Powered by Blogger.
RSS

စင်္ကာပူနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ဂြိုလ်တုကို အိန္ဒိယ ဒုံးပျံဖြင့် လွှတ်တင်

အချိန်ကာလ ၄ နှစ်ခန့် ကျန့်ကြာပြီးနောက် စင်္ကာပူနိုင်ငံ၏ ပြည်တွင်းပညာရှင်များ တီထွင်ထားသော ပထမဆုံး ဂြိုလ်တုကို အိန္ဒိယနိုင်ငံရှိ အာကာသ စခန်းမှတစ်ဆင့် လွတ်တင်နိုင်လိုက်ပြီ ဖြစ်ကြောင်း စင်္ကာပူ မီဒီယာများက ဖော်ပြခဲ့ကြသည်။

အလေးချိန် ၁၅၀ ကီလိုဂရမ်ရှိပြီး ရေခဲ့သေတ္တာအရွယ် X-Sat ဂြိုလ်တုသည် Isro’s Polar Satellite Launch Vehicle (PSLV-C16) ဒုံပျံဖြင့် အိန္ဒိယနိုင်ငံ Satish Dhawan အာကာသ စခန်းမှ ဧပြီလ ၂၀ရက် ဗုဒ္ဓဟူးနေ့က လွတ်တင်လိုက်ဖြင်း ဖြစ်ပြီး အဆိုပါ ဂြိုလ်တုကို မြေမျက်နှာပြင် အနေအထား လေ့လာ တိုင်းတာချက်မျာအတွက် ဓါတ်ပုံများရိုက်ကူးခြင်းနှင့် ကမ္ဘာ့ သဘာဝပါဝန်းကျင် ပြောင်းလာခြင်း တို့ကို လေ့လာရန် အသုံးပြုမည်ဟု စင်္ကာပူ၏ ဒေသတွင်း သတင်းမီဒီယာ Straits Times မှ ဖော်ပြခဲ့သည်။

http://patheincity.com/news//HLIC/129432b4d93309a1de9125a8d9dad435.jpg

ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ ၄၂ မိနစ်က လွှတ်တင်လိုက်သော X-Sat ဂြိုလ်တုသည် ၁၉၉၄ ခုနှစ်က စတင် အသုံးပြုခဲ့သော PSLV ဒုံးပျံ၏ ၁၈ ကြိမ်မြောက် အောင်မြင်စွာ လွတ်တင်နိုင်သော ဂြိုလ်တုလည်း ဖြစ်သည်။

X-Sat ဂြိုလ်တုကို စင်္ကာပူ နမ်ယမ်း နည်းပညာ တက္ကသိုလ် နှင့် စင်္ကာပူ ကာကွယ်ရေး ဝန်းကြီးဌာန၏ DSO အမျိုးသား သုတေသန ဌာနတို့ ပူပေါင်းပြီး ပုံစံထုတ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

http://patheincity.com/news//HLIC/00befefefb362eb64f5d4dfb5102948d.jpg
လက်ရှိအချိန်တွင် ကမ္ဘာပါတ် လမ်းကြောင်းထဲ ရောက်ရှိနေပြီးဖြစ်သော ဂြိုလ်တုသည် နမ်ယမ်း နည်းပညာ တက္ကသိုလ်ရှိ မြေပြင် ထိမ်းချုပ်ရေး စခန်းနှင့် စတင် ဆက်သွယ်လျက်ရှိပြီး ၎င်း၏ လုပ်ငန်းတာဝန်များ စတင်လည်ပါတ်ရန် သီတင်းတစ်ပါတ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တု လွှတ်တင်ရေး စီမံကိန်းအတွက် စင်္ကာပူ သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများသည် ၉ နှစ်ခန့် အပြင်းအထန် ကြိုးစားခဲ့ရပြီး စင်္ကာပူနိုင်ငံသည် အရှေ့တောင် အာရှတွင် ပထမဆုံး ကိုယ်ပိုင်ဂြိုလ်တုကို အာကာသတွင် လွတ်တင်နိုင်သော နိုင်ငံဖြစ်လာခဲ့သည်။ စင်္ကာပူ၏ ယခင်လွတ်တင်ခဲ့ပြီးသော ဂြိုလ်တုများသည် နိုင်ငံခြား ကုမ္ပဏီများ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Source: PaThein City

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Satellite Ground Station Staff Function

Operation Staffing

Operation Staffing ( ပါဝင်သောဝန်ထမ်းအရေအတွက်) သည် အခြေအနေအမျိုးမျိုးအပေါ် လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ၄င်းအခြေအနေများမှာ operation ၏ရှုပ်ထွေးမှု ၊ payload control operation ပါဝင်ခြင်း (သို့)မပါဝင်ခြင်း၊ ပါဝင်သော automation များ၏အဆင့်အတန်း၊ single control centre မှ operation ပြုလုပ်သောဂြိုဟ်တုအရေအတွက် ၊ operation အတွက်လိုအပ်သော support function အားလုံးကို control centre မှပြုလုပ်နိုင်ခြင်း ( သို့ ) external support organization ပါဝင်းခြင်းတို့ဖြစ်သည်။ Operation အဖွဲ့များတွင် staff များပါဝင်မှုပမာဏများမှာ staff များ၏အရည်အသွေးကြောင့် operation တူညီသော်လည်း ကွဲပြားခြားနားမည်ဖြစ်သည်။.ထို့ပြင် ပြုလုပ်သော operation အပေါ်လိုက်၍ operation team များကိုလေးမျိုးခွဲခြားထားသည်-

- Large team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကိုမိမိ၏ control centre မှပင် ထောက်ပံ့ပေးသည်။ )

- medium team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကို အခြားအဖွဲ့အစည်းများ၏ အကူအညီကိုရယူ ဆောင်ရွက်သည်။

- small team (ရိုးရှင်းသော operation များကိုပြုလုပ်ပြီး ၊ automatic operation များစွာပါဝင်သည်။ )

