Powered by Blogger.
RSS

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

၂၀၁၁ ခုနှစ် ကာဇတ်စတန်ရှိ ဘိုက်ကိုနူး (Baikonur) စခန်းတွင် ဝန်ထမ်းတစ်ဦး အာကာသယာဉ် Phobos-Grunt အတွင်းတွင် အလုပ်လုပ်နေစဉ်။



ရုရှားတို့၏ မအောင်မမြင် ဖြစ်ခဲ့သော အင်္ဂါဂြိုလ်လေ့လာရေး အာကာသယာဉ်မှ အစိတ်အပိုင်းများသည် တနင်္ဂနွေနေ့ (၁၅.၁.၂၀၁၂) တွင် ချီလီနိုင်ငံ ကမ်းခြေမှ အလှမ်းဝေးသော ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားပြီဖြစ်ကြောင်း စစ်ဘက်မှ အရာရှိတစ်ယောက်အား ကိုးကား၍ ရုရှား သတင်းဌာနများက အစီရင်ခံကြသည်။

အာကာသ အတွင်းပိုင်းသို့ မရောက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုရှိခဲ့သဖြင့် မျက်နှာပျက်စရာ ဖြစ်နေရာမှ လွတ်မြောက်စေရန် ရုရှားတို့က အင်္ဂါဂြိုဟ်၏ လ (Phobos) ပေါ်မှ မြေသား နမူနာ ယူရန် အာကာသယာဉ်အား လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အာကာသယာဉ် Phobos-Grunt မှအစိတ်အပိုင်းများသည် ကမ်းခြေအလွန်ရှိ ဝယ်လင်တန် (Wellington) ကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၁၂၅၀ (၇၇၅ မိုင်) အကွာ သမုဒ္ဒရာထဲသို့ ကျသွားသည်ဟု လေပြင်နှင့်အာကာသ ကာကွယ်ရေး တပ်များ (Aerospace Defense Forces) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အယ်လက်ဆီ ဇိုလိုတူကင် (Colonel Alexei Zolotukhin) ကပြောသည်ဟု အစိုးရပိုင်သတင်းဌာနများဖြစ်ကြသော RIA နှင့် အီတာတာ့စ် (Itar-Tass) သတင်းဌာနတို့က အစီရင်ခံသည်။

အာကာသယာဉ်သည် နိုဝင်ဘာလအတွင်း လွှတ်တင်ချိန်မှ စ၍ ကမ္ဘာပတ်လမ်းမှ အပြင်သို့ မထွက်နိုင်ခဲ့ပါ။ ၁၉၈၁ ခုနှစ်တွင် မိမိ၏ နျူကလီးယား စွမ်းအင်သုံး ထောက်လှမ်းရေး ဂြိုလ်တု ကော့စမော့စ် ၉၅၄ (Kosmos 954) မှ အပိုင်းအစများ ကနေဒါနိုင်ငံတွင်းသို့ ကျရောက်ခဲ့ရာ ရေဒီယိုသတ္တိကြွ အပိုင်းအစများအားရှင်းရသော ကုန်ကျစရိတ် ဒေါ်လာ ၃ သန်း ဆိုဗီယက် ယူနီယမ် (Soviet Union) သည် ကနေဒါအား ပေးရသည်။

ရုရှား အာကာသယာဉ်မှ အပိုင်းအစများသည် ချီလီနိုင်ငံ အနောက်ဘက် ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်။

Ref: Internet
Russian military says spacecraft debris falls in ocean (news.yahoo.com/countdown-crash-russias-failed-mars-probe-144746176)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်အဖွဲ့အစည်းတိုင်းတွင် ထူးခြားသည့် ဂြိုဟ်များရှိကြောင်း လေ့လာမှု အသစ်တွင် ဖော်ပြ


