Powered by Blogger.
RSS

အင်္ဂါဂြိုဟ် တွင် ရေ သဲလွန်စ တွေ့ရှိ


အင်္ဂါဂြိုဟ်တွင် စူးစမ်းမှု ပြုနေသည့် Curiosity ဂြိုဟ်ဆင်းယာဉ်မှာ လွန်ခဲ့သည့်နှစ် သန်းထောင်ပေါင်း များစွာက ရှိခဲ့သော် ရှေးခေတ် မြစ်တစ်စင်း၏ ကြမ်းပြင်ပုံစံကို တွေ့ရှိခဲ့ရကြောင်းနှင့် ရေများ စီးဆင်းမှုကြောင့် ဖြစ်လာသည့် လမ်းကြောင်းများ ဖြစ်ကြောင်း Wired သတင်းတွင် ဖော်ပြသည်။ ယခုလို တွေ့ရှိမှုမှာ Curiosity အတွက် ပထမဆုံးလည်း ဖြစ်ကာ ၎င်း၏ စူးစမ်းမှု ဖြစ်စဉ်အတွင်း ကျောက်တုံးလေးများ စုစည်းပြီး ဖြစ်နေသည့် ထူးခြားသည့် ကျောက်တုံး တစ်တုံးကို တွေ့ရာမှ ယင်းမှာ ရေများ စီးဆင်းမှုကြောင့် ဖြစ်လာသည့် တိုက်စားမှု ဒဏ်ကို ခံရသဖြင့် လုံးဝန်းသည့် သဏ္ဍာန် အဖြစ် ရောက်နေသည်ကို ဆန်းစစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

 
 
သိပ္ပံပညာရှင်များမှ ခန့်မှန်းရာတွင် ယင်းမှာ ခြေမျက်စိ သို့မဟုတ် တင်ပါးခန့် အထိ မြင့်သောရေများ တစ်နာရီလျင် ၂ မိုင်နှုန်းဖြင့် စီးဆင်းခဲ့သဖြင့် ဖြစ်လာခြင်း ဖြစ်သည်ဟု ပြောခဲ့ကာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ထောင်ပေါင်း များစွာက တည်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို တွေ့ရှိမှုမှ တစ်ဆင့် Curiosity အနေဖြင့် အဆိုပါ ဒေသ အနီးတွင် အော်ဂဲနစ်ကာဘွန် ဓါတ်များ ရှိ မရှိကို လေ့လာမည်လည်း ဖြစ်ကာ ရှေးခေတ်က သက်ရှိတို့ နေထိုင်မှု ရှိ၊မရှိကို အဆိုပါ ဓါတ်မှ တစ်ဆင့် သိရှိနိုင်မည် ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Driver မလိုတဲ့ ကားတွေ လမ်းပေါ် ရောက်ဖို့ နီးလာပြီ


 အင်တာနက်မှာ လူတိုင်းရဲ့ အသည်းစွဲလို့ ပြောလို့ရတဲ့ Google ဟာ မော်တော်ကားလည်း ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို စာဖတ်သူတွေ ကြားဖူးကြမှာပါ။သူတို့ မော်တော်ကားဟာ မောင်းနှင်တတ် မည့် ကားမောင်းသူ မလိုပါဘူး။ Googleဟာ ၂၀၁၂ စောစောပိုင်းလောက်က အမေရိကန်နိုင်ငံ၊ Nevada Stateက လမ်းတွေပေါ်မှာ တရားဝင် စမ်းသပ်ခွင့် ရရှိခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံးလိုင်စင်ပလိတ်ပြားကို မောင်းသူမဲ့ယာဉ်အတွက် လည်း ချီးမြှင့်ခံ ထားခဲ့ရပါသေးတယ်။မောင်းသူမဲ့ကား၊ စက်ရုပ်ကားလို့ ခေါ် ရမည့် Autonomous Carsတွေကို ထုတ်လုပ်မည့် Googleဟာတော့ Nevada Stateမှာ ယာဉ်မောင်းသူ မပါပဲ သွားလာခွင့်ရပြီးတာ မကြာခင်မှာပဲ ယခုအခါ ကယ်လီဖိုနီးယားရဲ့ လမ်းတွေပေါ်မှာ တရားဝင် သွားလာခွင့် ရဖို့အတွက် မြို့တော်ဝန်ထံသို့ စာတင်ထားကြောင်း သတင်းများက ဆိုပါတယ်။

မောင်းသူမဲ့ ကားတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသုံးပြု သွားလာနိုင်ဖို့အတွက်ကတော့ ၎င်းရဲ့ ၀န်ဆောင်မှု၊ လည်ပတ်မှု အနေအထားနှင့် အဓိကကတော့ လမ်းပေါ်မှာ ယာဉ်မောင်း မပါဘဲ ဘယ်လောက် စိတ်ချရမှု ရှိမှာလည်း ဆိုတာကို ကယ်လီဖိုနီးယား ယာဉ်ကြီးကြပ်မှူးဌာနက ဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။
အတည်ပြုခဲ့သည်ဆိုရင်တော့ များမကြာမီကာလမှာ Google ရဲ့ မောင်းသူမဲ့ Autonomous ကားတွေကို အရင်ဆုံး ဟောလိဝုဒ် ရုပ်ရှင်ကားတွေထဲက လမ်းမတွေပေါ်မှာ မြင်တွေ့ရတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


ref: myanmar ict

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ အမြန်ဆုံး အပြေသမား ဟူစိန်ဘော့တ် ထက်မြန်တဲ့ စက်ရုပ် အမေရိကန် စစ်တပ် တီထွင်


