Powered by Blogger.
RSS

အာကာသကာကွယ်ရေးစနစ် တရုတ်စစ်တပ်တည်ဆောက်နေ

http://www.planet.com.mm/news/newsimg/March08/china250.jpg

တရုတ်နိုင်ငံသည်အကျပ်အတည်း အချိန်အတွင်းဖြစ်ပွားလာနိုင်သော ပြိုင်ဆိုင်မှုများတွင် ဂြိုဟ်တုအသုံးပြုမှုကို တားဆီးရန် (သို့)ထိန်းချုပ်ရန်နည်းပညာကိုပြုလုပ်နေ ကြောင်းဖြင့် ကွန်ကရက်သို့တင်ပြနေသော အစီရင်ခံစာတွင် ပင်တဂွန်ကရေးသားဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာထဲတွင် အာကာသစစ်ပွဲအတွက်ကြိုးစားနေခြင်းကို တရုတ်နိုင်ငံက စစ်အင်အားတိုးတက်မှုအတွက်လက်တွေ့ကျသောနည်းလမ်းတစ်ခု အဖြစ်သာမက အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်ရန်ပင်ဟုရှုမြင်နေသည်ဟုဖော်ပြ ထားသည်။ တရုတ်စစ်အင်အားတိုးချဲ့ သည့် ထိုင်ဝမ်လွတ်လပ်ရေးကိုတားဆီးရန် အဓိကဖြစ်ပြီးအာကာသစစ်ပွဲကိုတရုတ်အာရုံစိုက်နေသည်မှာလည်း ထိုင်ဝမ်နည်းပညာ ၏တစ်စိတ်တစ်ဒေသဖြစ်သည်။

တရုတ်နိုင်ငံသည် ပင်တဂွန်၏စစ်ရေးအစီစဉ်များနှင့် မူဝါဒများကိုအမြဲတမ်းလိုလို ဝေဖန်လေ့ရှိသည်။ အရှေ့အာရှဒုလက်ထောက်ကာကွယ်ရေးဝန်ကြီးဒေးဗစ်ဆစ္စ ဒနီက တရုတ်နိုင်ငံသည်ယခုနှစ်အစီရင်ခံစာကို အချက်အလက်မှားတရုတ်ဆန့်ကျင်ရေးအစီရင်ခံစာဟု ဝေဖန်ပြောဆိုလိမ့်မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သို့သော်အမေရိကန်နှင့်တရုတ်တာဝန်ရှိသူ များသည်အဆိုပါအစီရင်ခံစာအကြောင်း ကိုပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။ ထို့ပြင်ဝါရှင်တန်ရှိတ ရုတ်စစ်သံအရာရှိများကိုလည်းအစီရင်ခံစာကို ဖတ်ပြခဲ့ပြီးဖြစ်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...