Powered by Blogger.
RSS

နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည့် အကြီးဆုံးကြယ် တွေ့ရှိ

နေထက်အဆ ၃ဝဝ ကျော် ကြီးမားပြီး တွေ့ခဲ့သမျှ ကြယ်များတွင် အကြီးဆုံးဖြစ်သည့် ကြယ်ကြီးကို နက္ခတ်ပညာရှင်များ ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရှက်ဖီးလ်တက္ကသိုလ်မှ နက္ခတ္တ ရူပဗေဒပါမောက္ခ Paul Crowther ဦးဆောင်သော အဖွဲ့ကအလွန်ကြီးမားသော အာကာသမှန်ပြောင်းကြီးကိုသုံးရန် NGC 3603 နှင့် RMC 136 ၏ ကြယ်အစုအဝေးကို လေ့လာရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

RMC 136 ကြယ်စုမှR136 a1သည် တွေ့ဖူးသမျှသော ကြယ်များအနက် အကြီးမားဆုံးဖြစ်သည်။ ယင်းကြယ်သည် နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည်ဟု ကျွမ်း ကျင်သူများက ပြောသည်။ ”အဲဒီကြယ်တွေဟာ နဂိုကတည်းက ကြီးကြီးမားမား ဖြစ်တည်လာတာဖြစ်ရင်ဖြစ် ဒါမှမဟုတ် ကြယ်လေးတွေစုပြီး ကြယ်ကြီးဖြစ် လာတာဖြစ်ရင် ဖြစ်နိုင်တယ်” ဟု ပါမောက္ခCrowtherက ပြောသည်။ ”ဒီကြယ်တွေဟာရှားပါးလွန်းလို့ ဒီစံချိန်သစ်ကို တော်တော်နဲ့တော့ ချိုးနိုင်မှာမဟုတ်ဘူး”ဟု ပါမောက္ခ က ပြောသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်ဒေါ်လာ သန်း၂၀၀ ၀န်းကျင် ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်မည်

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်သွားရန် ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ ၀န်ကြီး ဦးတင့်လွင်က ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်း ဆက်သွယ်မှု ကွန်ရက်စနစ် တည်ဆောက်ရေးနှင့်တပ်ဆင်ရေး အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၁) နှင့် အခြေခံ ပစ္စည်းထိန်းသင်တန်း (၀၁/၁၁-၁၂) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍအား တိုးချဲ့မှုအဖြစ် ငါးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို အများပြည်သူထံ ချထားပေးမည့် အစီအစဉ်နှင့်အတူ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း လွှင့်တင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ပထမနှစ် စီမံကိန်းအဖြစ် မိုဘိုင်းဖုန်းလိုင်း လေးသန်းကို ယခုဘဏ္ဍာရေးနှစ် အတွင်း သုံးစွဲခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့်အတူ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် နိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း ရုရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍအတွက် ပြည်ပနိုင်ငံမှ ဂြိုဟ်တုစနစ်ကို ငှားရမ်းအသုံးပြုလျက်ရှိပြီး တစ်နှစ်လျှင် ငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ၁၅ သန်း ၀န်းကျင်ကို ပေးဆောင် နေရကြောင်း သိရသည်။

“ဆက်သွယ်ရေးအနေနဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဆောင်ရွက်ဖို့ကိစ္စ တွေ၊ လုပ်ငန်းကြီးတွေ ပြင်ဆင်ထား တာ အများကြီးရှိတယ်။ အခုမိုဘိုင်း သန်း ၃၀ ကိစ္စ၊ နောက်တစ်ခုက မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံး စေ လွှတ်ဖို့ကိစ္စလည်းရှိပါတယ်။ ဂြိုဟ်တုလွှတ်ဖို့အတွက် Human Resources က အလွန်အရေးကြီးပါတယ်။ အခု ရုရှား၊ တရုတ်၊ ဂျပန်စတဲ့နိုင်ငံ တွေက ဂြိုဟ်တုကုမ္ပဏီတွေနဲ့ တောက်လျှောက် ပြောနေပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုမရှိတဲ့အတွက် sky net အပါအ၀င် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင်ဂြိုဟ်တု တစ်လုံးလွှတ်ရင် အမေရိကန်ဒေါ်လာ သန်း ၂၀၀လောက် ကုန်မှာဖြစ်တယ်။ ဒါ ကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင်လွှင့်မလား အဖြေ ပေါ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးတင့်လွင်က ဆိုပါသည်။