အမေရိကန် ပြည်ထောင်စုမှ စစ်ဘက် ဆိုင်ရာ သုတေသန ပညာရှင် များသည် အိုလံပစ် အပြေး ချန်ပီယံ အူစိန်ဘော့ထက် ပိုမိုမြန်ဆန်သည့် စက်ရုပ် တစ်ရုပ်ကို တီထွင် ထုတ်လုပ်ခဲ့သည်။



အဆိုပါ စက်ရုပ်၏ ပြေးနှုန်းမှာ တစ်နာရီ ၂၈ မိုင်နှုန်း ရှိပြီး ၂ဝဝ၉ ခုနှစ်က ၁ နာရီ ၂၇ ဒသမ ၈ မိုင် နှုန်းဖြင့် စံချိန်တင် ပြေးနိုင်ခဲ့သည့် ကမ္ဘာ့ အမြန်ဆုံး အပြေးသမား ဘော့ထက်ပို၍ အပြေးမြန် သည်ဟု သိရသည်။

၎င်းစက်ရုပ်ကို စစ်ဘက်သုံး စက်ရုပ်များ ထုတ်လုပ်သည့် Boston Dynamics ကုမ္ပဏီမှ ဒီဇိုင်းထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး စက်ရုပ် အတွက် ကုန်ကျ စရိတ်ကို အမေရိကန် ကာကွယ်ရေး ဆိုင်ရာ အဆင့် မြင့် သုတေသန စီမံကိန်းဌာနမှ ထောက် ပံ့ ပေးထားသည်။

အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ယခု ကဲ့သို့သော အဆင့်မြင့် နည်းပညာသုံး စက်ရုပ် များကို အရေးပေါ် ကိစ္စရပ်များ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးသည့် လုပ်ငန်းများ နှင့် အခြား ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများ တွင် နောင်အနာဂတ် ကာလ၌ အကျိုး ရှိရှိ အသုံးပြု သွားနိုင်ရန် မျှော်မှန်း ထား ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ငယ် Mars Curiosity င်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့









  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ်ယာဉ် ၁၀ စီးတွင် GPS စနစ် တပ်ဆင်


မီးလောင်ရာ နေရာကို သွားရောက် ငြှိမ်းသတ်တဲ့ မီးသတ်ယာဉ် ရောက်ရှိတဲ့ နေရာကို သိရှိနိုင်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ မီးသတ်ယာဉ် ၁၀ စီးမှာ GPS စနစ်ကို တပ်ဆင်ထား ပြီးဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ GPS စနစ် ဆိုတာဟာ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြ စနစ်ဖြစ်ပြီး အဆိုပါ GPS စနစ်ကို မီးသတ်ယာဉ် တွေပေါ်မှာ တပ်ဆင် ထားခြင်းကြောင့် သွားရောက် ငြှိမ်းသတ်မယ့် မီးသတ် ယာဉ်တွေရဲ့ တည်နေရာကို မီးသတ် ရုံးချုပ်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို သိရှိနိုင်ဖို့ အတွက် ရုံးချုပ်ရှိ Command and Control Centre မှ မီးသတ် ယာဉ်ပေါ်ရှိ GPS စနစ်တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောက်တံတား၊ သန်လျင်၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်၊ စမ်းချောင်း စတဲ့ မြို့နယ်ရှိ မီးသတ်ယာဉ် ၁၀ စီးမှာ တွေပေါ်မှာ GPS စနစ် တပ်ဆင် ထားပြီး ဖြစ်ပါတယ်။

နောက်ပိုင်း မှာတော့ GPS စနစ် တပ်ဆင်မှုကို မီးသတ်ယာဉ် အစီး ၅၀ မှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ အခုလို GPS တပ်ဆင်မှု ကိုတော့ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ် ယာဉ်များမှာ တပ်ဆင် ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ နေပြည်တော်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ မီးသတ် စခန်းရှိ မီးသတ်ယာဉ် တွေမှာပါ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်မျက်နှာပြင်ပုံရိပ်များ NASA ထုတ်ပြန်ဖော်ပြ

NASA အဖွဲ့သည် ၎င်းတို့၏ အင်္ဂါဂြိုဟ် (Mars) လေ့လာရေးယာဉ် အသုံးပြု၍ ရိုက်ကူးနိုင်ခဲ့သော အံ့မခန်းဖွယ်ရာ အင်္ဂါဂြိုဟ်မျက်နှာပြင် ပုံရိပ်များကို ထုတ်ပြန်ဖော်ပြလိုက်သည်။