ကောင်းကင်ယံတွင် ညအချိန်၌ မြင်တွေ့ရသည့် တလက်လက် တောက်ပနေသော ကြယ်များအားလုံး တွင် အနည်းဆုံး တစ်လုံးထက်မကသည့် ဂြိုဟ်များ ရှိနေနိုင်ကြောင်း အသစ်ထုတ်ပြန်လိုက် သည့် တွေ့ရှိမှု တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယခုလိုတွေ့ရှိ မှုကြောင့် လူသားတို့နေထိုင်ရာ နဂါးငွေ့တန်း ဂလက်ဆီအ တွင်း ကမ္ဘာကြီးနှင့် အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၀ ဘီလီယံ ပမာဏအထိ ရှိနေနိုင်ကြောင်းလည်း ဆိုလိုခြင်းဖြစ်သည်ဟု bbc သတင်းတွင် ဖော်ပြခဲ့သည်။

gravitational microlensing ဟူအမည်ရသည့် နည်းစနစ်ကို အသုံးပြုပြီး နိုင်ငံတကာမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့၏ ရှာဖွေဖော် ထုတ် ချက်အရ ယခုလို တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ယင်းသို့ သောကြယ်များကို လှည်ပတ်နေသော ဂြိုဟ်ပေါင်း ကုဋေကုဋာမက ရှိနေနိုင်ေ ကြာင်း ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။အဆိုပါတွေ့ရှိချက်ကို ၂၁၉ ကြိမ်မြောက် American Astronomical Society (AAS) အဖွဲ့၏တွေ့ဆုံပွဲအတွင်း ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်ကာ အသေးငယ်ဆုံးသော နေတစ်လုံးပါ ကြယ်အဖွဲ့အစည်းများလည်း ရှိနေနိုင်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အစ္စရေးဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တွေ့ဆုံဆွေးနွေးနေ


အစ္စရေးနိုင်ငံမှ ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော GILAT Satcom ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်ကို လက်ရှိ ကာလအထိ စီစဉ်နေရဆဲ ဖြစ်နေကာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် လုပ်ကွက်ရယူလိုနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဂြိုဟ်တုစနစ်တွေရဲ့ ဆက်သွယ်ရေးကွန်ရက် ကိစ္စမျိုးစုံကို လုပ်ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပါတယ်၊ တခြားသောဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်၊ မြန်မာနိုင်ငံက UMFCCI ကိုလည်း ရောက်ခဲ့ပါတယ်”ဟု GILAT မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr.Itzik Baron ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အစ္စရေးသံရုံး၏ အကူအညီဖြင့် ယင်းကဲ့သို့ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီအချိန်မှာ အစ္စရေးရဲ့ GILAT က မလွတ်တမ်းဝင်လာရင်တော့ ပိုပြီးအဆင်ပြေသွားမှာပါ၊ သူတို့က မြန်မာမှာလုပ်ငန်းတွေလုပ်ချင်တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးဘူး” ဟု GILAT ၏ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာဖြစ်သူ ဒေါက်တာဇော်မင်းက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ့စီးပွားရေးဈေးကွက်အတွင်း မြန်ဆန်စွာဝင်ရောက်နိုင်ရေးအတွက် စီစဉ်နေမှုများရှိနေပြီး ၎င်းတို့၏ www.gilat.net တွင်လည်း မြန်မာဘက်မှ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇန်န၀ါရီလ ၁၆၊ ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာကိုဗဟိုပြု၍ ဆွဲငင်မှုများ ဖြစ်ပေါ်မည်

ဇန်န၀ါရီလ ၁၆ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာအားဗဟိုပြုကာ တစ်ဖက်တစ်ချက်စီမှ ဆွဲငင်မှုများဖြစ်ပေါ်မည်ဟု သိရသည်။

ကမ္ဘာအား ဗဟိုထားကာ တစ် ဖက်တစ်ချက်စီမှ ဂြိုဟ်အချင်းချင်း ဆွဲငင်မှုများသည် ကမ္ဘာ၌ အင်အားကြီးငလျင်များ ဖြစ်ပေါ်နိုင်ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ၊ ၅၁ မိနစ်၌ စနေဂြိုဟ်သည် ကမ္ဘာ့ဘေးဘက် ဂြိုဟ်ပတ် လမ်းကြောင်းကိုရောက်ကာ ကမ္ဘာနှင့် တစ်တန်းတည်း ကျရောက်သည့်အချိန်တွင် စနေဂြိုဟ်နှင့် လတို့လည်း ပူးယှဉ်မည်ဖြစ်သည်။

