Powered by Blogger.
RSS

GPS တွင် ပုသိမ် နှင့် မအူပင် အပါအ၀င် မြို့ကြီး (၂၅)မြို့၏ အသေးစိတ်မြေပုံများထည့်သွင်းနိုင်

ပြည်တွင်း၌ အသုံးပြုနေသည့် ဂြိုဟ်တုဖြင့် တည်နေရာ ရှာဖွေသည့် ဂျီပီအက်စ် (GPS) စနစ်များတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့ကြီးများ ဖြစ်သော ပုသိမ် နှင့် မအူပင်မြို့များ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မြို့ပေါင်း (၂၅) မြို့၏ အသေးစိတ် မြေပုံများကို ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

၎င်းကဲ့သို့ အသေးစိတ်မြေပုံများ ထည့်သွင်း အသုံးပြုထားသည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပြည်၊ မကွေး၊ စစ်ကိုင်း၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ မိတ္ထီလာ၊ ပုသိမ်၊ မအူပင်၊ ပျဉ်းမနား၊ ရေနံချောင်း၊ တောင်ငူ၊ ပုဂံ၊ ဘားအံ၊ မြ၀တီ၊ ကော့သောင်း တို့ဖြစ်ကြောင်း GPS များ တင်သွင်း ရောင်းချသည့် Concordia ကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရကြောင်း ဧရာဝတီ သတင်းဂျာနယ်က ဒီဇင်ဘာ ၁၆ ရက်နေ့က ဖော်ပြခဲ့သည်။

မြို့ကြီး(၂၅)မြို့၏ အသေးစိတ်မြပုံများကို GPS တွင် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ကျန်မြို့များကိုလည်း အသေးစိတ် မြေပုံ ထည့်သွင်း အသုံပြုနိုင်ရန် စီစဉ် ရှိကြောင်း၊ အသုံးပြုသူများ အနေဖြင့် မိမိသွားလိုသော လိပ်စာရိုက်ထည့်ရုံဖြင့် အနီးဆုံး လမ်းကြောင်းကို ဖော်ပြပေးမည်ဖြစ်ပြီး ၄င်းမြို့ပေါင်း (၂၅) မြို့ပါသော အသေးစိတ်မြေပုံကို GSM ဖုန်းများတွင်ပါ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း Concordia ကုမ္ပဏီက ဆိုပါသည်။

http://patheincity.com/news//HLIC/8cda71528daf40a649b5d18e3140ec2e.jpg

မြန်မာနိုင်ငံရှိ မြို့များ၏ မြေပုံများ GPS တွင်ထည့်သွင်းအသုံးပြုလိုပါက ကျပ် ၆၀၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး မိုဘိုင်းဖုန်းတွင် ကျပ် ၁၅၀၀၀ ခန့် ကုန်ကျမည်ဟု ဧရာဝတီ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Dr Myo Thiha said...

ကျွန်တော်ဆီမှာ မြန်မာပြည်ထဲမှာရှိတဲ့ မြို့အကုန်လုံး (၃၄၅)မြို့နယ်လုံးရဲ့ မြေပုံတွေရှိပါတယ်။ ကုန်ကုန်ပြောမယ်ဗျာ ကမ္ဘာပေါ်မှာရှိတဲ့ မည့်သည့်မြို့ကိုမဆို ထည့်လို့ရတယ်။ မြောက်ဝင်ရိုးစွန်းမြေပုံလိုချင်လား။ ဧဝရက်တောင် မြေပုံလိုချင်လား။ ခါကာဘိုရာဇီမြေပုံလိုချင်လား ကြိုက်တာကိုပြော။
အကုန်လုံးရစေရမယ်။

GSM, CDMA, Tablets ရယ်လို့ခွဲမထားပါဘူး Android OS မှာသုံးလို့ရပါတယ်။
ပြီးတော့ ..........

မြေပုံတွေကို ကိုယ်ကြိုက်သလိုထည့်လို့ရတယ်။ There in no limitation in map source. you can get any type of map, Google map, Google Satellite, Micrisoft map, Microsoft Satellite, Open street map........ you can get anything.

THERE IN NO LIMITATION IN THE PROGRAM, THE ONLY LIMITATION IS YOUR IMAGINATION

if you interest please contact me at dr.myothia@gmail.com.

Related Posts Plugin for WordPress, Blogger...