credit : planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်


နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါဂြိုဟ်တုကို ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန်အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့် ဆွေးနွေးခဲ့ရာ ဂြိုဟ်တု အသုံးစရိတ်အတွက် ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲရမည်ဟု ဆက်သွယ်ရေးမှ သိရသည်။ “ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်ထင်ရင် လွှတ်တင်မယ်၊ အကျိုးမရှိဘူးထင်ရင် မလွှတ်တင်ဘူးလို့ ပြောထားပါတယ်။ အခုအကျိုးမရှိဘူး ထင်လို့ မလွှတ်တင်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်းသို့ ကိုယ်ပိုင်ဂြိုဟ်တု မလွှတ်တင်သော်လည်း တခြားနိုင်ငံများမှ တစ်ဆင့် ငှားရမ်းသုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယင်းအတွက်ကိုလည်း လွှတ်တော်သို့ တရားဝင် တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဂြိုဟ်တု မလွှတ်တင်တော့တဲ့အတွက် ဂြိုဟ်တုအတွက် သုံးစွဲမယ့် ငွေတွေကို မိုဘိုင်းဖုန်း တိုးချဲ့ရေး စီမံကိန်းမှာ သုံးစွဲသွားမှာပါ” ဟု၎င်းက ထပ်လောင်းပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရခြင်း အကြောင်းမှာ ဝေလံခေါင်ဖျားသည့် ဒေသများနှင့် ပင်လယ်အတွင်းရှိ ကျွန်းများအတွက်သာ ဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေးအတွက် လွှတ်တင်ရခြင်းသာဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖိုင်ဘာဆက်သွယ်မှု စနစ်သာ အဓိက သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ဖိုင်ဘာဆက်ကြောင်းဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆက်လက်၍ ဖိုင်ဘာကွန်ရက်အား လာမည့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဖိုင်ဘာကွန်ရက်များ တည်ဆောက်ရာတွင် အချိန်နှင့် ငွေကြေး များစွာ ကုန်ကျကြောင်း ယင်းဌာနမှ သိရသည်။ ဖိုင်ဘာဆက်သွယ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ မြင့်မားရေးအတွက် “ဖိုင်ဘာဆက်သွယ်မှုကိုပဲ အဓိကထား ဆောင်ရွက်သွားတော့မှာပါ။ ဒါတွေလုပ်ဆောင်ဖို့ လက်ရှိ ပြည်တွင်းကုမ္ပဏီတွေနဲ့ မနိုင်နိုင်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်တော့ အမြန်ဆုံး ပြီးသွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား လက်ခံနိုင်ရန်အတွက် ဥပဒေ လိုအပ်ကြောင်း၊ လက်ရှိကာလတွင် ဆက်သွယ်ရေး လုပ်ငန်းအား ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ဆက်သွယ်ထားသည့် ပြည်ပနိုင်ငံများ ရှိကြောင်း၊ ဥပဒေ မပေါ်ပေါက်၍သာ ခွင့်ပြုမပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ


ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

"လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ"ဟု မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။"မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ"ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Discovery အာကာသလွန်းပျံယာဉ်အား ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ သယ်ဆောင်ခြင်း

အာကာသခရီးစဉ်များ ပျံသန်းခြင်းမှ အနားပေးလိုက်ပြီဖြစ်သည့် NASA အဖွဲ့၏ Discovery အာကာသလွန်းပျံယာဉ်အား အင်္ဂါနေ့တွင် ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ အထူးပြုလုပ်ထားသည့် လေယာဉ်ကြီးပေါ်တွင်ထပ်လျက် သယ်ဆောင်ပျံသန်းခဲ့သည်။ Discovery အာကာသလွန်းပျံယာဉ်အား ဝါရှင်တန်ရှိ Smithsonian National Air and Space Museum တွင် ထားရှိပြသသွားမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြသည်။ Discovery သည် NASA အဖွဲ့၏ အာကာသ လွန်းပျံယာဉ်များအနက် သက်တမ်းအကြာဆုံးနှင့် အာကာသခရီးစဉ် ပျံသန်းမှု အများဆုံးဖြစ်သည်။ Discovery သည် အနားမပေးမီ ကာလအတွင်း အာကာသခရီးစဉ် ၃၉ ကြိမ် ပျံသန်းခဲ့ကြောင်း သိရှိရသည်။

























  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိခဲ့တဲ့ ချော်ရည် စီးဆင်းမှု ပုံစံများ

အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိခဲ့တဲ့ ချော်ရည်စီးဆင်းမှုပုံစံများအာကာသ သိပ္ပံ ပညာရပ်ရဲ့ နောက်ဆုံး တွေ့ရှိမှု တစ်ခု ဖြစ်တဲ့ အင်္ဂါ ဂြိုဟ်ပေါ်မှာ တွေ့ရှိ ခဲ့ရတဲ့ ချော်ရည်တွေရဲ့ စီးဆင်းမှု ပုံစံ မှတ်တမ်း ဓာတ်ပုံ တွေအရ ချော်ရည် တွေဟာ ပြန့်ကျဲ စီးဆင်းခြင်း မရှိဘဲ တစ်ဖက်တည်း စီးဆင်း နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလိုပုံစံမျိုးနဲ့ ချော်ရည်တွေ စီးဆင်းမှုကို အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိ ခဲ့ပြီးတဲ့ နောက်မှာ တော့ ကမ္ဘာမြေပြင်ပေါ်မှာ ရှိတဲ့ နေရာဒေသ တချို့မှာလည်း အခုလို တစ်ဖက်တည်း စီးဆင်းမှုတွေကို ထပ်မံတွေ့ရှိခဲ့ပါ တယ်။

