Powered by Blogger.
RSS

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်




မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ
ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ Group Consumer CEO ဖြစ်သူ Mr Mark Chong က ပြောကြားသည်။


Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါက မြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန် ကူညီမည်ဟု ဆက်လက် ပြောကြားသည်။

“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့် Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံးလက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများကြီး စဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဒါကတော့ မြန်မာနိုင်ငံအတွက် အကျိုးခံစားခွင့်တွေပါ”ဟုMr Mark Chong က ပြောကြားသည်။ Sing Tel သည် ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။



(myanma age)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ် တွင် ရေ သဲလွန်စ တွေ့ရှိ


အင်္ဂါဂြိုဟ်တွင် စူးစမ်းမှု ပြုနေသည့် Curiosity ဂြိုဟ်ဆင်းယာဉ်မှာ လွန်ခဲ့သည့်နှစ် သန်းထောင်ပေါင်း များစွာက ရှိခဲ့သော် ရှေးခေတ် မြစ်တစ်စင်း၏ ကြမ်းပြင်ပုံစံကို တွေ့ရှိခဲ့ရကြောင်းနှင့် ရေများ စီးဆင်းမှုကြောင့် ဖြစ်လာသည့် လမ်းကြောင်းများ ဖြစ်ကြောင်း Wired သတင်းတွင် ဖော်ပြသည်။ ယခုလို တွေ့ရှိမှုမှာ Curiosity အတွက် ပထမဆုံးလည်း ဖြစ်ကာ ၎င်း၏ စူးစမ်းမှု ဖြစ်စဉ်အတွင်း ကျောက်တုံးလေးများ စုစည်းပြီး ဖြစ်နေသည့် ထူးခြားသည့် ကျောက်တုံး တစ်တုံးကို တွေ့ရာမှ ယင်းမှာ ရေများ စီးဆင်းမှုကြောင့် ဖြစ်လာသည့် တိုက်စားမှု ဒဏ်ကို ခံရသဖြင့် လုံးဝန်းသည့် သဏ္ဍာန် အဖြစ် ရောက်နေသည်ကို ဆန်းစစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

 
 
သိပ္ပံပညာရှင်များမှ ခန့်မှန်းရာတွင် ယင်းမှာ ခြေမျက်စိ သို့မဟုတ် တင်ပါးခန့် အထိ မြင့်သောရေများ တစ်နာရီလျင် ၂ မိုင်နှုန်းဖြင့် စီးဆင်းခဲ့သဖြင့် ဖြစ်လာခြင်း ဖြစ်သည်ဟု ပြောခဲ့ကာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ထောင်ပေါင်း များစွာက တည်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို တွေ့ရှိမှုမှ တစ်ဆင့် Curiosity အနေဖြင့် အဆိုပါ ဒေသ အနီးတွင် အော်ဂဲနစ်ကာဘွန် ဓါတ်များ ရှိ မရှိကို လေ့လာမည်လည်း ဖြစ်ကာ ရှေးခေတ်က သက်ရှိတို့ နေထိုင်မှု ရှိ၊မရှိကို အဆိုပါ ဓါတ်မှ တစ်ဆင့် သိရှိနိုင်မည် ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Driver မလိုတဲ့ ကားတွေ လမ်းပေါ် ရောက်ဖို့ နီးလာပြီ


 အင်တာနက်မှာ လူတိုင်းရဲ့ အသည်းစွဲလို့ ပြောလို့ရတဲ့ Google ဟာ မော်တော်ကားလည်း ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို စာဖတ်သူတွေ ကြားဖူးကြမှာပါ။သူတို့ မော်တော်ကားဟာ မောင်းနှင်တတ် မည့် ကားမောင်းသူ မလိုပါဘူး။ Googleဟာ ၂၀၁၂ စောစောပိုင်းလောက်က အမေရိကန်နိုင်ငံ၊ Nevada Stateက လမ်းတွေပေါ်မှာ တရားဝင် စမ်းသပ်ခွင့် ရရှိခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံးလိုင်စင်ပလိတ်ပြားကို မောင်းသူမဲ့ယာဉ်အတွက် လည်း ချီးမြှင့်ခံ ထားခဲ့ရပါသေးတယ်။မောင်းသူမဲ့ကား၊ စက်ရုပ်ကားလို့ ခေါ် ရမည့် Autonomous Carsတွေကို ထုတ်လုပ်မည့် Googleဟာတော့ Nevada Stateမှာ ယာဉ်မောင်းသူ မပါပဲ သွားလာခွင့်ရပြီးတာ မကြာခင်မှာပဲ ယခုအခါ ကယ်လီဖိုနီးယားရဲ့ လမ်းတွေပေါ်မှာ တရားဝင် သွားလာခွင့် ရဖို့အတွက် မြို့တော်ဝန်ထံသို့ စာတင်ထားကြောင်း သတင်းများက ဆိုပါတယ်။