ကမ္ဘာတစ်ဖက် ခြမ်းရှိ ကြာသပတေးဂြိုဟ်ကလည်း ကမ္ဘာ့အားဆွဲငင်နေမည်ဖြစ်၍ လနှင့်စနေဂြိုဟ်ကလည်း ကမ္ဘာကို ဆွဲငင်မည်ဖြစ်သည်။ ယင်းဖြစ်စဉ်သည် အနောက်လောင်ဂျီတွဒ် ၁၅၂ဒီဂရီ၅၀ မိနစ်နှင့် တောင်လတ္တီတွဒ် ၀၈ ဒီဂရီ၊ ၄၉မိနစ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကယ်ရီဗာရီကျွန်းအနီး၌ ဖြစ်ပေါ်မည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့် အလားတူ ဒုတိယဖြစ်စဉ်သည် ဇန်န၀ါရီလ ၁၈ ရက် နေ့၊ မြန်မာစံတော်ချိန် နံနက်၁၁ နာရီ၊ ၈မိနစ်၌ ဖြစ်ပေါ်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် အကျိုးသက်ရောက်မှုအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ပေါ်မည့်ကာလအတွင်း ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တောင်အမေရိကတိုက်နိုင်ငံအချို့နှင့် သြစတြေးလျနိုင်ငံတို့တွင် ငလျင်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံကိုမူ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း သိရှိရပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှား မားစ်ဂြိုလ်လေ့လာစူးစမ်းရေး အာကာသယာဉ် ခိျု့ယွင်းမှုနှင့် ရင်ဆိုင်နေရ



ရုရှား - ရုရှားနိုင်ငံ၏ ဂြိုလ်အချင်းချင်းလေ့လာစူးစမ်းရန် စေလွှတ်သော လူမပါသည့် အာကာသယာဉ်မှာ လွှတ်တင်ထားပြီးနောက် မားစ်ဂြိုလ်ရှိရာ လမ်းကြောင်း ရောက်ရှိရန် မအောင်မမြင်ဖြစ်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ Phobos-Grunt အာကာသယာဉ်မှာ ကာဇက်စတန်ရှိ အာကာသလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ထိုသို့ လွှတ်တင်ပြီးနောက် ၁၁မိနစ်ခန့်အကြာတွင် သယ်ဆောင်ပေးသော ဒုံးပြန်မှခွဲထွက်၍ မားစ်ဂြိုလ်ရှိရာ လမ်းကြောင်းပေါ်သို့ ထွက်ခွာရန် အင်ဂျင်နိုးခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရသည် ဟုဆိုသည်။

ရုရှားပြည်ထောင်စု အာကာသ အေဂျင်စီအကြီးအကဲ ဗလာဒီမာပိုပေါ့ကင်၏ အဆိုအရ အာကာသယာဉ်၏ အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်ကြောင်း၊ အာကာသယာဉ်၏ ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြုလုပ်သည့်စနစ်တွင် ခိျု့ယွင်းချက်မှု ရှိနေဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။




Phobos-Grunt အာကာသယာဉ်သည် မားစ်ဂြိုလ်မှ မြေကြီးနမူနာကို ကမ္ဘာမြေသို့ ယူဆောင်လာရန် စေလွှတ်သည့် ယာဉ်လည်းဖြစ်သည်။ ကမ္ဘာမြေ၏ ဂြိုလ်ပတ်လမ်းအတွင်းရှိနေသော Phobos အာကာသယဉ်အား ယခုအခါ ကျွမ်းကျင် သူတို့က မားစ်ဂြိုလ်သို့သွားရာ လမ်းကြောင်းပေါ် ရောက်ရှိစေရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ Phobos-Grunt ယာဉ်၏ ဂြိုလ်အချင်းချင်း လေ့လာရေးအစီအစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျသော အစီအစဉ်ဖြစ်ပြီး ယခုကဲ့သလို့ မအောင်မမြင်ဖြစ်မှုက ရုရှားအာကာသ အေဂျင်စီအတွက် အရှက်ရစရာ ဖြစ်စေမည့် ကြီးမားသော ထိုးနှက်မှုလည်း ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂ဝ၁၂ ခုနှစ်အတွင်း ဂလက်ဆီ၏ ဗဟိုကို ကမ္ဘာ ဖြတ်မည်ဆိုသည့် ကိစ္စ