၎င်းကပင် ဆက်လက်၍ “အမေရိကန်ဒေါ်လာ ၁၅ သန်းဆိုတာ ဒီနေ့ application တွေအရ သူများကို ပေးနေရတဲ့ ပိုက်ဆံတွေပါ။ ရွှေသံလွင်က နောက်ထပ်တိုးချဲ့ထုတ်လွှင့်မယ့် ချန်နယ်လ်တွေအပြင် MPT ၊ ရတနာပုံ၊ မြ၀တီ၊ မြန်မာ့အသံ စတဲ့ အဖွဲ့အစည်းတွေရဲ့ plan တွေပါ ပေါင်းလိုက်ရင် တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၂၀ ကနေ၊ ၃၀ အထိ ကုန်ကျနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်နိုင်မည်ဆိုပါက ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍတိုးချဲ့ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောပြခဲ့သည်။

Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်,ဂြိုဟ်နက္ခတ်,တာရာ နှင့် မြန်မာတို့အမြင်




မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology) နှင့် အခြားသောနက္ခတ်ဗေဒင်ကျမ်းများကို မလေ့လာမီ နက္ခတ္တဗေဒ(Astronomy)နှင့်ပတ်သက်သော ကြယ်,ဂြိုဟ်,နက္ခတ်,တာရာဟူသောဝေါဟာရများ၏ သဘောသဘာဝများကို အနီးစပ်ဆုံး မှန်ကန်စွာ လေ့လာဖို့လို၏။ကျွန်ုပ်အား အလွယ်ကူဆုံး နှင့်မြန် ဆန်စွာကောက်ယူနိုင်သော လဂ်ကောက်နည်းရှိလျှင် ရေးပေးပါဦး ဟု ကော့မက်ပေးထားပါသဖြင့် နန္ဒာသိန်းဇံ၏ နက္ခတ်ဗေဒင်ပညာနှင့် မြန်မာတို့၏အတွေးအမြင်အစဉ်အလာမှ ကောက်နုတ်ဖော်ပြ ထားသော ဤစာစုကို လေ့လာကြည့်စေလိုပါသည်။မြန်မာမှုနယ်ပယ်တွင် ကြယ်,ဂြိုဟ်,နက္ခတ်, တာရာဟူသောဝေါဟာရများကို မကြခဏဆိုသလို ယှဉ်တွဲသုံးစွဲလေ့ရှိသောကြောင့် အတူတူပင်ဖြစ် သည်ဟု အချို့ ကထင်မှတ်ကြသကဲ့သို့ အချို့ ကလည်းသီးခြားဖြစ်သည်ဟု ထင်မှတ်မှားတတ်ကြ၏။

