Powered by Blogger.
RSS

ကမ္ဘာနှင့် နေအကြားသို့ လမှလမ်းကြောင်းတည့်မတ်စွာ ၀င်ရောက်ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်သော နေကြတ်သည့်ဖြစ်စဉ် ဇွန်လ၂ရက်နေ့၌ ဖြစ်ပေါ်မည်

63512
ကမ္ဘာနှင့် နေအကြားသို့ လမှလမ်းကြောင်း တည့်မတ်စွာ ၀င်ရောက် ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်

ကမ္ဘာနှင့်နေအကြားသို့ လမှ လမ်းကြောင်း တည့်မတ်စွာ ၀င်ရောက် ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်သော နေကြတ်မှုဖြစ်စဉ် ဇွန်လ၂ ရက်နေ့ ၌ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာ ရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိပါသည်။

နေကြတ်မှု ဖြစ်စဉ်များတွင် တစ်စိတ်တစ်ပိုင်း ကြတ်သည့်ဖြစ်စဉ်၊ အပြည့်ကြတ်သည့်ဖြစ်စဉ်နှင့် အရစ် ကြတ်ဖြစ်စဉ်ဟူ၍ သုံးမျိုးရှိကာယခု ဖြစ်ပေါ်မည့် ဖြစ်စဉ်မှာမူ တစ်စိတ်တစ်ပိုင်း ကြတ်မည့်ဖြစ်စဉ် ဖြစ်ကြောင်းသိ ရသည်။ ထို့အပြင် နေကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် နှစ်ကြိမ်သာဖြစ်လေ့ရှိပြီး ယခုနှစ်တွင်မူ လေးကြိမ်ဖြစ် ပေါ်မည်ဖြစ်သည်။ အဆိုပါနေကြတ်မှုဖြစ်စဉ် လေးကြိမ်ဖြစ်ပေါ်မည့်အနက် ယခုနှစ်၏ ပထမဆုံးအကြိမ် နေကြတ်မှုသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီး ယခုဖြစ်ပေါ်မည့် နေကြတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ကာ တတိယအကြိမ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့နှင့် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်မည့် တစ်စိတ်တစ်ပိုင်း နေကြတ်မှုဖြစ်စဉ်သည် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၅၄ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၁၃၅ ဒီဂရီ ၀၃ မိနစ်နှင့် မြောက်လတ္တီတွဒ် ၄၄ ဒီဂရီ ၂၂ မိနစ်အတွင်း ရှိဂျပန်နိုင်ငံမြောက်ဘက်အနီးတွင် စတင်ဖြစ်ပေါ်မည်ဖြစ်ကာ မြန်မာ စံတော်ချိန်မွန်းလွဲ ၃ နာရီ ၈ မိနစ်၌ အရှေ့လောင်ဂျီတွဒ် ၄၆ ဒီဂရီ၊ ၄၈ မိနစ်နှင့် မြောက်လတီတွဒ် ၆၈ ဒီဂရီ ၁၁ မိနစ်တွင်ရုရှားနိုင်ငံ၌ ဖမ်းလယ် ဖြစ်ပေါ်ပြီး နောက်မြန်မာစံတော်ချိန် ၅ နာရီ ၃၆ မိနစ်တွင်အနောက် လောင်ဂျီတွဒ် ၅၀ ဒီဂရီ ၁၉ မိနစ်နှင့် မြောက်လတ္တီတွဒ် ၄၈ ဒီဂရီ၂၄ မိနစ် ၌ ဂရင်းလန်းဒေသတွင် အဆိုပါနေ ကြတ်မှုဖြစ်စဉ် ပြီးဆုံးမည်ဖြစ်သည်။

သို့ရာတွင် အဆိုပါနေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှမြင်တွေ့ခွင့် မရနိုင်ဘဲ အရှေ့အာရှ၊မြောက်ပစိဖိတ် နှင့်မြောက်အမေရိက ဒေသ၊ အိုက်စလန်းဒေသတို့မှ မြင်တွေ့နိုင်သည်။

နေကြတ်မှု ဖြစ်စဉ်များတိုင်းကို ရံဖန်ရံခါမှ မြင်တွေ့ခွင့်ရရှိလေ့ရှိပြီး ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက် နေ့ကဖြစ်ပေါ်ခဲ့သော နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှနောက်ဆုံး မြင်တွေ့ခဲ့ရကာ နောက်တစ်ကြိမ် မြင် တွေ့ရနိုင်မှုကို ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်ရောက်မှသာ ထပ်မံမြင်တွေ့ ရမည်ဖြစ်ကြောင်း သိရပါသည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လနှင့် ဂြိုဟ်သုံးလုံး ရန်ကုန်မြို့ပေါ် ဖြတ်သန်းခြင်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့ တွင်းသစ် တူးဖော်ရရှိနိုင်

၂၀၁၁ ခုနှစ်၊ မေလ ၃၀ ရက်တွင် တနင်္လာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်များ ရန်ကုန်မြို့ပေါ်က ဖြတ်သန်းသွားမည် ဖြစ်ခြင်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့နှင့် ပတ်သတ်၍ တွင်းသစ် တူးဖော် ရရှိနိုင်ကြောင်း နက္ခတ်သိပ္ပံ အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ၁၈-၅-၂၀၁၁ ရက်တွင် ပြောသည်။ ထို့ပြင် လာမည့် မေလ ၂၉၊ ၃၀ နှင့် ၃၁ ရက်များတွင် လနှင့် အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ သောကြာဂြိုဟ်များ နီးကပ်စွာ ရပ်တည်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခုကို ကြည့်ရှုနိုင်ရန် ကမ္ဘာ့နက္ခတ် ပညာရှင်များက သတင်းထုတ်ပြန် ပေးထားကြောင်း သိရသည်။ ကောင်းကင်မှ ဂြိုဟ်များကို လွယ်လွယ်ကူကူ လေ့လာနိုင်ရန် ရည်ရွယ်၍ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် နက္ခတ်တာရာ ထိပ်သီး အစည်းအဝေးတွင် နက္ခတ်ပညာရှင်များက သတင်း ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ နက္ခတ်သိပ္ပံ အဖွဲ့က မေ ၁ ရက်ကစပြီး သတင်းထုတ်ပြန် ပေးခဲ့တာ။ အခုဖြစ်စဉ်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတာ လနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ် သုံးလုံးက ရန်ကုန်မြို့ပေါ်ကနေ ဖြတ်သန်းဖို့ ရှိတယ်။ မေ ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်မှာ တနင်္လာဂြိုဟ်က ရန်ကုန်မြို့ပေါ်ကို ဖြတ်သန်းမယ်။ နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ အင်္ဂါဂြိုဟ်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်မှာ သောကြာဂြိုဟ်နဲ့ နံနက် ၁၁ နာရီိမှာ ဗုဒ္ဓဟူးဂြိုဟ် ဖြတ်သန်းဖို့ ရှိတယ်။ ဒီဖြစ်စဉ်က နှစ်အများကြီးကြာမှ ဖြစ်တတ်တယ်။ လနဲ့ ဂြိုဟ်သုံးလုံး ရန်ကုန်မြို့ပေါ်က ဖြတ်သန်းသွားတဲ့အတွက် မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း အောက်ဘက်ပိုင်းမှာ ရေနံ သဘာဝ ဓာတ်ငွေ့နဲ့ ပတ်သတ်ပြီး တွင်းအသစ် တူးဖော်ရရှိတာ၊ တူးဖော်ထားတဲ့ တွင်းတွေမှာ အထွက်နှုန်း ပိုမို ကောင်းမွန်လာတာ တွေ့ကြုံရမယ်” ဟု ၎င်းက ပြောသည်။

နက္ခတ်ပညာအရ တနင်္လာဂြိုဟ် လနှင့် အင်္ဂါ၊ ကြာသပတေး၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ်များ ပူးသည့်အခါ ဂြိုဟ်များ၏ အင်အား ပိုပြီး တိုးတက်ဖြစ်ထွန်း ကောင်းမွန်သည် ဆိုသော ဥပဒေ ချမှတ် ပြဋ္ဌာန်းထားကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်ကို နက္ခတ်အခေါ်အားဖြင့် သမာဂမ ဖြစ်စဉ်ဟု ခေါ်ကြောင်း သိရသည်။ မေလ ၂၉ ရက်တွင် လနှင့် ကြာသပတေးဂြိုဟ် ပူးခြင်း ဖြစ်စဉ်သည် မြန်မာစံတော်ချိန် ည ၉ နာရီ ၀၂ မိနစ်တွင် ဖြစ်ပေါ်ပြီး မေ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၃၄ မိနစ်တွင် လနှင့် အင်္ဂါဂြိုဟ်ပူးခြင်း၊ မေ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၃ မိနစ်တွင် လနှင့် သောကြာဂြိုဟ် ပူးခြင်း၊ မေ ၃၁ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၄၄ မိနစ်တွင် လနှင့် ဗုဒ္ဓဟူးဂြိုဟ် ပူးခြင်း ဖြစ်ပေါ်မည်ဟု သိရသည်။

“လနဲ့ ဂြိုဟ်ပူးတဲ့ အနေအထားကြောင့် ဂြိုဟ်တွေပူးတဲ့ ကာလ မေ ၂၉ ရက်ကနေ ဇွန် ၃ ရက်အတွင်း ကမ္ဘာမှာ ငလျင် ဖြစ်ပေါ်နိုင်တယ်။ ဖြစ်စဉ်ဖြစ်နေတဲ့ အချိန်က အင်္ဂါဂြိုဟ်အနေနဲ့ ကမ္ဘာနဲ့ အဝေးဆုံး ရောက်နေတဲ့အတွက် ကြီးကြီးမားမား မဖြစ်ပေါ်နိုင်ဘူးလို့ သုံးသပ်တယ်။ ဒီဂြိုဟ်ပူး ဖြစ်စဉ်တွေမှာ အားအကောင်းဆုံး လနဲ့ အင်္ဂါဂြိုဟ် ပူးတဲ့ဖြစ်စဉ်က ယိုင်ထောင့် ၃ ဒသမ ၃၈ ဒီဂရီမှာ ဖြစ်တဲ့အတွက် ငလျင် ဖြစ်ပေါ်ပေမယ့် ပြင်းပြင်းထန်ထန် မဖြစ်ပေါ်နိုင်ဘူး။ သတိပြုထားရမယ့် နိုင်ငံတွေက အမေရိကန်၊ မက္ကဆီကို။ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပေါ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Source: Pyi Myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လမျက်နှာပြင်၌ ကြေးနီ ရောင်သန်းမှု


မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများရှိ အများပြည်သူ စားဝတ်နေရေး ပြေလည်မှု ဖြစ်ပေါ်စေနိုင်သည့် လအပြည့်ကြတ်မှု ဖြစ်စဉ် ဇွန် လ ၁၆ ရက်နေ့၌ ဖြစ်ပေါ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လအပြည့်ကြတ်မှုဖြစ် စဉ်သည် ဇွန်လ ၁၅ ရက်နေ့ ညဥ့်သန်းခေါင်ကျော် အပြီး ဇွန်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၀ နာရီ ၅၆ မိနစ်၌ စတင်ဖြစ်ပေါ်မည်ဖြစ်ပြီး နံနက် ၂ နာရီ ၄၃ မိနစ် တွင် ဖမ်း လယ်ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၄နာရီ ၃၂ မိနစ်တွင် လကြတ်မှုပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

လကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင်နှစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး အပြည့်ကြတ်ဖြစ်စဉ်၊ တစ်စိတ်တစ် ပိုင်းကြတ်ဖြစ်စဉ်နှင့် အရိပ်ဖျော့ဖြစ် စဉ်ဟူ၍သုံးမျိုးရှိကာ လအပြည့် ကြတ်မှုဖြစ်စဉ်ကို အရပ်အခေါ်အဝေါ် အရ လငပုတ်ဖမ်းသည်ဟုလည်း ခေါ်ဆိုကြသည်။

ဇွန်လ၁၆ ရက်နေ့တွင် ဖြစ်ပေါ်မည့် လအပြည့်ကြတ်မှုဖြစ်စဉ်သည် ယခုနှစ်၏ ပထမဆုံးအကြိမ် ဖြစ်ပေါ် မည့် လကြတ်မှုဖြစ်စဉ်ဖြစ်ပြီး ၎င်းဖြစ်စဉ်ပြီးပါက ဒီဇင်ဘာလ ၁၀ ရက်နေ့ မှသာ ထပ်မံဖြစ်ပေါ်မည်ဖြစ်သည်။

ယခုဖြစ်ပေါ်မည့် လကြတ်မှုဖြစ်စဉ်ကို ကြည့်မည်ဆိုပါက ဇွန်လ ၁၅ ရက်နေ့ သန်းခေါင်ကျော်ပြီး ဇွန်လ ၁၆ ရက်နေ့မြန်မာစံတော်ချိန် သန်းလွဲ ၀၀ နာရီ ၅၆ မိနစ်၌ အနောက်ဘက်အရပ်မှ စတင်ကာလ၏ မျက်နှာပြင်အား အရိပ်မည်းလွှမ်းခြုံကာ နံနက် ၁နာရီ ၅၃မိနစ်တွင်လ၏ မျက်နှာပြင်တစ်ခုလုံးသည် တဖြည်းဖြည်း ကြေးနီရောင် သန်းလာမည်ဖြစ်သည်။ ထို့အပြင် နံနက် ၂ နာရီ ၄၃ မိနစ် တွင်လည်း လမျက်နှာပြင်၌ ကြေးနီ ရောင်သန်းမှု ပိုထူလာကာနံနက် ၃ နာရီ ၃၃ မိနစ်တွင် အနောက်အရပ်မှ စတင်ကာ လ၏၀င်းပသည့်အလင်း ရောင်အားစတင်တွေ့ရာမှ နံနက် ၄ နာရီ ၃၂မိနစ်၌ လုံးဝဖြူစင်သွားသည့် လရောင်ကို တွေ့ရမည်ဖြစ်ကြောင်း သိရသည်။လကြတ်သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး လ၏ ဆုတ်ခွာချိန်ကို ကြည့်ကာ ရှေးမြန်မာ့နက္ခတ်ပညာ ရှင်များက အန်သည်(သို့)ယိုသည် ဟု ဆုံးဖြတ်ကြကြောင်း သိရသည်။

“မျက်မှောက်ခေတ် နည်းပညာကြောင့် လကြတ်တာကို ရှေးခေတ်တုန်းကလို အစအဆုံး ထိုင်ကြည့်စရာ မလိုတော့ဘဲ ကြိုတင်သုံးသပ်တဲ့စနစ်တွေနဲ့ တွက်ချက်နိုင်ပါပြီ။ အခုဖြစ် စဉ်မှာ လမင်းက အရှေ့ဘက်အရပ်ကို ပြန်ဆုတ်သွားပြီး အနောက်ဘက် မိုးကောင်းကင်အလွန်မှာ စကြတ်ပါတယ်။ ပြီးတော့ အနောက်ဘက် မိုးကောင်းကင်မှာပဲ ပြီးဆုံးတာဖြစ်တဲ့အတွက် အန်တဲ့ဖြစ်စဉ်လို့ သတ်မှတ်နိုင်ပါတယ်။

အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေမှာ အများပြည်သူ စားဝတ်နေရေးအဆင်ပြေ ချောင်လည် စေနိုင်ပါတယ်”ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ရှင်းပြပါသည်။

တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်သည့် လကြတ်မှုနှစ်လုံး အပြည့်ကြတ်မှု ဖြစ်စဉ်သည် နှစ်ပေါင်း များစွာကြာမှ ဖြစ်ပေါ်လေ့ရှိမှုကြောင့် ယင်းဖြစ်စဉ်ကိုပြီးခဲ့သည့် ၁၉၈၆ ခု နှစ်ဧပြီလ ၂၄ ရက်နေ့နှင့် အောက်တိုဘာလ ၁၈ ရက်နေ့က ကြုံတွေ့ခဲ့ ရပြီး လာမည့် ၂၀၁၈ ဇန်န၀ါရီ လ ၃၁ ရက်နေ့နှင့် ဇူလိုင်လ၂၇ရက်နေ့မှ သာ ထပ်မံကြုံတွေ့ရမည် ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

China အာကာသစခန်းများ

1970 ဧပြီ 24 ရက်နေ့ မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အာကာသထဲကို ဂြိုဟ်တု ပစ်တင်နိုင်တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာခဲ့ ပါတယ်။ ဂြိုဟ်တုရဲ့ အမည်ကတော့ Mao-1 ဖြစ်ပီး Lnog March 1 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ထိုဒုံးပျံကို ကျူကွမ်း အာကာသစခန်းကနေလွှတ်တင်ခဲ့ တာဖြစ်ပီး ယခုဆိုရင် တရုတ်ပြည် မှာ အာကာသစခန်း သုံးခုရှိနေပီဖြစ်ပါတယ်။

Jiuquan အာကာသစခန်း(Latitude 40.6o N Longitude 99.9o E)

