Powered by Blogger.
RSS

ဆိုယုဇ်ဒုံးယာဉ် တစ်ခေတ်ဆန်းပြီဟု ရုရှား ကြေညာ


w64303အမေရိကန် အာကာသ လွန်းပြန်ယာဉ်၏ နောက်ဆုံးခရီးစဉ် အဆုံးသတ်သွားပြီးနောက် ရုရှားတစ်နိုင်ငံတည်းသာ နိုင်ငံတကာ အာကာသစခန်းသို့ လူစေလွှတ်နိုင်သည့်ယာဉ် ပိုင်ဆိုင်ထားတော့သောကြောင့် ဆိုယုဇ် (Union) ဒုံးယာဉ် တစ်ခေတ်ဆန်းပြီဟု ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်၏ လွန်းပြန်ယာဉ်များကဲ့သို့ မြေပြင်ပေါ်သို့ စတိုင်ကျကျ ဆင်းသက်နိုင်ခြင်း မရှိသည့် ရုရှား၏ ဒုံးယာဉ်စနစ်သည် အာကာသတွင်း ပထမဆုံး လူရောက်ရှိသည့် ခေတ်ကာလနှင့်များစွာ ကွာခြားမှု မရှိပေ။ ၁၉၆၁ ခုနှစ်က ကမ္ဘာပတ်လမ်း အတွင်း ယူရီဂါဂါရင်ကို ဆိုဗီယက်ပြည်ထောင်စုက ပို့လွှတ်နိုင်ပြီး နောက်ပိုင်း အနှစ် ၅၀ အတွင်း အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့သည်။

သက်သောင့်သက်သာ မရှိသော်လည်း ကုန်ကျစရိတ် သက်သာခြင်းက အဓိကအချက် ဖြစ်ခဲ့သော်လည်း ယင်းကြောင့် မဟုတ်ကြောင်း၊ ယုံကြည်စိတ်ချရနိုင်စွမ်း ရှိခြင်းကြောင့်သာ ဖြစ်ကြောင်း ရုရှားက ထုတ်ပြန်ထားသည်။

ယနေ့မှစပြီး လူသား အာကာသတွင်း စေလွှတ်မှုတွင် ဆိုယုဇ်၏ခေတ်၊ ယုံကြည်စိတ်ချရမှု၏ခေတ် စတင်ပြီဟု ရုရှား အာကာသအေဂျင်စီ(ရော့စ်ကော့စ်မော့စ်)က ကြေညာခဲ့သည်။ ရုရှားက သူ၏ ဒုံးယာဉ်များ ခေတ်မမီတော့ ဆိုသည်မှာ မဟုတ်မှန် ကြောင်း ငြင်းဆိုထားပြီး နောက်ဆုံးထုတ် TMA-M မိုဒယ် ဆိုယုဇ်ဒုံးယာဉ်ကို ယခုနှစ်မှ စတင်ပြီး သုံးစွဲနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နာဆာ၏ လွန်းပြန်ယာဉ်များသည် နှစ်ကြိမ် ပျက်ကျခဲ့ဖူးသလို ဆိုယုဇ် ဒုံးယာဉ်များမှာလည်း နှစ်ကြိမ် ပျက်ကျခဲ့ဖူးသည်။ သို့ရာတွင် ဆိုယုဇ် ဒုံးယာဉ်များ ပျက်ကျမှုမှာ ဆိုဗီယက်ပြည်ထောင်စုခေတ်ကသာ ဖြစ်ပြီး ၁၉၆၇ နှင့် ၁၉၇၁ တို့က ဖြစ်သောကြောင့် နောက်ပိုင်းကာလတွင် ပျက်မကျခြင်းကို ရုရှားက အမွှမ်းတင် ပြောခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ ပျက်ကျမှုတွင် တစ်ဦး၊ ၁၉၇၁ ခုနှစ် ပျက်ကျမှုတွင် သုံးဦးသာ သေဆုံးခဲ့ဖူးသည်။


Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွန်းပြန်ယာဉ် အတ္တလန္တိတ် ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်ပြီးနောက် လွန်းပြန်ယာဉ် တစ်ခေတ် အဆုံးသတ်


w64301
ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကနေဒီ အာကာသ စင်တာသို့ ပြန်လည် ဆင်းသက်လာသည့် အတ္တလန္တိတ် အာကာသ လွန်းပြန်ယာဉ်