- multi-team ( များစွားသောဂြိုဟ်တုနှင့် operation များကိုပြုလုပ်သည်။)

Operation Controllers

Operation Controller များသည် ဂြိုဟ်တုထိန်းကြောင်းခြင်းနှင့် data များသိမ်းဆည်းခြင်းတို့ကို ဂြိုဟ်တုနှင့် real-time အခြေအနေတွင် operation ပြုလုပ်သည်။ ထို့ကြောင့် အလုပ်ချိန်ဇယားများရေးဆွဲခြင်း ၊ နေ့/ည အလုပ်ချိန်အဆိုင်းများ ခွဲခြားထားခြင်းစသည့် အလုပ်ချိန်စီမံခန့်ခွဲမှုများထားရှိရန် လိုအပ်သည်။ Operation Controller သုံးမျိုးမှာ-

- Spacecraft operation controller

- Payload operation controller

- Ground system operation controller တို့ဖြစ်သည်။

ဤနေရာတွင် satellite အား operation ပြုလုပ်သော staff များ၏ ကဏ္ဍများကိုသာ ဖော်ပြထားပြီး အခြားသော အကူဝန်ထမ်းများ ၊ ရုံးပိုင်းဆိုင်ရာဝန်ထမ်းများ နှင့် admin အစရှိသောဝန်ထမ်းများကို မပါရှိပေ။

Spacecraft Controller (SC)

Spacecraft Controller ( SC )ကို spacecraft analyst ဟုလည်းခေါ်သည်။ SC သည်ဂြိုဟ်တုနှင့် ground station တို့အပြန်အလှန်ဆက်သွယ် အလုပ်လုပ်နိုင်ရန် real-time အချိန်တွင် operation ပြုလုပ်သည်။ SC သည်ဂြိုဟ်တုမလွှတ်တင်မီ စမ်းသပ်စစ်ဆေးခြင်း၊ ပတ်လမ်းအတွင်းတည်ရှိစဉ် ဂြိုဟ်တုသို့ဆက်သွယ် ထိန်းချုပ်သော uplink ကိုစစ်ဆေးခြင်း တို့ကိုလည်းပြုလုပ်သည်။ ဂြိုဟ်တုလွှတ်တင်ထားချိန်တွင်လည်း ကြုံတွေ့ရသောအခက်အခဲများကို မှတ်တမ်းတင်၍ Spacecraft Operation Engineer ( SOE ) သို့တင်ပြရသည်။ အဘယ့်ကြောင့်ဆိုသော် SC သည် mission planner and scheduling တို့မှချမှတ်ပေးသော အစီအစဉ်အတိုင်းသာ ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။

SC သည်ဂြိုဟ်တု၏ performance ကိုအကောင်းဆုံးရရှိရန်ထိန်းကြောင်းခြင်း ၊ ဂြိုဟ်တု၏ချို့ယွင်းမှုများကို ရှာဖွေမှတ်တမ်းတင်ခြင်း ၊ မှတ်တမ်းတင်ထားခြင်းမရှိသော ချို့ယွင်းမှုများကို SOE ထံသို့တင်ပြခြင်း၊ ဂြိုဟ်တုအစိတ်အပိုင်းများ၏ ပတ်လမ်းအတွင်းအလုပ်လုပ်ခဲ့သော အချိန်ကိုမှတ်တမ်းတင်ခြင်းစသည်တို့ကို ပြုလုပ်သည်။ SC သည်ကြိုတင်စီစဉ်ချမှတ်ထားသော ရိုးရှင်းသည့် ပုံမှန် operation များကိုသာပြုလုပ်ရပြီး ချို့ယွင်းမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော SC သည် ဂြိုဟ်တု၏ subsystem များမည်သို့အလုပ်လုပ်သည်ကို သိသော်လည်း ကျွမ်းကျင်သော ပညာရှင်ပါရဂူမဟုတ်သောကြောင့် ချို့ယွင်းမှုများအား အဖြေရှာရှင်းလင်းလျှင် ပိုမိုမှားယွင်းသွားနိုင်သောကြောင့်ဖြစ်သည်။

Command Controller (CC)

SC (spacecraft controller ) နှင့်အတူ ဂြိုဟ်တုအားထိန်းကြောင်းရာတွင်ပါဝင်သော CC သည် SC ၏ junior position ဖြစ်သည်။ သတ်မှတ်ထားသော စီမံချက်များအတိုင်း ချို့ယွင်းမှုများအား SC သို့တင်ပြခြင်းများကို ပြုလုပ်သည်။

Payload Controller ( PC )

Payload Controller ( PC ) သည် real-time အချိန်တွင် payload operation ကိုထိန်းချုပ်ရသူဖြစ်သည်။ Payload တွင်ပါဝင်သော science instrument နှင့်ထို instrument များ၏ အထောက်အပံ့ ပစ္စည်းများကိုလည်းထိန်းချုပ်ရသည်။ ပုံမှန် operation ပြုလုပ်ချိန်တွင် SC ( spacecraft controller ) နှင့်လုပ်ငန်းစဉ်တူညီသော်လည်း payload အား command နှင့် control ပြုလုပ်စဉ်တွင် SC ကဲ့သို့တင်းကြပ်ခြင်း မရှိပေ။ ရှုပ်ထွေးသော mission တွင်မူ payload control ကို payload operation team အဖြစ်ခွဲခြားလုပ်ဆောင်သည်။

Mission Planner (MP)

