Powered by Blogger.
RSS

အင်္ဂါဂြိုလ်ပေါ်၌ ရေခဲတွေ့ရှိကြောင်း နာဆာမှ အတည်ပြု

http://www.planet.com.mm/news/newsimg/August08/phoen200.jpg

အင်္ဂါဂြိုဟ်၏မျက်နှာပြင်ပေါ် ဆင်းသက်ရောက်ရှိနေပြီး လေ့လာစူးစမ်းမှုများ ပြုလုပ်လျက်ရှိသော ဖီးနစ် အာကာသယာဉ်မှ ပေးပို့လိုက်သော သတင်းအချက်အလက်များအရ အင်္ဂါဂြိုဟ်၏ မျက်နှာပြင် မြေသားတွင် ရေခဲတွေ့ရှိခဲ့ကြောင်း နာဆာမှ အတည်ပြုခဲ့သည်။ ဇူလိုင်လ (၃၁) ရက်နေ့က ဖီးနစ် ဂြိုဟ်ဆင်းယာဉ်ငယ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် ရေရှိကြောင်း အခိုင်အမာ ဖော်ထုတ်နိုင်ခဲ့ပြီဟု သိပ္ပံပညာရှင်များက ဆိုသည်။ ယခုတွေ့ရှိမှုကြောင့် ယခင်ဂြိုဟ်တု ဓာတ်ပုံများအရ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းအရပ်တွင် ရေခဲထုရှိနိုင်ကြောင်း ခန့်မှန်းမှုများအား သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ အရီဇိုးနားတက္ကသိုလ်မှ ပညာရှင် ၀ီလျံဗိုင်တန်က ဖီးနစ်၏ စက်လက်တံများမှ တူးဖော်ရရှိခဲ့သည့် မြေသားများအတွင်း ရေခဲမှုန်များပါလာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဖီးနစ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ မေလ (၂၅) ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် လူနှင့်အခြားသက်ရှိများ နေထိုင်နိုင်ခြင်းရှိမရှိ သုံးလတာမျှ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဂြိုဟ်နီကြီးဟု အမည်တွင်သည့် အင်္ဂါဂြိုဟ်တွင် ရေခဲအရည်ပျော်သည့် အထောက်အထားများ တွေ့ရှိခဲ့အပြီး ဂြိုဟ်ပေါ်တွင် လူနေထိုင်ရန်သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးမှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။ လေ့လာသူများက အင်္ဂါဂြိုလ်မျက်နှာပြင်တွင်တွေ့ရှိရသောအရာမှာ ရေခဲမှတ်ဖြစ်သော ၃၂ ဒီဂရီအထက်တွင် အရည်ပျော်ပြီး ရေမော်လီကျူးများ ထုတ်လွှတ်ပေးနိုင်သဖြင့် ရေခဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ မားစ်မျက်နှာပြင်တွင် ရေတွေ့ရှိမှုမှာ ကမ္ဘာမြေပြင်ပ ဂြိုဟ်များတွင် လူသားများအခြေချ နေထိုင်နိုင်ရန် မျှော်လင့်နေသော သိပ္ပံပညာရှင်များအတွက် သတင်းကောင်းတစ်ခုပင်ဖြစ်ကြောင်း သိရှိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်များ ပြုလုပ်နိုင်တော့မည်လား

