မီးလောင်ရာ နေရာကို သွားရောက် ငြှိမ်းသတ်တဲ့ မီးသတ်ယာဉ် ရောက်ရှိတဲ့ နေရာကို သိရှိနိုင်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ မီးသတ်ယာဉ် ၁၀ စီးမှာ GPS စနစ်ကို တပ်ဆင်ထား ပြီးဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ GPS စနစ် ဆိုတာဟာ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြ စနစ်ဖြစ်ပြီး အဆိုပါ GPS စနစ်ကို မီးသတ်ယာဉ် တွေပေါ်မှာ တပ်ဆင် ထားခြင်းကြောင့် သွားရောက် ငြှိမ်းသတ်မယ့် မီးသတ် ယာဉ်တွေရဲ့ တည်နေရာကို မီးသတ် ရုံးချုပ်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီလို သိရှိနိုင်ဖို့ အတွက် ရုံးချုပ်ရှိ Command and Control Centre မှ မီးသတ် ယာဉ်ပေါ်ရှိ GPS စနစ်တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောက်တံတား၊ သန်လျင်၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်၊ စမ်းချောင်း စတဲ့ မြို့နယ်ရှိ မီးသတ်ယာဉ် ၁၀ စီးမှာ တွေပေါ်မှာ GPS စနစ် တပ်ဆင် ထားပြီး ဖြစ်ပါတယ်။
နောက်ပိုင်း မှာတော့ GPS စနစ် တပ်ဆင်မှုကို မီးသတ်ယာဉ် အစီး ၅၀ မှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ အခုလို GPS တပ်ဆင်မှု ကိုတော့ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ် ယာဉ်များမှာ တပ်ဆင် ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ နေပြည်တော်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ မီးသတ် စခန်းရှိ မီးသတ်ယာဉ် တွေမှာပါ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။