Powered by Blogger.
RSS

ဂျုပီတာဂြိုလ်ကို နာဆာ နှင့် အီးယူ အာကာသ အေဂျင်စီတို့ ပူးပေါင်းလေ့လာမည်

alt

နာဆာနှင့် ဥရောပ အာကာသ အေဂျင်စီတို့ ပူးပေါင်းကာ ဂျူပီတာဂြိုဟ်ကို လေ့လာမှုများ ပြုလုပ်သွားရန် စတင် စီစဉ်နေကြောင်း အဖွဲ့အစည်း (၂) ခုလုံးက သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဓာတ်ငွေ့များ ပေါကြွယ်ဝသည့် ဂျူပီတာဂြိုဟ် မျက်နှာပြင်ကို လေ့လာမှုများ ပြုလုပ်နိုင်မည့် စက်ရုပ်နှစ်ခု လွှတ်တင်သွားရန် အဖွဲ့နှစ်ခု သဘောတူညီ ခဲ့ပြီး (၂၀၂၆) ခုနှစ်တွင် အကောင်အထည် ပေါ်လာမည့် အဆိုပါ ပရောဂျက်မှာ ဒေါ်လာ ဘီလျံများစွာ ကုန်ကျမည်ဟု သိရသည်။

စက်ရုပ်တခုစီကို အဖွဲ့အစည်း တခုစီက တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး ယခု ပရောဂျက်သည် နေအဖွဲ့ အစည်းအကြောင်း လူသားများ ပိုမို သိရှိ လာနိုင်စေရေး အရေးပါသည့် ခြေလှမ်းတခုဟု နာဆာက ရည်ညွှန်းခဲ့သည်။

ဂျူပီတာအား ဓာတ်ငွေ့ ဘီလူးကြီးဟု တင်စား ခေါ်ဝေါ်နေကြပြီး ၎င်းတွင် ဂြိုဟ်ရံလ (၄) လုံးရှိသည် ဆိုသည့် အချက်များမှ လွဲပြီး အသေးစိတ် တိတိကျကျ ဖော်ထုတ်နိုင်မှုများ မရှိသေးသောကြောင့် ယခု ပရောဂျက်အား နက္ခဗေဒ ပညာရှင်များက မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေကြောင်း သတင်းရရှိသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာအဖွဲ့ကြီး၏ အန္တရာယ်အများဆုံး အကာသာခရီးစဉ်

http://www.planet.com.mm/news/newsimg/May09/nasa200.jpg

NASAအဖွဲ့သည် သမိုင်းတလျှောက် အန္တရာယ်အများဆုံး Missionအဖြစ် သတ်မှတ်ရမည့် အာကာသလွန်းပျံယာဉ် လွှတ်တင်မှုအဖြစ် မေလ(၁၁)ရက်နေ့က အကာသလွန်းပျံယာဉ် အတ္တလန္တစ်(Atlantis)ကို လွှတ်တင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ လွန်းပျံယာဉ်တွင် နက္ခတ်ဗေဒပညာရှင် (၇)ဦး လိုက်ပါသွားပြီး Hubbleအာကာသ မှန်ပြောင်းကြီးကို ပြန်လည်ပြင်ဆင်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုMissionကို အမေရိကန် ရေတပ်တိုက်လေယာဉ်မှူးဟောင်း စကော့တ်အော့တ်မန်က ဦးဆောင်သွားမည်ဖြစ်သည်။

Atlantis

Atlantis
(အတ္တလန္တစ်အာကာသလွန်းပျံယာဉ်လွှတ်တင်စဉ်)

အသက်(၄၉)နှစ်ရှိ အော့တ်မန်သည် Top Gunဇာတ်ကားတွင် မင်းသားတွမ်ခရုစ်အတွက် လူစားထိုး လေယာဉ်မောင်းပေးဖူးသည့် နာမည်ကျော် လေသူရဲတစ်ဦးဖြစ်ပြီး ယခုအခါတွင် ကမ္ဘာမြေအထက် မိုင်(၃၅၀)အကွာရှိ မှန်ပြောင်းကြီး ပြင်ဆင်ရေးလုပ်ငန်းတွင် ခေါင်းဆော်ရတော့မည်ဖြစ်သည်။ ဒေါ်လာ(၇)ဘီလျံ ကုန်ကျသည့် အဆိုပါစီမံကိန်းကြီးအတွက် NASAအနေနှင့် ဒေါ်လာ(၁.၄)ဘီလျံ ထည့်ဝင်ခဲ့ပြီး Hubbleမှန်ပြောင်းကြီးအား ပဉ္စမနှင့် နောက်ဆုံးအကြိမ်အဖြစ် ပြုပြင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။