ကျူကွမ်းအာကာသစခန်း ဟာ မွန်ဂိုလီးယားနယ်စပ်၊ ဂိုဘီသဲကန္တာရ အနီးက ကျူကွမ်းမြို့ မှာတည် ဆောက်ထားတာဖြစ်ပီး မြို့ တော်ပီကင်းကနေပြီး မိုင် 1000ခန့်ကွာဝေးပါတယ်။ ၄င်း ဟာတရုတ်နိုင်ငံရဲ့ ပထမ ဦးဆုံး အာကာသစခန်းဖြစ်ပီး မီတာ 50 မြင့်တဲ့ ပစ်လွှတ်စင်တွေ ကို ပိုင်ဆိုင်ထားပါတယ်။ ယင်း အာကာစခန်းဟာ အရှေ့ တောင်ဘက် 57 မှ 70 ဒီဂရီကြားထဲ သို့ ပစ်လွှတ်နိုင်ခြင်းမရှိပါဘူး။ မွန်ဂိုလီးယားနှင့် ရှရုနိုင်ငံ အတွင်း သို့ ဒုံးပျံ ကျရောက်နိုင် တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Long March ဒုံးပျံတွေ အပြင်လေထုတိုင်းတာရေး ဂြိုဟ်တုတွေ၊ မိုးလေ၀သ ဂြိုဟ်တုတွေကို ပစ်လွှတ်နေတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ လွင်ပြင်ဒေသအနီးမှာ တည်ဆောက်ထားတဲ့အတွက်ကြောင့် အခြားအာကာသစခန်းများမှအာကာသယာဉ်များ ဆင်းသက်နိုင်သလို နေထွက်တဲ့ရှုခင်းဟာလဲလှပပြီး နာမည်ကျော်ကြားပါတယ်။ 2003 အောက်တိုဘာ 15 ရက်နေ့ မှာ အာကာသယာဉ်မှုး ယန်လီဝေ ( Yan Lewai) လိုက်ပါတဲ့ ရှန်ဇူး 5 အာကာသယာဉ်ကို Long March 2F ဒုံးပျံဖြင့် လွှတ်တင်နိုင်ခဲ့ ပြီး တရုတ်နိုင်ငံ ဟာတတိယမြောက် အာကာသထဲကို လူလွှတ်တင် နိုင်တဲ့ နိုင်ငံ အဖြစ်ရောက်ရှိလာခဲ့ ပါတယ်။


Xichang အာကာသစခန်း(Latitude 28.25o N Longitude 102.0o E)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ သူတို့ရဲ့ချန်ကျန်း (Changzheng) ဒုံးပျံတွေ ကိုပစ်လွှတ်ဖို့ အာကာသစခန်းသုံးခုရှိပြီး ဇီကျန်း အာကာသစခန်းဟာ အကြီးဆုံးဖြစ်ပါတယ်။ ထိုအာကာသစခန်းဟာ တစ်ခြားစခန်းနှစ်ခုထက်ပိုကောင်းတဲ့ တည်နေရာမှာတည်ရှိပြီးတော့ ပိုမိုကောင်းမွန်တဲ့ပတ်လမ်းထဲ ကိုပစ်လွှတ်နိုင်ပါတယ်။ တရုတ်ပြည်တောင်ပိုင်း စီချွမ် (Sichuan) ပြည်နယ်ကတောင်နှစ်လုံးကြားမှာ တည်ရှိပါတယ်။ ဒုံးပျံပစ်လွှတ်စင်တွေအပြင် အာကာသယဉ်တင်ဆောင်နိုင်တဲ့ 76 မီတာ မြင့်တဲ့ ပစ်စင် အကြီးစားနှစ်ခုလဲပါရှိပါတယ်။ လက်ရှိတရုတ်ရဲ့ Long March ဒုံးပျံတွေကို ပစ်လွှတ်နေတဲ့နေရာဖြစ်ပြီး1984 ခုနှစ်မှာပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ သူ့၏အကြီးဆုံးအားနည်းချက်ကတော့ လူဦးရေ ထူထပ်တဲ့နေရာတွေကိုဖြတ်သန်း ပစ်လွှတ်ရတာဖြစ်ပြီး 1996 က ပျက်ကျခဲ့ တဲ့  Long March 3 ဒုံးပျံကြောင့် 6 ယောက်သေပြီး 57 ယောက်ဒဏ်ရာရရှိခဲ့ ပါတယ်။ အလားတူ 1995 တုန်းကလဲ Long March 2E ဒုံးပျံ ပေါက်ကွဲခဲ့ တဲ့ အတွက် အစအနတွေ ဟာ ငါးမိုင်အကွာက ရွာကိုကျရောက်ခဲ့ ပြီးခြောက်ယောက် သေဆုံးကာ 23 ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။


Taiyuan အာကာသစခန်း (Latitude 37.5o N Longitude 112.6o E)

တိုင်ယွမ် အာကာသစခန်းဟာ ကျူကွမ်း အာကာသစခန်းကနေ ပစ်လွှတ်ဖို့ ကြီးလွန်းတဲ့  အာကာသဒုံးပျံတွေကို ပစ်လွှတ်တဲ့နေရာ တစ်ခုဖြစ်ပြီး ၀ူဇီ ပြည်နယ်မှာတည်ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဖက်ဆက်တည်ဆောက်ထားတာဖြစ်ပြီး ထောက်လှမ်းရေး၊ လေ့လာရေး ဂြိုဟ်တုတွေကို ၀င်ရိုးစွန်းပတ် လမ်းတွေကို ပစ်လွှတ်နေတဲ့  စခန်းတစ်ခု ဖြစ်ပါတယ်။ 1990 ခုနှစ်မှာအမေရိကန်ရဲ့ နာမည်ကျော် Iriidum constellartion satellite တွေကိုပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသသိပံ္ပပညာဘယ်သူသာ ( မာယန် Mayan & Nasa နာဆာ )

ယနေ့စကြာဝဠာ၏ သက်တမ်းသည် နှစ်သန်းထောင်ပေါင်း(၁၃.၇၅)သန်းရှိပြီဖြစ်သည်။ ယနေ့သိပ္ပံပညာသည် အတိုင်းအတာတစ်ခုထိ အဆင့်မြင့်မားမှုရှိသော်လည်း အာကာသနက္ခတ်သိပံ္ပတွင် ရှာဖွေတွေ့ရှိမှုများသည် ယခင်ရှေးဟောင်းလူမျိုးစု ပညာရှင်တို့ ချန်ထားရစ်သော အာကာသ သိပ္ပံပညာလေ့လာတွေ့ ရှိချက်ချက်များ နှင့်စာလျှင် အဆင့်နိမ့်နေပေသေးသည်။ ကျွန်ုပ်တို့ ကမ္ဘာပါဝင်သော နေလှည့်လည်မှုစနစ်တွင် ပါဝင်သည့် ဂြိုဟ်များအနက် ယူရေးနပ်စ်(Uranus) ဂြိုဟ်ကို ၁၇၈၁-ခုနှစ်၊ နက်ပကျွန်း ဂြိုဟ်ကို ၁၈၄၆-ခုနှစ်၊ ပလူတို(Pluto) ဂြိုဟ်ကို ၁၉၃၀-ခုနှစ်၊ ယခု အငြင်းပွားနေကြသည့် ဂြိုဟ်(၁၀)(Planet X) ဟု ယူဆကြသည့် အီရစ်(Eris)ဂြိုဟ် အသေးအမွှားကို ၂၀၀၃-ခုနှစ်မှ ရှာဖွေ တွေ့ရှိခဲ့ကြပြီး ရှေးဟောင်းလူမျိုးစုများဖြစ်သည့် ဆူမေးနီးယန်း(Sumenian) နှင့် မာယန်(Mayan)တို့က လွန်ခဲ့သောနှစ်(၂၀၀၀) မှ (၆၀၀၀)အတွင်းကပင် ယင်းဂြိုဟ်များ တည်ရှိကြောင်းနှင့် လှည့်လည်သွားလာမှုများ၊ အကျိုးသက်ရောက်မှုများကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြသည်။ ယနေ့ အာကာသ သိပံ္ပပညာရှင်များ အနေဖြင့် စကြာဝဠာအားလေ့လာရာတွင် လိုက်မမီသော၊ မသိနားမလည်သော ၊ မတွေ့ရှိသေးသောလျှို့ဝှက်နက်နဲသော အကြောင်းအရာ အများအပြား ရှိနေသေးကြောင်း ၀န်ခံထားပြီး ဆက်လက်၍ လေ့လာ စူးစမ်း နေကြဆဲဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၁၆ တွင် စက်ရုပ်အာကာသယာဉ် NASA လွှတ်တင်မည်


အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က (၂၀၁၆)ခုနှစ်တွင် ဥက္ကာပျံတစ်ခုသို့ စက်ရုပ်အာကာသယာဉ်တစ်စင်း လွှတ်တင်မည်ဟု အတည်ပြု ပြောကြားခဲ့သည်။ ဒေါ်လာ သန်း(၈၀၀) ကုန်ကျမည့် စီမံကိန်းကို မေလ(၂၅)ရက်နေ့တွင် NASAက ထုတ်ပြန်ကြေညာခဲ့ပြီး စက်ရုပ်လက်တံများ တပ်ဆင်ထားသည့် စက်ရုပ်အာကာသယာဉ် ဥက္ကာပျံတစ်ခုစီ လွှတ်တင်ကာ ဥက္ကာပျံ၏ မြေသားနမူနာများ ရယူစေမည်ဟု ဖော်ပြခဲ့သည်။ အာကာသယာဉ် လွှတ်တင်မှုကို (၂၀၁၆)တွင် ပြုလုပ်ဖြစ်မည်ဟု ခန့်မှန်းထားသည်။ 1999 RQ36ဟု အမည်ပေးထားသော ဥက္ကာပျံသို့ အဆိုပါ အာကာသယာဉ်ကို လွှတ်တင်မည်ဖြစ်ပြီး (၂၀၂၀)ပြည့်နှစ်တွင် ဥက္ကာပျံပေါ် ဆင်းသက်နိုင်မည်ဖြစ်သည်။ အာကာသာယာဉ်သည် (၂၀၂၃)ခုနှစ်တွင် ကမ္ဘာမြေသို့ ပြန်လက်ရောက်ရှိလာမည်ဟု ပညာရှင်များက ခန့်မျန်းထားသည်။ “သမ္မတ ဘာရတ်အိုဘားမားက ကျွန်တော်တို့အနေနဲ့ ကမ္ဘာပတ်လမ်းရဲ့ အပြင်ကိုထွက်ပြီး စကြာဝဠာထဲထိ နက်နက်ရှိုင်းရှိုင်း လေ့လာမှုတွေလုပ်ဖို့ အကြံပေး တိုက်တွန်းခဲ့ပါတယ်”ဟု NASAအုပ်ချုပ်ရေးမှူး ချာလီဘော်လ်ဒန်ကဆိုသည်။ ယခုစီမံကိန်းသည် စက်ရုပ်စီမံကိန်း တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး NASA၏ ထူးခြားပြောင်မြောက်သော ခြေလှမ်းတစ်ခု ဖြစ်လာရန် မျှော်လင့်ကြောင်း ဘော်လ်ဒန်ကဆိုသည်။ အာကာသယာဉ်သည် ကမ္ဘာ့လေထုထဲ ခြောက်နာရီ ပျံသန်းပြီးနောက် လွန်းပျံCapsuleထဲ ထည့်ထားသည့် စက်ရုပ်ယာဉ်ကို တွန်းလွှတ်ပေးလိုက်မည်ဖြစ်သည်။ ယခုလေ့လာမည့် ဥက္ကာပျံသည် သက်တမ်းနှစ်ပေါင်း (၄.၅)ဘီလျံမျှ ရှိနေပြီဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ ယင်းကို လေ့လာခြင်းဖြင့် မူရင်းပဲ့ထွက်လာသည့် နေ (သို့မဟုတ်) ဂြိုဟ်နှင့်ပတ်သက်ပြီး အထောက်အထားများ ရရှိမည်ဟု NASAမှ သုတေသီများက ယုံကြည်မျှော်လင့်နေကြောင်း သိရှိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂျပန် အာကာသစခန်းများ

ကာဂိုရှီးမား အာကာသစခန်း(Latitude 31.2o N Longitude 131.1o E)

1970 ဖေဖော်ဝါရီ 11 ရက်နေ့ မှာ အိုဆုမိ (Ohsumi) လို့ ခေါ်တဲံ့ဂြိုဟ်တုကို လမ်ဗ်ဒါ ( Lumbda) ဒုံးပျံဖြင့် ပစ်လွှတ်ပြီးဂျပန်နိုင်ငံဟာ စတုတ္ထမြောက် အာကာသထဲကို ဒုံးပျံပစ်လွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အားထားရတဲ့ ထိုအာကာသစခန်းဟာ ပစိဖိတ် သမုဒ္မရာဘက်ကို မျက်နှာမူထားပြီး တောင်ထိပ်ပိုင်းမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျူရှုကျွန်း ပေါ်မှာတည်ရှိပြီး အစပိုင်းမှာ မိုးလေ၀သ ဂြိုဟ်တုတွေ ကိုပစ်လွှတ်ဖို့ ရည်ရွယ်ခဲ့ တာဖြစ်ပြီး ယခုအခါမှာတော့ အာကာသယာဉ်တွေကိုပါ ပစ်လွှတ်နိုင် ပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပထမဒုံးပျံခြောက်စင်းကို ကာဂိုရှီးမား အာကာသစခန်း ကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ယခုအချိန်ထိအာကာသ ဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ် နိုင်ပြီးဖြစ်ပါတယ်။


တန်ဂါရှီးမား အာကာသစခန်း (Latitude 30.4o N Longitude 131.0o E)

ဂျပန်အာကာသဖွံ့ ဖြိုးရေး အေဂျင်စီရဲ့ ရုံးစိုက်ရာစခန်းဖြစ်ပြီး တိုကျိုမြို့ မှ မိုင်ပေါင်း 650 သာ ကွာဝေးတဲ့  တန်ဂါရှီးမား ကျွန်းပေါ်မှာတည်ရှိပါတယ်။ ထို စခန်းမှာတော့ အဓိကအားဖြင့် solid or liquid ဒုံးပျံတွေကိုသာ စမ်းသတ်ပစ်လွှတ် လျှက်ရှိပါတယ်။


အခြားအာကာသစခန်းများ

အထက်ပါ အာကာသစခန်း များအပြင် ကမ္ဘတစ်ဝှမ်းမှာလဲ အခြားအာကာသစခန်း များတည်ရှိပါသေး တယ်။ ထိုအထဲမှ တစ်ချိုကတော့ နိုင်ငံပိုင်စခန်းတွေဖြစ်ပြီး တစ်ချို့ ကတော့ နာဆာနဲ့ ဥရောပအေဂျင်စီရဲ့ စခန်းတွေဖြစ်ပါတယ်။ နာဆာရဲ့  tran-Atlantic landing အတွက်စခန်းသုံးခု တည်ဆောက်ထားပြီး စပိန်၊ ဆီနီဂေါနဲ့မော်ရိုကို နိုင်ငံတွေမှာဖြစ်ပါတယ်။ 1988 စက်တင်ဘာ 19 ရက်နေ့ မှာ
အစ္စရေးနိုင်ငံဟာ ကိုးနိုင်ငံ မြောက် အာကာသထဲကို ပစ်လွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့သလို အီရတ်နိုင်ငံ ဟာလဲ 1989 ဒီဇင်ဘာ 5ရက်နေ့  မှာဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာခဲ့ ပါတယ်။ ထူးခြားတဲ့ အာကာသစခန်းကတော့ အီတလီနိုင်ငံ ရဲ့ အာကာသစခန်း ဖြစ်ပြီးတော့ ဆမ်မာရီနိုကျွန်း အနီးမှာရှိတဲ့ ရေပြင်ပေါ်မှာတည်ဆောက်ထားတဲ့  စခန်းကနေပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

WANNA C MAN ON MOON?