Mission Planner (MP) သည်ဂြိုဟ်တု၏ နေ့စဉ်ပုံမှန် operation ပြုလုပ်ခြင်းများအတွက် လမ်းစဉ်များချမှတ်ပေးသည်။ ထို့ပြင်မြေပြင်စခန်းအတွက် လိုအပ်သော အလုပ်ချိန်ဇယားများရေးဆွဲ ခြင်း ၊ဂြိုဟ်တုသို့ပေးပို့မည့် command များကို ရေးဆွဲခြင်း၊ ဂြိုဟ်တု၏ operation နှင့် maintenance များအတွက် SOE နှင့်ညိ§နှိုင်းစီစဉ်ခြင်း ၊ SC ( spacecraft controller ) အတွက်လိုအပ်သော လမ်းညွှန်ချက်များကို ရေးဆွဲပေးခြင်း နှင့်လိုအပ်ပါက payload operation schedule များရေးဆွဲခြင်း စသည်တို့ကိုလည်းပြုလုပ်သည်။

Data Analyst (DA)

Data analyst (DA) သည် ဂြိုဟ်တုမှပေးပို့သော အချက်အလက်(data) များ၏ အရည်အသွေးကို စောင့်ကြည့်စီမံခန့်ခွဲခြင်းဖြစ်သည်။ အချက်အလက်(data) အရည်အသွေးများအား ground station မှလက်ခံရရှိသည်မှ customer (သို့ ) user များတိုင်အောင် စောင့်ကြည့်ခြင်းဖြစ်သည်။ အများအားဖြင့် data management system များသည် highly automation များဖြစ်ကြသည်။ ထိုကြောင့် DA သည် operation network တွင်ဖြစ်ပေါ်လာသော ချို့ယွင်းမှုများကို ရှာဖွေဖြေရှင်းကိုသာ အဓိကလုပ်ဆောင်သည်။ real-time data management function ကို ထိန်းချုပ်ညွှန်ကြားသူမှာ GC (ground controller ) ဖြစ်သော်လည်း mission ၏လိုအပ်မှုအပေါ်မူတည်၍ DA (data analyst ) သည်ပါဝင်လာမည်ဖြစ်သည်။

Orbit Analyst ( OA )

Orbit Analyst (OA) သည်ရရှိလာသော ပတ်လမ်းဆိုင်ရာ tracking data များအရဂြိုဟ်တု၏ flight dynamics function များကိုရေးဆွဲသည်။ ထို့ပြင်ဂြိုဟ်တုအတွက် orbit များညိ§နှိုင်းသတ်မှတ်ခြင်း ၊ maneuver planများကို တွက်ချက်ပေးခြင်းတို့ကိုလည်းပြုလုပ်သည်။ ထို့နောက် ရရှိလာသော data အချက်အလက်များကို MP (mission planner ) သို့ပေးပို့သည်။

Spacecraft Operation Engineer (SOE)

Spacecraft Operation Engineer (SOE) သည်ဂြိုဟ်တုသက်တမ်းကုန်ဆုံးချိန်အထိ တည့်တံရေးနှင့် mission ကိုကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ကဏ္ဍအားလုံးတွင် တာဝန်ရှိသူဖြစ်သည်။ SOE သည်ဂြိုဟ်တုထုတ်လုပ်သူများနှင့် ညိ§နှိုင်းခြင်း၊ ဂြိုဟ်တုမလွှတ်တင်မီစမ်းသပ်စစ်ဆေးခြင်း ၊ လွှတ်တင်ပြီးနောက် တင်ပြလာသော ဂြိုဟ်တု၏အခြေအနေများအရ လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်း စသည်တို့ကိုပြုလုပ်သည်။ Payload သည်ဂြိုဟ်တုတစ်ခု၏ အသက်သွေးကြောနှင့် အရင်းအမြစ်ဖြစ်သောကြောင့် SOE သည် ဂြိုဟ်တုတည်ရှိမှု အခြေအနေကိုသာမက payload ၏စွမ်းဆောင်နိုင်မှုအခြေအနေကိုပါ စီမံဆောင်ရွက်ရသည်။

SOE သည် SC ( spacecraft controller ) (သို့)အခြားသော position များမှ တင်ပြလာသော ချို့ယွင်းမှုများ၏ အကြောင်းအရင်းများကို ရှာဖွေသတ်မှတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဖြေရှာခြင်းတို့ကိုပြုလုပ်သည်။ အကယ်၍ SOE သည်ချို့ယွင်းမှုများကို မဖြေရှင်းနိုင်လျှင် အခြားသော Anomaly Response Team (ART) များအား ချိတ်ဆက်ငှားရမ်းအသုံးပြုသည်။ ပုံမှန်မဟုတ်သော orbital maneuvers ပြောင်းလခြင်းကဲ့သို့သော အခြင်းအရာများတွင် SOE သည် SC အဖြစ် ယာယီတာဝန်ယူ၍ ဂြိုဟ်တုအား ထိန်းကြောင်းသည်။

Payload Analyst (PA)

Payload Analyst ( PA )သည် payload ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလုံးကို စီစဉ်ဆောင်ရွက်ရသည်။ PA သည် SOE (spacecraft operation engineer ) နှင့် လုပ်ငန်းစဉ်တူညီသော်လည်း payload အား spacecraft bus ထက်ပိုမိုနိုင်နင်းခြင်းသာ ကွာခြားသည်။

Operation Engineer (OE)

Operation Engineer (OE)သည် satellite operation တစ်ခုလုံးအား စီစဉ်ခြင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းများတွင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ Operation တစ်ခုလုံး၏ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူဖြစ်ပြီး operation အတွက်လိုအပ်သော အထောက်အပံ့နှင့် စီမံခန့်ခွဲမှုအပိုင်းများတွင်လည်း ပြုလုပ်ရသည်။ OE သည် spacecraft နှင့် payload တို့၏ဖြစ်ပေါ်လာသော ချို့ယွင်းမှုများကို အဖြေရှာရာတွင် ဦးဆောင်စီမံခန့်ခွဲသူဖြစ်သည်။