Atlantis

Atlantis
(၂၀၀၂ခုနှစ်က Hubble မှန်ပြောင်းအား ပြုပြင်ခဲ့စဉ်)

အော့တ်မန်ဦးဆောင်သည့်အဖွဲ့သည် အတ္တလန္တစ်လွန်းပျံယာဉ်နှင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ထိုအစီအစဉ် ချွတ်ချော်တိမ်းစောင်းခဲ့ပါက အစားထိုးရန် အန်ဒဲဗားလွန်းပျံယာဉ်ကို အဆင်သင့် ပြင်ဆင်ထားကြောင်း NASAက ဆိုသည်။ ဖလော်ရီဒါမှ လွှတ်တင်လိုက်သော လွန်းပျံယာဉ်သည် Gyroscopeအသစ်(၆)ခုနှင့် ဘက်ထရီများကို သယ်ဆောင်သွားပြီး ပညာရှင်အဖွဲ့သည် အပူကာအလွှာတစ်ခုကိုလည်း မှန်ပြောင်းကြီးတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (၁၉၉၀)ပြည့်နှစ်က အာကာသအတွင်း လွှတ်တင်ခဲ့သည့် Hubbleမှန်ပြောင်းကြီးမှာ သတ်တမ်း(၁၉)နှစ်ရှိခဲ့ပြီဖြစ်ပြီး အာကာသ သုတေသနလုပ်ငန်းများအတွက် အလွန်တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုကြီးဖြစ်ကြောင်း NASAက ပြောဆိုခဲ့ဖူးသည်။

Atlantis

Atlantis
(အတ္တလန္တစ်အာကာသယာဉ်မှူးများ လေ့ကျင့်မှုပြုလုပ်နေစဉ်)

NASAက ယခုပြင်ဆင်မှု ခရီးစဉ်သည် အလွန်အန္တရာယ်များပြီး အာကာသယာဉ်မှူးများ၏ အသက်အတွက် စိုးရိမ်စရာများပင်ရှိကြောင်း ၀န်ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတလျှောက် အာကာသယာဉ်များ တက်ရောက်ဖူးသည့် အမြင့်ဆုံးအဆင့်မှာ မိုင်(၂၅၀)ထိသာရှိပြီး ယခုလွန်းပျံယာဉ်မှာမူ မိုင်(၃၅၀)အထိ ထိုးတက်ရသဖြင့်ဖြစ်ကြောင်း NASAက ရှင်းလင်းပြောဆိုခဲ့သည်။ (၁၇)ရာစု နက္ခတ်ဗေဒပညာရှင် ဂယ်လီလီယို၏ အာကာသမှန်ပြောင်း ပုံစံငယ်နောက်ပိုင်း အကြီးမားဆုံး နက္ခတ်ဗေဒဆိုင်ရာ အောင်မြင်မှုကြီးအဖြစ် သတ်မှတ်ခံထားရသည့် Hubbleမှန်ပြောင်းကြီးသည် ကမ္ဘာကို အကြိမ်ပေါင်း (၉၇၀၀၀)ကျော်မျှ ပတ်ခဲ့ပြီးဖြစ်ကာ မိုင်ပေါင်းဘီလျံနှင့်ချီ ပျံသန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် နက္ခတ်ဗေဒပညာရှင်များအတွက် အလွန်အသုံးဝင်သည့် ဓာတ်ပုံပေါင်း (၆၀၀၀၀၀)ကျော်ကိုလည်း NASAသို့ ပြန်လည်ပေးပို့ထားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ် ပေါ်တွင် မြစ်ချောင်းများ စီးဆင်း နေခဲ့ဟုဆို

alt

မားစ်ဂြိုဟ် ပေါ်တွင် မကြာသေးမီ အချိန်ကထိ မြစ်ချောင်းများ စီးဆင်း နေခဲ့ကြောင်း ယူဆရသည့် ဓာတ်ပုံ မှတ်တမ်းများကို နာဆာက ရရှိခဲ့ ပြီးနောက် မားစ်ဂြိုဟ်တွင် သက်ရှိများ နေထိုင်ခဲ့ကြောင်း ကောက်ချက်များကို ပိုမို အားကောင်း လာစေခဲ့သည်။