With two currently functioning orbiters, and five more missions planned in the next year, Earth's Moon may soon have seven active probes operated by five nations, with even more coming soon. NASA's plans to return humans to the Moon by 2020 are moving steadily ahead, with some concrete prototypes and initial designs beginning to emerge. Called the Constellation Program, NASA's vision involves new and upgraded launch vehicles, exploration vehicles, autonomous rovers, new spacesuits, crew and cargo vehicles, and much more. Here are seven photographs of our possible future on the Moon, and a look back, with ten images from our last visits with the Apollo missions, more than 36 years ago now

The Man on Moon - Pictures By NASA

Looking Forward -- Spacesuit engineer Dustin Gohmert drives NASA's new lunar truck prototype through the moon-like craters of Johnson Space Center's Lunar Yard. The lunar truck was built to make such off roading easy, with six wheels that can be steered independently in any direction. In addition, the steering center can turn a full 360 degree, giving the driver a good view of what's ahead, no matter which way the wheels are pointing. (NASA/JSC)

The Man on Moon - Pictures By NASA

During field tests near Moses Lake, WA, NASA's Autonomous Drilling Rover demonstrated dark autonomous nagivation with a light detection and ranging system. (NASA)

The Man on Moon - Pictures By NASA

The Crew Mobility Chassis Prototype is NASA's new concept for a lunar truck. Researchers were trying it out at Moses Lake, WA, as part of a series of tests of lunar surface concepts. One feature is its high mobility. Each set of wheels can pivot individually in any direction, giving the vehicle the ability to drive sideways, forward, backward and any direction in between -- important if the truck becomes mired in lunar dust needs to zigzag down a steep crater wall or parallel park at its docking station. (NASA)

The Man on Moon - Pictures By NASA

NASA's ATHLETE (All-Terrain Hex-Legged Extra-Terrestrial Explorer) robotic vehicle seen during field tests near Moses Lake, WA. Athlete could be the RV of choice for future explorers. Its multi-wheeled dexterity could allow robots or humans to load, transport, manipulate and deposit payloads to essentially any desired site on the lunar surface. (NASA)

The Man on Moon - Pictures By NASA

NASA's lunar truck during field tests near Moses Lake, WA. Whatever direction the lunar truck is headed, the driver has a good view.. The astronauts' perches can pivot 360 degrees. The whole wehicle can be lowered to the ground for easy access in bulky spacesuits. (NASA)

The Man on Moon - Pictures By NASA

Testing a critical Launch Abort System. NASA and Alliant Techsystems (ATK) performed an igniter test of the Orion Launch Abort System at ATK's Promontory Facility on June 13, which lasted for approximately 150 milliseconds. The igniter was just over 36 inches tall and was the first time the newly developed igniter had been tested. Its purpose is to ignite the primary motor on the LAS that pulls the capsule away during an emergency on the pad or during launch. (NASA and Alliant Techsystems)

The Man on Moon - Pictures By NASA

A mock-up of the NASA's new Orion space capsule heads to its temporary home in a hangar at NASA's Langley Research Center in Hampton, Va. In late 2008, the full-size structural model will be jettisoned off a simulated launch pad at the U.S. Army's White Sands Missile Range in New Mexico to test the spacecraft's astronaut escape system, which will ensure a safe, reliable method of escape for astronauts in case of an emergency. NASA's Constellation program is building the Orion crew vehicle to carry humans to the International Space Station by 2015 and to the moon beginning in 2020. (NASA/Sean Smith)

The Man on Moon - Pictures By NASA

And Looking Back -- A view of the Moon's surface taken from lunar orbit in the summer of 1971. Apollo 15 was the ninth manned mission to the Moon. (NASA)

The Man on Moon - Pictures By NASA

April 20, 1972 - Apollo 16. A view from the Landing Module, looking toward the Command and Service Module with Earth over the lunar horizon. Astronauts John Young and Charles Duke took this shot as they piloted the LM down to the lunar surface. (NASA)

The Man on Moon - Pictures By NASA

Also April 20, 1972 - The Command and Service Module named "Casper" viewed from the Lunar Module shortly after undocking. Astronaut Ken Mattingly stayed aboard the CSM while the LM went to the surface - orbiting over 60 times, and performing twenty-six separate scientific experiments. (NASA)

The Man on Moon - Pictures By NASA

December 10, 1972 - Apollo 17. A tiny, distant Command and Service Module seen above the Taurus-Littrow landing site photographed from the Lunar Module as it descended to the Moon - the last time Men would set foot on the lunar surface. (NASA)

The Man on Moon - Pictures By NASA

December, 1972 - Apollo 17. Astronaut Eugene Cernan drives the final Lunar Rover (of 3 total) sent to the Moon. Also seen is one leg of the Lunar Module, at right. (NASA)

The Man on Moon - Pictures By NASA

December, 1972 - Apollo 17. Astronaut Harrison Schmitt near the Lunar Rover at Shorty crater. (NASA)

The Man on Moon - Pictures By NASA

April, 1972 - Apollo 16. Astronaut Charles Duke's family portrait, laid on the lunar surface. Pictured are Charles and Dotty Duke, and their sons Charles, 7, and Tom, 5. (NASA)

The Man on Moon - Pictures By NASA

July 21, 1969 - Apollo 11. The Lunar Module approaches the Command and Service Module for docking, with earthrise in background. Aboard the LM were astronauts Neil Armstrong and Edwin Aldrin, returning from a 21-hour stay on the Moon - the first Moon landing by Man. (NASA)

The Man on Moon - Pictures By NASA

December, 1972 - Apollo 17. Astronaut Jack Schmitt took this telephoto picture of the Lunar Module, seen from a distance of about two miles (3.1 km). For an idea of scale, the Lunar Module is about 24 feet tall (7 meters). (Image is a combination of AS17-139-21204 and AS17-139-21203 - credit: NASA)

December, 1972 - Apollo 17. Earthrise

The Man on Moon - Pictures By NASA

viewed from Apollo 17 (NASA)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ထိုမှ တစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည် ရုရှားနိုင်ငံ၏ ဗျူဟာ မြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များ တည်ဆောက်ခြင်း တွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့် မြောက်များစွာ သော နေရာများတွင် အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သော ဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့် အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက် ရရှိ လာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်း မရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
· - Primary Design Bureau
· - Baikonur branch
· - ZAO Experimental Machine Building Plant, RSC Energia
· - ZAO Valzhskoye DB
· - ZAO PO Kosmos, RSC Energia
· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကို ရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ် ပါဝင်သည့် ဒုံးပျံရှေ့ပြေး ပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျား ပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာ မြောက် တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကို ပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့် အ၀ အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများ ပါဝင်ခဲ့သည်။ ပထမဆုံး အာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိ တိုင်အောင် ကမ္ဘာ့ စိတ်အချရဆုံး ဒုံးပျံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံး ဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့် ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသ လေ့လာရေးဆိုင်ရာ ပညာရပ်ကို စတင်ခဲ့သူ ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာပျက်မယ့်နေ့ နဲ့ ဥက္ကာပျံ အန္တရာယ်


This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005
ဓာတ်ပုံ AP

သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်းက ပြင်သစ်နိုင်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့ နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမ္ဘာပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့ Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။

အဲဒီနေ့မှာ Galactic allignment လို့ခေါ်တဲ့ နဂါးငွေ့တန်း ဗဟိုယာဉ်စွန်းတန်းနဲ့ နေရဲ့ ပတ်လမ်းကြောင်းဟာ တတန်းထဲရှိနေတာမို့ ဆွဲအားတွေ သိပ်များပြီး နေကရွေ့လျားသွားမလားလို့ ပူပင်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ လူသားတွေဟာ နေမိသားစုထဲမှာ နေကိုအားကိုးနေထိုင်သူတွေမို့ နေရွေ့ သွားခဲ့ရင် ဂြိုဟ်တွေပါ ပရမ်းပတာ ဖြစ်ပြီး အားလုံး ကစဉ့်ကလျားဖြစ်မှာကိုစိုး ကြတာပါ။ ဒါ့ပြင် အဲဒီနေ့မှာ ဂြိုဟ်တွေ တတန်းထဲ ရှိမှာမို့ စိုးရိမ် သူတွေ အတွက်လည်း ဒါဟာ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်တခုလို့ ဆိုပါတယ်။

ဥက္ကာပျံကြီးတွေ ၀င်တိုက်လို့ ပျက်စီးမယ့် အရေးပူပန်နေသူတွေလည်းရှိပါတယ်။

ဥက္ကာပျံ ကို ၃မျိုးခွဲခြား နိုင်ပြီး အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားမှာ ပျံ့နှံနေတဲ့ ကျောက်အစိုင်အခဲကြီး တွေကိုတော့ Asteroids လို့ခေါ်ပါတယ်။ သူတို့ဟာ အကျယ်အ၀န်း ၂မိုင် ၃မိုင်လောက် ထိအောင် ကြီးကြီး မားမား ရှိတတ်ပါတယ်။ အဲဒီထဲက တချို့ကျောက်စိုင်ကျောက်ခဲတွေ ကမ္ဘာ့လေထုထဲဝင်လာတာ ဒါမှမဟုတ် တခြားဂြိုဟ်က ကျောက်စိုင်ကျောက်ခဲတွေ ၀င်လာတာမျိုးမှာ လေရဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး ကျတာ မျိုးကိုတော့ ကြယ်ကြွေတာ ဒါမှမဟုတ် Meteor လို့ ခေါ်ပါတယ်။ နောက်တမျိုးကတော့ ကမ္ဘာကို ဘဲဥပုံပတ် နေတဲ့ ရေခဲတွေနဲ့ ဖွဲ့စည်းထားတဲ့ Comet ပါ။ Meteoroids နဲ့ Comet တွေကတော့ အန္တရာယ် မရှိလှပါဘူး။

၁၉၉၄ခုနှစ် က အလွန်ကြီးမားတဲ့ Asteroids လို့ခေါ်တဲ့ ဥက္ကာပျံ ဟာ ကြာသပတေး ဂြိုဟ်ပေါ် ကျရောက်ခဲ့ ပါတယ်။ ကြာသပတေး ဂြိုဟ်ဟာ ဆွဲငင်အားအလွန် ပြင်းထန်တာမို့ ဥက္ကာပျံဟာ အပိုင်း ၂၄ပိုင်းကွဲပြီး ကျရောက်ခဲ့တာပါ။ တချို့ အစိုင်အခဲတွေဟာဆို ကမ္ဘာ ပမာဏလောက်ရှိနေပါတယ်။

ဒီလောက်ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမ္ဘာကို ကျရောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ သူတို့က ဒိုင်နိုဆော လို သတ္တ၀ါကြီးတွေကို မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို ဥက္ကာပျံ ကျရောက်မှုတွေမှာ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေထားရှိလာမယ် ဆိုရင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA က နှစ်နဲ့ချီပြီး ကြိုတင် သတိပေးမှာဖြစ်ပါ တယ်။

နေစင်္ကြာဝဌာရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း လေးထောင့် ငါးရာရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက်ထပ်ပြီး နေနိုင်ပါသေးတယ်။ ဒီသက်တမ်းအတွင်း ဥက္ကာပျံတွေ ကျရောက်မှု ရှိနိုင်ပေမယ့် ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်တွေ လို ဆွဲအားသိပ်ပြင်းထန်တဲ့ ဂြိုဟ်တွေက ဥက္ကာပျံတွေရဲ့ ရန်တွေကနေ ကမ္ဘာကို အကာအကွယ်တွေပေး နေပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လပေါ်တွင် မူလ ယူဆထားသည်ထက် ရေပိုရှိနေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြ

လပေါ်တွင် မူလက ယူဆထားသည်ထက် ရေပိုရှိနေနိုင်ကြောင်း၊ အချို့သော နေရာများတွင် ကမ္ဘာပေါ်တွင် ရှိသည့် ပမာဏမျှ ရှိနေနိုင်ကြောင်း မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကာလရှည် လက်ခံထားခဲ့သောလ ဆိုသည်မှာ ဖုန်ထူ ခြောက်သရောင်းသော အရပ်ဒေသ ဆိုသော အယူအဆမှာ မကြာသေးမီ နှစ်များအတွင်း လေ့လာမှုများအရ လပေါ်တွင် အေးခဲနေသောရေ တွေ့ရှိခဲ့မှုနှင့်အတူ မခိုင်မမာ ဖြစ်ခဲ့ပြီး ဖြစ်သည်။ယခုအခါ ဘရောင်းတက္ကသိုလ်၊ ကာနက်ဂီသိပ္ပံအဖွဲ့၊ ကေ့စ်ဝက်စတန်ရီဆာ့ဗ် တက္ကသိုလ်တို့မှ ပညာရှင်များ၏ လေ့လာမှုအရ ယခင် ယုံကြည်ခဲ့သည်ထက် အဆ ၁၀၀ မျှ များပြားသော ရေပမာဏ လပေါ်တွင် ရှိနေနိုင်သည်ဟု ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၇ ဘီလျံခန့်က လပေါ်တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လိမ္မော်ဖန်မြေသားဟု ခေါ်သော အမှုန်အမွှားများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အာကာသယာဉ်မှူးများ လပေါ် နောက်ဆုံး ရောက်ရှိခဲ့သည့် ၁၉၇၂ ခုနှစ်က ယူဆောင်လာခဲ့သည့် ယင်းအမှုန်အမွှားများကို လေ့လာရာတွင် လအတွင်းပိုင်း၌ ကမ္ဘာအတွင်းပိုင်း အခြေအနေကဲ့သို့ ရှိနေကြောင်း သုံးသပ်နိုင်ခဲ့သည်။ ယင်းကြောင့် ရေကို စုပ်ယူထားနိုင်စွမ်း ရှိနေနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။

လေ့လာမှုအရ သီအိုရီတစ်ခု ဖြစ်သော ကမ္ဘာနှင့်လသည် ဘုံထုထည် တစ်ခုတည်းမှ ဆင်းသက်ခဲ့ခြင်း ဖြစ်ပြီး ကွဲထွက်သွားခဲ့ခြင်း ဖြစ်သည် ဆိုသော အယူအဆကိုပါ ပြန်လည် လေ့လာရမည့် အခြေအနေ ရောက်လာခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Polar Orbiting Satellites

မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း ဒေသများကို cover ဖြစ်စေသော orbit အမျိုးအစားဖြစ်သည်။ geostationary orbit သည် တစ်ခုတည်းသာဖြစ်သည်။ theory အရ polar orbit သည် infinite ဖြစ်သည်။ Low earth orbiting satellite များကို LEOSATS ဟုခေါ်ကြသည်။ meteorology အတွက်အသုံးပြုသော satellite များကို sun synchronous orbit တွင်လွှတ်တင်ထားကြသည်။ ၄င်း orbit များတွင်လွှတ်တင်ထားသော satellite များသည် နေ့စဉ် အီကွေတာအား တူညီသော local time အပိုင်းအခြားတွင်ဖြတ်သန်းလေ့ရှိ သည်။ ဥပမာ - ၄-နာရီခြား တစ်ကြိမ်ဖြတ်သန်းသည် (13း0 PM., 5:30 PM., and 9:30 PM စသည်ဖြင့်) ထို့ကြောင့် same area အား နေ့အချိန်တစ်ခုတွင်ဖြတ်သန်းခြင်းဖြင့် ၄င်း area အားအချိန်မှန်မြင်တွေ့စေသည်။ orbital pass သည် direction ပေါ်မူတည်ပြီး ၂-မျိုးရှိသည်။ တောင်မှမြောက်သို့ ပတ်လျှင် ascending pass ဟုခေါ်ပြီး မြောက်မှတောင်သို့ ပတ်လျှင် descending pass ဟုခေါ်သည်။

Polar Orbit များသည် circular orbit များဖြစ်ကြသည်။ ကမ္ဘာ့ မြေမျက်နှာပြင်အထက် ၈၀၀ မှ ၉၀၀ ကီလိုမီတာအတွင်းတွင်ရှိကြသည်။ Polar Orbiting Satellite များသည် ultraviolet sensors များကိုတပ်ဆင်ထားပြီး အိုဇုန်းလွှာကိုလေ့လာကြသည်။ Polar Orbiting Satellite အများစုသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ကိုလေ့လာကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသုံးဝင်သည်။ footprint ၏ အချင်းသည် ၆၀၀၀ ကီလိုမီတာ ခန့်ရှိသည်။ ၁၀၂ မိနစ်တွင် တစ်ကြိမ် ကမ္ဘာကိုတစ်ပတ်ပတ်သည်။ သည် အနောက်မှအရှေ့ သို့ ၂၄-နာရီတွင်တစ်ကြိမ်ပတ်သဖြင့် polar orbitingite တစ်ခု၏ တစ်ပတ်နှင့်တစ်ပတ်သည် အနောက်ဘက်သို့ 25 degree ခန့်ရွေ့ သွားသည်။ထို့ကြောင့် တစ်ရက်တွင်ကမ္ဘာအား ၁၄-ပတ်ပတ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂျပန်နိုင်ငံမှ လွှတ်တင်ထား​သည့်​ ဂြိုလ်တု ကမ္ဘာပတ်လမ်း​အတွင်း​ ပျက်စီး​သွား

ဂျပန်နိုင်ငံမှ လွှတ်တင်ထား​သော အာကာသ ဂြိုဟ်တုတစ်ခုသည် ကမ္ဘာပတ်လမ်း​အတွင်း​တွင် ပျက်စီး​သွား​ပြီဟု သိရသည်။ ကမ္ဘာ​မြေ ​လေ့​လာ​ရေး​ ​ခေတ်မီဂြိုဟ်တု ဒိုင်ချီသည် ယခုအခါ လုံး​ဝပျက်စီး​သွား​ပြီဟု ဂျပန်အာကာသ ​အေဂျင်စီက ​ကြေညာခဲ့​သည်။ အမျိုး​အမည် ခွဲခြား​ရန် ခက်ခဲ​သော ထိခိုက်မှုများ​ကြောင့်​ လွန်ခဲ့​သော ၃ ပတ်မျှကတည်း​က အပြီး​တိုင် ပျက်စီး​ သွား​ခြင်း​ဟု ​အေဂျင်စီက အတည်ပြုခဲ့​သည်။ ဂြိုဟ်တုသည် ဧပြီလ ၂၂ ရက်​နေ့​က အလိုအ​လျောက် စွမ်း​အင်ဖြတ်​တောက်သွား​ပြီး​နောက် အဆက်ပြတ်​နေခဲ့​သည်။