အမေရိကန် အာကာသလွန်းပြန်ယာဉ် အတ္တလန္တိတ်သည် အာကာသစခန်းသို့ နောက်ဆုံး ခရီးစဉ် သွားရောက်ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်လာခြင်းနှင့်အတူ လွန်းပြန်ယာဉ် တစ်ခေတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အနှစ် ၃၀ ကြာမြင့်ခဲ့သည့် အမေရိကန် အာကာသ စူးစမ်းရှာဖွေရေးသမိုင်း၏ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်သည် အတ္တလန္တိတ် လွန်းပြန်ယာဉ် ကနေဒီ အာကာသစင်တာတွင် ဇူလိုင်လ ၂၁ ရက်၊ နံနက် ၅ နာရီ ၅၇ မိနစ်တွင် ပြန်လည် ဆင်း သက်လာခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း(အိုင်အက်စ်အက်စ်) သို့ သွားရောက်နိုင်မည့် တစ်မျိုးတည်းသောယာဉ် အဖြစ် လက်ရှိအချိန်တွင် ရုရှား ဆိုယုဇ်ဒုံးယာဉ်များသာ ကျန်ရှိတော့မည် ဖြစ်သည်။

''အာကာသလွန်းပြန်ယာဉ်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်မှုကို ပြောင်းလဲပစ်ခဲ့ပါတယ်။ စကြ၀ဠာကြီးအပေါ် ရှုမြင်မှုကိုလည်း ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီကနေ့မှာ ခံစားချက်တွေ တစ်ပုံတစ်ပင် ရှိနေကြပေမဲ့လည်း
အငြင်းပွားစရာမရှိတဲ့ တစ်ချက်တော့ ရှိနေပါတယ်။ အဲဒါက အမေရိကဟာ စူးစမ်းရှာဖွေမှုကို ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး ဆိုတာ ပါပဲ''ဟု လွန်းပြန်ယာဉ်မှူး ခရစ်ဖာဂူဆန်က ပြောကြားခဲ့သည်။

''အာကာသ လွန်းပြန်ယာဉ်ကြီးစီးပြီး အာကာသယာဉ်မှူး ဖြစ်ချင်ကြတဲ့ ကလေးတွေရဲ့အိပ်မက်ကတော့ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သူတို့ လမ်းလျှောက်နိုင်ကြဦးမှာပါ''ဟု နာဆာ အုပ်ချုပ်ရေးမှူး ချားလ်စ်ဘိုလ်ဒမ်က ပြောကြားခဲ့သည်။

လွန်းပြန်ယာဉ်များသမိုင်း
အာကာသလွန်းပြန်ယာဉ်သည် ကမ္ဘာ့ ပထမဆုံး အကြိမ်ကြိမ် ပြန်သုံးနိုင်သည့် အာကာသသွား လူစီးယာဉ် ဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် စတင် လွှတ်တင်စဉ်က စပြီး လွန်းပြန်ယာဉ် ငါးစီး အထိ သုံးစွဲခဲ့သည်။
အနှစ် ၄၀ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၉၆ ဘီလျံ သုံးစွဲကာ တည်ဆောက်ခဲ့သော လွန်းပြန်ယာဉ်များသည် ၁၉၈၁ ခုနှစ်၊ ဧပြီလ ပထမဆုံး ခရီးစဉ်မှစပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အာကာသသူရဲ ၃၅၅ ဦးကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ အာကာသအတွင်း မိုင်ပေါင်း ၅၄၂ သန်းမျှ ခရီးနှင်ခဲ့ကြသည့် ယာဉ်ငါးစီးမှာ အတ္တလန္တိတ်၊ ချယ်လင်ဂျာ၊ ကိုလံဘီယာ၊ ဒစ္စကာဗာရီ၊ အန်ဒဲဗားတို့ ဖြစ်သည်။ ၂၀၀၃ တွင် ကိုလံဘီယာ၊ ၁၉၈၆ တွင် ချယ်လင်ဂျာတို့ ပေါက်ကွဲ ပျက်စီးကာ ယာဉ်ပေါ်ပါသူ စုစုပေါင်း ၁၄ ဦး သေဆုံးစေခဲ့ဖူးသည်။ ကျန်သုံးစီမှာမူ ပြတိုက်များတွင် အပြီးတိုင် နားခိုတော့မည် ဖြစ်သည်။