ရေခဲမြစ်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆရသော မြစ် လမ်းကြောင်းများကို သက်သေအဖြစ် ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ပြီဟု မားစ်ဂြိုဟ် လေ့လာရေး ပညာရှင်များက ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း (၄.၆) ဘီလျံခန့်က နေအဖွဲ့ အစည်းအတွင်း၌ အတူစတင် ပေါ်ထွန်းလာသည်ဟု ယူဆရသော မားစ်ဂြိုဟ်တွင် ပြီးခဲ့သည့် နှစ်ပေါင်း (၁.၂၅) သန်းမှ စတင်ကာ မကြာမြင့်မီ အချိန်အထိ မြစ်ချောင်းများ ရှိနေခဲ့ပြီး ဖြစ်ကြောင်း သုတေသီများက မှတ်ချက် ချခဲ့သည်။

အမေရိကန် အာကာသ စခန်းရှိ မားစ်ဂြိုဟ် လေ့လာရေး အတွက် တပ်ဆင်ထားသော အလွန် အားကောင်းသည့် မှန်ပြောင်းများ မှတဆင့် ရရှိခဲ့သော ပုံရိပ်များတွင် ယခုကဲ့သို့ မြစ်ချောင်းများ ဖြတ်သန်း စီးဆင်းခဲ့သည့် အခြေအနေများကို ထောက်လှမ်း သိရှိလာခြင်းဟု နာဆာက အတည်ပြု ကြေငြာသွားသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS စက်ငယ်များဖြင့် ပြည်တွင်းကားလမ်းကြောင်းရှာဖွေမှုပြုနိုင်

http://www.planet.com.mm/news/newsimg/March09/632009_GPS_b.jpg

ကုမ္ပဏီများမှ အသုံးပြုလျက်ရှိသည့်ကားများ၊ အရောင်းကားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတွင်ရှိသောကားများသည် နေ့စဉ်နှင့်အမျှပြေးဆွဲမောင်းနှင်လျက်ရှိရာ၌ တနေ့တာသွားခဲ့သည့်ခရီးစဉ်များအား မှတ်တမ်းတင်နိုင်သည့် Fleet Management System အား ပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ကြောင်းသိရသည်။

“အရောင်းကားတွေ၊ သက်ဆိုင်ရာကုမ္ပဏီကားတွေဟာ တစ်နေ့တစ်နေ့ ဘယ်ကိုသွားခဲ့လဲ။ ဘယ်နှစ်မိုင်သွားခဲ့လဲ။ ဘယ်အချိန်က ဘယ်လမ်းပေါ်ရောက်ခဲ့လဲ။ ဘယ်အချိန်ကဘယ်ဆိုင်ကိုဝင်ခဲ့လဲဆိုတာတွေကို စနစ်တကျမှတ်တမ်းတင် ပို့အတွက် Fleet Management System ကိုအသုံးပြုလို့ရပါတယ်။ ဒီစနစ်ကိုအသုံးပြုတဲ့အတွက် ကားတွေဟာဘယ်နေရာမှာ၊ ဘယ်နေ့က ဘယ်ကိုသွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့လို့ရှိရင် သူတို့အတွက် ကုန်ကျတဲ့ဓါတ်ဆီဖိုးတွေ၊ သူတို့ခိုင်းလိုက်တဲ့အလုပ်တွေ၊ သူတို့သွားခဲ့တဲ့တန်ဖိုးတွေကို ကျွန်တော်တို့စနစ်တကျမှတ်တမ်းတင်ပြီး အကျိုးအမြတ်ကိုတွက်ယူလို့ရပါတယ်” ဟု Concordia မှ တာဝန်ရှိသူကိုညီညီမင်းမှပြောကြားခဲ့သည်။