ဂျပန်အာကာသ ​အေဂျင်စီသည် နည်း​လမ်း​မျိုး​စုံ အသုံး​ပြု၍ ဂြိုဟ်တုကို ပြန်လည်အသက်သွင်း​ရန် ကြိုး​ပမ်း​ခဲ့​သော်လည်း​ ဒိုင်ချီကို ယခုအခါ အပြီး​တိုင် လက်လွှတ်လိုက်ရခြင်း​ဖြစ်သည်။ ဒိုင်ချီကို ၂၀၀၆ ခုနှစ်က ကမ္ဘာ​မြေ ဘက်စုံ​လေ့​လာ​ရေး​ ရည်ရွယ်ချက်ဖြင့်​ လွှတ်တင်ခဲ့​ခြင်း​ဖြစ်သည်။

ဒိုင်ချီသည် တာဝန်ထမ်း​ဆောင်​နေစဉ်အတွင်း​ ဓာတ်ပုံ​ပေါင်း​ ၆.၅ သန်း​ကျော် ရိုက်ယူနိုင်ခဲ့ ​ပြီး​ မတ်လ ၁၁ ရက်​နေ့​က ဂျပန်နိုင်ငံသို့​ ရိုက်ခတ်ခဲ့​သည့်​ ဆူနာမီ​ရေလှိုင်း​ ပုံရိပ်များ​ကိုပါ မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​ သိရှိရသည်။


alt

Source: People Media Voices


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်သွား ခရီးအတွက် ခြေတစ်လှမ်းနီးပြီ မိုင် ၄၉ သန်း ခရီးကိုသွားမည့် လေးယောက်စီး အာကာသယာဉ် နာဆာ ထုတ်ဖော်ပြသ


w63501


အမေရိကန် အမျိုးသား အာကာသအေဂျင်စီ(နာဆာ)သည် အင်္ဂါဂြိုဟ်သွား ခရီးစဉ်အတွက် လူလေးယောက် စီးနင်းလိုက်ပါနိုင်သည့် အာသာသယာဉ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

လပေါ်သို့ လူပြန်လည်စေလွှတ်ရန် ရည်ရွယ်ပြီး မူလက တည်ဆောက်ခဲ့သော အိုရီယွန်ယာဉ်ကို အခြေခံပြီး ပြန်လည် တည်ဆောက်ထားသော ဘက်စုံးသုံး လူစီးယာဉ် (MPCV) ကို မိုင် ၄၉ သန်း ကွာဝေးသည့် အင်္ဂါဂြိုဟ်သို့ လူသားတို့ကို ပို့ဆောင်ပေးရန် သုံးစွဲမည် ဖြစ်သည်။လာမည့် ငါးနှစ်အတွင်း ကမ္ဘာပတ်လမ်းအတွင်း လှည့်ပတ်နိုင်ရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ပေးရန် ရည်ရွယ်ထားသည်။

အကြိမ်ကြိမ် ပြင်ဆင်မှုများဖြင့် နောက်ဆုံးထုတ် MPCV သည် ဘက်စုံသုံးအသွင် ပိုဆောင်လာပြီး အတွင်းတွင် လိုက်ပါမည့်သူများ ပိုမို ဘေးကင်းစေရန် အဆင့်မြှင့်ထားနိုင်သည် ဟုဆိုသည်။ အင်္ဂါဂြိုဟ်သွားရန် အဓိက
ရည်ရွယ်ထားသော်လည်း ဦးဆုံးအနေဖြင့် အနားယူသွားသော အာကာသလွန်းပျံယာဉ်များ နေရာ အစားဝင်ပြီး အမေရိကန် အာကာသယာဉ်မှူးများကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ရေး ဆောင်ရွက်ပေးရဦးမည် ဖြစ်သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Energia - ရုရှားအာကာသ အေဂျင်စီ

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ထိုမှ တစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည် ရုရှားနိုင်ငံ၏ ဗျူဟာ မြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များ တည်ဆောက်ခြင်း တွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့် မြောက်များစွာ သော နေရာများတွင် အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သော ဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့် အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက် ရရှိ လာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်း မရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

· - Primary Design Bureau
· - Baikonur branch
· - ZAO Experimental Machine Building Plant, RSC Energia
· - ZAO Valzhskoye DB
· - ZAO PO Kosmos, RSC Energia

· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကို ရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ် ပါဝင်သည့် ဒုံးပျံရှေ့ပြေး ပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျား ပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာ မြောက် တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကို ပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့် အ၀ အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများ ပါဝင်ခဲ့သည်။ ပထမဆုံး အာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိ တိုင်အောင် ကမ္ဘာ့ စိတ်အချရဆုံး ဒုံးပျံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံး ဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့် ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသ လေ့လာရေးဆိုင်ရာ ပညာရပ်ကို စတင်ခဲ့သူ ဖြစ်သည်။

အဖွဲ့အစည်းသည် အောက်ပါဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

- အာကာသသို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် ယူရီဂါဂါရင် ပါဝင်သော Vostok (၁၉၆၀-၁၉၆၃) ၊ အခြားလူလိုက်ပါသည့် အာကာသယာဉ်များဖြစ်သည့် Voskhod (၁၉၆၄-၁၉၆၈) ၊ Soyuz (၁၉၆၆-၁၉၈၁) ၊
- Soyuz T (၁၉၇၉-၁၉၈၆) ၊ Soyuz TM (၁၉၈၆-၂၀၀၂) ၊
- အာကာသကုန်ပစ္စည်းသယ်ယာဉ် Progress (၁၉၇၈-၁၉၈၉) ၊ Progress M (၁၉၈၉ မှ လက်ရှိ) ၊
- ပတ်လမ်းပေါ်၌ ရှိသည့် Salyut စခန်း (၁၉၇၁) ၊ Salyut-4 (၁၉၇၄-၁၉၇၇) ၊ Salyut-6 (၁၉၇၇-၁၉၈၂) ၊ Salyut-7 (၁၉၈၂-၁၉၉၁) နှင့် module အများအပြားပါဝင်သည့် Mir အာကာသစခန်း (၁၉၈၆-၂၀၀၁) ၊
- အာကာသနှင့် ကမ္ဘာမြေကို သုတေသနပြုလုပ်သည့် ပတ်လမ်းပေါ်မှ စောင့်ကြည့် လေ့လာ
သော Gamma အာကာသယာဉ် (၁၉၉၀-၁၉၉၂) ၊
- ကမ္ဘာ့မျက်နှာပြင်၏ ပုံရိပ်အပြည့်အစုံကို ရယူပေးခဲ့သော အာကာသယာဉ် Zenit (၁၉၆၂) ၊
- ဆက်သွယ်ရေးဂြိုဟ်တုများ၏ ရှေ့ဆောင်ဖြစ်ခဲ့သည့် Molina-1 (၁၉၆၅) ၊
- ကမ္ဘာ့အကြီးဆုံး လွှတ်တင်ရေးယာဉ်ဖြစ်သည့် Energia (၁၉၈၇) နှင့် ပြန်လည် အသုံးပြုနိုင် သော အာကာသယာဉ် Buran (၁၉၈၆) ၊
- ထို့ပြင် အခြားစီမံကိန်းများသည် ဒုံးပျံနှင့် အာကာသနည်းပညာစနစ်များကို ပိုမိုကောင်းမွန် အသုံးဝင်လာစေရန် ထောက်ပံ့ပေးခဲ့သည်။ ယင်းတို့မှာ လပေါ်သို့ လူသားများ သွားရောက် နိုင်ရန်အတွက် L1 နှင့် L3 စီမံကိန်များ ၊ Superheavy Launch Vehicle H1 ၊ multipurpose orbital complex နှင့် အင်္ဂါဂြိုဟ်ပေါ်၌ လူနေထိုင်ရန် စီမံကိန်များ ဖြစ်သည်။ အဖွဲ့အစည်း သည် နိုင်ငံတကာအာကာသ ပရိုဂရမ်များဖြစ်သည့် Soyuz-Apollo နှင့် Intekosmos စသည်တို့တွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်သားတွေ ထွက်လာခဲ့ကြ

ကာလီဖိုးနီးယား တက္ကသိုလ်မှ အာကာသ သိပ္ပံပညာရှင်များက ကမ္ဘာနှင့်တူသော ဂြိုဟ် ၈၆ လုံးတွင် သက်ရှိ ဂြိုဟ်သားများ ရှိ-မရှိ စုံစမ်း ထောက်လှမ်းရန် ရေဒီယို တယ်လီစကုပ်ဖြင့် ရှာဖွေကြမည်။ မေလ ၈ ရက် စနေနေ့မှစတင်ပြီး ကမ္ဘာ့အကြီးဆုံး Robert C.Byrd Green Bank Telescope ရေဒီယို တယ်လီစကုပ်ဖြင့် ဂြိုဟ်သား ရှိနိုင်မည့် ကြယ်များကို ၈ လုံးလျှင် တနာရီ နှုန်းဖြင့် ရှာဖွေကြမည်ဆိုသည်။

အလွန့်အလွန် ကြီးမား ကျယ်ပြန့်လှသည့် စက်ဝိုင်းပြားကြီးဖြင့် ဂြိုဟ်တိုင်းကို ၂၄ နာရီပတ်လုံး ကြည့်ရှုနေမည်။ နာဆာ၏ Kepler space telescope အာကာသ တယ်လီစကုပ်ဖြင့် မှတ်တမ်း တင်ထားသည့် ဂြိုဟ် ၁၂၃၅ လုံးထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။

“ဂြိုဟ်တိုင်းမှာတော့ သက်ရှိတွေ နေထိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အီးတီ (ဂြိုဟ်သား) တွေကိုတော့ ရှာကြည့်သင့်တဲ့ နေရာတွေပါ။” ဘွဲ့လွန်ကျောင်းသား အန်ဒရူးဆီမွန်းကဆို၏။ Green Bank တယ်လီစကုပ်ဖြင့ပ် Keplar က လေ့လာထားသည့် သက်ရှိနေထိုင်မည်ဟု ယူဆထားသည့် ကြယ်များကို ငါးမိနစ်တာမျှ ကြည့်ရှုသွားမည်ဖြစ်ပြီး ယင်းကြယ် မျက်နှာပြင်တွင် ရေမှာ အရည်ပုံစံဖြင့် ရှိနေနိုင်သည့်အတွက် ရွေးချယ်ထားခြင်းဖြစ်သည်။

“အပူချိန် အဆင်ပြေတဲ့ ဂြိုဟ်တွေကို ရွေးချယ်ထားတာပါ။ သုညဒီဂရီ နဲ့ ၁၀၀ ဒီဂရီ စင်တီဂရိတ် အတွင်းပေါ့။ ဒီအတွင်းမှာသာ သက်ရှိတွေ နေနိုင်တယ်လေ။” ရူပဗေဒ ပညာရှင် ဒန်ဝါသီမာက ဆိုသည်။ ကြယ်များကို ဖတ်ရှု လေ့လာပြီးသည့်အခါဝယ် ကပ်ပလာဧရိယာ တစ်ခုလုံးကိုလည်း လေ့လာ သွားဦးမည်ဖြစ်ည်။ စုစုပေါင်း တစ်နှစ်မျှ အချိန်ကြာမည်ဆို ၀ါသီမာက ပြောပြခဲ့သည်။

“ကပ်ပလာ ဒေတာတွေအရ ခန့်မှန်းကြည့်မယ်ဆိုရင် ဂယ်လက်ဆီထဲမှာ ဂြိုလ် သန်းထောင်ပေါင်း ၅၀ လောက် ရှိနိုင်တာလေ” သူကဆို၏။

“ဒီ မြေကမ္ဘာနဲ့ ဆင်ဆင်တူတဲ့ ပထမဆုံး ဂြိုဟ်တွေကို လေ့လာနိုင်တာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။” ရူပဗေဒပညာရှင် ထပ်လောင်း ပြောပြခဲ့သည်။

Source:
မောက္ခ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူလိုက်ပါသော အာကာသစနစ်များ

နိုင်ငံတကာ အာကာသစခန်း (ISS) ၏ ရုရှားနိုင်ငံအပိုင်းကို ၁၉၉၃ ခုနှစ်၌ စတင်တပ်ဆင်၍ ၁၉၉၈ ခုနှစ်၌ စတင် အလုပ်လုပ်သည်။ ယင်းစီမံကိန်းသည် ရုရှားနိုင်ငံနှင့် နိုင်ငံတကာ လုပ်ဖော် ကိုင်ဖက်များ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းတို့သည် ကုန်ပစ္စည်း လက်ခံရယူခြင်း အပိုင်း (Functional Cargo Block – FCB) ဖြစ်သည့် Zarya ကိုတီထွင်မှုနှင့် အသုံးချခြင်း ၊ Module Zvezda (၂၀၀၀ ခုနှစ်) ကိုတီထွင်မှု ၊ဆိုက်ကပ်သည့် Module အပိုင်းဖြစ်သော Pirs (၂၀၀၁ ခုနှစ်) ကို တီထွင်မှု စသည်တို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် Progress M ၊ Progress M1 နှင့် Soyuz TM အာကာသယာဉ်များကို ထုတ်လုပ်ခြင်းနှင့် mission အာမခံမှု (၂၀၀၀ ခုနှစ်) တို့ကို လည်း ပြုလုပ်ခဲ့သည်။ လူလိုက်ပါသော အာကာသယာဉ်ဖြစ်သည့် Soyuz TMA ကို ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် တီထွင် ဖန်တီးပြုလုပ်ခဲ့သည်။

Soyuz အမျိုးအစားနှင့် Progress အမျိုးအစား အာကာသယာဉ်များဖြင့် နိုင်ငံတကာ အာကာသစခန်း (ISS) တွင် အာကာသသုတေသနနှင့် စမ်းသပ်မှု Program များကို တပ်ဆင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းကို တည်ဆောက်ခြင်း ၊ Multipurpose ဓာတ်ခွဲခန်းနှင့် robotic ဖြစ်ထွန်းမှုအတွက် အရွယ်အစားသေးငယ်သည့် ပါဝါနှင့် သုတေသန module တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

Cybernetics ၊ nanotechnologies နှင့် microelectronics အစရှိသော ခေတ်သစ်နည်းပညာ ရပ်များ အပေါ်အခြေခံ၍ နည်းပညာသစ် အာကာသယာဉ်များ ပေါ်ပေါက်လာစေရန် တီထွင်ဖန်တီး ခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံတကာအာကာသစခန်းတွင် အသုံးပြုသည့် ဥရောပ အာကာသကုန်ပစ္စည်းသယ်ယာဉ် ဖြစ်သည့် (ATV – Automated Transfer Vehicle) ကို ပို့လွှတ်ခြင်းနှင့် ယင်း၏ refueling system ၊ docking system ၊ docking unit နှင့် control system တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်ပူးခြင်းဂယက်

jeffyplanet1.jpg

အင်္ဂါဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ပူးယှဉ်မှုဖြစ်စဉ်ကြောင့် မေလ ၁၅ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတနင်္သာရီကမ်းရိုး တန်းဒေသတို့ကို အကျိုးသက် ရောက်စေမည့် မုန်တိုင်းတစ်ခု ဖြစ် ပေါ်နိုင်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ သိရသည်။

အဆိုပါ ဂြိုဟ်ပူးမှုဖြစ်စဉ်သည် မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၄၆ မိနစ်တွင် မိဿရာသီ ခွင်၌ယိုင်ထောင့် အကွာအဝေး ၂ ဒသမ ၄ ဒီဂရီတွင် ပူးယှဉ်မည်ဖြစ် သောကြောင့်အားအသင့်အတင့်ရှိ သော ဂြိုဟ်ပူးယှဉ်မှုအဖြစ် သတ် မှတ်ပြီး အရှေ့လောင်ဂျီတွဒ် ၁၃၈ ဒီဂရီ ဝ၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၁၁ မိနစ်အတွင်း ဖိလစ် ပိုင်နိုင်ငံအနီးတွင် ဖြစ်ပေါ်မည်ဖြစ် ကြောင်း သိရသည်။

”အင်္ဂါနဲ့ ဗုဒ္ဓဟူးဂြိုဟ် ပထမ အကြိမ်ပူးတုန်းက ဧပြီလ ၁၉ ရက် နေ့မှာ ရွှေဈေးနှုန်းသိသိသာသာ တိုးမြင့်သွားခဲ့တယ်။ ဒါကြောင့် အခု ဂြိုဟ်ပူးယှဉ်မှုမှာလည်း တစ်ပတ် အတွင်း ရွှေဈေးနှုန်းမြင့်တက်သွား လိမ့်မယ်လို့ သုံးသပ်ပါတယ်” ဟု နက္ခတ်သိပ္ပံအဖွဲ့၊ အမှုဆောင်အရာ ရှိချုပ် ဦးဇေယျာကိုက ပြောသည်။

ထို့အပြင် မေလ ၂၂ ရက်နေ့ တွင် အင်္ဂါဂြိုဟ်နှင့်သောကြာဂြိုဟ် ပူးယှဉ်မှုထပ်မံဖြစ်ပေါ်မည်ဖြစ်ပြီး အဆိုပါ ဂြိုဟ်ပူးယှဉ်မှုကြောင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် မတ်ပဲနှင့် နိုင်ငံခြားငွေကြေးနှုန်းမြင့်မား တိုးတက်လာနိုင်ကြောင်းနှင့် ဂြိုဟ်ပူးယှဉ်မှုနှစ်ခုစလုံးတွင် အင်္ဂါဂြိုဟ်အားကောင်းသဖြင့် ၄င်းကာလအတွင်း အင်္ဂါသားသမီးများ ကံဇာ တာမြင့်မားလာမည်ဖြစ်ကြောင်း သိ ရသည်။

