ်ဟာ GPS စနစ်ကို အသုံးပြုနိုင်ဖို့အတွက် Hardware
စနစ်ပိုင်းနဲ့ Function စနစ်ပိုင်းအနေနဲ့ပဲ ပါဝင်တာဖြစ်ပါတယ်။
ဒါကဖုန်းရဲ့ Setting ထဲမှာပါဝင်တဲ့ GPS စနစ်ပါ။ ဒါတွေကတော့ GPS Satellite
တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပါဝင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။



ဖုန်းထဲမှာ ပါဝင်တဲ့ GPS Satellite ဆိုတဲ့နေရာမှာ ON လုပ်လိုက်ရုံလေးနဲ့
အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဒါကိုတော့ သိထားသင့်ပါတယ်။ GPS စနစ်ကို
အသုံးပြုချင်တယ် ဆိုရင်တော့ GPS စနစ်ကို အသုံးပြုနိုင်တဲ့ Garmin
လိုမျိုး GPS ဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
ဒီလိုမျိုး အသုံးပြုနိုင်တဲ့ တခြား GPS ဆော့ဖ်ဝဲတွေ အများကြီး
ရှိပါသေးတယ်။ ဒီလိုမျိုး ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုမှပဲ ရမှာပါ။
ဖုန်းထဲမှာ ပါဝင်တဲ့ GPS စနစ်ကို ဖွင့်လိုက်ပြီး ထည့်သွင်းထားတဲ့ GPS
ဆော့ဖ်ဝဲထဲမှာ အသုံးပြုရတာမျိုးပါ။ ဒါ့အပြင် နောက်ထပ် လိုအပ်တာတွေ
ရှိနေပါသေးတယ်။ အဲဒါတွေကတော့ GPS စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်မယ့်
မြေပုံစနစ်တွေ လိုအပ်ပါသေးတယ်။ ကိုယ်အသုံးပြုမယ့် နေရာဒေသတွေရဲ့
မြေပုံတွေ လိုအပ်ပါသေးတယ်။ ဒါတွေကတော့ အွန်လိုင်းကနေ ကိုယ်တိုင် Download
ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ ဝင်ရောက်လာခဲ့တဲ့ တချို့
နည်းပညာမြင့် ဖုန်းတွေမှာဆိုရင်တော့ တချို့ဖုန်းတွေက GPS စနစ်အတွက်
ဆော့ဖ်ဝဲစနစ်တွေကိုပါ တစ်ခါတည်း ထည့်သွင်း ပေးထားတာမျိုးတွေလည်း
ရှိပါတယ်။ အဲဒီလို ဖုန်းမျိုးတွေမှာ ဆိုရင်တော့ ဘာမှထပ်မံ ထည့်သွင်းစရာ
မလိုအပ်ပဲနဲ့ ကိုယ်အသုံးပြုမယ့် မြေပုံကို ထည့်သွင်းပြီး တိုက်ရိုက်
အသုံးပြုနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Facebook တွင် ကစားနိုင်မည့်ဂိမ်း NASA လွှင့်တင်

ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoff ဂိမ်းကို NASAက ဖန်တီးခဲ့ခြင်းဖြစ်

Facebook တွင် ကစားနိုင်မည့်ဂိမ်း NASA လွှင့်တင်

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က Facebookတွင် လူအများ ကစားနိုင်မည့် ဂိမ်းတစ်ခုကို လွှင့်တင် ပေးလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoffဂိမ်းကို NASAက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိမ်းသည် ကစားသူများက အာကာသဆိုင်ရာ ဗဟုသတုကို ဆန်းစစ် မေးခွန်းထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းဂိမ်းကို ကစားသူများသည် တစ်ဦးချင်း မိမိ၏ အသိပညာကို လေ့လာနိုင်သလို အခြားသူများနှင့်လည်း အပျော်သဘော ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် “အာကာသထဲ လမ်းလျှောက်တဲ့ ပထမဆုံး အမေရိကန်က ဘယ်သူလဲ”၊ “အရည်လောင်စာသုံး ဒုံးကျည်ကို ပထမဆုံး လွှတ်တင်တာ ဘယ်သူလဲ”အစရှိသည့် ဥာဏ်စမ်း မေးခွန်းများ ပါဝင်မည်ဖြစ်သည်။

NASA၏ သမိုင်းနှင့် သုတေသန ဌာနက Facebookကို အသုံးချကာ အာကာဆိုင်ရာ အသိပညာ ဗဟုသုတ ဖြန့်ဖြူးရန်အတွက် Space Race Blastoffကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း NASA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ NASAသည် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ဝေရန်အတွက် Facebookနှင့် Twitterစသည့် Social Network ၀န်ဆောင်မှုများကို ယခင်ကတည်း မှီခိုခဲ့သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၀၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နေမုန်တိုင်း ကမ္ဘာမြေသို့ ဝင်ရောက်ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှုမရှိနိုင်ဟု ပညာရှင်များ သုံးသပ်

၂၀၀၅ခုနှစ်နောက်ပိုင်းနေ၏အကြီးဆုံးရောင်စဉ်ဖြာမုန်တိုင်းသည် ကမ္ဘာမြေသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့သော် မုန်တိုင်းကြောင့် ဝန်ရိုးစွန်းဒေသများရှိ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်အချို့တွင် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