အချိန်အားဖြင့် ၁၂နှစ်တာမျှ ခြားနားခဲ့သော်လည်း ၂ဝဝဝ ပြည့် နှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင် တူညီသော အချက်တစ်ခု ရှိနေသည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ တစ်နှစ်ခန့် ကတည်းက ယင်းနှစ်ရောက်လျှင် ကမ္ဘာပေါ်တွင် ဘာဖြစ်မည် ညာဖြစ်မည်နှင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြသကဲ့သို့ ၂ဝ၁၂ခုနှစ် မရောက်မီကပင် အင်တာနက် အပါအဝင် မီဒီယာများကို သုံး၍ လူတချို့က ထုတ်လွှင့်လိုက်သော ကမ္ဘာပျက် ကိန်းများစွာ ပေါ်ထွက်ခဲ့သည်။

ယင်းကမ္ဘာပျက်ကိန်းများကို အခြေခံ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ရှင် ဗီဒီယိုများအပြင် အင်္ဂလိပ် ဘာသာဖြင့် စာအုပ် ၁၇ဝခန့် ထုတ်ဝေခဲ့သည်ဟု သိရသည်။ မြန်မာနိုင် ငံတွင်လည်း ၂ဝ၁၂ကမ္ဘာပျက် ကိန်းကောလာဟလနှင့် ပတ်သက်သော ဆောင်းပါးအများအပြားနှင့် စာအုပ်အချို့ ထွက်ပေါ်ခဲ့သည်။ အဆိုပါ လုပ်ကြံပြောဆိုမှုများသည် အခြေအမြစ် ကင်းမဲ့သဖြင့် အခြားသော ကောလာဟလများ နည်းတူ အချိန်ကြာသည်နှင့်အမျှ မှေးမှိန်လာနေသော်လည်း ယင်း ကိစ္စရပ်သည် အလွယ်နှင့် မပျောက်ပျက် သေးဟု သိရသည်။ ယင်းမှာ ၂ဝ၁၂ ခုနှစ်အတွင်းတွင် ကမ္ဘာအပါ အဝင် နေအဖွဲ့အစည်းတစ်ခုလုံးသည် ဂလက်ဆီ၏ ဗဟိုကို ဖြတ် မည်ဆိုသည့်ကိစ္စ ဖြစ်သည်။ အဆိုပါ ပြောဆိုချက် ယုတ္တိတန် မတန်ကို စိစစ်ရာ၌ နေအဖွဲ့ အစည်း၊ ဂလက်ဆီစသည့် ဝေါဟာ ရများကို ဦးစွာဆွေးနွေးရန် လိုအပ်သည်။ နေနှင့် ကမ္ဘာအပါအဝင် ဂြိုဟ်ရှစ်လုံး၊ ဂြိုဟ်ငယ်ဂြိုဟ်သိမ် ဥက္ကာခဲနှင့် လများစသည်တို့ ပါဝင် သော အစုအဝေးကို နေအဖွဲ့အ စည်း (Solar System) ဟုခေါ်သည်။ နေသည် ကြယ်တစ်လုံး ဖြစ်ပြီး ကမ္ဘာ ပါဝင်သော နေအဖွဲ့ အစည်းနှင့်အလားတူ အခြား နေ သို့မဟုတ် ကြယ်အဖွဲ့အစည်းပေါင်း များစွာတို့သည် အုပ်စုများဖွဲ့၍ တည်ရှိရာ အုပ်စုတစ်စုစီကို ကြယ်စု သို့မဟုတ် ဂလက်ဆီ (Galaxy) ဟု ခေါ်သည်။ ကမ္ဘာပါဝင်သော နေအဖွဲ့အစည်းရှိသည့် ကြယ်စုကို မစ်လ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy)ဟု အမည်ပေးထားသည်။ မရေမတွက်နိုင်သော ဂလက်ဆီပေါင်း များစွာတို့သည် စကြဝဠာ (Universe) ထဲ၌ အစဉ် ရွေ့လျား သွားလာနေကြသည်။