”ပထမဂြိုဟ်ပူးမှုဖြစ်စဉ်ကို မြန်မာနိုင်ငံက လေ့လာနိုင်တယ်။ လေ့လာလိုသူတွေအနေနဲ့ မေလ ၂ဝ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ် အရုဏ်တက်ချိန်အတွင်း အရှေ့ဘက် မိုးကောင်းကင်ကိုကြည့်ရင် အင်္ဂါ ဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်နဲ့သောကြာဂြိုဟ် တို့ နီးနီးကပ်ကပ်ရပ်တည်နေတာကို တွေ့ရပါလိမ့်မယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ITU - International Telecommunication Union

ITU သည် United Nations ၏ အေဂျင်စီတစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို စည်းမျဉ်း ၊ စည်းကမ်းဖြင့် ထိန်းသိမ်းပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် တစ်ကမ္ဘာလုံး မျှဝေအသုံးပြုနေသော radio spectrum ကို ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုပတ်လမ်း သတ်မှတ်ခြင်းများအတွက် အထောက်အကူပေးခြင်း၊ ဖွံ့ဖြိုးလာသော telecommunication infrastructure များကို ပို၍တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် ကမ္ဘာအနှံ စံသတ်မှတ်ချက်များကို ထုတ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။

ယင်း ITU သည် အောက်ဖော်ပြပါ လုပ်ငန်းများအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိပါသည်-

· Broadband Internet

· Latest-generation wireless technologies

· Aeronautical nad maritime navigation

· Radio astronomy

· Satellite-based meteorology

· Fixed-mobile phone

· Internet access ၊ Data ၊ Voice ၊ TV broadcasting and
next-generation networks

*Structure of ITU *

၁၈၆၅ ခုနှစ်တွင် postal union အဖြစ်စတင်တည်ထောင်ခဲ့သော ITU သည် telecommunication ဥပဒေများနှင့် ပတ်သတ်၍ နိုင်ငံတကာဆိုင်ရာ အစောဆုံးနှင့် အရေးပါဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် United Nation ၏ အရေးပါသော အေဂျင်စီတစ်ခုဖြစ်သည့် အားလျော်စွာ တိုးတက်ပြောင်းလဲလာသော ကမ္ဘာ၌ ရေဒီယိုခေတ်မတိုင်မီကပင် အတွေ့အကြုံရှိပြီး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် ဆွစ်ဇာလန်နိုင်ငံနှင့် Sector member ပေါင်း ၇၀၀ ကျော်ရှိသည်။ အဖွဲ့ဝင်တစ်ဦးစီသည် ITU သို့၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေအရ အချိုးကျ ငွေကြေးထောက်ပံ့ရမည် ဖြစ်သည်။


အထက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း အပိုင်း ၃ ပိုင်း ကို ITU ၏ Radio Regulation နှင့် ကိုက်ညီသည့် frequency band allocation များအရ အောက်ပါအတိုင်းခွဲခြားထားခြင်း ဖြစ်သည်။

( ၁ ) Region 1 ( old world )

( Europe , including Russia , Africa and Monogolia )

( ၂ ) Region 2 ( new world )

( North America and South America ) နှင့်

( ၃ ) Region 3

( Asia-Pacific)

*Objectives of ITU Regulations*

ITU ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

( က ) ဆက်သွယ်ရေး လုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများတိုးတက်စေရး၊

( ခ ) နည်းပညာဆိုင်ရာ အထောက်အပံ့များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Telecommunication service
များပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေရေး၊

( ဂ ) အထက်ပါရည်ရွယ်ချက်များ ရရှိစေရန်အဖွဲ့ဝင်နိုင်ငံများ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်ရေး။

ယေဘုယျအားဖြင့်ကြည့်မည်ဆိုလျှင် ITU သည် နိုင်ငံတစ်ခုချင်းစီ၏ telecommunication နှင့် radio transmission များကို စည်းကမ်းသတ်မှတ်ရန်အတွက် အခွင့်အာဏာ မရှိပါ။ နိုင်ငံတစ်ခုစီ၏ အစိုးရသည်သာ ၄င်း၏နယ်နိမိတ်အတွင်း radio spectrum ကို ထိန်းချုပ်ရန် အခွင့်အာဏာ အပြည့်ရှိခြင်းကြောင့် ဖြစ်သည်။ Radio transmission များ၏ သဘာဝအရ အခြားနိုင်ငံများ၏ Radio communication အတွက် အနှောင့်အယှက် ဖြစ်မည်ဆိုပါက ITU ၏ စည်းမျဉ်းများနှင့် သက်ဆိုင်လာမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ Telecommunication service များတိုးတက်လာခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ITU တွင် အဓိကနေရာများကို ရရှိမည်ဖြစ်သည်။

အခြားသော ITU နှင့် သက်ဆိုင်သော သိမှတ်ဖွယ်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

· Regulatory Philsophy

· ITU Sectors and Bodies

· The ITU Radio Regulations

· Objectives of the Radio Regulations

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုတည်ရှိနေသော အာကာသပတ်ဝန်းကျင်၏ ဆိုးရွားပြင်းထန်ခြင်းများ

ဂြိုဟ်တုတည်ရှိနေတဲ့အာကာသပတ်ဝန်းကျင် (space environment)သည်ဆိုးဝါးပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်-အာကာသအမှိုက်များအာကာသထဲမှာ ခန့်မှန်းရခက်ခဲစွာ မျောချင်ရာသို့အရှိန်အဟုန်ပြင်းစွာမျောပါနေသည့်လူသားတွေပြုလုပ်ထားတဲ့ အာကာသအမှိုက်သရိုက်များ (space debris) ဖြစ်ပါသည်။ ယင်းအာကာသ၀တ္ထုများနှင့် ဂြိုဟ်တုနဲ့တိုက်မိတဲ့အခါ သို့မဟုတ် ဂြိုဟ်တုပေါ်ကအရေးကြီးသည့်အစိတ်အပိုင်းတစ်ခုခုကို ထိမှန်သွားတဲ့အခါတွင် ဂြိုဟ်တုတစ်ခုလုံးပျက်စီးမှုကြီးများ အထိ ဖြစ်ပေါ်စေနိုင်သည်။ ဂြိုဟ်တုတစ်ခု၏ အစိတ်အပိုင်းအသေးအမွှားကလေးများမှ ထိန်းချုပ်စနစ်မရှိတော့သည့် ပတ်လမ်းထဲတွင်လွှင့်မျောနေကြသော ဂြိုဟ်တုအဟောင်းများ လည်းပါဝင်သည်။ ၂၀၀၉ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု (Irridium) နှင့်ရုရှားဆက်သွယ်ရေး ဂြိုဟ်တုအပျက် (Kosmos) တို့ တိုက်မိကြသည့်ဖြစ်ရပ်ကဲ့သို့တိုက်မိသည့်
ဂြိုဟ်တုနှစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတာမျိုးအထိလည်းဖြစ်ခဲ့ဖူးပါသည်။

ဂြိုဟ်တုတစ်လုံးအသစ်တင်လိုက်တိုင်း ယင်းဂြိုဟ်တုကို
ပစ်လွှတ်ပေးသည့်ဒုံးပျံ (launch vehicle) မှလည်းကောင်း၊ ဂြိုဟ်တုနှင့်ဒုံးပျံခွဲထုတ်ခြင်းအတွက် ထည့်သွင်းထားရသည့်စက်ပစ္စည်းများမှလည်းကောင်း၊
ကိရိယာအစိတ်အပိုင်းများကို အာကာသအတွင်းတွင်ချန်ထားခဲ့သည့်အတွက် ဖြစ်ပါသည်။ထိုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် အာကာသထဲတွင် ၁၉၆၀ ခန့်မှစပြီး တစ်ကမ္ဘာလုံးပစ်လွှတ်ခဲ့ကြသည့်ဂြိုဟ်တုများအပြင် ယင်းဂြိုဟ်တုများကိုလွှတ်တင်ခဲ့သည့်အကြိမ်တိုင်း အာကာသထဲတွင် ချန်ထားခဲ့သည့်စွန့်ပစ် ပစ္စည်းများဟာအရေအတွက်အားဖြင့် သန်းဂဏန်းအထိရှိနေသောကြောင့်အာကာသတွင်းရှိ မည်သည့်ဂြိုဟ်တုကိုမဆို လာရောက်ထိမှန်နိုင်ခြေရှိနေသည်။ထို့အပြင်အာကာသအတွင်းသို့လွှတ်တင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့ကြသည့်အတွက် ယင်းအမှိုက်သရိုက်များသည် ဂြိုဟ်တုနဲ့ယှဉ်လျင် အလွန်မာကျောသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အလွန်မာကျောပြီးအလွန်လျင်မြန်သော အမြန်နှုန်း (8 km/s) ဖြင့် ရွေ့လျားနေသောယင်း ပစ္စည်းအစအနများ သည် ဂြိုဟ်တုကိုထိမှန်တဲ့အခါမှာ ထိမှန်ခြင်းခံရသည့် အစိတ်အပိုင်းပေါ်ကိုလိုက်၍ ပျက်စီးမှုကြီးမားပါသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းကိုထိမှန်ခဲ့မည်ဆိုပါက ဂြိုဟ်တုတစ်ခုလုံး သုံးမရတဲ့အထိ ဖြစ်သွားနိုင်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသတွင်း မျက်ရည်ကျရင် ဘယ်လိုဖြစ်မလဲ

အာကာသတွင်း ဆွဲငင်အားမဲ့ အခြေအနေသည် ကမ္ဘာသားတို့အတွက် ကိုးရိုးကားရား ဖြစ်စေသော ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ယင်းအခြေအနေတွင် မျက်ရည်ကျမိလျှင် အဘယ်သို့ ဖြစ်မည် ဆိုသည့် အဖိုးတန် သင်ခန်းစာကို အမေရိကန် အာကာသယာဉ်မှူး ဒရူးဖျူစတယ်လ်က မေလ ၂၅ ရက်နေ့က လက်တွေ့ခံစားပြီး ထုတ်ဖော်ပေးလိုက်ပြီ ဖြစ်သည်။

''အာကာသထဲမှာတော့ မျက်ရည်ဆိုတာ အောက်ကိုပြုတ်ကျတာမျိုး မဟုတ်ဘူး။ မျက်လုံးအတွင်းမှာပဲ စုပြီးဝိုင်းနေတာမျိုးပါ''ဟု မျက်ရည်ကျခဲ့သည့် ဖျူစတယ်နှင့်အတူ အာကာသတွင်း လမ်းလျှောက်မှုကို ဦးဆောင်သူ အယ်လီဆန်ဘိုလင်ဂါ က ဆိုသည်။

၂၅ ရက်နေ့က အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး နိုင်ငံတကာ အာကာသစခန်းပြင်ပ ထွက်ပြီး အာကာသလမ်းလျှောက်မှု ပြုကာ စခန်းကို ပြင်ဆင်မှုများ ပြုလုပ်စဉ် ယင်းဖြစ်စဉ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဖျူစတယ်၏ ဦးထုပ်တွင်းတွင် ဦးထုပ်ကို သန့်စင်စဉ်က ကျန်ခဲ့သော သန့်စင်ဆေးရည် အနည်းငယ် မပြောင်ဘဲ ကျန်ခဲ့သည်။

''သန့်စင်ဆေးရည်ကို သေသေချာချာ ပြန်မသုတ်ရင် အဲဒါတွေက မျက်လုံးထဲ ၀င်တတ်တယ်ဆိုတာ အရင်ကလည်း ခဏခဏ ဖြစ်ခဲ့ပါတယ်။ ဒါက ပန်းကန်ဆေးဆပ်ပြာလိုပဲလေ။ ဆပ်ပြာ မျက်လုံးထဲဝင်သွားရင် ဘယ်လိုခံစားရမလဲ၊ အဲဒီလို မျိုးပဲပေါ့''ဟု ဘိုလင်ဂါ က ဆိုသည်။ဖျူစတယ်သည် အာကာသ၀တ်စုံတွင် ပါဝင်သော ဖိအားပြောင်းချိန်တွင် နှာခေါင်းကို ပိတ်ရသည့် ဗယ်လ်ဆာဗာဆိုသော ရေမြှုပ်ကိရိယာဖြင့် မျက်လုံးကို သုတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GEORING နှင့် မိတ်ဆက်ခြင်း

GEORING ဆိုသည်မှာ HERMES ဟု အမည်ရသော ပတ်လမ်းအတွင်း ၀န်ဆောင်မှုပေးခြင်းစနစ် (On-Orbit Servicing System) ၏ ရှေ့ပြေးအစီအစဉ် ဖြစ်သည်။ ဥရောပတွင် ပတ်လမ်းအတွင်း ၀န်ဆောင်မှုပေးခြင်းစက်မှုလုပ်ငန်း (On-Orbit Servicing Industry) ၏ အစကနဦးအစီအစဉ် အဖြစ်လည်း ရည်ရွယ်ထားသည်။ GEORING အား ပတ်လမ်းအတွင်း ၀န်ဆောင်မှု လုံလောက်စွာပေးနိုင်ရန် element system (၅) ခုဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ၀န်ဆောင်မှုများမှ တစ်ချို့သည် လက်ရှိဂြိုဟ်တုများအတွက်ဖြစ်ပြီး အနာဂတ်ဂြိုဟ်တုများအတွက်ပါ ၀န်ဆောင်မှု လုံလောက်စွာပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည်။ HERMES ပတ်လမ်းအတွင်း ၀န်ဆောင်မှုစနစ်၏ အဓိက element များမှာ အောက်ပါအတိုင်းဖြစ်သည်_

(၁) လောင်စာဆီများကို သိုလှောင်သိမ်းဆည်းထားနိုင်သော HERMES tanker အာကာသယာဉ်၊

(၂) Tanker အာကာသယာဉ်မှ သတ်မှတ်ထားသော ဂြိုဟ်တုဆီသို့ သွားရောက်နိုင်သော catcher-transporter အာကာသယာဉ်၊

(၃) ချိတ်ဆက်ခြင်း လုပ်ငန်းစဉ်များ (docking operations) အတွင်း ချိတ်ဆက်မည့် ဂြိုဟ်တု (target satellite) ကို စစ်ဆေးမည့် inspector အာကာသယာဉ်၊

(၄) Engine-Module (အမည်အားဖြင့် KINITRON) ဟုခေါ်ဝေါ်ကာ အသေးစား အာကာသယာဉ်တစ်ခုဖြစ်ပြီး ဂြိုဟ်တုဟောင်းများ၏ ပုံမှန်တည်နေရာ ထိန်းသိမ်းခြင်းလုပ်ငန်း (Station Keeping) ကို လုပ်ဆောင်သည်။

(၅) Apogee သို့သွားရောက်ရန် အထူးပြုလုပ်ထားသော ဒုံးပျံစက်များ (Special Apogee Kick Motor) သည် ဂြိုဟ်တုများကို ပို့ဆောင်ရာ၌ မြင့်မားသော တွန်းကန်အား (high thrust) အားအလိုရှိသည့် mission များတွင် အသုံးပြုသည်။

ဂရိနတ်ဘုရားတစ်ပါး၏ အမည်ကိုယူထားသော HERMES စီမံကိန်းကို ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်ခုမှ ပြုလုပ်နေသည်။ အဆိုပါ အဖွဲ့တွင် ဥရောပ၏ အဓိက အာကာသ ကုမ္ပဏီများ ပါဝင်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Spacebus (Thales Alenia Space)

Spacebus satellite bus ကို ပြင်သစ်နိုင်ငံရှိ Thales Alenia Space ကုမ္ပဏီမှ ထုတ်လုပ်ပြီး geostationary(GEO) communication satellite များတွင် အသုံးပြုသည်။ ၁၉၈၅ ခုနှစ်တွင် လွှတ်တင်ခဲ့သော Arabsat-1A မှစတင်၍ သြဂုတ်လ ၄ ရက် ၂၀၁၀ အထိ ဂြိုဟ်တု ၅၉ ခုကို ထုတ်လုပ်ခဲ့သည်။ ယင်း satellite bus ၏ မူကွဲများအနေဖြင့် Spacebus 100 ၊ Spacebus 300 ၊ Spacebus 2000 ၊ Spacebus 3000 ၊ Spacebus 4000 နှင့် Ekspress-4000 တို့ကို ထုတ်လုပ်ခဲ့သည်။ ယင်း၏ သက်တမ်းမှာ ၁၅ နှစ်ဖြစ်သည်။ Spacebus 4000 သည် ITAR-free satellite အမျိုးအစားဖြစ်သည်။

အဆိုပါ Spacebus 4000 ကို အသုံးပြုထားသော Eutelsat W3C (ITAR-free) ဂြိုဟ်တုကို Eutelsat ကုမ္ပဏီမှ Thales Alenia Space ကုမ္ပဏီသို့ မှာယူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် Long March 3B လွှတ်တင်ရေး ဒုံးပျံဖြင့် လွှတ်တင်မည် ဖြစ်သည်။