Summary

မြေပြင်ထိန်းချုပ်ရေးစခန်း၏ operation တွင်ပါဝင်မည့် ၀န်ထမ်းများ အားလုံးကို ငှားရမ်းအသုံးပြုမည်ဆိုလျင် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည်။ ပြုလုပ်ရသော operation ရှုပ်ထွေးလျှင် ၀န်ထမ်းအရေအတွက်များစွာ လိုအပ်မည်ဖြစ်သောကြောင့် ငွေကြေးကုန်ကျမှု များပြားနိုင်သည်။ ရှုပ်ထွေးမှုနည်းသော operation သည် ၀န်ထမ်းအရေအတွကို လျော့ကျစေနိုင်သည်။

မိမိတို့အဖွဲ့အစည်းအတွင်းရှိ ၀န်ထမ်းများအား လုံလောက်စွာ လေ့ကျင့်သင်ကြားပေး၍ ငှားရမ်းထားသော ၀န်ထမ်းများ၏ အချို့နေရာများတွင် အစားထိုးအသုံးပြုခြင်းသည်လည်း ငွေကြေးကုန်ကျမှုကို သက်သာစေမည်ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိန္ဒိယအာကာသအေဂျင်စီမှ ဧပြီလတွင် ဂြိုဟ်တု (၃) ခုလွှတ်တင်

အိန္ဒိယအာကာသသုတေသနအဖွဲ့ (Indian Space Research Organization – ISRO) မှ နောက်ဆုံးပေါ် remote sening ဂြိုဟ်တုနှင့် အခြားဂြိုဟ်တု နှစ်ခုကို ဧပြီလ ဒုတိယအပတ်တွင် လွှတ်တင်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဂြိုဟ်တု (၃) ခုအား လွှတ်တင်ရန် တပ်ဆင်ထားသော လွှတ်တင်ရေးဒုံးပျံမှ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုအား လဲလှယ်ပြီးလျှင် ပြီးချင်း လွှတ်တင်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုဖြစ်သည့် Sriharikota စခန်း၌ တပ်ဆင်ထားသော ၀င်ရိုးစွန်းပတ်လမ်း ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံ (Polar Satellite Launch Vehicle – PSLV) ၏ gas motor တစ်ခုအား အဆင့်မြ§င့်တင်ထားသော gas motor ဖြင့် လဲလှယ်မည်ဟု ISRO မှ သတင်းထုတ်ပြန်ခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အဆင့်လေးဆင့်ပါရှိတဲ့ ဒုံးပျံဟာ တပ်ဆင်လို့ ပြီးပါပြီ။ ဒါပေမယ့် ဒုတိယအဆင့်မှာရှိတဲ့ gas motor တစ်ခုက အခြေအနေ မကောင်းမွန်တဲ့ အတွက် အဆင့်မြ§င့်တင်ထားတဲ့ တစ်ခုနဲ့ လဲလှယ်မှာ ဖြစ်ပါတယ်” ဟု ISRO မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ISRO မှ နောက်ဆုံးလွှတ်တင်ခဲ့သည့် mission နှစ်ခုတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုနှစ်ခုတွင် geosynchronous ပတ်လမ်း ဂြိုဟ်တု လွှတ်တင်ရေးဒုံးပျံ (Geosynchronous Satellite Launch Vehicle – GSLV) ပစ်လွှတ်မှု မအောင်မြင်ခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု နှစ်ခုပေါင်းတွင် ရူပီး (၆) ဘီလီယံခန့် ဆုံးရှုံးခဲ့သည့်အတွက် ISRO အဖွဲ့သည် ဒုံးပျံပစ်လွှတ်မှုကို စေ့စပ်သေချာစွာ ပြုလုပ်လျက် ရှိသည်။

ပစ်လွှတ်မည့် ဂြိုဟ်တု (၃) ခုမှာ အိန္ဒိယနိုင်ငံပိုင် Resourcesat – 2 ဂြိုဟ်တု (၁၂၀၀ ကီလိုဂရမ်)၊ အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံ ပူးပေါင်းတည်ဆောက်ထားသော Youthsat ဂြိုဟ်တု (၉၃ ကီလိုဂရမ်) နှင့် စင်ကာပူနိုင်ငံ၏ X-sat (၁၀၃ ကီလိုဂရမ်) တို့ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုများကို အစောပိုင်းက ဖေဖော်ဝါရီလတွင် လွှတ်တင်မည်ဟု ရည်ရွယ်ခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ရသည်။ ၄င်းတို့သည် ကမ္ဘာမြေ၏ရုပ်ပုံများနှင့် အခြားအချက်အလက်များကို ရယူ၍ မြေပြင်သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်သည်။ အဆိုပါ remote sensing နည်းပညာကဏ္ဍတွင် အိန္ဒိယနိုင်ငံသည် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

အသစ်လဲလှယ်မည့် gas motor သည် ဒုံးပျံ ဒုတိယအဆင့် မောင်းနှင်မှုကို ထိန်းသိမ်းပေးမည် ဖြစ်ပြီး ဒုံးပျံအား ၄င်း၏ လမ်းကြောင်းအတိုင်း မှန်ကန်စွာသွားနိုင်ရန် ထိန်းသိမ်းပေးမည်ဟု ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ အဆိုပါ gas motor အား ဒုံးပျံမှ ထွက်ရှိသည့် ဓာတ်ငွေ့ပူများဖြင့် မောင်းနှင်မည်ဟု သိရှိရသည်။