“ဥပမာ-ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ကားတစ်စီးဟာဖြတ်သွားခဲ့တယ်ဆိုပါဆို့။ ဖြတ်သွားတဲ့ကားဟာ ရုံးကိုပြန်ရောက်လာတဲ့အချိန် download ပြန်လုပ်ယူတဲ့အခါမှာ ကားဟာ ရွှေဂုံတိုင်မီးပွိုင့်ကို ဘယ်နေ့ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဖြတ်သွားခဲ့တယ်ဆိုတာကို မှတ်တမ်းတင်လို့ရပါတယ်။ ဒီမှတ်တမ်းဟာလည်း အင်မတန်အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စထွက်သွားတဲ့နေရာနဲ့ ပြန်ဝင်ရောက်တဲ့နေရာတွေကို မှတ်တမ်းတင်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ အင်မတန်တွင်ကျယ်လာမယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်” ဟု ၎င်းထပ်မံပြောကြားခဲ့သည်။

အဆိုပါဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အသေးစား GPS တစ်လုံးအား ကားတွင်ပါဝင်သော စီးကရက် Lighter ထွက်လာသော Power ကြိုးနှင့် ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည့်အတွက် ပါဝါစားသက်သာကြောင်းသိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေတိုက်နှုန်းဖြင့် မောင်းနှင်သော စက်မဲ့ယာဉ် ငှက်စိမ်းလေး စံချိန်ချိုး

alt

ယမန်နေ့က အမေရိကန်နိုင်ငံ နီဗါးဒါး ပြည်နယ်၊ အိုင်ဗင်ပါ့ဟ် ရေကန်ကြီး အနီးတွင် ဗြိတိန်နိုင်ငံ ဟမ်းရှိုင်းယားမှ အင်ဂျင်နီယာ ရစ်ချတ်ဂျာဂင်သည် ငှက်စိမ်းလေးဟု အမည်ရ လေတိုက်နှုန်းဖြင့် မောင်နှင်သော စက်မဲ့

ရေပြင် မြေပြင်သွားယာဉ်မှာ ယခင် အမေရိကန်လူမျိုး ဘော့(တ်) ချူးမာချာ တင်ထားသော စံချိန်အား ချိုးလိုက်ပြီ ဖြစ်သည်။

၁၀နှစ်ကျော်ကြာ အချိန်ယူ တီထွင်ခဲ့သော ရစ်ချတ်ဂျာဂင်မှာ ယမန်နေ့က နီဗါဒါးသဲကန္တာရတွင် ၁နာရီတွင် ၁၂၆.၁မိုင်ဖြင့် စံချိန်ချိုးလိုက်ပြီး ယခင်စံချိန်မှာ ၁၉၉၉ခုနှစ်က အမေရိကန်နိုင်ငံမှ ဘော့(တ်) ချူးမာချာ သည် သံမဏိဘဲကလေး အမည်နှင့် ၁နာရီ ၁၁၆မိုင်နှုန်းဖြင့် တင်ထားခဲ့ခြင်း ဖြစ်သည်။

ဘီဘီစီ သတင်းဋ္ဌာနသို့ မစ္စတာဂျာဂင် ပြောကြားရာတွင် သိပ်ကို ကြီးကျယ်တဲ့ ဖန်တီးမှုပါ တိကျသေခြာဖို့ အတွက် အချိန်အများကြီး ပေးဆပ်ရတာပဲ ရှိပါတယ်၊ ကီလိုချိန် ၆၀၀ သာလေးတဲ့ ဒီယာဉ်ကို ကာဗွန်ဖိုင်ဘာ နဲ့ ပြုလုပ်ထားပြီး သတ္တုဆိုလို့ အတောင်ပံဟန်ချက် ထိမ်းတဲ့ နေရာမှာရယ် ဘီးမှာပဲ ပါဝင်ကာ ဘာ စက်ကရိယာ အင်ဂျင်မော်တာမှ မပါဝင်ဖူးလို့ ဖြေဆိုသွားခဲ့သည်။ နောက်ထပ် လေအားဖြင့် ရေခဲပြင်၊ ကုန်းတွင်ပိုင်းတို့တွင် အမြန်ဆုံး သွားလာနိုင်မည့် ယာဉ်များထပ်မံ တည်ထွင် နေဦးမည်ဟု ပြောဆိုသွားပါသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်ကန်းပြားပျံဇာတ်လမ်းများနှင့် ဗြိတိန်ကာကွယ်ရေးဝန်းကြီးဌာန