ကြယ်။ ။ ပထမဦးစွာ“ ကြယ်”(Star)အကြောင်းပြောရလျှင် သိပ္ပံအမြင်အားဖြင့် ကြယ်ဆိုသည်မှာ နေများဖြစ်
၍ အလင်းရောအပူပါလွှတ်ပေးသည်ဆိုသည်ကိုအားလုံးသိကြပြီးဖြစ်၏။အချို့ ကြယ်များသည် ကျွန်ုပ် တို့၏ နေမင်းကြီးထက် အဆပေါင်းများစွာ ကြီးမားကြပြီး အလင်းရောင်သည်လည်း အဆပေါင်း တစ်သန်းခန့် ပိုမိုတောက်ပကြသည်။ ၎င်းကြယ်များသည် ကျွန်ုပ်တို့၏ ကမ္ဘာနှင့် နေအကြားရှိ အကွာ အဝေးထက် အဆပေါင်းများစွာ ပိုဝေးသောကြောင့် သေးသေးငယ်ငယ်မျှသာ မြင်ကြရခြင်းဖြစ်၏။ ကြယ်တို့၏တောက်ပခြင်းအဆင့်ကိုလိုက်၍ အတန်းအစားခွဲထားရာ ကမ္ဘာမြေမှကြည့်သော် အတောက်ပဆုံးဟု ထင်ရသော“ဓူဝံကြယ်”မှာ ဒုတိယတန်းစားထဲ၌သာပါဝင်၏။ကျွန်ုပ်တို့အသိအမှတ် ပြုထားသော “နေမင်းကြီး”မှာ ကမ္ဘာနှင့်အနီးကပ်ဆုံး ကြယ်ကြီးတစ်လုံးမျှသာဖြစ်ပြီး ကြယ်များအနက် အလတ်တန်းစားမျှသာဖြစ်၏။အကြီးဆုံးကြယ်မှာ နေ၏အချင်းထက် အဆပေါင်း ၃၀၀၀-ရှိပြီး အသေး ငယ်ဆုံးကြယ်များမှာ နေ၏အချင်းအောက် ၄၀၀-ပုံ ၁-ပုံသာရှိကြ၏။

ဥပမာ.....“ဟင်္သာတာရာ”၏ စားလုပ်နားရှိ အက်ပ်စီလွန်အော်ရီဂေး(Epsilon Aurigae)ကြယ်ကြီးမှာ နေ၏အချင်းထက် အဆပေါင်း(၂၇၀၀)-မျှပိုမိုရှည်လျားကြီးမားသည်ဟုဆိုသည်။ မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology)တွင်မူ “နေ”နှင့် “လ”ကို အခြားသော နက္ခတ်,တာရာ များကဲ့သို့ကြယ်မျိုးစုတွင်ထည့်သွင်း လက်ခံခြင်းမရှိဘဲ “နေ ကို” “တနင်္ဂနွေဂြိုဟ်”၊ “လ”ကို “တနင်္လာ ဂြိုဟ်”အဖြစ်သတ်မှတ်လေ့ရှိ၏။