၄၄ မီတာ (၁၄၄.၃၅ ပေ) ရှည်သော PSLV ဒုံးပျံသည် အဆင့်လေးဆင့်ပါသော ဒုံးပျံဖြစ်၍ ပထမအဆင့်နှင့် တတိယအဆင့်ကို လောင်စာခဲများဖြင့် မောင်းနှင်မည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် စတုတ္ထအဆင့်တို့ကို လောင်စာရည်များဖြင့် မောင်းနှင်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် အကြီးမားဆုံး remote sensing ဂြိုဟ်တု အစုအဖွဲ့ကို ပိုင်ဆိုင်ထား၍ resolution အမျိုးမျိုးဖြင့် ရိုက်ကူးထားသော ပုံရိပ်များကို ဖြန့်ဝေလျက်ရှိသည်။ လက်ရှိလုပ်ငန်း ဆောင်ရွက်နေသော remote sensing ဂြိုဟ်တုများမှာ Cartosat-2B ၊ Oceansat-2 ၊ RISAT-2 ၊ Cartosat-2A ၊ IMS-1 ၊ Cartosat-2 ၊ Resourcesat-1 နှင့် TES ဂြိုဟ်တုတို့ ဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူမှ ဆက်လက်ပြောကြားရာ၌ ယခုလွှတ်တင်မည့် Resourcesat-2 ဂြိုဟ်တုသည် လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော Resourcesat-1 ဂြိုဟ်တု၏ သက်တမ်း မကုန်မီအထိ ပူးတွဲဆောင်ရွက်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ Resourcesat-1 ဂြိုဟ်တုသည် ၂၀၀၃ ခုနှစ်တွင် လွှတ်တင်ခဲ့၍ ၄င်း၏ မူလသက်တမ်းဖြစ်သော (၅) နှစ် သက်တမ်းထက်ကျော်လွန်၍ လုပ်ငန်းဆောင်ရွက်နေသော ဂြိုဟ်တုတစ်ခု ဖြစ်သည်။

အိန္ဒိယအာကာသအေဂျင်စီမှ လွှတ်တင်ရန် စီမံထားသည့် အခြားဂြိုဟ်တုများမှာ RISAT ၊ Megha-Tropiques ၊ INSAT-3D နှင့် Astrosat (အာကာသအတွင်း လှည့်ပတ်နေသော အရာဝတ္ထုများအား နက္ခတ္တဗေဒဖြင့် လေ့လာမည့် ဂြိုဟ်တု) တို့ ဖြစ်ကြသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ လိုက်နာစဉ်းစားရမည့်အဆင့်များ

ဂြိုဟ်တုစီမံကိန်းတွင် အာမခံထားရှိမှုသည် အရေးပါသောလိုအပ်ချက် တစ်ခုဖြစ်သည်။ စီးပွားဖြစ် ဂြိုဟ်တုတစ်ခု၏ အဓိကရည်ရွယ်ချက်မှာ ဂြိုဟ်တု၏ သက်တမ်းကုန်ဆုံးချိန်ထိ အမြတ်အစွန်းနှင့် ၀န်ဆောင်မှုကို အပြည့်အ၀ပေးနိုင်ရန်ဖြစ်သည်။ ဂြိုဟ်တုစတင်ပစ်လွှတ်ချိန်မှစ၍ သက်တမ်းကုန်ဆုံးချိန်အထိ အချိန်ကာလအတွင်းတွင် မမျှော်လင့်သောဖြစ်ရပ်များကြောင့် ဂြိုဟ်တုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ရာ၊ ယင်းသို့ဖြစ်ပေါ်ခဲ့လျှင် ဂြိုဟ်တု၏ ၀န်ဆောင်မှုများအတွက် ရရှိမည့်ဝန်ဆောင်ခသည် လျော့နည်း/ဆုံးရှုံးသွားမည်။ ထိုအခါ ဂြိုဟ်တုပိုင်ဆိုင်သော အဖွဲ့အစည်းတွင် ငွေကြေးပိုင်းဆိုင်ရာဆုံးရှုံးနစ်နာမှုဖြစ်ပေါ်မည်။ သို့ဖြစ်၍ မမျှော်လင့်သော ဂြိုဟ်တုထိခိုက် ပျက်စီးမှုများကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ပါက ပြန်လည်ကာမိစေရန် ဂြိုဟ်တုစီကိန်းတစ်လျောက် အာမခံမျိုးမျိုးထားရှိကြပါသည်။

ဂြိုဟ်တုတစ်ခုအားထုတ်လုပ်ခြင်း ၊လွှတ်တင်ခြင်းနှင့် အသုံးပြုခြင်း စသည်ဖြင့် အောက်ဖော်ပြပါအတိုင်း အချိန်ကာလ ( ၃ ) ပိုင်းခွဲခြားထားပါသည်-

(က) စတင်ထုတ်လုပ်ချိန်နှင့် မပစ်လွှတ်မီအချိန် (Manufacture and pre-launch)

(ခ) ပစ်လွှတ်စဉ်အချိန် ( Launch )

(ဂ) ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးနေချိန် ( in-orbit operation )

အထက်စာပိုဒ်ပါ အချိန်ကာလ ( ၃ ) ပိုင်းလုံးတွင် မမျှော်လင့်သောဂြိုဟ်တုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ တစ်နည်းအားဖြင့် ဂြိုဟ်တုကို စတင်ထုတ်လုပ်နေချိန်မှစ၍ ပတ်လမ်းအတွင်းတည်ရှိကာ သက်တမ်းကုန်ဆုံးချိန်ကာလအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်နိုင်သည်ဖြစ်ရာ ဂြိုဟ်တုစတင်ထုတ်လုပ်ချိန်မှစ၍ ပတ်လမ်းအတွင်း သက်တမ်းကုန်ဆုံးချိန်အထိ အဆင့်ဆင့်အတိုင်းတွင် အာမခံထားရှိရန်လိုအပ်ပါသည်။ ယေဘုယျအားဖြင့် ဂြိုဟ်တုအာမခံထားရှိမှု အဆင့်များကိုလည်း ယင်းအချိန်ကာလ(၃) ပိုင်းနှင့် လိုက်လျောညီထွေမှုရှိစေရန် အောက်ပါအတိုင်း ( ၃ )မျိုးခွဲခြားထားပါသည်။