ဒီတွေ့ရှိချက် တွေကို အရီဇိုးနား ပြည်နယ်က တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်တဲ့ အန်ဒရူးရိုင်ယန်က ၂၀၁၂ ခုနှစ် ဧပြီလထုတ် သိပ္ပံနဲ့နည်းပညာ ဂျာနယ် တစ်ခုမှာ ထုတ်ဖော်ရေး သားခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ အီလိုက်ဆီယန် မီးတောင် ကနေ ထွက်ပေါ် လာခဲ့တဲ့ ရေတွေရဲ့ စီးဆင်းမှုပုံစံနဲ့ အဲဒီမီးတောင် ကနေ ထွက်ပေါ် လာတဲ့ ချော်ရည်တွေရဲ့ စီးဆင်းမှုပုံစံက ကွဲပြားခြားနားမှု ရှိတယ်လို့ သုံးသပ် ပြောဆို ထားပါတယ်။

အမေရိကန် ရုပ်သံလိုင်း တွေမှာ ဖော်ပြခဲ့တဲ့ မီးတောင်ချော် ရည်စီးဆင်းမှုဆိုင်ရာ ပြကွက်တွေမှာ အင်္ဂါဂြိုဟ်ပေါ်က အီလိုက်ဆီယန်မီးတောင်ရဲ့ အစိတ်အပိုင်း နှစ်ခုဖြစ်တဲ့ အက်သာဘက်စ်ကာ ဗီးလပ်စ်နဲ့ ဆာဗာရက်စ်ပလက်စ်တို့ အကြောင်းကို သူအရမ်းစိတ်ဝင်စားကြောင်း သိပ္ပံနဲ့အနုပညာကောလိပ်ရဲ့ ဌာနခွဲတစ်ခု ဖြစ်တဲ့ ASU ကမ္ဘာနဲ့ အာကာသလေ့လာရေးဆိုင်ရာကောလိပ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသားအန်ဒရူးဘိုင်ယန်ကရေးသားခဲ့တာပါ။

ASU ကောလိပ်ရဲ့ ပါမောက္ခ ဖြစ်တဲ့ ဖီးလစ် ခရစ္စတီဆင်ဟာ သိပ္ပံပညာရပ်ဆိုင်ရာ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ သူက အင်္ဂါဂြိုဟ်ဟာ လက်ရှိကမ္ဘာမှာနေ ထိုင်ကြတဲ့ လူသားတွေ အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ကမ္ဘာ့အပြင်ဘက် တစ်နေရာဖြစ်ပြီး အခုလိုသူတို့ရဲ့ မီးတောင် ပေါက်ကွဲမှု အခြေ အနေ ချော်ရည် စီးဆင်းမှု အခြေအနေ တွေနဲ့ တခြားအစိတ်အပိုင်း အတော်များများကို လေ့လာနိုင်တာဟာ လူသားတွေအတွက် ဂုဏ်ယူစရာ ကောင်းတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကမ္ဘာထဲက အခြေအနေတွေနဲ့နှိုင်းယှဉ် ပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဟာဝိုင်ရီမှာ ချော်ရည်စီးဆင်းမှုတွေကို မကြာခဏ တွေ့မြင်ရ တယ်လို့ သိရပါတယ်။ အဲဒီအထဲက တစ်ချို့ချော်ရည်စီးဆင်းမှုနေရာတွေဟာ အင်္ဂါဂြိုဟ်ပေါ် မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တူညီမှု ရှိနေတာကြောင့် အနာဂတ် ကမ္ဘာသစ် တစ်ခုကို အင်္ဂါဂြိုဟ်ပေါ်မှာ ရှာဖွေဖို့ ကြံစည်နေတဲ့ လူသားတွေအတွက် လမ်းစတစ်ခုဖြစ်လာနိုင် တယ်လို့ သုံးသပ် နေကြပါတယ်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စကြာဝဠာ၏ မူလအစကို ဖော်ထုတ် ခြေရာခံမည့် IBM ကွန်ပျူတာ

IBM ကွန်ပျူတာ ကုမ္ပဏီက တီထွင်လျက်ရှိသည့် စကြာဝဠာ၏ မူလအစကို ဖော်ထုတ် ခြေရာခံနိုင်မည့် ကမ္ဘာ့ စွမ်းအင်အမြင့်ဆုံး ကွန်ပျူတာနှင့် လုပ်ဆောင်ပုံများအား သရုပ်ဖော်ထားသည်ကို တွေ့ရသည်။ IBMက တည်ဆောက်နေသော ကွန်ပျူတာသည် နေ့စဉ် အသုံးပြုနေသည့် အင်တာနက် ကွန်ရက်ကြီး တစ်ခုလုံးက ထုတ်လုပ်ပေးနေသော အချက်အလက် ပမာဏများ၏ နှစ်ဆ နီးပါးထိ တွက်ချက်ပေးနိုင်မည်ဟုဆိုသည်။










  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသခရီး နှစ် ၅၀



အာကာသထဲသွားပြီး ကမ္ဘာကိုပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန်အာကာသယာဉ်မှုး ဂျွန်ဂလင်း John Glenn ရဲ့ နှစ်၅၀အာကာသခရီးနဲ့ အမေရိကန် အာကာသလေ့လာရေးအနာဂတ် အကြောင်းကို ပြောပြပါရစေ

"အဲဒီအချိန်တုန်းက တွေ့မြင်ခံစားခဲ့ရတာတွေဟာ ဘယ်လိုမှ ပြန်ပြောပြလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ အာကာသထဲကနေ ကမ္ဘာကိုမြင်လိုက်ရတဲ့ မြင်ကွင်းမျိုးဟာ လူတွေ ဘယ်တော့မှ တွေ့ဘူးမယ်လို့ ထင်မထားကြတဲ့ မြင်ကွင်းမျိုးမို့ ခံစားခဲ့ရတဲ့ ခံစားချက်ကို ဘယ်လိုမှ ပြန်ပြောမပြနိုင်ပါဘူး"