Source:
http://sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Endeavour အာကာသလွန်းပျံယာဉ် နောက်ဆုံးခရီးစဉ်

နောက်ဆုံးခရီးစဉ်အဖြစ် အာကာသအတွင်းသို့ ထွက်ခွာပျံသန်းသွားသည့် Endeavour အာကာသလွန်းပျံယာဉ်အား တွေ့ရစဉ်။ ယခုခရီးစဉ်အပြီးတွင် Endeavour အာကာသလွန်းပျံယာဉ်ကို ပျံသန်းမှု အနားပေးမည်ဖြစ်ပြီး ပြတိုက်တွင် ထိန်းသိမ်းပြသသွားမည် ဖြစ်သည်။ (မေ ၁၆)

ပြီးခဲ့သည့် နှစ်ပါတ်အကြာက ပြဿနာအချို့ကြောင့် ပျံသန်းရေးဆိုင်းငံ့ခဲ့ရသော နာဆာအဖွဲ့၏ Endeavour လွန်းပျံယဉ်သည် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် မေလ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်း၏ နောက်ဆုံးအာကာသခရီးစဉ်ကို စတင်ထွက်ခွာနိုင်ပြီ ဖြစ်သည်။ Endeavour လွန်းပျံယာဉ်နှင့်အတူ အာကာသယဉ်မှူးခြောက်ဦး လိုက်ပါသွားကြောင်း သိရသည်။ ယခုပျံသန်းသည့် အာကာသခရီးစဉ်အပြီးတွင် Endeavour အာကာသလွန်းပျံယာဉ်ကို လော့စ်အိန်ဂျလိ ပြတိုက်တွင် သိမ်းဆည်း ပြသထားမည် ဖြစ်သည်။

၁၆ ရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း နိုင်ငံတကာအာကာသစခန်းတွင် ဒေါ်လာ ၂ ဘီလျံကုန်ကျမည့် စမ်းသပ်ချက်များကို ပြုလုပ်သွားမည် ဖြစ်သည်။ Endeavour သည် နာဆာမှ လွှတ်တင်သော လွန်းပျံယဉ်များအနက် အသေးစားမျှသာဖြစ်ပြီး Challenger အာကာသလွန်းပျံယာဉ်အစား ဆောက်လုပ်ထားခြင်း ဖြစ်သည်။ Challenger အာကာသလွန်းပျံယာဉ်မှာ ၁၉၈၆ ခုနှစ်က လွှတ်တင်ရာတွင် မတော်တဆ ပျက်ကျခဲ့သည်။ တနင်္လာနေ့တွင် လွှတ်တင်သည့် Endeavour ၏ နောက်ဆုံး အာကာသခရီးစဉ်ကို ကနေဒီ အာကာသစခန်းမှ အဖွဲ့များသာမက လာရောက်ကြည့်ရှုသူ ၄၅၀၀၀ ထက်မနည်း စောင့်ကြည့်ခဲ့ကြသည်။ Endeavour အာကာသလွန်းပျံယာဉ်နှင့်အတူ လိုက်ပါမည့် အာကာသယာဉ်မှူများအား ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းက အမေရိကန်သမ္မတ အိုဘားမားနှင့် မိသားစုက လာရောက်တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour


Credit: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

A2100 (Lockheed Martin)

ပါဝင်သည့် အစိတ်အပိုင်းများ ရိုးရှင်းခြင်း ၊ ပတ်လမ်းအတွင်း ယုံကြည်စိတ်ချရမှု (on-orbit reliability) မြင့်မားခြင်းစည့် အချက်များသည် A2100 sateliite bus ဒီဇိုင်း၏ အားသာချက်များ ဖြစ်သည်။ A2100 bus ၏ ထုတ်လုပ်နိုင်သော လျှပ်စစ် ပါဝါမှာ ၁၅ ကီလိုဝပ် အထိရှိသည်။ Lockheed Martin ကုမ္ပဏီသည် အဆိုပါ A2100 bus အား မှာယူသည့်နေ့မှ (၁၈) လအတွင်း ပြုလုပ်ပေးနိုင်သည်။

A2100 series ကို အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲခြားထားသည်။

(၁) A2100A – 1 to 4 kW

(၂) A2100AX – 4 to 15 kW

(၃) A2100AX အမျိုးအစားအား အဆင့်မြှင့်တင်ထားသော A2100AXS

(၄) Mobile communications လုပ်ငန်းစဉ်များအတွက် A2100AXX

စစ်ဖက်ဆိုင်ရာ ဂြိုဟ်တုများအတွက် A2100M ဒီဇိုင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။

A2100 satellite bus အား အသုံးပြုထားသည့် ဂြိုဟ်တုတစ်ခုမှာ Vinasat-1 ဂြိုဟ်တုဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလ ၁၂ ရက်၌ လက်မှတ်ထိုးခဲ့သော သဘောတူစာချုပ်အရ Lockheed Martin Commercial Space Systems ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ဂြိုဟ်တုစီမံကိန်း တစ်ခုလုံးအား ထုတ်လုပ်မှုအဆင့်မှ လွှတ်တင်ခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် တာဝန်ယူခဲ့သည်။ Lockheed Martin ကုမ္ပဏီနှင့် ဂြိုဟ်တု တည်ဆောက်ခြင်းအတွက် ဒေါ်လာ ၁၆၈ သန်း တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဂြိုဟ်တုအား ၂၀၀၈ ခုနှစ် ဧပြီလ ၁၈ ရက်တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ထပ်မံ၍ Lockheed Martin ကုမ္ပဏီဖြင့်ပင် စာချုပ်ကာ Vinasat-2 ဂြိုဟ်တုအား ၂၀၁၂ ခုနှစ်တွင် လွှတ်တင်မည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

LS 1300 (Space System/Loral)

LS 1300 satellite bus သည် Space System/Loral ကုမ္ပဏီမှ ထုတ်လုပ်သော geostationary satellite bus အမျိုးအစား ဖြစ်သည်။ LS 1300 satellite bus သည် ယင်း၏ power နှင့် communications စွမ်းရည်ကြီးမားခြင်း၊ သက်တမ်းရှည်ကြာခြင်းတို့ကြောင့် customer များ ၀ယ်ယူမှုများပြားနေသော bus တစ်ခုဖြစ်ကြောင်း သိရှိရသည်။ LS 1300 satellite bus ၏ ထုတ်လုပ်နိုင်သော power မှာ ၅ ကီလိုဝပ်မှ ၂၅ ကီလိုဝပ်အတွင်းရှိပြီး transponder အရေအတွက် (၁၂) ခုမှ (၁၅၀) ခုကို သယ်ဆောင်နိုင်သည်။ bus ၏ အလေးချိန်မှာ အများဆုံး ၆၇၀၀ ကီလိုဂရမ် အထိရှိသည်။ သို့သော် LS satellite bus များသည် (၅) မီတာ အချင်းရှိသော payload fairing လိုအပ်သည်။ LS 1300 satellite bus များအား Zenit 3SL ၊ Proton နှင့် Ariane 5 စသည့် လွှတ်တင်ရေးဒုံးပျံများဖြင့် ပစ်လွှတ်သည်။

Intelsat Corporation သည် Space Systems/Loral နှင့် Intelsat 17 ဂြိုဟ်တုအား LS 1300 satellite bus ကို အသုံးပြု၍ ထုတ်လုပ်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ Intelsat 17 ဂြိုဟ်တုသည် အရှေ့လောင်ဂျီတွဒ် ၆၆ ဒီဂရီ၌ တည်ရှိသော Intelsat 702 ဂြိုဟ်တုအား အစားထိုးရန် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

Source:
http://sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Launch Vehicle


၁၉၅၀ ခုနှစ်မှစ၍ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန် အစိုးရအာကာသအေဂျင်စီတို့မှ တိုက်ချင်းပစ်ဒုံးများ၏ပုံစံကို အခြေပြုတည်ဆောက်ထားသည့် ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံများဖြင့် ဆက်သွယ်ရေးနှင့် စူးစမ်းလေ့လာရေးဂြိုဟ်တုများကို ပတ်လမ်းနိမ့်ဂြိုဟ်တုပတ်လမ်းသို့ အပြိုင်အဆိုင်လွှတ်တင်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်တွင် လနှင့်အခြားဂြိုဟ်များသို့ စူးစမ်းလေ့လာရေးဂြိုဟ်တုများ ပစ်လွှတ်ရာမှ ပိုမိုအားကောင်းသော လွှတ်တင်ရေးဒုံးပျံများ ပေါ်ထွက်လာခဲ့သည်။ ထိုသို့ပေါ်ထွက်လာခြင်းကြောင့် ပတ်လမ်းမြင့်ဂြိုဟ်တုပတ်လမ်းဖြစ်သော GEO ဂြိုဟ်တုပတ်လမ်းသို့ ဂြိုဟ်တုများကို လွှတ်တင်နိုင်ခဲ့ကြသည်။ ၁၉၇၀ ခုနှစ်မှ ယနေ့ခေတ်တိုင် ဆက်သွယ်ရေးဂြိုဟ်တုများကို GEO ပတ်လမ်းသို့ လွှတ်တင်အသုံးပြုနေကြသည်။ ယခုအချိန်တွင် အလေးချိန်ပမာဏများစွာ သယ်ဆောင်နိုင်၍ အားကောင်းသောလွှတ်တင်ရေးဒုံးပျံများသာမက ဂြိုဟ်တုအများအပြားကို တစ်ကြိမ်တည်း ပူးတွဲပစ်လွှတ်နိုင်သည့် လွှတ်တင်ရေးဒုံးပျံများလည်း ပေါ်ထွက်လာခဲ့သည်။

ဂြိုဟ်တုအား သယ်ဆောင်ပစ်လွှတ်ပေးမည့် လွှတ်တင်ရေးဒုံးပျံအား အောက်ပါအချက်များအပေါ်မူတည်၍ ရွေးချယ်သည်-

၁။ လွှတ်တင်ရေးဒုံးပျံ၏ သယ်ဆောင်နိုင်သော အလေးချိန်ပမာဏ၊

၂။ လွှတ်တင်ရေးဒုံးပျံ၏ နောက်ဆုံးပစ်လွှတ်မှု လေးကြိမ် ( သို့ ) ဆယ်ကြိမ်ဆက် အောင်မြင်မှု / ပစ်လွှတ်မှုဆိုင်ရာ သက်တမ်းတစ်လျှောက် အောင်မြင်သော သမိုင်းကြောင်းရှိမှု၊

၃။ လွှတ်တင်ရေးဒုံးပျံ၏ သယ်ယူပို့ဆောင်ပေးမည့် ဈေးနှုန်း၊

၎။ ပစ်လွှတ်ချိန်တွင် အသုံးပြုသော ဆက်သွယ်ထိန်းချုပ်မှုဆိုင်ရာ ကွန်ယက်များ၏ အရည်အသွေးနှင့် ပြည့်စုံကောင်းမွန်စိတ်ချရမှု။

ယခုကာလတွင် အစိုးရပိုင်းဆိုင်ရာ ဂြိုဟ်တုလွှတ်တင်ခြင်းများ သာမက နိုင်ငံတကာမှပေးပို့လာသော ဂြိုဟ်တုများအား အခကြေးငွေယူ၍ လွှတ်တင်ပေးသော ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် ဈေးကွက်စီးပွားရေးတစ်ရပ်အနေဖြင့် အပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြသည်။ ယခုအချိန်တွင် ယင်းဂြိုဟ်တုလွှတ်တင်ခြင်းဆိုင်ရာ ဈေးကွက်တွင် နည်းပညာအသစ်များ အပြိုင်အဆိုင်အသုံးပြုကာ ကျယ်ပြန့်လာခဲ့သည်။

GEOလွှတ်တင်ရေးဒုံးပျံ၏ ပထမအဆင့်တွင် ဂြိုဟ်တုအားထည့်သွင်းသယ်ဆောင်သွားမည့် ဒုံးပျံထိပ်ဖူးအခွံ (rocket fairing) နှင့် ဂြိုဟ်တုအား နောက်ဆုံးသတ်မှတ်ပတ်လမ်းသို့ ပို့ဆောင်ပေးမည့် upper stage (သို့) ဂြိုဟ်တုနှင့်တွဲဆက်ထားသည့် apogee rocket motor ( ARM ) တို့ပါရှိ၍ ယင်းပထမအဆင့်အောက်တွင် အားကောင်းသောအင်ဂျင်များကို အဆင့်ဆင့်တပ်ဆင်ထားသည်။


လွှတ်တင်ရေးဒုံးပျံဖွဲ့စည်းပုံနှင့် Payload fairings များတပ်ဆင်ထားရှိပုံ

လွှတ်တင်ရေး အဖွဲ့အစည်းများစွာရှိသကဲ့သို့ ယင်းတို့၏လွှတ်တင်ရေးဒုံးပျံဒီဇိုင်း၊ လွှတ်တင်မှုပုံစံ ၊ သယ်ဆောင်နိုင်သော အလေးချိန်ပမာဏနှင့် ဈေးနှုန်း စသည်တို့မှာလည်း ကွဲပြားသည်။

Credit: http://sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

'ကန်'စစ်တပ်မှာ ရေဒါလွတ်ရဟတ်ယာဉ် ရှိနေပြီလား



အိုစမာဘင်လာဒင်အား သတ်ဖြတ်မှု စစ်ဆင်ရေးအတွင်း အမေရိကန် အထူး ရေတပ် (SEAL)အသုံးပြုသည့် ရဟတ် ယာဉ်သည် ၎င်းတို့ပိုင် ဆိုင်သော အများ သိ ရဟတ်ယာဉ်မျိုးနှင့် မတူကြောင်း ကျွမ်းကျင် သူများက ပြောဆိုလိုက်သဖြင့် ရေဒါဖမ်းမမိသည့် ရဟတ်ယာဉ် ကောလာဟလများ ထွက်ပေါ်လာသည်။ စစ်ဘက်ဆိုင်ရာ လေကြောင်း ကျွမ်း ကျင်သူများက အိုစမာဘင်လာဒင်အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းသည် လူမသိသေး သော ရေဒါလွတ် ရဟတ်ယာဉ်များ ကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းနေ ကြသည်။ ယင်းရဟတ်ယာဉ်တစ်စင်း သည် ပျက်စီးသွားခဲ့ကာ ပါကစ္စတန် တွင် ကျန်ရစ်ခဲ့သည်။ ဘင်လာဒင်၏နေအိမ်ဝင်းအတွင်း ပျက်ကျခဲ့သည့်
ရဟတ်ယာဉ်အား အမေရိကန်တပ်ကဖျက်ဆီးပစ်ခဲ့သော်လည်းရဟတ် ယာဉ်အမြီးပိုင်းသည် အုတ်နံရံ၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသော အမြီးပိုင်းပုံများအားကြည့်ရှုကာ လေကြောင်းကျွမ်းကျင် သူများက ရဟတ်ယာဉ်သည် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစားနှင့်ရေဒါလွတ် တိုက်လေယာဉ်နှစ်မျိုးရောနေသည့် အမှတ် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။

အမေရိကန်စစ်တပ်တွင် ရေဒါလွတ် ရဟတ်ယာဉ်အမျိုးအစား ရှိသည်ဟုအများက သိရှိမထားသော်လည်း ပါကစ္စတန်နိုင်ငံ အဘိုတာ ဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်ဝင်းရှိရာသို့ ရေဒါများ တွင် မဖမ်းမိစေဘဲ အမေရိကန်စစ်သား များအား ဆောင်ကြဉ်းခဲ့သည့် ရဟတ် ယာဉ်များမှာမူ ရေဒါလွတ်ရဟတ်ယာဉ် အမျိုးအစားလက္ခဏာများ ရှိနေသည်။

"ဒါ တွေ့နေကျ ဘလက်ခ်ဟော့ခ် မျိုးမဟုတ်ဘူး။ ဒီရဟတ်ယာဉ်က အက်ဖ်-၁၁၇ ရေဒါလွတ် တိုက်လေ ယာဉ်တွေမှာတွေ့ရတဲ့ ထောင့်ချိုးတွေ အနားစောင်းတွေ ပါနေတယ်" ဟု အငြိမ်းစား အထူးစစ်ဆင်ရေးလေယာဉ် မှူးတစ်ဦးကပြောသည်။

ရေဒါလွတ်ရဟတ်ယာဉ်နှင့် ရေဒါ လွတ်တိုက်လေယာဉ်တို့သည် တူညီမှု များ ရှိလင့်ကစား ဦးတည်ချက်မတူညီ သည့် ဒီဇိုင်းများရှိ သည်။ ရေဒါလွတ် လေယာဉ်သည် ရေဒါတွင် ဖမ်းမမိစေ ရန်ရည်ရွယ်ပြီး ရေဒါလွတ်ရဟတ် ယာဉ်မှာ အသံတိတ်ဆိတ်ရန် ဦးတည် ထားသည်။ ရဟတ်ယာဉ်များသည် ရေဒါ၏အောက်မှ ပျံသန်းနိုင်သည့်စွမ်းရည်ရှိထားပြီးဖြစ်ကာ ၎င်းတို့တွင်လှုပ်ရှားနေသည့် အစိတ် အပိုင်းများများစွာပါရှိသည့်အတွက် ရေဒါတွင်ဖမ်းမမိစေရေးမှာ များစွာခက်ခဲလှသည်။