(က) စတင်ထုတ်လုပ်ချိန်နှင့် မပစ်လွှတ်မီအာမခံထားရှိခြင်း ( pre-launch insurance ) ။ မမျှော်လင့်သောဖြစ်ရပ်များကြောင့် တည်ဆောက်ဆဲနှင့် မပစ်လွှတ်မီကာလအတွင်း ဂြိုဟ်တုအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုကိုထေမိစေရန်အတွက် စတင်ထုတ်လုပ်စဉ်နှင့် မပစ်လွှတ်မီအချိန် အာမခံထားရှိရခြင်းဖြစ်ပါသည်။

(ခ) ပစ်လွှတ်စဉ်အချိန်တွင် အာမခံထားရှိရခြင်း (Launch insurance ) ။ဂြိုဟ်တုအား လွှတ်တင်ရေးဒုံးပျံ (launch vehicle ) ဖြင့် ပစ်လွှတ်စဉ်တွင် မမျှော်လင့်သော ဖြစ်ရပ်များကြောင့် လွှတ်တင်မှုမအောင်မြင်ပါက် ဂြိုဟ်တုပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဆုံးရှုံးမှုများကို ကာမိစေရန်အတွက် ပစ်လွှတ်စဉ်အချိန်တွင် အာမခံထားရှိရခြင်းဖြစ်ပါသည်။

(ဂ) ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးချိန်အာမခံထားရှိခြင်း ( In-orbit insurance ) ။ ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးနေချိန်တွင် ဂြိုဟ်တုသည် အာကာသအတွင်းရှိ အရာဝတ္ထုများနှင့် ထိခိုက်မိခြင်း ၊ ဂြိုဟ်တု၏အစိတ်အပိုင်းများချို့ယွင်းခြင်း စသည့် မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးမှုများကို ခုမိစေရန် ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးချိန်၌လည်း အာမခံထားရှိရခြင်းဖြစ်သည်။

1965 ခုနှစ်တွင် လွှတ်တင်ခဲ့သော စီးပွားဖြစ်ဆက်သွယ်ရေးဂြိုဟ်တုဖြစ်သည့် Intelsat 1 သည် ပထမဦးဆုံး ပစ်လွှတ်မှုအာမခံ (launch insurance ) ထားရှိခဲ့သော ဂြိုဟ်တုဖြစ်သည်။ ထို့နောက် 1968 ခုနှစ်တွင် လွှတ်တင်ခဲ့သော Intelsat 3 ဂြိုဟ်တုသည် မပစ်လွှတ်မီအချိန် ( pre-launch ) နှင့် ပစ်လွှတ်စဉ်အချိန် (launch) တို့အတွက် အာမခံစတင်ထားရှိခဲ့သော ဂြိုဟ်တုဖြစ်သည်။ ယခုကာလတွင်မူ အာကာသစီမံကိန်းများ၌ အာမခံထားရှိမှုသည် အရေးပါသော အခန်းကဏ္ဍအဖြစ် တွင်ကျယ်စွာ ပါဝင်လာပြီဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေအဖွဲ့​အစည်း​အပြင်ဘက်တွင် ဂြိုဟ်​ပေါင်း​ ၁၀၀၀ ​ကျော်ရှာ​ဖွေ​တွေ့​ရှိ

alt

ကက်ပလာ အာကာသယာဉ်သည် ​နေအဖွဲ့​အစည်း​ အပြင်ဖက်ရှိ ဂြိုဟ်​ပေါင်း​ ၁၀၀၀ ​ကျော်အား​ ရှာ​ဖွေမှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​ သိရသည်။ ကက်ပလာက ရှာ​ဖွေ​တွေ့​ရှိခဲ့​သော ဂြိုဟ်များ​အနက်

အနည်း​ဆုံး​ ၅၄ လုံး​သည် သတ္တဝါများ​ ရှင်သန်​နေထိုင်​လောက်​သော ​ရေတည်ရှိမှု၊​ အပူချိန်မျှတမှု စံနှုန်း​များ​နှင့်​ ကိုက်ညီ​နေ​ကြောင်း​ NASA က ​ပြောကြား​ခဲ့​သည်။

NASA လက်​အောက်ခံ အိမ်း​သု​တေသန စင်တာက လွှတ်တင်ထား​သော ကက်ပလာ အာကာသယာဉ်သည် ကမ္ဘာမှ အလင်း​နှစ်​ပေါင်း​ ၂၀၀၀ ​ကျော် ကွာ​ဝေး​သော ​နေရာများ​ရှိ ​နေအဖွဲ့​အစည်း​ အသီး​သီး​မှ ကြယ်တာရာ ၁၅၆၀၀၀ ကို​လေ့​လာပြီး​ ဂြိုဟ်များ​ကို စာရင်း​ပြု မှတ်သား​ခဲ့​ခြင်း​ဖြစ်သည်။ အိမ်း​သု​တေသန စင်တာမှ ပညာရှင် တစ်ဦး​ဖြစ်​သော ဝီလီ​ဘော်ရူကီက ကက်ပလာသည် ဂြိုဟ်အလုံး​ပေါင်း​ ၁၂၃၅ ကို မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​၊​ ယင်း​တို့​အနက် ၂၈၈ ဦး​သည် ကမ္ဘာထက် အနည်း​ဆုံး​ နှစ်ဆပိုကြီး​ကြောင်း​ ရှင်း​ပြခဲ့​သည်။