အသက် ၉၁နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အာကာသ ယာဉ်မှုး တဦးလည်းဖြစ် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဂလင်းကပြောသွားတာပါ။ သူအာကာသထဲ ပထမဆုံးသွားပြီး ကမ္ဘာကိုပတ်ခဲ့တာ ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့မို့ အခုဆိုရင်နှစ်ပေါင်း ၅၀ရှိပါပြီ။ အာကာသခရီး အတွေ့အကြုံကို အခုလို နှစ်ပေါင်း ၅၀ကျော်မှာ ပြန်ပြောခွင့် ရတာအတွက် ပြောသူရော နားထောင်သူပါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ်။

၁၉၂၁ခုနှစ် ဂျူလိုင်လ ၁၈ရက်နေ့မှာ အိုဟိုင်းယိုပြည်နယ် Cambridge မြို့မှာ မွေးဖွားခဲ့တဲ့ ဂျွန်ဂလင်းဟာ ၁၉၄၂ခုနှစ် ရေတပ် တိုက်လေယာဉ် သင်တန်းဆင်း တဦးဖြစ်ပြီး အမေရိကန် အထက်လွှတ်တော အာကာသ သူရဲကောင်းဆု အပါအ၀င် လေသူရဲဆု အမြောက်အများ အချီးမြှင့်ခံရသူ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ F8U Crusader တိုက်လေယာဉ်မှုးအဖြစ်နဲ့ အမေရိကန်အနောက်ခြမ်း Los Angeles မြို့ကနေ အရှေ့ခြမ်းက New York မြို့အရောက် ၃နာရီ ၂၃မိနစ်နဲ့ သွားခဲ့တာမို့ ပထမဆုံး အသံထက်မြန်တဲ့ နှုံးနဲ့ အမေရိက တိုက်ကို ဖြတ်သန်းခဲ့သူပါ။

၁၉၅၉ခုနှစ်မှာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့ နာဆာရဲ့ မာကျူရီစီမံကိန်း အာကာသ ယာဉ်မှုး Project Mercury Astronaut အဖြစ်အရွေ့းခံခဲ့ရသူ ၇ဦးမှာ တဦး ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့မှာ Mercury-Atlas-6 လို့ခေါ်တဲ့ Friendship 7 အာကာသယာဉ်နဲ့ ပထမဆုံး အာကာသထဲ ပျံသန်းခဲ့တာပါ။ Florida ပြည်နယ် ကနေဒီအာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ ဒီယာဉ်နဲ့ ကမ္ဘာကို ၃ပတ်ပတ်ခဲ့ရာမှာ ပျမ်းမျှ တနာရီ မိုင် ၁၇,၅၀၀ လောက်နှုံးနဲ့ သွားခဲ့ပြီး ကနေဒီ အာကာသစခန်း အရှေ့တောင်ဘက် မိုင် ၈၀၀ လောက် အကွာက Grand Turk ကျွန်းကို အရောက် စုစုပေါင်း ၄နာရီ ၅၅မိနစ်နဲ့ ၂၃စက္ကန့် ကြာခဲ့ပါတယ်။

အာကာသ သူရဲကောင်း ဂျွန်ဂလင်းဟာ အမေရိကန် အထက်လွှတ်တော်မှာ Ohio ပြည်နယ် ကိုယ်စားပြု အမတ်အနေနဲ့ ၂၄နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ခုနှစ် အသက် ၇၇နှစ်မှာ အာကာသ လွန်းပျံယာဉ် Discovery ရဲ့ STS 95 နဲ့ အာကာသထဲ ထပ်မံသွားရောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၆နှစ် အကြာမှာ နောက်တခေါက် ထပ်သွားခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ၉ရက်ကြာခဲ့ပြီး ကမ္ဘာကို ၁၃၄ကြိမ် ပတ်ခဲ့တာမို့ မိုင်ပေါင်း ၃.၆သန်း ခရီးဖြစ်ပါတယ်။ ဒီခရီးမှာ သူဟာ အခု အာကာသစူးစမ်းလေ့လာရေးအတွက် အရေးပါတဲ့ Hubble အာကာသ မှန်ပြောင်း လွှတ်တင်မယ့် ပတ်လမ်းကြောင်းအတွက် စမ်းသပ်မှုတွေ အပါအ၀င် နာဆာရဲ့ စူးစမ်းမှု အများအပြားအတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့က နိုင်ငံတကာ အာကာသစခန်းဆီ ပျံသန်းမယ့် လွန်းပျံယာဉ်တွေ ဆက်ပြီးမထုတ်တော့ တဲ့ အတွက် စိတ်မကောင်းဖြစ်နေတဲ့ မစ္စတာ ဂလင်းက သူ့ကို ဂုဏ်ပြုတဲ့ Ohio တက္ကသိုလ်က ရွှေရတု အခန်းအနားမှာ နာဆာရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောပြပါတယ်

