အင်္ဂါဂြိုဟ်တွင် စူးစမ်းမှု ပြုနေသည့် Curiosity ဂြိုဟ်ဆင်းယာဉ်မှာ လွန်ခဲ့သည့်နှစ် သန်းထောင်ပေါင်း များစွာက ရှိခဲ့သော်
ရှေးခေတ် မြစ်တစ်စင်း၏ ကြမ်းပြင်ပုံစံကို တွေ့ရှိခဲ့ရကြောင်းနှင့် ရေများ စီးဆင်းမှုကြောင့် ဖြစ်လာသည့် လမ်းကြောင်းများ ဖြစ်ကြောင်း Wired သတင်းတွင် ဖော်ပြသည်။
ယခုလို တွေ့ရှိမှုမှာ Curiosity အတွက် ပထမဆုံးလည်း ဖြစ်ကာ ၎င်း၏ စူးစမ်းမှု ဖြစ်စဉ်အတွင်း ကျောက်တုံးလေးများ စုစည်းပြီး ဖြစ်နေသည့် ထူးခြားသည့် ကျောက်တုံး တစ်တုံးကို တွေ့ရာမှ ယင်းမှာ ရေများ စီးဆင်းမှုကြောင့် ဖြစ်လာသည့် တိုက်စားမှု ဒဏ်ကို ခံရသဖြင့် လုံးဝန်းသည့် သဏ္ဍာန် အဖြစ် ရောက်နေသည်ကို ဆန်းစစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သိပ္ပံပညာရှင်များမှ ခန့်မှန်းရာတွင် ယင်းမှာ ခြေမျက်စိ သို့မဟုတ် တင်ပါးခန့် အထိ မြင့်သောရေများ တစ်နာရီလျင် ၂ မိုင်နှုန်းဖြင့် စီးဆင်းခဲ့သဖြင့် ဖြစ်လာခြင်း ဖြစ်သည်ဟု ပြောခဲ့ကာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ထောင်ပေါင်း များစွာက တည်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို တွေ့ရှိမှုမှ တစ်ဆင့် Curiosity အနေဖြင့် အဆိုပါ ဒေသ အနီးတွင် အော်ဂဲနစ်ကာဘွန် ဓါတ်များ ရှိ မရှိကို လေ့လာမည်လည်း ဖြစ်ကာ ရှေးခေတ်က သက်ရှိတို့ နေထိုင်မှု ရှိ၊မရှိကို အဆိုပါ ဓါတ်မှ တစ်ဆင့် သိရှိနိုင်မည် ဖြစ်သည်။
Renaissance Izmir Hotel
-
*Renaissance Izmir Hotel*
*Renaissance Izmir Hotel oteliyle ilgili tum bilgileri yukaridaki linke
tiklayarak bulabilirsiniz.*Renaissance Izmir Hotel otel...
1 week ago