ကျင့်သားမရသည့် နားများအတွက် ရေဒါလွတ်ရဟတ်ယာဉ်သံသည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်စစ်ရဟတ်ယာဉ်တစ်စင်း ဆိုခြင်းထက်သာမန်မြက်ရိတ်စက်သံနှင့် ပိုတူလေသည်။ အမေရိကန်စစ်တပ်၏ နောက်ဆုံးသိရသော ရေဒါလွတ်ရဟတ်ယာဉ်
စီမံကိန်း RAH-66 Comanche သည် မည်သည့်စစ်ဆင်ရေးမျှ မလုပ်မီ ၂၀၀၄ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ ဖျက် သိမ်းခဲ့စဉ်က ဒေါ်လာ ခုနစ်ဘီလျံနီးပါး သုံးစွဲခဲ့သည့် ယင်းအစီအစဉ်သည် အနာဂတ် ရေဒါလွတ်ယာဉ်များတွင် ဆက်လက်အသုံးချသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများကပြောသည်။

ပျက်စီးသွားသည့် ရဟတ်ယာဉ်နှင့် စပ်လျဉ်း၍ ပင်တဂွန်သည် ရေငုံနှုတ် ပိတ်ရှိနေပြီး စီအိုင်အေဒါရိုက်တာ လီယွန်ပနက်နာက ဘင်လာဒင်စစ်ဆင် ရေးတွင် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်များကို သုံးစွဲခဲ့သည်ဟုသာဆိုသည်။ ပါကစ္စတန်အရာရှိများက ရဟတ် ယာဉ်ပျက် အပိုင်းအစများအား ကုန်တင်ကားများပေါ်တင်ဆောင်ကာ မိုးကာများ ဖုံးအုပ်လျက် သယ်ဆောင်သွား ကြသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ သဖြင့် အမေရိကန်တို့ဘက်မှ ရဟတ် ယာဉ်အပျက်များ မည်သို့အဆုံးသတ် မည်ဆိုသည့်ကိစ္စအား စိုးရိမ်မကင်းဖြစ် သွားရသည်။

Source: Myanmar Times

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လကမ္ဘာအကြောင်း သိကောင်းစရာ




လဟာဘယ် လောက်ကြီးပြီးတော့ ဘယ်လောက်ဝေးသလဲ ဆိုတာကို ကျွန်တော်တို့  အရင် လေ့လာကြည့်မယ်နော်..။

တကယ်တော့ လဟာ ကမ္ဘာ့ အရွယ်အစားထက် လေးပုံပုံ တစ်ပုံလောက်ပဲရှိတယ်..၊ လဟာ (ကျွန်တော်တို့ ကမ္ဘာကနေ ) မိုင်ပေါင်း ၂၃၀,၀၀၀ လောက် အကွာမှာ ရှိပြီး ကျွန်တော်တို့ ရဲ့  အနီးဆုံးမှာရှိတဲ့ အရာဖြစ်ပါတယ်..၊ အာကာသ ဝေါဟာရ သတ်မှတ်ချက်များအရ ဒီ အကွာဝေးကို ( အရမ်းကို) လုံးဝ နီးကပ်တယ်လို့ သုံးသပ်သတ်မှတ်ရပါတယ်..။


လရဲ့ မျက်နှာပြင်ဟာ ဘာနဲ့ တူတာလဲဆိုတာကိုကော ကျွန်တော်တို့  လေ့လာကြည့်မယ်နော်..။



၁၉၆၉ ခုနှစ်မှာ လူသားတွေဟာ လရဲ့  မျက်နှာပြင်ပေါ်ကို ပထမဦးဆုံးအကြိမ်ဆင်းသက်ခဲ့တယ်...။ဒီတော့ လဟာ

ဘာနဲ့  တူသလဲဆိုတာ ကို ကျွန်တော်တို့  သိခဲ့ကြရတယ်..၊လမှာ ကရိတ်တာ(ဥက္ကာခဲကျလို့  ဖြစ်သွားတဲ့ချိုင့်ကြီး) တွေလို့ ခေါ်တဲ့ ချိုင့်ခွက် ထောင်ပေါင်းများစွာ ဖုံလွမ်းနေပြီး...ကျောက်ဆောင်ထူထပ်ကြမ်းတမ်းတဲ့ မျက်နှာပြင်ရှိတယ်..။

သိပံပညာရှင် တွေကတော့ လရဲ့ ချိုင့်ခွက်ကြီးတွေဟာ ဥက္ကာပျံ တွေနဲ့  အာကာသမှ အခြားအစအန တွေ လပေါ်ပြုတ်ကျလို့  ဖြစ်ပေါ်ခဲ့တာလို့  ယုံကြည်ယူဆကြတယ်.။ လပေါ်မှာ ကျယ်ဝန်း ချောမွတ် ပြေပြစ်တဲ့နေရာ အချို့ လည်းရှိပါသေးတယ်..။အဲ့ဒီညီညာတဲ့နေရာတွေကို သမုဒ္ဒရာတွေ..၊ပင်လယ်တွေ၊ ရေကန်ကြီးတွေ လို့ေ ခ်ါဝေါ်ကြတယ်..။သူတို့ အရွယ်အစား ဘယ်လောက်ကြီးသလဲဆိုတဲ့ အပေါ်မူတည်ပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်..။ သူတို့  ထဲ မှာ ကျောက်ဆောင်တွေနဲ့  မြေကြီးတွေသာပါဝင်ပါတယ်..။ ဒါပေမယ့် ရေတော့မရှိဘူး...။

လဟာ ကမ္ဘာနဲ့  ဘယ်ပုံဘယ်နည်းတွေ ကွာခြားသလဲဆိုတာကိုလည်း ထပ်မံလေ့လာကြည့်မယ်နော်..။

လဟာကမ္ဘာထက်အများကြီး ပိုသေးတယ်ဆိုတဲ့ အချက်ပြင် ကမ္ဘာနဲ့  လအကြား အခြားများစွာသော ကွဲ ပြားခြားနားချက်တွေ ရှိ(သေး)တယ်၊ ပထမဦးဆုံး အချက်က လမှာ ရေမရှိဘူး ၊တိမ်တွေ မရှိဘူး ၊ ဘယ်လို အာကာသလေထုအမျိုးအစား မှမရှိဘူး၊(လပေါ်မှာ) သက်ရှိသတ္တ၀ါတွေမရှိဘူး.၊ လပေါ်မှာ ဆွဲအားကလည်း အများကြီးပိုမိုနည်းပါးတယ်..၊ ကမ္ဘာ့ ဆွဲအားရဲ့  ခြောက်ပုံတစ်ပုံပဲ ရှိတယ်..လို့ ပြောကြပါတယ်..။

နောက်ပြီးတော့ လဟာပုံသဏ္ဍန်ပြောင်းလဲတယ်လို့ ထင်ရတဲ့ အချက်.. လသာတာကို ကျွနုပ်တို့  တွေ့ မြင်ရတယ် ၊ ဘာကြောင့် ဆို နေရဲ့ အလင်းရောင်က လမျက်နှာပြင်ပေါ် ကျရောက်ကန်ထွက်ပြီး ကမ္ဘာဆီသို့  အလင်းပြန်(ရောင်ပြန်ဟပ်)လို့ ဖြစ်ပါတယ်..။ လက ကမ္ဘာကိုပတ်ပြီ ၊ကမ္ဘာက နေကို ပတ်နေတဲ့အတွက် လရဲ့  ထွန်းတောက်တဲ့ မျက်နှာပြင် အစိတ်အပိုင်း အမျိုးမျိုး ကို ကျွန်တော်တို့ တွေ့ မြင်နေရတာဖြစ်ပါတယ်..။

ဒါဘာကြောင့် လရဲ့ ပုံပန်းသဏ္ဍန်ဟာ သေးငယ်ပါလွှာတဲ့ လခြမ်းကွေးလေတစ်ခုကနေ ပြည့်၀၀ိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားတယ်လို့  ထင်ရတဲ့ အချက်ပါပဲ။ အဲ့ဒီပုံ သဏ္ဍန်တွေကို (လကွယ်မှ လပြည့်ထိ အဆင့်ဆင့် ပြောင်းလဲသော) လသဏ္ဍန် အဆင်ဆင့် လို့ ခေါ်ပါတယ်...။




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေမုန်တိုင်း နှင့် ၄င်း၏ ဖြစ်ပေါ်လာပုံ

နေမုန်တိုင်းဆိုတာကတော့ နေကိုလွှမ်းခြုံထားတဲ့ဓာတ်ငွေ့လွှာအတွင်းမှာ ဖြစ်ပေါ်တတ်သောပြင်းထန်သော ပေါက်ကွဲမှုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
နေမုန်တိုင်းတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကတော့ နေရဲ့ ပါဝင်ပစ္စည်းများကြောင့်ဖြစ်ပါတယ်။ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ်ဓာတ်ငွေ့များနဲ့ အဓိကဖွဲ့စည်းထားတဲ့နေမှာ ယင်းဓာတ်ငွေ့နှစ်မျိုး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းအနေနဲ့အပူစွမ်းအင်ရယ်၊ အလင်းရောင်ရယ်၊ ဓာတ်ဆောင်မှုန် (charged particles)ရယ်၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု (X-rays, Gamma rays, etc.) ရယ်ရှိကြပါတယ်။၎င်းဘေးထွက်ပစ္စည်းများအနက်မှ ဒြပ်ထုမရှိသောဘေးထွက်ပစ္စည်းများဖြစ်ကြတဲ့ အလင်းရောင်ရယ်၊ ဓာတ်ရောင်ခြည်ရယ်၊ အပူစွမ်းအင်ရယ်ဟာ နေမှ အချိန်ပြည့် ဖြာထွက်နေပြီး ဓာတ်ဆောင်မှုန်ကတော့ နေအတွင်းပိုင်းမှာပဲ တည်ရှိပါတယ်။နေမုန်တိုင်းဆိုတာကတော့ ဒြပ်ထုရှိတဲ့ ဓာတ်ဆောင်မှုန်(charged particles) များနေမှအရှိန်အဟုတ်ပြင်းစွာ လွင့်ကန်ထွက်လာခြင်းဖြစ်ပါတယ်။ဒါဟာ နေရဲ့ အတွင်းပိုင်းမှာ ရှိတဲ့ သံလိုက်စက်ကွင်းကြောင့်ဖြစ်ပါတယ်။ နေထဲမှာ လှည့်ပတ်ရွေ့လျားနေတဲ့ ဓာတ်ဆောင်မှုန်တွေနဲ့အတူ သံလိုက်စက်ကွင်းဟာလည်း လိုက်ပြောင်းနေပါတယ်။တစ်ချိန်တည်းမှာပဲ နေရဲ့ corona အလွှာအတွင်းမှာရှိနေတဲ့ ဓာတ်ဆောင်မှုန်တွေဖြစ်ကြတဲ့ Proton နဲ့ electron တို့ဟာလည်း အလွန်မြင့်မားတဲ့အပူချိန်ကြောင့် နေရဲ့ဆွဲအားမှလွတ်ထွက်နိုင်သော စွမ်းအင်အရှိန် (escape velocity) ကိုရရှိနေကြပါတယ်။ “သံလိုက်စက်ကွင်းများသည်ဓာတ်ဆောင်မှုန်များအား လမ်းကြောင်းပြောင်းနိုင်ကြသည်” (တွန်းနိုင်ဆွဲနိုင်ကြသည်) (Charged particles can be deflected by magnetic fields) ဆိုတဲ့သဘော ကြောင့် သံလိုက်စက်ကွင်းတွေတစ်နေရာရာမှာစုမိလာပြီး ပြင်းအားများ သွားတဲ့အခါမျိုးတွေမှာ ဓာတ်ဆောင်မှုန် တွေကိုနေထဲကနေ အပြင်ကိုတွန်းထုတ်နေသကဲ့သို့ ဖြစ်နေပါတယ်။အဲ့ဒီမှာ အဘက်ဘက်သို့ ဓာတ်ဆောင်မှုန် စီးကြောင်း (နေမုန်တိုင်း) ပေါ်ပေါက်တိုက်ခတ်လာခြင်းဖြစ်ပါတယ်။

နေရဲ့အတွင်းပိုင်းမှာ စုမိသွားတဲ့ သံလိုက်စက်ကွင်းပြင်းအားပေါ်ကို လိုက်ပြီးနေမုန်တိုင်းတွေရဲ့ အရွယ်အစားတွေကွာခြားကြပါတယ်။ နေမှစတင်တိုက်ခတ်တဲ့အချိန်မှာ နေမုန်တိုင်းရဲ့စွမ်းအင် ထုတ်လွှတ်မှုဟာ 6*1025Joules မျှရှိပါတယ်။ဒါဟာ နေမှတစ်စက္ကန့်မှာထုတ်လွတ်နေတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံမျှရှိသော ပမာဏဖြစ်ပါတယ်။ ဒါကြောင့် နေမုန်တိုင်းက သယ်ဆောင်ထားတဲ့စွမ်းအင်ဟာ အင်မတန်မြင့်မားပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာ ပတ်လမ်းသို့နေမုန်တိုင်းရောက်ရှိချိန်မှာ တိုက်ခတ်နှုန်းဟာ တစ်စက္ကန့်လျှင် 185435 မိုင်မျှရှိပြီး ဓာတ်ဆောင်မှုန် အရွေအတွက်ဟာလည်း ကုဗစင်တီမီတာတိုင်းအတွက် တစ်မှုန် မှ ဆယ်မှုန် အထိ ရှိပါတယ်။နေမုန်တိုင်း တိုက်ခတ်တဲ့နှုန်း (velocity)၊ ဓာတ်ဆောင်မှုန်သိပ်သည်းဆ (charged particle density)၊နဲ့ တိုက်ခတ်တဲ့ အကြိမ်ရေတို့ဟာ sunspot activity ပေါ်လိုက်ပြီးပြောင်းလဲပါတယ်။နေမုန်တိုင်းက သယ်ဆောင်လာတဲ့စွမ်းအင် စုပေါင်းပမာဏဟာ နေမုန်တိုင်းတိုက် ခတ်တဲ့အကြိမ်ရေနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ဆိုလိုတာကတော့ နေမုန်တိုင်းငယ်များဟာ နေမုန်တိုင်းကြီးများ ထက်ပိုမိုတိုက်ခတ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

A2100 (Lockheed Martin)

ပါဝင်သည့် အစိတ်အပိုင်းများ ရိုးရှင်းခြင်း ၊ ပတ်လမ်းအတွင်း ယုံကြည်စိတ်ချရမှု (on-orbit reliability) မြင့်မားခြင်းစည့် အချက်များသည် A2100 sateliite bus ဒီဇိုင်း၏ အားသာချက်များ ဖြစ်သည်။ A2100 bus ၏ ထုတ်လုပ်နိုင်သော လျှပ်စစ် ပါဝါမှာ ၁၅ ကီလိုဝပ် အထိရှိသည်။ Lockheed Martin ကုမ္ပဏီသည် အဆိုပါ A2100 bus အား မှာယူသည့်နေ့မှ (၁၈) လအတွင်း ပြုလုပ်ပေးနိုင်သည်။

A2100 series ကို အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲခြားထားသည်။

(၁) A2100A – 1 to 4 kW

(၂) A2100AX – 4 to 15 kW

(၃) A2100AX အမျိုးအစားအား အဆင့်မြှင့်တင်ထားသော A2100AXS

(၄) Mobile communications လုပ်ငန်းစဉ်များအတွက် A2100AXX

စစ်ဖက်ဆိုင်ရာ ဂြိုဟ်တုများအတွက် A2100M ဒီဇိုင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။

A2100 satellite bus အား အသုံးပြုထားသည့် ဂြိုဟ်တုတစ်ခုမှာ Vinasat-1 ဂြိုဟ်တုဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလ ၁၂ ရက်၌ လက်မှတ်ထိုးခဲ့သော သဘောတူစာချုပ်အရ Lockheed Martin Commercial Space Systems ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ဂြိုဟ်တုစီမံကိန်း တစ်ခုလုံးအား ထုတ်လုပ်မှုအဆင့်မှ လွှတ်တင်ခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် တာဝန်ယူခဲ့သည်။ Lockheed Martin ကုမ္ပဏီနှင့် ဂြိုဟ်တု တည်ဆောက်ခြင်းအတွက် ဒေါ်လာ ၁၆၈ သန်း တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဂြိုဟ်တုအား ၂၀၀၈ ခုနှစ် ဧပြီလ ၁၈ ရက်တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ထပ်မံ၍ Lockheed Martin ကုမ္ပဏီဖြင့်ပင် စာချုပ်ကာ Vinasat-2 ဂြိုဟ်တုအား ၂၀၁၂ ခုနှစ်တွင် လွှတ်တင်မည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝင်ရိုးစွန်းပတ်လမ်းများ

မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း ဒေသများကို cover ဖြစ်စေသော orbit အမျိုးအစားဖြစ်သည်။ geostationary orbit သည် တစ်ခုတည်းသာဖြစ်သည်။ theory အရ polar orbit သည် infinite ဖြစ်သည်။ Low earth orbiting satellite များကို LEOSATS ဟုခေါ်ကြသည်။ meteorology အတွက်အသုံးပြုသော satellite များကို sun synchronous orbit တွင်လွှတ်တင်ထားကြသည်။ ၄င်း orbit များတွင်လွှတ်တင်ထားသော satellite များသည် နေ့စဉ် အီကွေတာအား တူညီသော local time အပိုင်းအခြားတွင်ဖြတ်သန်းလေ့ရှိ သည်။ ဥပမာ - ၄-နာရီခြား တစ်ကြိမ်ဖြတ်သန်းသည် (13း0 PM., 5:30 PM., and 9:30 PM စသည်ဖြင့်) ထို့ကြောင့် same area အား နေ့အချိန်တစ်ခုတွင်ဖြတ်သန်းခြင်းဖြင့် ၄င်း area အားအချိန်မှန်မြင်တွေ့စေသည်။ orbital pass သည် direction ပေါ်မူတည်ပြီး ၂-မျိုးရှိသည်။ တောင်မှမြောက်သို့ ပတ်လျှင် ascending pass ဟုခေါ်ပြီး မြောက်မှတောင်သို့ ပတ်လျှင် descending pass ဟုခေါ်သည်။

Polar Orbit များသည် circular orbit များဖြစ်ကြသည်။ ကမ္ဘာ့ မြေမျက်နှာပြင်အထက် ၈၀၀ မှ ၉၀၀ ကီလိုမီတာအတွင်းတွင်ရှိကြသည်။ Polar Orbiting Satellite များသည် ultraviolet sensors များကိုတပ်ဆင်ထားပြီး အိုဇုန်းလွှာကိုလေ့လာကြသည်။ Polar Orbiting Satellite အများစုသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ကိုလေ့လာကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသုံးဝင်သည်။ footprint ၏ အချင်းသည် ၆၀၀၀ ကီလိုမီတာ ခန့်ရှိသည်။ ၁၀၂ မိနစ်တွင် တစ်ကြိမ် ကမ္ဘာကိုတစ်ပတ်ပတ်သည်။ ကမ္ဘာသည် အနောက်မှအရှေ့ သို့ ၂၄-နာရီတွင်တစ်ကြိမ်ပတ်သဖြင့် polar orbiting satellite တစ်ခု၏ တစ်ပတ်နှင့်တစ်ပတ်သည် အနောက်ဘက်သို့ 25 degree ခန့်ရွေ့ သွားသည်။ထို့ကြောင့် တစ်ရက်တွင်ကမ္ဘာအား ၁၄-ပတ်ပတ်သည်။

Source: fwd

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Skylon

http://www.hin4ooe.com/main/temp/Mar%2015,%202011/jat.jpg

အမေရိကန် အမျိုးသားအာကာသအေဂျင်စီ၏ အာကာသလွန်းပျံယာဉ်များ အနားယူတော့မည့် အချိန်တွင် ဗြိတိန်မှ Reaction Engines ကုမ္ပဏီက အာကာသနှင့်ကမ္ဘာမြေခရီးကို ဂျမ်ဘိုဂျက်လေယာဉ် တစ်စင်းကဲ့သို့ အဆင်းအတက် ပြုလုပ်နိုင်မည့် ယာဉ်ဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့သည်။

Skylon ဟု အမည်ပေးထားသော အာကာသလေယာဉ်သည် အာကာသ လွန်းပျံယာဉ် များထက် ကုန်ကျစရိတ် သက်သာမည် ဖြစ်သော်လည်း ထုတ်လုပ်ရန် ၁၀ နှစ်မျှ အချိန်ယူရဦးမည် ဖြစ်သည်။ မီတာ ၉၀ ရှည်လျားသည့် ယာဉ်၏အဓိက အားသားချက်မှာ ဟိုက်ဒရိုဂျင် လောင်စာသုံး ရော့ကတ်အင်ဂျင် SABRE ဖြစ်ကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ အလန်ဘွန်းက ပြောကြားခဲ့သည်။

လူမဲ့ Skylon ယာဉ်သည် ဂြိုဟ်တုလွှတ်တင်ရန် အတွက်သာ မူလက ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ခရီးသည် ၃၀ ၊၄၀ မျှ တင်ဆောင်နိုင်သောကြောင့် အာကာသ ခရီးသွားလုပ်ငန်း၏ ရှေ့ဆောင်လည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

ဒုံးအင်ဂျင်မှာ ယာဉ်တွင်တစ်ပါတည်း ပါရှိသောကြောင့် အာကာသ လွန်းပျံယာဉ်များ လွှတ်တင်သကဲ့သို့ ဒုံးယာဉ်တွဲပြီး လွှတ်စရာမလိုဘဲ သမားရိုးကျ ဂျမ်ဘိုဂျက် လေယာဉ်တစ်စင်းကဲ့သို့ အဆင်းအတက် ပြုလုပ်နိုင်ခြင်းက အားသာချက်ဖြစ်သည်ဟု သိရသည်။

Source: hin4ooe

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

'ကန်'စစ်တပ်မှာ ရေဒါလွတ်ရဟတ်ယာဉ် ရှိနေပြီလား



အိုစမာဘင်လာဒင်အား သတ်ဖြတ်မှု စစ်ဆင်ရေးအတွင်း အမေရိကန် အထူး ရေတပ် (SEAL)အသုံးပြုသည့် ရဟတ် ယာဉ်သည် ၎င်းတို့ပိုင် ဆိုင်သော အများ သိ ရဟတ်ယာဉ်မျိုးနှင့် မတူကြောင်း ကျွမ်းကျင် သူများက ပြောဆိုလိုက်သဖြင့် ရေဒါဖမ်းမမိသည့် ရဟတ်ယာဉ် ကောလာဟလများ ထွက်ပေါ်လာသည်။ စစ်ဘက်ဆိုင်ရာ လေကြောင်း ကျွမ်း ကျင်သူများက အိုစမာဘင်လာဒင်အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းသည် လူမသိသေး သော ရေဒါလွတ် ရဟတ်ယာဉ်များ ကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းနေ ကြသည်။ ယင်းရဟတ်ယာဉ်တစ်စင်း သည် ပျက်စီးသွားခဲ့ကာ ပါကစ္စတန် တွင် ကျန်ရစ်ခဲ့သည်။ ဘင်လာဒင်၏နေအိမ်ဝင်းအတွင်း ပျက်ကျခဲ့သည့်
ရဟတ်ယာဉ်အား အမေရိကန်တပ်ကဖျက်ဆီးပစ်ခဲ့သော်လည်းရဟတ် ယာဉ်အမြီးပိုင်းသည် အုတ်နံရံ၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသော အမြီးပိုင်းပုံများအားကြည့်ရှုကာ လေကြောင်းကျွမ်းကျင် သူများက ရဟတ်ယာဉ်သည် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစားနှင့်ရေဒါလွတ် တိုက်လေယာဉ်နှစ်မျိုးရောနေသည့် အမှတ် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။

အမေရိကန်စစ်တပ်တွင် ရေဒါလွတ် ရဟတ်ယာဉ်အမျိုးအစား ရှိသည်ဟုအများက သိရှိမထားသော်လည်း ပါကစ္စတန်နိုင်ငံ အဘိုတာ ဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်ဝင်းရှိရာသို့ ရေဒါများ တွင် မဖမ်းမိစေဘဲ အမေရိကန်စစ်သား များအား ဆောင်ကြဉ်းခဲ့သည့် ရဟတ် ယာဉ်များမှာမူ ရေဒါလွတ်ရဟတ်ယာဉ် အမျိုးအစားလက္ခဏာများ ရှိနေသည်။

"ဒါ တွေ့နေကျ ဘလက်ခ်ဟော့ခ် မျိုးမဟုတ်ဘူး။ ဒီရဟတ်ယာဉ်က အက်ဖ်-၁၁၇ ရေဒါလွတ် တိုက်လေ ယာဉ်တွေမှာတွေ့ရတဲ့ ထောင့်ချိုးတွေ အနားစောင်းတွေ ပါနေတယ်" ဟု အငြိမ်းစား အထူးစစ်ဆင်ရေးလေယာဉ် မှူးတစ်ဦးကပြောသည်။

ရေဒါလွတ်ရဟတ်ယာဉ်နှင့် ရေဒါ လွတ်တိုက်လေယာဉ်တို့သည် တူညီမှု များ ရှိလင့်ကစား ဦးတည်ချက်မတူညီ သည့် ဒီဇိုင်းများရှိ သည်။ ရေဒါလွတ် လေယာဉ်သည် ရေဒါတွင် ဖမ်းမမိစေ ရန်ရည်ရွယ်ပြီး ရေဒါလွတ်ရဟတ် ယာဉ်မှာ အသံတိတ်ဆိတ်ရန် ဦးတည် ထားသည်။ ရဟတ်ယာဉ်များသည် ရေဒါ၏အောက်မှ ပျံသန်းနိုင်သည့်စွမ်းရည်ရှိထားပြီးဖြစ်ကာ ၎င်းတို့တွင်လှုပ်ရှားနေသည့် အစိတ် အပိုင်းများများစွာပါရှိသည့်အတွက် ရေဒါတွင်ဖမ်းမမိစေရေးမှာ များစွာခက်ခဲလှသည်။

ကျင့်သားမရသည့် နားများအတွက် ရေဒါလွတ်ရဟတ်ယာဉ်သံသည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်စစ်ရဟတ်ယာဉ်တစ်စင်း ဆိုခြင်းထက်သာမန်မြက်ရိတ်စက်သံနှင့် ပိုတူလေသည်။ အမေရိကန်စစ်တပ်၏ နောက်ဆုံးသိရသော ရေဒါလွတ်ရဟတ်ယာဉ်
စီမံကိန်း RAH-66 Comanche သည် မည်သည့်စစ်ဆင်ရေးမျှ မလုပ်မီ ၂၀၀၄ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ ဖျက် သိမ်းခဲ့စဉ်က ဒေါ်လာ ခုနစ်ဘီလျံနီးပါး သုံးစွဲခဲ့သည့် ယင်းအစီအစဉ်သည် အနာဂတ် ရေဒါလွတ်ယာဉ်များတွင် ဆက်လက်အသုံးချသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများကပြောသည်။

ပျက်စီးသွားသည့် ရဟတ်ယာဉ်နှင့် စပ်လျဉ်း၍ ပင်တဂွန်သည် ရေငုံနှုတ် ပိတ်ရှိနေပြီး စီအိုင်အေဒါရိုက်တာ လီယွန်ပနက်နာက ဘင်လာဒင်စစ်ဆင် ရေးတွင် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်များကို သုံးစွဲခဲ့သည်ဟုသာဆိုသည်။ ပါကစ္စတန်အရာရှိများက ရဟတ် ယာဉ်ပျက် အပိုင်းအစများအား ကုန်တင်ကားများပေါ်တင်ဆောင်ကာ မိုးကာများ ဖုံးအုပ်လျက် သယ်ဆောင်သွား ကြသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ သဖြင့် အမေရိကန်တို့ဘက်မှ ရဟတ် ယာဉ်အပျက်များ မည်သို့အဆုံးသတ် မည်ဆိုသည့်ကိစ္စအား စိုးရိမ်မကင်းဖြစ် သွားရသည်။

Source: Myanmar Times

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသအတွင်း လူသား စတင်ရောက်ရှိမှု နှစ် ၅၀ ပြည့်


w62817

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဗော့စတော့-၁ အာကာသယာဉ်ဖြင့် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောက်ရှိမှုမှ စတင်ခဲ့သော အာကာသတွင်း လူသားရောက်ရှိမှုမှာ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နှစ် ၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အေးခေတ် ပြိုင်ဘက်များ ဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့၏ ယှဉ်ပြိုင်မှုများအနက်မှ တစ်ခုဖြစ်ခဲ့သော အာကာသပြိုင်ပွဲတွင် ဆိုဗီယက်က စတင် ဦးဆောင်နိုင်မှုအဖြစ် အာကာသတွင်း လူစေလွှတ်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်သည် အမျိုးသားရေး ယှဉ်ပြိုင်မှုထက် လူသားမျိုးနွယ် တစ်ခုလုံး၏ ခြေလှမ်းသစ် တစ်ရပ်အဖြစ် နောက်ပိုင်းတွင် မှတ်ယူခံခဲ့ရသည်။ ၁၀၈ မိနစ်ကြာ ခရီးစဉ်ကို အဆုံးသတ် နိုင်ခဲ့ပြီးနောက် ဂါဂါရင် ပြောကြားခဲ့သော ''ကျွန်တော်ကမ္ဘာ ကို မြင်ရတယ်။ အရမ်းလှတာပဲ'' ဆိုသောစကားမှာ ကမ္ဘာကျော်ခဲ့သည်။

''စစ်အေးခေတ်ရဲ့ မမျှော်လင့်ဘဲ ရတဲ့အကျိုးရလဒ် တစ်ခုကတော့ ဘယ်ဟာရဲ့ အလယ်မှာမှ မရှိတဲ့ သိမ်မွေ့နူးညံ့တဲ့ ကမ္ဘာအကြောင်းကို နားလည်ခွင့် ရခဲ့ခြင်းပါပဲ။ အဲဒီကာလတုန်းက ဂါဂါရင်ဟာ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ သူ့ခြေရာနင်းခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေ ကိုယ်တိုင်လည်း သင်ယူတွေ့ရှိခဲ့တာက အလွန်ပါးလွှာတဲ့ လေထု ဖုံးလွှမ်းထားတဲ့ နိုင်ငံရေး နယ်ခြားမျဉ်းတွေ မရှိတဲ့ တစ်ခုတည်းသော ကမ္ဘာဆိုတာပါပဲ''ဟု ၀ါရှင်တန်ရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက် အပြည်ပြည်ဆိုင်ရာ အာကာသ အစီအစဉ်ဆိုင်ရာ ပြတိုက်မှူး ကက်သလင်းလီးဝစ်က သုံးသပ်သည်။

ပြိုင်ဘက် ဆိုဗီယက်၏ ခြေတစ်လှမ်းဦးခြင်း ခံခဲ့ရသော အမေရိကန်သည် ၁၉၆၁ မေလ ၅ ရက်နေ့တွင် ပထမဆုံး အာကာသယာဉ်မှူး အလန်ရှက်ပတ်ကို ပတ်လမ်းတစ်ပိုင်း ပျံသန်းမှုအတွက် စတင် စေလွှတ်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်မှ အာကာသယာဉ်မှူး ဂျွန်ဂလင်းက ကမ္ဘာပတ်လမ်းကို တစ်ပတ်ပြည့်အောင် ပတ်နိုင်သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့သည်။

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်မူ နီးလ်အမ်းစထရောင်း သည် လပေါ် ပထမဆုံး ခြေချနိုင်ခဲ့ပြီး အာကာသပြိုင်ပွဲတွင် အမေရိကန် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်ကဲ့သို့ပင် အမ်းစထရောင်း ၏ အပိုလို-၁၁ ခရီးစဉ်သည် အမျိုး သား အောင်ပွဲအဖြစ်ထက် ပိုလွန်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ကမ္ဘာကြီး၏ သေးငယ်မှုနှင့် စကြ၀ဠာအတွင်း၌ အမျိုးသားရေး ယှဉ်ပြိုင်မှုများ၏ အရေးမပါမှုကို နားလည်လာကြခြင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် အပိုလို အာကာသယာဉ်သည် ဆိုဗီယက်တို့၏ ဆိုယုဇ် ဒုံးယာဉ်နှင့် အတူ ကိုးရက်အကြာ ပူးပေါင်း ချိတ်ဆက်ခဲ့ကြသည်။ အာကာသတွင်း လူလိုက်ပါ ပျံသန်းမှုများတွင် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ခဲ့သည်။ယင်းနောက်ပိုင်းတွင် တရုတ်မှလွဲပြီး ကျန်နိုင်ငံများသည် အာကာသတွင်းသို့ လူသား စေလွှတ်ရေးကို ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ လုပ်ဆောင်ခဲ့ကြသည်။

''၁၉၆၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ် အထိတော့ အာကာသဆိုတာ ပြိုင်ပွဲ တစ်ခုပါပဲ။ ပြိုင်ပွဲဖြစ်တဲ့ အကျိုးရလဒ်က မြန်မြန်နဲ့ ရှေ့ရောက်အောင် လုပ်ကြခြင်းပါပဲ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကိစ္စက ပြိုင်ပွဲဆိုရင် အနိုင်အရှုံး ပေါ်တာနဲ့ ရပ်သွားခြင်းပါပဲ''ဟု ဥရောပ အာကာသ အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ယန်း-ယာ့ခ်ဒေါ်ဒိန်းက သုံးသပ်သည်။ အမေရိကန် အာကာသလွန်း ပြန်ယာဉ်များ အနားပေးလိုက်ခြင်းနှင့် အတူ ယာဉ်အသစ် မတည်ဆောက်နိုင်သေးမီ ရုရှားကို မှီခိုရမည် ဖြစ်သလို ရုရှားကိုယ်တိုင်ကလည်း အာကာသ စူးစမ်းလေ့လာရေး နယ်ပယ်တွင် အသစ်တီထွင် ဖန်တီးနိုင်မှု အားနည်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။


Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...