"နာဆာဟာ ခက်ခဲတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ အာကာသ၀န်းကျင် သုတေသနတွေ ဆက်ပြီးလုပ်နေတဲ့ အမေရိကန် သိပ္ပံပညာရှင်တွေအတွက် လိုအပ်တာ ရှိရင် ရုရှားနိုင်ငံက ဆိုယုဇ် Soyuz ယာဉ်နဲ့ တင်ပေးနေရပါတယ်"

အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ်ကို နာဆာကနေ ရပ်ဆိုင်းခဲ့ရတာမို့ အမေရိကန် အာကာသ ယာဉ်မှုးတွေဟာ အခု အာကာသစခန်းကို သွားဖို့အတွက် ရုရှားအာကာသယာဉ်ကို အားထားနေရချိန်မှာပဲ အမေရိကန်အစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေကို အာကာသထဲလွှတ်တင်မယ့် ယာဉ်တွေ တည်ဆောက်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုတွေ လုပ်နေပါတယ်။

ရွှေရတုအခမ်းအနားကျင်းပတဲ့နေ့မှာပဲ နာဆာ စီမံခန့်ခွဲရေးမှူး Charles Bolden နဲ့ အာကာသယာဉ်မှူး John Glenn တို့ဟာ နိုင်ငံတကာ အာကာသစခန်းမှာရောက်နေတဲ့ အဖွဲ့သား ၃ ယောက်နဲ့ ဗွီဒီယိုရုပ်သံက တဆင့် စကားပြောခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က အာကာသထဲကို ရောက်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ရ ပေမယ့် ခုခေတ်မှာ အာကာသထဲမှာ လေး-ငါး-ခြောက်လလောက် နေပြီး သုတေသနတွေ လုပ်နိုင်ပြီဖြစ်သလို ရုပ်ပါမြင်ပြီး စကားပြောတဲ့ကိစ္စဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။

နာဆာ အာကာသ စူးစမ်းလေ့လာရေးဌာနက လက်ရှိဆောင်ရွက်နေတာတွေကိုတော့ နာဆာ သိပ္ပံပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ ပဒေသာတင်က အခုလို ပြောပါတယ်။

“နာဆာရဲ့ လောလောဆယ်လုပ်နေတဲ့ အာကာသ သုတေသနနဲ့ အနာဂတ်မှာ လေ့လာမယ့် အစီအစဉ်တွေက တော်တော်ကို များပါတယ်။ အခုလောလောဆယ်တော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းမှာ လုပ်နေတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ စက်မှုလက်မှုနဲ့ ပတ်သက်တဲ့ဟာ၊ ဆေးပညာနဲ့ပတ်သက်တာ၊ မိုးလေဝသ၊ ဇီဝဗေဒလေ့လာရေး အကုန်လုံးပေါ့။ စကြဝဠာကို သုတေသနပြုတာကအစ အဲဒါတွေ အားလုံးကို အဓိကထားပြီးတော့ ဆောင်ရွက်နေပါတယ်။

အဲဒါအပြင် နေစကြဝဠာမှာ အင်္ဂါဂြိုဟ်နဲ့စနေဂြိုဟ်တို့ရဲ့ မိုးလေဝသ၊ ရာသီဥတု၊ ရေမြေ အနေအထား၊ ဇီဝဗေဒ၊ ဓာတုဗေဒ အသက်ရှိမှု၊ မရှိမှု အဲဒါတွေကို လူမပါတဲ့ ဒုံးပျံ အာကာသ ဂြိုဟ်တုတွေလွှတ်ပြီးတော့ လေ့လာနေပါတယ် ”

နာဆာက ဆက်ပြီး လုပ်ဆောင်မှာတွေကို ကြည့်ကြရအောင်ပါ။

“အမေရိကန်နိုင်ငံရဲ့ နာဆာ အာကာသသုတေသနစခန်းအနေနဲ့ ဘာတွေ ဆက်လုပ်ရမလဲ ဆိုတဲ့ဟာကို ၁၀ နှစ်တိုင်း၊ ၁၀ နှစ်တိုင်း သူတို့က အစီအစဉ်ထုတ်ပါတယ်။ အဲဒီအစီအစဉ်အရ ဆိုလို့ရှိရင် အခု ၂၀၁၂ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်ကတော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းမှာ ဆက်ပြီးတော့ သုတေသနမှာ မျိုးစုံလေ့လာမှာဖြစ်ပါတယ်။ ဒီ့အပြင် ဒီအာကာသ စခန်းကနေပြီး တခြားဂြိုဟ်နက္ခတ်တွေကို လေ့လာလို့ရတဲ့ ဂြိုဟ်တုတွေ ဘာတွေ၊ အဲဒီကနေပြီးတော့မှာ ပြန်ပြီး တဆင့်တင်ပေးလို့ ရဖို့အတွက် အစီအစဉ်တွေ၊ အဲဒါမျိုးတွေလည်း ရှိပါတယ်။