၆၆၂ လုံး​သည် နပ်ပကျွန်း​ဂြိုဟ်မျှရှိပြီး​ ၁၆၅ လုံး​မှ ဂျူပီတာဂြိုဟ်၏ အရွယ်မျှရှိ​ကြောင်း​၊​ ၁၉ လုံး​သည် ဂျူပီတာထက်ပင် ကြီး​သေး​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ၂၀၀၉ ခုနှစ်၊​ မတ်လက စတင်ခဲ့​သော ​လေ့​လာမှု၏ ရလဒ်ကို အလွန်အံ့​အား​သင့်​ ​ကျေနပ်မိ​ကြောင်း​ ​ဘော်ရူကီကဆိုသည်။ ကက်ပလာ၏ ရှာ​ဖွေ​တွေ့​ရှိခဲ့​မှုတွင် ယခင်က မှတ်တမ်း​မတင်ရ​သေး​သည့်​ အ​သေး​စား​ ​နေအဖွဲ့​အစည်း​ငယ်များ​လည်း​ ပါဝင်​ကြောင်း​ သတင်း​ရရှိသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၂၅ ခုနှစ်တွင် သုံး​စွဲ​နိုင်ဖွယ်ရှိသည့်​ ​လေယာဉ်များ​​အား​ NASA မိတ်ဆက်​​ပြသ

alt

အ​မေရိကန် အမျိုး​သား​ အာကာသ ​အေဂျင်စီ (NASA) က ၂၀၂၅ ခုနှစ်တွင် စတင်သုံး​စွဲနိုင်မည်ဟု ယုံကြည်ရ​သော စီး​ပွား​ရေး​ လုပ်ငန်း​သုံး​ ​လေယာဉ်​အမျိုး​အစား​ ၃ ခု၏ ဒီဇိုင်း​ပုံကို မိတ်ဆက်ပြသခဲ့​သည်။

ယင်း​လေယာဉ် ဒီဇိုင်း​များ​ကို နာမည်​ကျော် ​လေယာဉ်ထုတ်လုပ်​ရေး​ ကုမ္ပဏီကြီး​များ​ ဖြစ်ကြသည့်​ ​လော့​ဟိမာတင်၊​ ​နော်​သော့​ဂရမ်မန်နှင့်​ ဘိုး​အင်း​တို့​က ​ရေး​ဆွဲထား​ခြင်း​ဖြစ်သည်။ ဒီဇိုင်း​အား​လုံး​သည် ဆူညံမှု၊​ ဓာတ်​ငွေ့​အညစ်အ​ကြေး​ စွန့်​ထုတ်မှုနှင့်​ ​လောင်စာသုံး​စွဲမှု ​လျော့​နည်း​ရေး​တို့​ကို အ​ခြေခံ တီထွင်ထား​ခြင်း​ဖြစ်သည်။ ဘိုး​အင်း​၏ ဒီဇိုင်း​သည် အသံတိတ် ဗုံး​ကြဲ​လေယာဉ်ကြီး​ တစ်စင်း​ကို ကာတွန်း​ပုံမျိုး​ ​ရေး​ဆွဲထား​သည်နှင့်​ ဆင်တူသည်။ ယင်း​တွင် Hybrid နည်း​ပညာသုံး​ ​တောင်ပံနှင့်​ ကိုယ်ထည်တို့​ တပ်ဆင်ထား​မည်ဖြစ်သည်။ 

နော်​သော့​ဂရမ်မန်၏ ဒီဇိုင်း​မှာမူ ကိုယ်ထည်နှစ်ထပ် ပါဝင်ပြီး​ မကြာ​သေး​မီက မိတ်ဆက်ပြသခဲ့​သည့်​ Virgin၏ White Knight အာကာသ လွန်း​ပျံယာဉ်နှင့်​ ဆင်တူသည်။ ​လော့​ဟိမာတင်မှာမူ ဒီဇိုင်း​သုံး​ခုအနက် လက်ရှိသုံး​စွဲ​နေသည့်​ ခရီး​သည်တင် ​လေယာဉ်များ​နှင့်​ အနီး​စပ်ဆုံး​ တူညီသည်။ သို့​သော်လည်း​ အင်ဂျင်ကို ​တောင်ပံများ​တွင် မတပ်ဘဲ ​နောက်ဖက်အမြီး​ပိုင်း​တွင် တပ်ထား​သလို ​တောင်ပံများ​ကိုလည်း​ အတန်ငယ် ​ကော့​ထား​သည်။ ယင်း​လေယာဉ် ဒီဇိုင်း​သစ်များ​ကို ​ခေတ်မီ​လေ​ကြောင်း​ထိန်း​ချုပ်​ရေး​ စနစ်များ​နှင့်​ ကိုက်ညီ​အောင် တီထွင်ထား​ပြီး​ အသံ၏ မြန်နှုန်း​ ၈၅ ရာခိုင်နှုန်း​ထိ အရှိန်တင် ပျံသန်း​နိုင်ရန် ရည်ရွယ်ထား​သည်။

ထို့​အပြင် တစ်ဆက်တည်း​ မိုင် ၇၀၀၀ မျှခရီး​ပေါက်ပြီး​ သယ်​ဆောင်နိုင်​သော ဝန်ပမာဏကို ​ပေါင်ချိန် ငါး​သောင်း​မှ တစ်သိန်း​ထိ တိုး​မြှင့်​နိုင်ရန် ရည်ရွယ်ထား​ကြောင်း​ သိရှိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နည်း​ပညာမြင့်​ ​ထောက်လှမ်း​ရေး​ဂြိုဟ်တု အ​မေရိကန်​လွှတ်တင်

alt

အ​မေရိကန် စစ်ဖက်သည် ​ထောက်လှမ်း​ရေး​ ရည်ရွယ်ချက်ဖြင့်​ အသုံး​ပြုမည့်​ နည်း​ပညာမြင့်​ ဂြိုဟ်တုတစ်ခုကို လွှတ်တင်ခဲ့​ကြောင်း​ သိရသည်။ Minotaur 1 ဂြိုဟ်တုကို ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​က ​အောင်မြင်စွာ လွှတ်တင်လိုက်​ကြောင်း