အနာဂတ်အတွက် ဘာဆက်လုပ်မလဲ
အနာဂတ်တွင် အာကာသစခန်းသို့ လူပို့လွှတ်ရေး အတွက် ရုရှား ဆိုယုဇ် ဒုံးယာဉ်များကိုသာ အားကိုးရတော့မည် ဖြစ်သည်။ ကုန်ကျစရိတ် သက်သာသော ပုဂ္ဂလိကယာဉ်များ သုံးစွဲရန် အမေရိကန် အစိုးရက လိုလားနေပြီး လက်ရှိ အချိန်တွင် လူခုနစ်ဦးအထိ ပို့ဆောင်ပေးနိုင်သော ယာဉ်တစ်မျိုးကို ထုတ်လုပ်ပေးရန် ဘိုးအင်းကုမ္ပဏီက အဆိုပြုထားသည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကမ္ဘာပတ်လမ်းအတွင်း ရှိသည့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထက် ဝေးသော နေရာများသို့ စေလွှတ်နိုင်ရန်နှင့် ကုန်ကျစရိတ် ပိုမို သက်သာရန် ဆိုသော အချက်နှစ်ချက်နှင့် လျော်ညီသည့် တီထွင်မှုမျိုး လိုအပ်နေသည်ဟု ထုတ်ဖော် ပြောကြားထားသည်။ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကနေဒီ အာကာသ စင်တာသို့ ပြန်လည် ဆင်းသက်လာသည့် အတ္တလန္တိတ် အာကာသ လွန်းပြန်ယာဉ်

w64302
လွန်ခဲ့သော အနှစ် ၃၀ က ပထမဆုံး လွန်းပြန်ယာဉ် လွှတ်တင်မှုကို လာရောက် ကြည့်ရှုခဲ့ကြသည့် ဖခင်ဖြစ်သူ ကင်နက်ဘရေးနှင့် သားဖြစ်သူ ခရစ်ဘရေး၊ ဇူလိုင်လ ၈ ရက်နေ့က လွန်းပြန်ယာဉ် နောက်ဆုံးအကြိမ် လွှတ်တင်မှုကို လာရောက် ကြည့်ရှုခဲ့ကြသည့် ယင်းသားအဖ နှစ်ဦး၊ ပုံနှစ်ပုံ နှိုင်းယှဉ်ပြီး ဘရေး သားအဖက အွန်လိုင်းဓာတ်ပုံဝက်ဘ်ဆိုက် Flickr တွင် တင်ထားခဲ့မှုမှာ အင်တာနက်တွင် ပျံ့နှံ့ပြီး ကမ္ဘာကျော်သွားခဲ့သည့် လွန်းပြန်ယာဉ်များနှင့် လူများ၏ အနှစ် ၃၀ သမိုင်းကို ထင်ဟပ်စေခဲ့သည့် သမိုင်းဝင်ဓာတ်ပုံ အဖြစ် မှတ်ယူခံခဲ့ရသည်။


Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုပ်ာသားတို့ ကို လာမည့် အနှစ်၂၀အတွင်း တွေ့ နိုင်မည်ပာု နက္ခတ္တဗေဒပညာရှင်တဦး ခန့် မှန်း

ပြင်ပတွင်တွေ့ ရသောတကယ့်အစစ်အမှန်ဂြိုပ်ာသားဓါတ်ပုံများ



(ဤအဖြူအမဲဓါတ်ပုံလေးပုံသည် မက္ကဆီကိုနိုင်ငံရှိ ကျေးရွာတရွာတွင် လူခြေတိတ်ချိန် လှည့်လည်သွားနေသော ဂြိုပ်ာသားများပုံကို လူတဦးမှ ချောင်းမြောင်းရိုက်ကူးထားခြင်းဖြစ်ပါသည်။)

ဂြိုပ်ာသားတို့ ဧ။်ယဉ်ကျေးမှုကို လာမည့်အနှစ်၂၀အတွင်း လူသားများ ထိတွေ့ ခွင့်ရတော့မည်ဖြစ်ကြောင်း ရုရှားထိပ်တန်းနက္ခတ္တဗေဒပညာရှင်တဦးက ခန့် မှန်းခဲ့ သည်။ ပါမောက္ခ အန်ဒရေဖင်ကယ်စတိန်းက သက်ဆိုင်ရာနေများကို လည်ပတ်နေသော လူတို့ သိရှိထားသည့် ဂြိုပ်ာများအနက် ၁၀ရာခိုင်နှုန်းမှာ ကမ္ဘာနှင့်ဆင်တူကြောင်း၊ ရေကိုတွေ့ ပါက သက်ရှိ ရှိနိုင်ပြီဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