ဂြိုဟ်။ ။“ ဂြိုဟ်”တွေအကြောင်းပြောကြစို့။အနောက်တိုင်း နက္ခတ္တဗေဒ၌ “ ဂြိုဟ်”(Planet)ဆိုသည်မှာ နေကိုဗဟိုပြု၍ လှည့်ပတ်နေသော ကောင်းကင်တန်ဆာများဟုယူဆ၏။ကြယ်နှင့်ကွာခြားချက်မှာ ဂြိုဟ်သည် ကိုယ်ပိုင်အလင်းရောင်မရှိ၊နေမှရသော တစ်ဆင့်ခံ အလင်းရောင်သာရှိ၏။နေကိုအကွာ အဝေးအသီးသီးမှ “ဘဲဥပုံပတ်လမ်း”(Elliptical path)အတိုင်း လှည့်ပတ်နေကြရာ ကမ္ဘာအပါအဝင် ဂြိုဟ်ပေါင်း(၉)လုံးရှိ၏။နေနှင့်အနီးဆုံးမှစ၍ဖော်ပြရလျှင် ဗုဒ္ဓဟူးဂြိုဟ်(Mercury)၊သောကြာဂြိုဟ် (Venus)၊ကမ္ဘာဂြိုဟ်(Earth)၊အင်္ဂါဂြိုဟ်(Mars)၊ကြာသပတေးဂြိုဟ်(Jupiter)၊စနေဂြိုဟ်(Saturn)၊ ရေးနပ်စ်ဂြိုဟ်(Uranus)၊နက်ပကျွန်းဂြိုဟ်(Neptune)နှင့် ပလူတိုဂြိုဟ်(Pluto)တို့ဖြစ်ကြပြီး ၎င်းတို့ အားလုံး အနောက်မှအရှေ့ သို့(လက်ဝဲရစ်ပုံစံ)လည်ကြ၏။သိပ္ပံအမြင်အရ ကျွန်ုပ်တို့ လက်ရှိနေထိုင် လျှက်ရှိသော စကြာဝဠာကို “နေ”တည်းဟူသော ကြယ်တစ်လုံး၊ဂြိုဟ်(၉)လုံး၊လ(၅၀)လုံးကျော်တို့ ဖြင့်ဖွဲစည်းထားသည်။မြန်မာမှုတွင် “ ဂြိုဟ်”ဟူသည်မှာ“အိမ်”(သို့)“ဗိမာန်”ဟုအဓိပ္ပာယ်ရပြီး သက် ဆိုင်ရာဂြိုဟ်အသီးသီး၌ ၎င်းတို့နှင့်သက်ဆိုင်သော ဂြိုဟ်မင်းများလည်း အသီးသီးရှိကြောင်း ယုံကြည် ကြ၏။“နေ”ကို “တနင်္ဂနွေဂြိုဟ်မင်း”၊“လ”ကို“တနင်္လာဂြိုဟ်မင်း”ဟူ၍သတ်မှတ်ကြပြီး အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ကြာသပတေးဂြိုဟ်၊သောကြာဂြိုဟ်၊စနေဂြိုဟ်တို့အပြင် ရာဟုဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟူ၍ လည်းရှိသည်။စင်စစ် ရာဟုနှင့်ကိတ်သည် ဂြိုဟ်အစစ်များမဟုတ်ကြပါ။နေကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့အရိပ်ထွက်ရာဆုံချက်ကို ရာဟုဂြိုဟ်နှင့် နေနှင့်ကမ္ဘာအကြားရှိဆုံချက်ကို ကိတ်ဂြိုဟ် ဟုသတ် မှတ်ပြီးယင်းဆုံချက်အမှတ် ၂-ခုသည်မျဉ်းဖြောင့်အနေအထားရှိကာ ၁၂-ရာသီစက်ဝန်း တစ်ပတ် (၃၆၀ံ)ပြည့်ရန် ၁၈-နှစ်ကြာ၏။နေ,လကြတ်ရာတွင် အဓိက စိုးမိုးပါ၍ ၁၈-နှစ် နေ,လကြတ်ကိန်း ဖြစ်ပေါ်စေ၏။

မြန်မာ့နက္ခတ္တဗေဒတွင် “လ”သည် ကမ္ဘာနှင့်သက်ဆိုင်သော “လ”တစ်လုံးတည်းသာလျှင်ဖြစ်၏။ စင်စစ် သိပ္ပံအမြင်အရ ကမ္ဘာတွင် လ(၁)လုံးရှိကာ ဗုဒ္ဓဟူးဂြိုဟ် နှင့် သောကြာဂြိုဟ်တို့တွင် လ(၁) လုံးမျှမရှိကြ။အင်္ဂါဂြိုဟ်တွင် လ(၂)လုံး၊ယူရေးနပ်စ်ဂြိုဟ်တွင် လ(၁၅)လုံး၊ကြာသပတေးဂြိုဟ်တွင် လ(၆)လုံး၊စနေဂြိုဟ်တွင် လ(၂၀)လုံး၊ပလူတိုဂြိုဟ်တွင် လ(၁)လုံး၊နက်ပကျွန်းဂြိုဟ်တွင် လ(၈)လုံး ရှိကြောင်း တွေ့ရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေပေါ် မှ မီးမုန်တိုင်း