လသည် ကမ္ဘာကို လှည့်ပတ် နေပြီး လနှင့်ကမ္ဘာ စုံတွဲသည် အခြားဂြိုဟ်များနှင့်အတူ နေကို အတူတကွ လှည့်ပတ်နေသည်။ တစ်ဖန် ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်း နှင့် မစ်လ်ကီးဝေးဂလက်ဆီ တွင်ပါဝင်သော အခြားကြယ်များ ဂြိုဟ်များသည် ဂလက်ဆီ၏ ဗဟို ချက်ကို လှည့်ပတ်နေကြသည်။ ကြယ်စုပေါင်း ကုဋေကုဋာ ပါဝင်သည့် မစ်လ်ကီးဝေးဂလက်ဆီ ကို အပေါ်မှ စီး၍ကြည့်လျှင် အဝန်း အဝိုင်းကြီးတစ်ခု ပုံသဏ္ဌာန်ရှိပြီး ဘေးမှ ကြည့်လျှင်မူ အလယ်တွင် အနည်းငယ်ဖောင်းကာ ဘေးနှုတ် ခမ်း တစ်လျှောက်တွင် ပါးလျားနေသဖြင့် မုန့်ဆီကြော်နှင့် တူသည်ဟု ဆိုနိုင် သည်။ မစ်လ်ကီးဝေးဂလက်ဆီ၏ ဗဟိုတွင် ပြင်းထန်သော ဓာတ်ရောင်ခြည်များ ထွက်ပေါ်နေ သည့် အပြင် တွင်းနက်ကြီးများ (Black Holes) ဟု ခေါ်သော အလွန်သိပ် သည်းသည့် ဒြပ်ထုအစု အဝေးကြီး များရှိသည်။ တွင်းနက်များ၏ ဒြပ်ထုသည် လေးလံလွန်း သဖြင့် ယင်း အနီးသို့ရောက်သော အရာဝတ္ထု အားလုံးသည် ဧရာမ သံလိုက်ကြီး ဖြင့် အဆွဲခံရသည့် သံတိုသံစများ ပမာ တွင်းနက်ကြီးများ၏ စုပ်ယူဝါး မျိုခြင်းကို ခံရ သည်။

ထို့ကြောင့် ကမ္ဘာသည် ဂလက်ဆီဗဟိုကို ဖြတ်ဖို့မဆိုထား နှင့် အနီးကပ်မိလျှင်ပင် တွင်းနက် ကြီးများ၏ စုပ်ယူဖျက်ဆီးခြင်းကို ခံရဖို့ရှိသည်။ ကမ္ဘာသည် ယခုအခါ ဂလက်ဆီဗဟိုမှအလင်းနှစ် ၂၅ဝဝဝ အကွာတွင်ရှိနေသည်။ နက္ခတ္တ ဗေဒဆိုင်ရာ အကွာအဝေး တိုင်းတာ ရေးယူနစ်ဖြစ်သည့် အလင်းနှစ်သည် အလင်းရောင် တစ်နှစ် အတွင်း ပေါက်ရောက်သည့် ခရီးတာကို ဖော်ပြသည်။ အလင်းနှစ် တစ်နှစ် လျှင် မိုင်ပေါင်း ၅၈၆၅၆၉၆ဝဝဝဝဝဝ ရှိရာ ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်းနှင့် ဂလက်ဆီဗဟို တို့ကြား ခရီးတာမှာ ချရေးရန်ပင်မလွယ်လှ အောင် ကွာလှမ်းလှသည်။ ထို့အပြင် ကမ္ဘာပါသော နေ အဖွဲ့အစည်းသည် မစ်လ်ကီးဝေး ဂလက်ဆီအတွင်း သွားလာနေရာ၌ ဂလက်ဆီဗဟိုသို့ ဦးတည်နေခြင်း မဟုတ်ပေ။ ဗီဂါအမည်ရှိ ကြယ် တစ်လုံးရှိရာသို့ ဦးတည်နေသည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် ဂလက်ဆီဗဟိုကို ကမ္ဘာဖြတ်မည်ဆို ခြင်းသည် ယုတ္တိကင်းမဲ့လှသော ပြောဆိုချက်သာဖြစ်သည်။
အချို့က ကမ္ဘာသည် ဂလက် ဆီပြင်ညီကို ၂ဝ၁၂ ခုနှစ်တွင် ဖြတ်ရန်ရှိ၍ ယင်းသို့ ဖြတ်သည့် အခါ ဂလက်ဆီအတွင်းအခြားဂြိုဟ်၊ ဥက္ကာခဲစသည်တို့နှင့် တိုက်မိပျက်စီး နိုင်သည်ဟု ဆိုကြပြန်သည်။ မုန့်ဆီ ကြော်ပုံ မစ်လ်ကီးဝေးဂလက်ဆီကို စိတ်ကူးဖြင့် အပေါ်အောက်ထက်ခြမ်း ခွဲကြည့်လျှင် ပေါ်လာမည့် ပြင်ညီ ကို ဂလက်ဆီပြင်ညီ (Galactic Plane) ဟု ခေါ်သည်။ ဂလက်ဆီ ပြင်ညီတွင် ကြယ်များ ဂြိုဟ်များ သည် အခြားအပိုင်းများတွင်ထက် အရေအတွက် ပိုမိုများပြားစွာ ရှိနေ နိုင်သဖြင့် ကမ္ဘာပါ သော နေအဖွဲ့ အစည်းသည် ဂလက်ဆီပြင်ညီကို ဖြတ်သည့်အခါ အခြားအရာများနှင့် ပို၍ တိုက်မိနိုင်သည့် အလားအလာ ကို တွက်ချက်၍ အထက်ပါအတိုင်း ပြောကြ ခြင်း ဖြစ်သည်။