ဒါ့အပြင် လူမဲ့အာကာသဂြိုဟ်တုတွေကို ဆက်ပြီးတော့ လွှတ်တင်နေမှာဖြစ်ပါတယ်။ ဥပမာ- မက်ဆင်ဂျာဆိုတဲ့ လူမဲ့အာကာသယာဉ်က ဆိုလို့ရှိရင် ဗုဒ္ဓဟူးဂြိုဟ်ကို လွှတ်ထားပြီ၊ နယူးဟော်ရီဇုံ (New Horizon) ဆိုတာကတော့ ကြာသာပတေးနဲ့ ပလူတိုဂြိုဟ်ကို လေ့လာရေးအတွက်ကို လွှတ်တင်ထားတဲ့ ဂြိုဟ်တုဖြစ်ပါတယ်။ နောက် ပိုင်အိုနီးယားနဲ့ Voyager ဂြိုဟ်တုကတော့ ပလူတိုဂြိုဟ်လို့ခေါ်တဲ့ နေစကြဝဠာရဲ့ အပြင်ဆုံးဂြိုဟ်ကိုဖြတ်ပြီးတော့ အခုအချိန်မှာ နေစကြာဝဠာရဲ့ အကာနယ်ပယ်ကို ရောက်နေပြီပေါ့နော်။ ဒွန် (Dawn) ဆိုတဲ့ လူမဲ့ အာကာသယာဉ်ကတော့ Astriod Belt လို့ခေါ်တဲ့ ဥက္ကာပျံအစိုင်အခဲတွေ ပြည့်နေတဲ့ နေစကြာဝဠာအပြင်က ပတ်လမ်းကြောင်းကြီးထဲကို ရောက်တဲ့အထိ သူ့ကို လွှတ်ပြီး ဒီဥက္ကာပျံအစိုင်အခဲတွေ အနေအထားတွေ ဘယ်လို သတ္ထုတွေနဲ့ဖွဲ့စည်းထားတယ်၊ အရှိန်ဘယ်လောက်နဲ့သွားနေတယ်၊ သူတို့ရဲ့ ဓာတ်သဘာဝတွေကို လေ့လာနေတာပါ။”

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာကို ဂြိုလ်တစ်လုံးဝင်တိုက်မည်


နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာဂြိုလ်ကို အခြား ဂြိုလ်တစ်လုံး ဝင်တိုက်မိမည်ဖြစ်ကြောင်း
နက္ခတ်တာရာ ပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ကြသည်။

ယင်းတွက်ချက်မှုသည် ကွန်ပျူတာတွက်ချက်မှုပါ ပါဝင်ပေါင်းစပ်ထားပြီး၊ မည်သည့်နည်းလမ်းနှင့် ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်မှာ ကမ္ဘာပျက်သည့် အလားသဏ္ဍန် လေလား ဟု နက္ခတ်ပညာရှင်များအကြား အငြင်းပွားဖွယ် ရာများ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၁၊ နိုဝင်ဘာလ ၈ ရက်( အင်္ဂါနေ့)တွင်လည်း စကြဝဋ္ဌာအတွင်း မှ ဂြိုလ်ငယ်တစ်လုံး သည် ကမ္ဘာနှင့် အနီးဆုံး ကီလိုမီတာ သုံးသိန်းခန့်အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ဧပရယ်လတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် လောက်နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ဂြိုလ်ငယ်၏ ဖြတ်သန်းမှုသည် ကမ္ဘာသို့မည်သည့် အန္တာရယ်မှ သက်ရောက်မှု မရှိနိုင်ကြောင်း နက္ခတ်တာရာ ပညာရှင်များ က ပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသဖုန်စုပ်စက် ဆွစ်ဇာလန်ပညာရှင်များ ဖန်တီးနေ

ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။
အချင်း ၁၀ စင်တီမီတာ ထက်ကြီးသော အမှုန်အမွှား ၁၆၀၀၀ ကျော်နှင့် ယင်းထက်သေးသော အမှုန်အမွှား သန်းပေါင်းများစွာမှာ ကမ္ဘာကိုပတ်နေကြောင်း အာကာသစင်တာမှ ပါမောက္ခနှင့် အာကာသယာဉ်မှူးဖြစ်သူ ကလော်ဒီနီကိုလီယာ က သုံးသပ်သည်။

''မတူညီတဲ့ ဂြိုဟ်တုအမျိုးမျိုးကို ပတ်လမ်းထဲက ရှင်းပစ်ပေးနိုင်မဲ့ အသင့်သုံးလို့ရတဲ့စနစ်မျိုး ထုတ်လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့က ၀န်ဆောင်မှုပေးမှာပါ။ အာကာသအေဂျင်စီတွေက (အာကာသအမှိုက်) ပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းနေကြပါပြီ။ သူတို့ပို့လွှတ်မှုကဖြစ်တဲ့ အမှိုက်တွေသူတို့ ရှင်းရမှာပါ။အဲဒီနယ်ပယ်မှာ ကျွန်တော်တို့က စွန့်ဦးတီထွင်သွားမှာပါ'' ဟု အာကာသစင်တာမှ ဒါရိုက်တာဗော်လ်ကာ ဂတ်စ်ကဆိုသည်။