http://www.planet.com.mm/news/newsimg/August08/solarp200.jpg

ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုများကြောင့် ရေနံအစားထိုးစွမ်းအင်ရင်းမြစ်များနေရာတွင် အစားထိုးမှုများပြုလုပ်နိုင်ရန် ကြိုးပမ်းနေမှုများမှာ အောင်မြင်မှုအချို့ ရရှိနေပြီဖြစ်သည်။ လေထုညစ်ညမ်းမှုကိုပါ ကာကွယ်နိုင်သော လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များမှာ ယခုအချိန်တွင် အရေအတွက်အားဖြင့် နည်းပါးနေသေးသော်လည်း နောင်အနာဂါတ်တွင် ရေနံအခြေခံလောင်စာသုံး မော်တော်ယာဉ်များနေရာတွင် အပြည့်အ၀အစားထိုးလာနိုင်ရန် သိပ္ပံပညာရျင်များက မျှော်လင့်နေကြပြီဖြစ်သည်။ ယခုနောက်ဆုံး စမ်းသပ်အောင်မြင်ခဲ့သည့် နည်းပညာသစ်တစ်ရပ်အရ အနာဂါတ်ကာလတွင် ဂျက်လေယာဉ်များ၌ လေယာဉ်ဆီဖြည့်တင်းရန် လိုအပ်ချက်ကို အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြပြီဖြစ်သည်။ ဗြိတိန်နိုင်ငံမှ စမ်းသပ်ပျံသန်းခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပုံစံငယ်သည် ကောင်းကင်ယံတွင် သုံးရက်ခွဲမျှ ပျံသန်းနိုင်ခဲ့သည်ဟု သိရှိရသည်။ ကင်းထောက်လေယာဉ်ငယ်လေးအဖြစ် စမ်းသပ်ခဲ့သော အဆိုပါလေယာဉ်ငယ်မှာ ဝေဟင်တွင် (၈၃)နာရီနီးပါးမျှ ပျံဝဲနေခဲ့သည်ဟု ဆိုသည်။



(ဝေဟင်တွင်ပျံသန်းနေသည့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်)

Qinetiq ကာကွယ်ရေး စစ်လက်နက်ကုမ္ပဏီမှ စမ်းသပ်ခဲ့သည့်အဆိုပါလေယာဉ်ငယ်ကလေးမှာ နေ့အချိန်တွင် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်ကာ ဘက်ထရီများအတွင်း အပိုသိုလှောင်ထားပြီး ညအချိန်တွင် စွမ်းအင် Recharge ပြန်ဖြည့်ပေးကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများက ပြောကြားခဲ့သည်။ Auto-Pilot စနစ်သုံးပြီး ပျံသန်းခဲ့သည့် ထိုလေယာဉ်ငယ်ကလေးမှာ အမြင့်ပေ (၆၀၀၀၀)ထိရောက်ရှိခဲ့ပြီး (၈၂)နာရီ (၃၇)မိနစ်မျှကြာအောင် ပျံသန်းနိုင်ခဲ့သည်။ ထို့ကြောင့် (၂၀၀၁)ခုနှစ်အတွင်းက (၃၀)နာရီ (၂၄)မိနစ်မျှကြာအောင် ပျံသန်းခဲ့သည့် Global Hawk ကင်းထောက်လေယာဉ်၏ စံချိန်အားကျော်တက်သွားပြီဟုသိရသည်။ သို့သော် အခြားသတင်းတစ်ရပ်၏အဆိုအရ အဆိုပါလေယာဉ်ငယ်မှာ လောင်စာဆီဖြည့်တင်းမှု အမှန်တကယ်မလိုအပ်ကြောင်း စစ်ဆေးမှုများပြုလုပ်ပြီးမှ ၎င်း၏စံချိန်ကို တရားဝင်အတည်ပြုမည်ဟု သိရသည်။ Zephyr ဟုအမည်ပေးထားသော ထိုနေရောင်ခြည်စွမ်းအင်သုံးလေယာဉ်လေးကြောင့် အနာဂါတ်ကာလ ဂျက်လေယာဉ်များတွင် နေရောင်ခြည်စွမ်းအင်အား လက်ခံအသုံးပြုသွားနိုင်မည့် ပုံစံများရေးဆွဲသွားရန် ပညာရှင်များက စတင်စဉ်းစားလာကြသည်။ အရီဇိုးနားပြည်နယ်ရှိ အမေရိကန်စစ်စခန်းတစ်ခုမှ စမ်းသပ်လွှတ်တင်လိုက်သည့် အဆိုပါဗြိတိန်လုပ် Zephyr လေယာဉ်ကလေးသည် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်များ၏ခေတ်ရောက်ရှိလာရန် ပထမဆုံး ခြေလှမ်းတစ်ရပ်ဖြစ်လာမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ရပ်ပင်ဖြစ်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...