ကမ္ဘာသည် ဂလက်ဆီဗဟို ချက်ကို လှည့်ပတ်နေရင်းဂလက်ဆီ ပြင်ညီ၏ အပေါ်ပိုင်းသို့ တက်သွား လိုက်၊ ပြင်ညီကို ဖြတ်၍ အောက်ဘက်ဆင်းလိုက်၊ တစ်ဖန်ပြင်ညီ ကို ဖြတ်၍ အပေါ်ပြန်ရောက်လိုက် စသဖြင့် သွားလာနေသည်။ ထိုသို့ သွားနေရာ၌ ပြင်ညီကို ပျမ်းမျှ နှစ်ပေါင်း သန်း ၃ဝ ခန့်ကြာလျှင် တစ်ကြိမ်ဖြတ်သည်။ နက္ခတ္တ ပညာရှင်များ၏ လေ့လာ တွက်ချက်မှုများအရ ကမ္ဘာနှင့် နေအဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းခန့်က ပြင်ညီကို ဖြတ်ခဲ့ပြီး ယခုအခါ ပြင်ညီ အပေါ် ပိုင်းသို့ ဦးတည်၍ တက်လာနေကာ နောက်ထပ်နှစ်ပေါင်း ၁၄သန်း ကြာမျှ ပြင်ညီ၏ အပေါ်ပိုင်းသို့ ဆက်၍ တက်နေဦးမည်သာ ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် ဂလက်ဆီ ပြင်ညီသည် ၂ဝ၁၂ ခုနှစ် အတွင်း ကမ္ဘာဖြတ်မည်ဆိုခြင်းမှာလည်း လုံးဝအဓိပ္ပာယ်ကင်းမဲ့သော ပြောဆိုချက်သာလျှင် ဖြစ်ကြောင်း သိနိုင်ကြသည်။ ကမ္ဘာသည် ၂ဝ၁၂ ခုနှစ်တွင်လည်း ၂ဝဝဝ ပြည့်နှစ်က ကဲ့သို့ပင် မည်သည့်အန္တရာယ်ကိုမျှ ကြုံရန်မရှိဘဲ ပုံမှန်အတိုင်း ကုန်ဆုံးသွားမည်သာ ဖြစ်သည်။

Popular

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နမီးဘီးယားသို့ အာကာသမှကျလာသော အလုံးကြီးမှာ လူမဲ့အာကာသဒုံးယာဉ်၏ တွန်းကန်လောင်စာဘူးသာဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီ

b39_08

နမီးဘီးယားနိုင်ငံသို့ အာကာသတွင်းမှ အလုံးကြီးတစ်လုံးကျလာခဲ့ပြီး ဂြိုဟ်သားတို့နှင့် ဆက်စပ်နိုင်သည်ဆိုသော ကောလာဟလများ ပျံ့နှံ့ခဲ့သော်လည်း ယင်းအလုံးကြီးမှာ လူမဲ့အာကာသဒုံးယာဉ်မှ တွန်းကန် အင်ဂျင်၏ ဟိုက်ဒရာဇိုင်းလောင်စာ ဘူးသာဖြစ်ကြောင်း ယခုအခါဖော် ထုတ်နိုင်ခဲ့ပြီဟု သိရသည်။