နေ၏ ဗဟိုချက်အနီး လက်ယာဘက်စွန်းမှ နေမီးတန်းဖြာထွက်ခဲ့ခြင်းနှင့်အတူ စတင်ခဲ့ပြီး တစ်နာရီလျှင် မိုင် လေသန်းနှုန်းဖြင့် ဖြာထွက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်၏ သက်ရောက်မှုမှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိရှိနိုင်ပြီး အဆင့်ငါးဆင့် ခွဲခြားမှုတွင် အဆင့်သုံးဖြစ်သောအားကောင်းသော်လည်း မပြင်းထန်သည့်အဆင့်တွင်ရှိကြောင်းသိရသည်။

အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် မိုးလေဝသဌာန၊ အာကာသရာသီဥတုခန့်မှန်းရေးစင်တာ၏ ခန့်မှန်းချက်အရ ကမ္ဘာကို ပတ်နေသော် ဂြိုဟ်တုများတွင် တပ်ထားသော ကွန်ပျူတာများကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိရသည်။ သို့ရာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများကို ထိခိုက်နိုင်ခြေလည်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပေါ်ထွက်လာမည့် ရောင်စဉ်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် ဥရောပနှင့် အာရှိဒေသအချို့မှ မြင်တွေ့ရနိုင်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ကြီးကြီးမားမားသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ကားမောင်းရင်း ဂျီပီအက်စ်ကြည့်တာလောက်ကိုတော့ အနှောင့်အယှက်မဖြစ်ပါဘူး။ ဂျီပီအက်စ်ကို စင်တီမီတာနဲ့ အတိကျသုံးရတဲ့သူတွေအတွက်ပဲ နည်းနည်းလေးအခက်အခဲရှိမှာပါ” ဟု အာကာသရာသီဥတုခန့်မှန်းရေးစင်တာမှ ဒေါက်ဘီဆက်ကာက ပြောကြားခဲ့သည်။

Ref : Bi Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS စနစ်အား CDMA 450MHz စနစ်တွင် ပထမဆုံးအနေဖြင့် အသုံးပြုနိုင်တော့မည်


CDMA 450MHz စနစ်တွင် GPS လမ်းညွှန်စနစ်အား အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ CDMA 450 ဖုန်းများတွင် GPS စနစ် အသုံးပြုနိုင်ခြင်းမှာ ပြည်တွင်းတွင် ပထမဆုံးဖြစ်ပြီး အဆိုပါ GPS စနစ်အား Android Os စနစ်ပေါ်တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ Android OS စနစ် အသုံးပြု ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့် GMG A 9000 ဖုန်းမှာ ပြည်တွင်းသို့ ဝင်ရောက်ခဲ့သော CDMA 450 MHz ဖုန်းများထဲတွင် ပထမဆုံး Android OS စနစ်သုံး CDMA 450 ဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး ယင်းဖုန်းတွင် GPS စနစ်အား ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ပြည်တွင်းရှိ CDMA 450 ဖုန်းများထဲတွင် GPS လမ်းညွှန်စနစ်အား ပထမဆုံး ထည့်သွင်းအသုံးပြုနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းမှာ ပြည်တွင်း ဈေးကွက်သို့ မကြာသေးမီ အချိန်ခန့်ကမှ ဝင်ရောက်လာခဲ့သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး Android OS စနစ်ကို အသုံးပြုပေးထားသောကြောင့် CDMA 450 MHz စနစ်အသုံးပြုသူများအတွက် နည်းပညာမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့်အပြင် CDMA 800 MHz စနစ်ကိုပါ အသုံးပြုနိုင်မည်ဖြစ်ခြင်းကြောင့် CDMA 450 စနစ်ပေါ်တွင် Roaming စနစ် အသုံးပြုလျှက်ရှိသော CDMA 800 MHz ဖုန်းများအတွက်လည်း ကွန်ရက် ပြောင်းလဲ အသုံးပြုရာတွင် ဟန်းဆက်ပြောင်းလဲရခြင်း အခက်အခဲများ မရှိနိုင်တော့ပဲ ဖုန်းတစ်လုံးတည်းဖြင့်ပင် အလွယ်တကူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ


မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသံထက်သုံးဆမြန်သော ဒုံးခွင်းဒုံးတစ်မျိုးကို ဗြိတိန်ရေတပ် ထုတ်ဖော်ပြသ

ရန်သူ၏ဒုံးကျည်များကို ပစ်ခွင်းနိုင်သည့် အသံထက်သုံးဆမြန်သော ဒုံးခွင်းဒုံးတစ်မျိုးကို ဗြိတိန်တော်ဝင်ရေတပ်က ထုတ်ဖော်ပြသခဲ့သည်။ ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်သစ်ကို ထုတ်ဖော် ပြသရာတွင် ရေတပ်သင်္ဘောများမှ ပစ်လွှတ်နိုင်သော ယင်းဒုံးကျည်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မြေပြင် (သို့မဟုတ်) ရေပြင် စတုရန်းမိုင် ၅၀၀ ပတ်လည်အတွင်း ကာကွယ်ပေးထားနိုင်ပြီး ယင်းဧရိယာအတွင်း ရန်သူဒုံးကျည်ဝင်လာပါက အမြင့်ဆုံးအမြန်နှုန်း Mach 3 (အသံ၏ သုံးဆ) ဖြင့် ပစ်ခွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ငါးနှစ်စီမံကိန်းဖြင့် ယင်းဒုံးကျည်များကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ရေတပ်၏ Type 23 ဖရီးဂိတ်သင်္ဘောများတွင် တပ်ဆင်ရန်ရည်ရွယ်ထားကာ နောက်ပိုင်းတွင် ကြည်းတပ်နှင့်လေတပ်တွင်ပါ တပ်ဆင်နိုင်ရန် ရည်ရွယ်ထားသည်။

ref : emg

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...