နေမှ မီးလျှံလုံးကြီး ကို မြင်တွေ.ရပုံ

Power supplies, phone signals နဲ. flights တွေ ရပ်တန်.သွားစေနိုင်လောက်တဲ့ မီးလျှံကြီးတခု မနေ.ညက ဖြစ်ပေါ်ခဲ့ပါတယ် ။ နှစ်ပေါင်းများစွာအတွင်း အခုဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု.သည် အရမ်းအံသြ စိတ်ဝင်စားစရာကောင်းတဲ့ နေမုန်တိုင်းက နေပေါ်ထွက်လာတာပါ ။ Nasa သတင်းအရ ကြည့်ရှု.နေသူတွေကို အရမ်းရင်သပ်ရှု.မော ဖြစ်စေခဲ့တယ်လို.ဆိုပါတယ် ။ သို.သော်လည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးသက်ရောက်မှု.တွေအတွက် မနေ.က ည ရ နာရီ က စပြီး power grids နဲ. satellities များပျက်စီးစေနိုင်ကြောင်း သတိပေးကြေငြာခြင်းများ ၊ လေကြောင်းလိုင်းများ လမ်းကြောင်းလွှဲခြင်းများ ကို ပြုလုပ်ခဲ့ကြရပါတယ် ။

Nasa ကင်မရာများက နေကနေ မီးအလုံးကြီး ပေါက်ကွဲတဲ့ဖြစ်စဉ်ကို ရိုက်ကူးနိုင်ခဲ့ပါတယ် ။ Solar wind ပြင်းထန်မှု. ၊ minor radiation storm တို. စုပေါင်းဖြစ်ပေါ်နေတဲ့ ဒီ မီးလျှံအစုအဝေးကြီးဟာ တနင်္လာနေ.မနက် ၆နာရီ ၄၀ မှာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ အမေရိကန် National Weather Service မှ Bill Murtagh ကဒီလိုပြောခဲ့ပါတယ် ဒီတခုက တော်တော့ကို ထူးဆန်းအံသြဖို.ကောင်းပါတယ် ။ ကျနော်တို. ကနဦးပိုင်း မီးလျှံလေးကို မြင်ခဲ့ပါတယ် အဲ့ဒီတုန်းက ဒီလောက်မကြီးပါဘူး နောက်တော့ အဲ့နောက်က ပေါက်ကွဲမှု.က ပါလာပါတယ် ။ ကျနော်တို. energy particle radiation စီးဝင်မှု.နဲ. မျက်နှာပြင်မှ ကြီးမားတဲ့မီးလျှံ ထုတ်လွှတ်မှု.တွေကို ရရှိခဲ့ပါတယ် ။ နေကနေပေါက်ကွဲထွက်လာတဲ့ အရာအားလုံးကို သင်တို.မြင်တွေ.နိုင်ပါတယ် ။ ဒါဟာ တော်တော် ရင်သပ်ရှု.မောစရာပါပဲ ။

Power grids တွေရပ်တန်.သွားစေခြင်းများ နဲ.အာရှတိုက် သို. အသွားအပြန် လေယာဉ်ခရီးစဉ်များ လမ်းကြောင်းပြောင်းလဲခြင်းများ ရှိကောင်းရှိခဲ့ပါလိမ့်မယ်လို. ပြောခဲ့ပါတယ် ။ အဲ့ဒီ့အပြင် satellites စီမံကွပ်ကဲနေသူများ အနေနဲ. ဒီအချက်ကို အထူး အာရုံစိုက်ကြရမယ်...geomagnetic storms က satellites တွေကို နည်းမျိုးစုံ နဲ. ဝင်ရောက်နှောင့်ယှက် နိုင်ပါတယ်လို. ထပ်မံပြောကြားခဲ့ပါတယ် ။ Nasa ကလည်း ဒီဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှု.မှာ အတန်အသင့်ေ သးငယ်လိမ့်မယ် ဒါပေမယ့် ကမ္ဘာနဲ. နေ ကြားမှာရှိတဲ့ magnetic fields တွေ ကို ထိခိုက်ခြင်း ၊ ထူးခြားပြောင်းလဲခြင်းများရှိ မရှိကို စစ်ဆေးနေပါတယ်လို. ဆိုပါတယ် ။ The space agency က အဲ့ဒီ မီးလျှံကြီးဟာ နေ မျက်နှာပြင် တဝက်နီးပါး လွှမ်းခြုံထားတဲ့ အမှုန်လေးများရဲ့ တိမ်တိုက်ကြီး တခုကို ဖြစ်စေခဲ့တယ်လို. ပြောကြားထားပြန်ပါသေးတယ် ။