 အ​မေရိကန် အမျိုး​သား​ ​ထောက်လှမ်း​ရေး​ ဌာန (NRO) က ​ကြေညာခဲ့​သည်။ ယင်း​သည် အာကာသမှတဆင့်​ ​ထောက်လှမ်း​ရေး​ သတင်း​အချက်အလက်များ​ ရယူနိုင်ရန် ကြိုး​ပမ်း​မှုအတွက် အ​ရေး​ပါသည့်​ ​ခြေလှမ်း​တစ်ရပ် ဖြစ်လာသည်။ NRO ဒါရိုက်တာ ​ရောဘတ် ဘရို​ဒေါ့​စကီး​က ယခုဂြိုဟ်တု ​အောင်မြင်စွာ လွှတ်တင်နိုင်ခြင်း​သည် မိမိတို့​နိုင်ငံအ​နေနှင့်​ အ​သေး​စား​ အာကာသယာဉ်များ​ကို လျင်လျင်မြန်မြန် တည်​ဆောက်နိုင်​ကြောင်း​ လက်​တွေ့​ပြသနိုင်ခဲ့​သည်ဟု မှတ်ချက်ပြု ​ပြောဆိုသွား​သည်။

NRO က ယခုဂြိုဟ်တု လွှတ်တင်မှုသည် နည်း​ပညာပိုင်း​ဆိုင်ရာ ပိုမိုတိုး​တက် ​ကောင်း​မွန်လာမှုကိုလည်း​ ညွှန်ပြ​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​ဂြိုဟ်တုအတွက် ကုန်ကျစရိတ်ကိုမူ ဌာနက လျှို့​ဝှက်ထား​သည်။ ဂြိုဟ်တုသည် တွဲ၍တပ်ဆင်ထား​သည့်​ ဒုံး​ကျည်များ​၏ အကူအညီဖြင့်​ ​ပေ​လေး​သိန်း​ အမြင့်​ရောက်​အောင် ထိုး​တက်သွား​ပြီး​လျင် ထိုအမြင့်​သို့​ ​ရောက်​သောအခါ အခြား​သော အကူအင်ဂျင်များ​က တစ်နာရီ မိုင် ၁၇၀၀၀ နှုန်း​ဖြင့်​ ကမ္ဘာပတ်လမ်း​အတွင်း​ သယ်​ဆောင်သွား​ကာ ဂြိုဟ်တုကို ​နေရာချ​ပေး​ခဲ့​ကြောင်း​ သိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၁၉၆၇ ခုနှစ်​က အရူး​​​လုပ်​ခံ​ခဲ့​​ရသည့်​ ဗြိတိန်​​ကာကွယ်​ရေး​​ဝန်ကြီး​​ဌာန​၏ ဖြစ်ရပ်​အား​ ပြန်လည်​​ဖော်ပြ

alt

မှတ်တမ်းဓာတ်ပုံ တစ်ခု © dailymail

၁၉၆၇ ခုနှစ်က ​ကျောင်း​သား​လေး​များ​၏ အ​ပျော်တမ်း​ ဖန်တီး​မှုတစ်ခု​ကြောင့်​ ဗြိတိသျှ ကာကွယ်​ရေး​ ဝန်ကြီး​ဌာန တစ်ခုလုံး​ အရူး​မီး​ဝိုင်း​ ဖြစ်ခဲ့​ရပုံကို စာအုပ်တစ်အုပ်က ပြန်လည်​ဖော်ပြလိုက်သည်။ ကျောင်း​သား​လေး​များ​က ပန်း​ကန်ပြား​ပျံ ဇာတ်လမ်း​တု တစ်ခုကို ဖန်တီး​ပြီး​ အင်္ဂလန်​တောင်ပိုင်း​တွင် ဝက်အူ​ချောင်း​ပုံ ယာဉ်ပျံများ​ကို ​တွေ့​ရှိရ​ကြောင်း​ ဝိုင်း​ဝန်း​သတင်း​ပေး​ခဲ့​ခြင်း​ဖြစ်သည်။

ထိုအချိန်က ဂြိုဟ်သား​များ​ ကမ္ဘာ​မြေ​ပေါ် ကျူး​ကျော်လာပြီဟူ​သော သတင်း​ပါ ပျံ့​နှံ့​လာရာ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနသည် စစ်တပ်များ​၊​ ရဲတပ်ဖွဲ့​များ​ကို အလျင်အမြန် တပ်ဖြန့်​ခဲ့​ရသည်။ ဂျွန်ကီလင် ​ရေး​သား​သော စာအုပ်တွင် ယခုသတင်း​မှား​သည် ဗြိတိန်အစိုး​ရကို တုန်လှုပ်​စေခဲ့​သည့်​ အတုအ​ယောင် သတင်း​များ​အနက် အား​အ​ကောင်း​ဆုံး​ တစ်ခုအဖြစ် ​ဖော်ပြထား​သည်။ ထို့​အပြင် တစ်ကမ္ဘာလုံး​တွင် ဖြစ်​ပေါ်​နေသည့်​ ပန်း​ကန်ပြား​ပျံ သတင်း​များ​အနက်လည်း​ ထိ​ရောက်မှု အကြီး​မား​ဆုံး​ဟု ကီလင်က သုံး​သပ်ခဲ့​သည်။

ထို့​အပြင် ကာကွယ်​ရေး​ ဝန်ကြီး​ဌာနအတွက်လည်း​ အကြီး​မား​ဆုံး​ ​မော်ကွန်း​ဝင် အလိမ်ခံရမှုကြီး​တစ်ခုအဖြစ် ၎င်းက ​ရေး​သား​သွား​ခဲ့​သည်။ ထိုစဉ်က ​ကျောင်း​သား​လေး​များ​သည် X-Ray နည်း​ပညာကို အသုံး​ပြုကာ ပန်း​ကန်ပြား​ပျံ ​ခြောက်စင်း​တို့​ ဝင်​ရောက်လာသည့်​ဟန် ဖန်တီး​ခဲ့​ကြခြင်း​ဖြစ်​ကြောင်း​ သိရသည်။

People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...