မောင်းသူမဲ့ ကားတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသုံးပြု သွားလာနိုင်ဖို့အတွက်ကတော့ ၎င်းရဲ့ ၀န်ဆောင်မှု၊ လည်ပတ်မှု အနေအထားနှင့် အဓိကကတော့ လမ်းပေါ်မှာ ယာဉ်မောင်း မပါဘဲ ဘယ်လောက် စိတ်ချရမှု ရှိမှာလည်း ဆိုတာကို ကယ်လီဖိုနီးယား ယာဉ်ကြီးကြပ်မှူးဌာနက ဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။
အတည်ပြုခဲ့သည်ဆိုရင်တော့ များမကြာမီကာလမှာ Google ရဲ့ မောင်းသူမဲ့ Autonomous ကားတွေကို အရင်ဆုံး ဟောလိဝုဒ် ရုပ်ရှင်ကားတွေထဲက လမ်းမတွေပေါ်မှာ မြင်တွေ့ရတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


ref: myanmar ict

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ အမြန်ဆုံး အပြေသမား ဟူစိန်ဘော့တ် ထက်မြန်တဲ့ စက်ရုပ် အမေရိကန် စစ်တပ် တီထွင်


အမေရိကန် ပြည်ထောင်စုမှ စစ်ဘက် ဆိုင်ရာ သုတေသန ပညာရှင် များသည် အိုလံပစ် အပြေး ချန်ပီယံ အူစိန်ဘော့ထက် ပိုမိုမြန်ဆန်သည့် စက်ရုပ် တစ်ရုပ်ကို တီထွင် ထုတ်လုပ်ခဲ့သည်။



အဆိုပါ စက်ရုပ်၏ ပြေးနှုန်းမှာ တစ်နာရီ ၂၈ မိုင်နှုန်း ရှိပြီး ၂ဝဝ၉ ခုနှစ်က ၁ နာရီ ၂၇ ဒသမ ၈ မိုင် နှုန်းဖြင့် စံချိန်တင် ပြေးနိုင်ခဲ့သည့် ကမ္ဘာ့ အမြန်ဆုံး အပြေးသမား ဘော့ထက်ပို၍ အပြေးမြန် သည်ဟု သိရသည်။

၎င်းစက်ရုပ်ကို စစ်ဘက်သုံး စက်ရုပ်များ ထုတ်လုပ်သည့် Boston Dynamics ကုမ္ပဏီမှ ဒီဇိုင်းထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး စက်ရုပ် အတွက် ကုန်ကျ စရိတ်ကို အမေရိကန် ကာကွယ်ရေး ဆိုင်ရာ အဆင့် မြင့် သုတေသန စီမံကိန်းဌာနမှ ထောက် ပံ့ ပေးထားသည်။

အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ယခု ကဲ့သို့သော အဆင့်မြင့် နည်းပညာသုံး စက်ရုပ် များကို အရေးပေါ် ကိစ္စရပ်များ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးသည့် လုပ်ငန်းများ နှင့် အခြား ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများ တွင် နောင်အနာဂတ် ကာလ၌ အကျိုး ရှိရှိ အသုံးပြု သွားနိုင်ရန် မျှော်မှန်း ထား ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ငယ် Mars Curiosity င်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့









  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ်ယာဉ် ၁၀ စီးတွင် GPS စနစ် တပ်ဆင်


မီးလောင်ရာ နေရာကို သွားရောက် ငြှိမ်းသတ်တဲ့ မီးသတ်ယာဉ် ရောက်ရှိတဲ့ နေရာကို သိရှိနိုင်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ မီးသတ်ယာဉ် ၁၀ စီးမှာ GPS စနစ်ကို တပ်ဆင်ထား ပြီးဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ GPS စနစ် ဆိုတာဟာ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြ စနစ်ဖြစ်ပြီး အဆိုပါ GPS စနစ်ကို မီးသတ်ယာဉ် တွေပေါ်မှာ တပ်ဆင် ထားခြင်းကြောင့် သွားရောက် ငြှိမ်းသတ်မယ့် မီးသတ် ယာဉ်တွေရဲ့ တည်နေရာကို မီးသတ် ရုံးချုပ်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို သိရှိနိုင်ဖို့ အတွက် ရုံးချုပ်ရှိ Command and Control Centre မှ မီးသတ် ယာဉ်ပေါ်ရှိ GPS စနစ်တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောက်တံတား၊ သန်လျင်၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်၊ စမ်းချောင်း စတဲ့ မြို့နယ်ရှိ မီးသတ်ယာဉ် ၁၀ စီးမှာ တွေပေါ်မှာ GPS စနစ် တပ်ဆင် ထားပြီး ဖြစ်ပါတယ်။

နောက်ပိုင်း မှာတော့ GPS စနစ် တပ်ဆင်မှုကို မီးသတ်ယာဉ် အစီး ၅၀ မှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ အခုလို GPS တပ်ဆင်မှု ကိုတော့ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ် ယာဉ်များမှာ တပ်ဆင် ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ နေပြည်တော်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ မီးသတ် စခန်းရှိ မီးသတ်ယာဉ် တွေမှာပါ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်မျက်နှာပြင်ပုံရိပ်များ NASA ထုတ်ပြန်ဖော်ပြ

NASA အဖွဲ့သည် ၎င်းတို့၏ အင်္ဂါဂြိုဟ် (Mars) လေ့လာရေးယာဉ် အသုံးပြု၍ ရိုက်ကူးနိုင်ခဲ့သော အံ့မခန်းဖွယ်ရာ အင်္ဂါဂြိုဟ်မျက်နှာပြင် ပုံရိပ်များကို ထုတ်ပြန်ဖော်ပြလိုက်သည်။





credit : planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...