Simpleviews
Source : metro.co.uk

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အန်ဒဲဗား အာကာသလွန်းပျံယာဉ် ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိ

ဇွန်လ(၁)ရက်နေ့က အန်ဒဲဗား အာကာသလွန်းပျံယာဉ်သည် ၎င်း၏ နောက်ဆုံး အာကာသ ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ပြီး ကမ္ဘာမြေသို့ ဆင်းသက်လာပြီဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ကနေဒီ အာကာသ လေ့လာရေးစခန်းသို့ အန်ဒဲဗား ချောမွေ့စွာ ပြန်ရောက်လာခြင်းဖြစ်သည်။

endeavour

(အန်ဒဲဗားအာကာသလွန်းပျံယာဉ်မှ အာကာသယာဉ်မှူးများ)

နိုင်ငံတကာ အာကာသစခန်း (ISS)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နက္ခတ်ဗေဒ ပညာရှင် (၁၅)ဦးကို သယ်ဆောင်ကာ ပြန်ရောက်လာပြီးနောက် ၎င်း၏ (၁၉)နှစ်ကြာ အာကာသ စွန့်စားခန်းများကို အဆုံးသတ်လိုက်သည်။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)သည် ကာလရှည် သုံးစွဲလာသည့် အာကာသယာဉ်များအစား ပိုမိုနည်းပညာ မြင့်မားသော ယာဉ်သစ်များနှင့် အစားထိုးရန် စီစဉ်ထားသည်။

endeavour

(ကနေဒီ အာကာသလေ့လာရေးစခန်းသို့ ပြန်လည်ဆင်းဆက်လာသည့် အန်ဒဲဗား အာကာသလွန်းပျံယာဉ်)

အန်ဒဲဗားနှင့်ခေတ်ပြိုင် အာကာသ လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ယာဉ်များအနက် အတ္တလန္တစ် တစ်စင်းသာ အာကာသထဲ နောက်ဆုံးတစ်ကြိမ် သွားရောက်ရန် ကျန်ရှိနေတော့သည်။ လာမည့်လတွင် အတ္တလန္တစ်ကို လွှတ်တင်ဖွယ် ရှိနေသည်။ အန်ဒဲဗား၏ နောက်ဆုံးအာကာသ ခရီးစဉ်အပြီးတွင် ၎င်းကို လော့စ်အန်ဂျလိစ်ရှိ သိပ္ပံပြတိုက်သို့ ပို့ဆောင်ကာ အများပြည်သူသို့ ပြသသွားရန် စီစဉ်လျက်ရှိသည်။ “ကျွန်တော်တို့ အမြဲအမှတ်ရနေမယ့် အံ့ဩထူးကဲလှတဲ့ အာကာသယာဉ်ပါ။ သူ့ရဲ့ အပြန်ခရီးကို ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါတယ်”ဟု အာကာသယာဉ် ပြေးလမ်းပေါ်တွင် အောင်မြင်စွာ ရပ်နားပြီးချိန်၌ ရေဒီယိုအသံလွှင့် မျှော်စင်က ဂုဏ်ပြုပြောကြားလိုက်သည်။

endeavour

(အန်ဒဲဗား အာကာသလွန်းပျံယာဉ်ကို နောက်ဆုံးအကြိမ်းအဖြစ် အာကာသအတွင်းသို့ လွှတ်တင်ခဲ့စဉ်)