http://www.planet.com.mm/news/newsimg/March09/ufo2001.jpg

မကြာသေးမီက နိုင်ငံအတွင်း ပန်းကန်ပြားပျံဟု ယူဆရသည့် အရာများကို တွေ့ရှိမှုအကြိမ်ရေ များလာပြီးနောက်ပိုင်း အခြားသော ဂြိုလ်ကမ္ဘာများမှ ကျူးကျော်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများအား ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စိုးရိမ်စရာမရှိဟု ပြောကြားလိုက်သည်။ ဗြိတိန်လေတပ်မတော်မှ လေသူရဲများအပါအ၀င် ရာနှင့်ချီသော မျက်မြင်သက်သေများက နော်ဖော့ခ်တွင် ထူးဆန်းသော ပုံသဏ္ဍန်ရှိသည့် အရာများ ပျံဝဲနေသည်ကို တွေ့မြင်ခဲ့ရသော်လည်း ၀န်ကြီးဌာနက ထိုနေရာများသည် ဗြိတိန်၏ စစ်ရေးမဟာမိတ် အမေရိကန်နိုင်ငံ၏ B2 အသံတိတ် ဗုံးကြဲလေယာဉ်များ အစမ်းလေ့ကျင့် ပျံသန်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်နေသည့် ဒေသများဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။




(B2 ဗုံးကြဲလေယာဉ်)

မျက်မြင်များအနေနှင့် အဆိုပါလေယာဉ်ကြီးများ၏ ပုံသဏ္ဍန်ကို ထင်ယောင်ထင်မှား ဖြစ်ကြခြင်းသာဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ၀န်ကြီးဌာနက သူလျှိုထောက်လှမ်းရေး လုပ်ငန်းများကို စမ်းသပ်လေ့ကျင့်နေသည့် အမေရိကန်လေတပ်မတော်သည် ဗြိတိန်အစိုးရကို ကြိုတင်အကြောင်းမကြားဘဲ ပျံသန်းနေခဲ့ခြင်းကြောင့်ဟု ပြောဆိုခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာနသည် (၁၉၈၇)ခုနှစ်မှ (၁၉၉၃)ခုနှစ်အကြား ပန်းကန်ပြားပျံဖြစ်ရပ် (၁၂၀၀)ကျော်ကို လေ့လာဆန်းစစ်ထားသည့် မှတ်တမ်းများကို မကြာသေးမီက ပြည်သူများထံ ဖော်ထုတ်ပြသခဲ့သေးသည်။




(လူတစ်ဦးက အမှတ်မထင်ရိုက်ယူခဲ့သော ဓာတ်ပုံတွင်တွေ့ရသည့်

ကောင်းကင်ယံမှ ပန်းကန်ပြားပျံဟု ထင်ရသောအရာများ)

အမေရိကန်၏ အသံတိတ်စွမ်းရည်ရှိ ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များသည် အမေရိကန်လေတပ်၏ မဟာဗျူဟာအမြောက်ဆုံး တိုက်ခိုက်ရေးယန္တရားများဖြစ်ပြီး ၎င်းလေယာဉ်များ၏ တည်ဆောက်ပုံနှင့် ဖွဲ့စည်းထားသည့် ဓာတ်သတ္တုများကြောင့် ရေဒါဖြင့် ရှာမတွေ့နိုင်ချေ။ ယခုအခါ ရုရှားကလည်း အဆိုပါစွမ်းရည်ရှိ လေယာဉ်ကြီးများ ပုံစံထုတ် တည်ဆောက်နေပြီဟုသိရသည်။ ပန်းကန်ပြားပျံ ဖြစ်ရပ်ဆန်းများနှင့် ပတ်သတ်ပြီး ကောလဟာလအမျိုးမျိုး ထွက်ပေါ်နေသော်လည်း Auroraခေါ် သူလျိုလေယာဉ်ပျံများ စမ်းသပ်ပျံသန်းနေသည်ကို အမြင်မှားခဲ့မှုများလည်း ဖြစ်နိုင်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာသွားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...