၁၃ ပေါင်လေးပြီး ၁၄ လက်မရှိသော ဘောလုံးအသွင်အလုံးကြီးမှာနိုဝင်ဘာလလယ်ကတည်းက နမီးဘီးယားမြေပေါ် ကျဆင်းခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များက အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် လျို့ဝှက်စစ်ဆေးနေခဲ့ပြီး နားမလည်သောအခါတွင်မှ အမေရိကန် အမျိုးသားအာကာသအေဂျင်စီကို လေ့လာပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပညာရှင်များက သုံးသပ်ခဲ့ကြပြီးနောက် ယင်းအလုံးကြီးသည် ဂြိုဟ်တုများ လွှတ်တင်ရာတွင်သုံးသည့် လူမဲ့အာကာသဒုံးယာဉ်မှ ၃၉ လီတာဝင် လောင်စာဘူးသာဖြစ်ကြောင်း သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍နာဆာမှ တရားဝင်ထုတ်ပြန်မှု မပြုလုပ်သေး ပေ။

Ref: Daily Mail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS တွင် ပုသိမ် နှင့် မအူပင် အပါအ၀င် မြို့ကြီး (၂၅)မြို့၏ အသေးစိတ်မြေပုံများထည့်သွင်းနိုင်

ပြည်တွင်း၌ အသုံးပြုနေသည့် ဂြိုဟ်တုဖြင့် တည်နေရာ ရှာဖွေသည့် ဂျီပီအက်စ် (GPS) စနစ်များတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့ကြီးများ ဖြစ်သော ပုသိမ် နှင့် မအူပင်မြို့များ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မြို့ပေါင်း (၂၅) မြို့၏ အသေးစိတ် မြေပုံများကို ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

၎င်းကဲ့သို့ အသေးစိတ်မြေပုံများ ထည့်သွင်း အသုံးပြုထားသည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပြည်၊ မကွေး၊ စစ်ကိုင်း၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ မိတ္ထီလာ၊ ပုသိမ်၊ မအူပင်၊ ပျဉ်းမနား၊ ရေနံချောင်း၊ တောင်ငူ၊ ပုဂံ၊ ဘားအံ၊ မြ၀တီ၊ ကော့သောင်း တို့ဖြစ်ကြောင်း GPS များ တင်သွင်း ရောင်းချသည့် Concordia ကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရကြောင်း ဧရာဝတီ သတင်းဂျာနယ်က ဒီဇင်ဘာ ၁၆ ရက်နေ့က ဖော်ပြခဲ့သည်။

မြို့ကြီး(၂၅)မြို့၏ အသေးစိတ်မြပုံများကို GPS တွင် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ကျန်မြို့များကိုလည်း အသေးစိတ် မြေပုံ ထည့်သွင်း အသုံပြုနိုင်ရန် စီစဉ် ရှိကြောင်း၊ အသုံးပြုသူများ အနေဖြင့် မိမိသွားလိုသော လိပ်စာရိုက်ထည့်ရုံဖြင့် အနီးဆုံး လမ်းကြောင်းကို ဖော်ပြပေးမည်ဖြစ်ပြီး ၄င်းမြို့ပေါင်း (၂၅) မြို့ပါသော အသေးစိတ်မြေပုံကို GSM ဖုန်းများတွင်ပါ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း Concordia ကုမ္ပဏီက ဆိုပါသည်။

http://patheincity.com/news//HLIC/8cda71528daf40a649b5d18e3140ec2e.jpg

မြန်မာနိုင်ငံရှိ မြို့များ၏ မြေပုံများ GPS တွင်ထည့်သွင်းအသုံးပြုလိုပါက ကျပ် ၆၀၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး မိုဘိုင်းဖုန်းတွင် ကျပ် ၁၅၀၀၀ ခန့် ကုန်ကျမည်ဟု ဧရာဝတီ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...