Ref: AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Mobile GPS System


မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ GPS System တွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်မှာ
အနည်းငယ် ပြောပြသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပက
ဖုန်းအသုံးပြုသူတွေ ကြားထဲမှာ GPS System နဲ့ပတ်သက်ပြီး အခက်အခဲတွေနဲ့
နားလည်မှု လွဲမှားခြင်းရှိနေတာ တွေ့ရလို့ပါ။ ပြည်တွင်းကို
ဝင်ရောက်လာခဲ့တဲ့ မိုဘိုင်းဖုန်းအများစုမှာ GPS စနစ်တွေ ပါဝင်ပေမယ့်
တော်တော်များများက အသုံးပြုလို့မရတာမျိုးတွေ ရှိတယ်လို့ ဆိုကြတဲ့အပြင်
နားလည် ကျွမ်းကျင်သူတွေလောက်ပဲ အသုံးပြုကြပြီး တချို့အသုံးပြုချင်သူတွေ
အနေနဲ့လည်း နားလည်မှု လွဲနေကြတာကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းတွေမှာ
ပါဝင်တဲ့ GPS စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ GPS ဆော့ဖ်ဝဲ လိုအပ်ပါတယ်။
အများစုအားဖြင့်တော့ Android OS စနစ်သုံး ဖုန်းအသုံးပြုသူ
တော်တော်များများမှာ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဖုန်းမှာ နဂိုကတည်းက
ပါဝင်တဲ့ GPS စနစ်ဟာ GPS စနစ်ကို အသုံးပြုနိုင်ဖို့အတွက် Hardware
စနစ်ပိုင်းနဲ့ Function စနစ်ပိုင်းအနေနဲ့ပဲ ပါဝင်တာဖြစ်ပါတယ်။
ဒါကဖုန်းရဲ့ Setting ထဲမှာပါဝင်တဲ့ GPS စနစ်ပါ။ ဒါတွေကတော့ GPS Satellite
တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပါဝင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။



ဖုန်းထဲမှာ ပါဝင်တဲ့ GPS Satellite ဆိုတဲ့နေရာမှာ ON လုပ်လိုက်ရုံလေးနဲ့
အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဒါကိုတော့ သိထားသင့်ပါတယ်။ GPS စနစ်ကို
အသုံးပြုချင်တယ် ဆိုရင်တော့ GPS စနစ်ကို အသုံးပြုနိုင်တဲ့ Garmin
လိုမျိုး GPS ဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
ဒီလိုမျိုး အသုံးပြုနိုင်တဲ့ တခြား GPS ဆော့ဖ်ဝဲတွေ အများကြီး
ရှိပါသေးတယ်။ ဒီလိုမျိုး ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုမှပဲ ရမှာပါ။
ဖုန်းထဲမှာ ပါဝင်တဲ့ GPS စနစ်ကို ဖွင့်လိုက်ပြီး ထည့်သွင်းထားတဲ့ GPS
ဆော့ဖ်ဝဲထဲမှာ အသုံးပြုရတာမျိုးပါ။ ဒါ့အပြင် နောက်ထပ် လိုအပ်တာတွေ
ရှိနေပါသေးတယ်။ အဲဒါတွေကတော့ GPS စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်မယ့်
မြေပုံစနစ်တွေ လိုအပ်ပါသေးတယ်။ ကိုယ်အသုံးပြုမယ့် နေရာဒေသတွေရဲ့
မြေပုံတွေ လိုအပ်ပါသေးတယ်။ ဒါတွေကတော့ အွန်လိုင်းကနေ ကိုယ်တိုင် Download
ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ ဝင်ရောက်လာခဲ့တဲ့ တချို့
နည်းပညာမြင့် ဖုန်းတွေမှာဆိုရင်တော့ တချို့ဖုန်းတွေက GPS စနစ်အတွက်
ဆော့ဖ်ဝဲစနစ်တွေကိုပါ တစ်ခါတည်း ထည့်သွင်း ပေးထားတာမျိုးတွေလည်း
ရှိပါတယ်။ အဲဒီလို ဖုန်းမျိုးတွေမှာ ဆိုရင်တော့ ဘာမှထပ်မံ ထည့်သွင်းစရာ
မလိုအပ်ပဲနဲ့ ကိုယ်အသုံးပြုမယ့် မြေပုံကို ထည့်သွင်းပြီး တိုက်ရိုက်
အသုံးပြုနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Facebook တွင် ကစားနိုင်မည့်ဂိမ်း NASA လွှင့်တင်

ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoff ဂိမ်းကို NASAက ဖန်တီးခဲ့ခြင်းဖြစ်

Facebook တွင် ကစားနိုင်မည့်ဂိမ်း NASA လွှင့်တင်

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က Facebookတွင် လူအများ ကစားနိုင်မည့် ဂိမ်းတစ်ခုကို လွှင့်တင် ပေးလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoffဂိမ်းကို NASAက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိမ်းသည် ကစားသူများက အာကာသဆိုင်ရာ ဗဟုသတုကို ဆန်းစစ် မေးခွန်းထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းဂိမ်းကို ကစားသူများသည် တစ်ဦးချင်း မိမိ၏ အသိပညာကို လေ့လာနိုင်သလို အခြားသူများနှင့်လည်း အပျော်သဘော ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် “အာကာသထဲ လမ်းလျှောက်တဲ့ ပထမဆုံး အမေရိကန်က ဘယ်သူလဲ”၊ “အရည်လောင်စာသုံး ဒုံးကျည်ကို ပထမဆုံး လွှတ်တင်တာ ဘယ်သူလဲ”အစရှိသည့် ဥာဏ်စမ်း မေးခွန်းများ ပါဝင်မည်ဖြစ်သည်။

NASA၏ သမိုင်းနှင့် သုတေသန ဌာနက Facebookကို အသုံးချကာ အာကာဆိုင်ရာ အသိပညာ ဗဟုသုတ ဖြန့်ဖြူးရန်အတွက် Space Race Blastoffကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း NASA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ NASAသည် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ဝေရန်အတွက် Facebookနှင့် Twitterစသည့် Social Network ၀န်ဆောင်မှုများကို ယခင်ကတည်း မှီခိုခဲ့သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...