"သက်ရှိမူလအစဆိုတာ အက်တမ်တွေ ပေါင်းစည်းဖြစ်ပေါ်သလိုပဲ ရှောင်လွှဲမရနိုင်ပါဘူး။ သက်ရှိတွေ တခြားဂြိုပ်ာမှာလည်း သက်ရှိ ရှိနေပါတယ်။ အနှစ်၂၀အတွင်း သူတို့ ကိုကျွန်တော်တို့ တွေ့ ပါလိမ့်မယ်။" ပာု ၎င်းကပြောကြားခဲ့သည်။ ဂြိုပ်ာသားများ မည်သည့်အသွင်ရှိနိုင်သည်ဆိုခြင်းနှင့်ပတ်သက်ပြီး အသွေးအရောင်မတူနိုင်ကြောင်း၊ လူကဲ့ သို့ ပင် ခေါင်းတလုံး၊ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း ရှိနိုင်ကြောင်း ပြောကြားခဲ့ သည်။ ၎င်းသည် သိပ္ပံအကယ်ဒမီ၊ ရုရှားအသုံးချနက္ခတ္တဗေဒဌာနဧ။် ညွှန်မှုးဖြစ်ပြီး စစ်အေးခေတ်ကတည်းက ဂြိုပ်ာသားများနှင့် ဆက်သွယ်ရန် ဆိုဗီယက်ဧ။် ကြိုးပမ်းမှုများတွင် ပါဝင်ခဲ့သည်။

Ref: Daily Mail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာ၏ အာကာသ စီမံကိန်း အနှစ် ၃၀ ပြည့် အဖြစ် အန္တလန္တိတ် လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်ကို ဇူလိုင် ၈ ရက်တွင် လွှတ်တင်


b41402

b41403အမေရိကန် အာကာသ အေဂျင်စီ နာဆာ၏ အာကာသစီမံကိန်း အနှစ် ၃၀ ပြည့်ရန် နီးကပ်လာချိန်၌ အတ္တလန္တိတ် လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်ကို ဇူလိုင် ၈ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းလွန်းပြန်ယာဉ်သည် ကနေဒီ အာကာသစခန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လိုက်ပါမည့် အာကာသယာဉ်မှူး လေးဦးက အမေရိကန်နိုင်ငံ၏ ၂၃၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဦးညွှတ်ခဲ့သလို အာကာသ လွန်းပြန်ယာဉ်များ၏ အင်ဂျင်နီယာ များကိုလည်း ဂုဏ်ပြုခဲ့သည်။ လွန်းပြန်ယာဉ် လွှတ်တင်မည့် အခမ်းအနားသို့ လူ ၇၅၀၀၀၀ မှ တစ်သန်းကြား လာရောက် ကြည့်ရှုမည်ဟု ခန့်မှန်းထားပြီး သတင်းမီဒီယာ အဖွဲ့ဝင် ၂၅၀၀ ခန့်က ယင်းအခမ်းအနားကို မှတ်တမ်းတင်နိုင်ရန် ခွင့်ပြုချက် တောင်းခံထားသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက ဒစ္စကာဗာရီ လွန်းပြန်ယာဉ်၊ မေလက အန်ဒဲဗား လွန်းပြန်ယာဉ် တို့ကို ၎င်းတို့၏ နောက်ဆုံးခရီးစဉ် အပြီး အနားပေးခဲ့ပြီး ဖြစ်သည်။ လွန်းပြန်ယာဉ်တွင် အနည်းဆုံး အာကာယာဉ်မှူး ခြောက်ဦး လိုက်ပါလေ့ ရှိသော်လည်း ယခု ခရီးစဉ်တွင် အာကာသယာဉ်မှူး လေးဦးသာ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။ အတ္တလန္တိတ် လွန်းပြန်ယာဉ်သည် နိုင်ငံတကာ အာကာသစခန်း ISS သို့ လိုအပ်သော ပစ္စည်းများ ပို့ဆောင်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် ခရီးစဉ် အဆုံးသတ်မည် ဖြစ်သည်။

အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီများက ကိုယ်ပိုင် အာကာသယာဉ်များ ထုတ်လုပ်ပြီး လွှတ်တင်ခြင်း မပြုလုပ်နိုင်သေးမီ အမေရိကန် အာကာသ ယာဉ်မှူးများသည် ရုရှား၏ ဆိုယုဇ် အာကာသယာဉ်ဖြင့်သာ အာကာသ စခန်းသို့ သွားလာရမည် ဖြစ်သည်။ ကမ္ဘာမြေ အနိမ့်ပိုင်း လမ်းကြောင်းသို့ ထပ်ခါထပ်ခါ သွားနေခြင်းထက် ဂြိုဟ်သိမ်များနှင့် အင်္ဂါဂြိုဟ်သို့ သွားရောက်ရေး ပိုမို အာရုံစိုက်ရန် အိုဘားမား အစိုးရက နာဆာကို တိုက်တွန်းခဲ့သည်။

အမေရိကန် နာဆာအဖွဲ့ရဲ့ နှစ် ၃၀ အကာသလွန်းပြန်ယာဉ် စီမံကိန်း နောက်ဆုံးမစ်ရှင်အဖြစ် သောကြာနေ့က အတ္တလန်တစ် အာကာသလွန်းပြန်ယာဉ်ကို လွှတ်တင်ခဲ့သည်။

ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်း အနီးရှိ လမ်းများ၊ ကမ်းခြေများတွင် လူတစ်သန်းကျော် နောက်ဆုံး လွန်းပြန်ယာဉ်လွှတ်တင်မှုကို စောင့်ကြည့်ခဲ့ကြသည်။ တိမ်တိုက်တွေရဲ့ကြား ထိုးဖောက်ပျောက်ကွယ်မသွားမီ လွန်းပြန်ယာဉ်မှာ ၄၈ စက္ကန့်အထိ မြင်တွေ့ခဲ့ကြရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကို ဂြိုဟ်သိမ်တစ်ခု တိုက်မိပါက ဗြိတိန်နှင့်အမေရိကန်တွင် အန္တရာယ် အများဆုံး ဖြစ်နိုင်

ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င်တိုက်မိပါက အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နိုင်သည့် နိုင်ငံများကို စာရင်းပြုစုရာတွင် ဗြိတိန်နှင့် အမေရိကန်၌ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်သည့် ကပ်ဘေး ဖြစ်ပေါ်ပါက အသက်ဆုံးရှုံးမှု (သို့မဟုတ်) ပြန်လည် နာလန်မထူနိုင်မှုများ ကြုံတွေ့နိုင်မှု အတွက် သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။Southamption တက္ကသိုလ်မှ သုတေသန ပညာရှင်များက NASA's Near Earth Object ပရိုဂရမ် အမည်ရှိ ဆော့ဖ်ဝဲများကို အသုံးပြုပြီး အဆိုပါ စာရင်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံ အများဆုံး ပါဝင်ကြောင်း သိရှိရသည်။ လူဦးရေများပြား၍ သေဆုံး ထိခိုက်မှု မြင့်မားနိုင်သဖြင့် တရုတ် နိုင်ငံသည်လည်း အဆိုပါ စာရင်းတွင် ပါဝင်ခဲ့သည်။ ဆွီဒင်နိုင်ငံကဲ့သို့သော
နိုင်ငံငယ်များပင်လျှင် အခြေခံ အဆောက်အအုံများ ပျက်စီးနိုင်သောကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်သည်။

ဂြိုဟ်သိမ်ဖြင့် တိုက်မိပါက အန္တ ရာယ်အများဆုံး နိုင်ငံများတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အီတလီ၊ ဗြိတိန်၊ နိုင်ဂျီးရီးယား နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။

လူသေဆုံးနိုင်မှုကိုကြည့်လျှင် အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဂြိုဟ်သိမ်တိုက်မိပါက ကနေဒါ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အခြေခံ အဆောက်အအုံ များစွာ ပျက်စီးမှုများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ယခု သီတင်းပတ်အတွင်း အိမ်တစ်လုံး အရွယ်အစားရှိသည့် ကျောက်တစ်ခုသည် ကမ္ဘာနှင့်မိုင် ၇၅၀၀ အကွာသို့ ရောက်ရှိလာသောကြောင့် ယခုကဲ့သို့ ဂြိုဟ်သိမ်များ၏ အန္တရာယ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''ကမ္ဘာမြေကို ဂြိုဟ်သိမ်တစ်ခုရဲ့ ၀င်တိုက်ခံရမှုကို လူသားတို့ ကြုံရတဲ့ အန္တရာယ် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခု အဖြစ် လက်ခံလာကြပြီ''ဟု Southampton တက္ကသိုလ်မှ NEOimpactor ဆော့ဖ်ဝဲတီထွင်သူ Nick Bailey က ပြောကြားခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...