အန်ဒဲဗားကို (၁၉၉၂)၊ မေလ(၇)ရက်နေ့က စတင်ပျံသန်းခဲ့ပြီး ၎င်းသည် အာကာသထဲသို့ (၂၅)ကြိမ် သွားရောက်ခဲ့ပြီး ကမ္ဘာပတ်လမ်းအတွင်း စုစုပေါင်း (၂၉၉)ရက် နေထိုင်ခဲ့သည်။ စုစုပေါင်း အကွာအဝေးအနေနှင့် ခရီးမိုင် (၁၂၂.၈)သန်း သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခုနောက်ဆုံး ခရီးစဉ်တွင် အန်ဒဲဗားသည် ISSတွင် (၁၁)ရက်ကြာ နေထိုင်ခဲ့သည်။ NASAသည် လက်ရှိတွင် အတ္တလန္တစ်၏ ပျံသန်းမှု ခရီးစဉ်အတွက် အာရုံစိုက် ဆောင်ရွက်နေပြီဟုလည်း ထုတ်ပြန်ကြေညာထားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာပျက်မည့်​နေ့​မှာ အနည်း​ငယ်​​နောက်ဆုတ်သွား​ခြင်း​​သာဖြစ်ဟုဆို


http://img.pmv-net.com/images/594_288F5F9B2CD922FF69F4C30C0CB49.jpg

ကမ္ဘာပျက်မည့်​နေ့​ကို တလွဲတ​ချော် ခန့်​မှန်း​ခဲ့​သော အ​မေရိကန် ခရစ်ယာန် တရား​ဟော ဆရာတစ်ဦး​က ကမ္ဘာပျက်မည့်​နေ့​သည် အနည်း​ငယ် ​နောက်ဆုတ်သွား​ခြင်း​သာဖြစ်​ကြောင်း​ ထပ်မံ​ပြောဆိုလိုက်သည်။

မေလ ၂၁ ရက်​နေ့​တွင် အဆုံး​အဖြတ်​နေ့​ခေါ် ကမ္ဘာပျက်မည့်​နေ့​ ကျ​ရောက်မည်ဟု ​ကြွေး​ကြော်ခဲ့​သည့်​ အသက် ၈၉ နှစ်ရှိ ဟာရိုး​ကမ်း​ပင်း​က Raptureဟု ၎င်းသုံး​နှုန်း​ခဲ့​သော ကမ္ဘာပျက်​နေ့​သည် ​နောက် ၅ လအကြာတွင် ဖြစ်လာမည်ဟု ​ကြေညာခံသည်။ 

အောက်တိုဘာ ၂၁ ရက်​နေ့​တွင် တစ်ကမ္ဘာလုံး​ ပြင်း​အား​အဆင့်​ ၆.၀ ရှိ​သော ငလျင်များ​ လှုပ်ခတ်ပြီး​နောက် ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်မှု မရှိသူများ​ ကပ်​ဘေး​သင့်​လိမ့်​မည်ဟု ကမ်း​ပင်း​ကဆိုသည်။ ဘုရား​သခင်သည် ဆိုး​ရွား​လှ​သော ဒုက္ခဆိုး​ကို ထို​နေ့​တွင် ကမ္ဘာ​မြေသို့​ ​စေလွှတ်မည်ဟု ယင်း​က ဆက်လက်​ပြောဆိုခဲ့​သည်။

ကမ်း​ပင်း​သည် ထိုကဲ့​သို့​ ​ဟောကိန်း​မျိုး​ကို ယခင်ကလည်း​ ခပ်တည်တည် ထုတ်ပြန်ခဲ့​ပြီး​ အကြီး​အကျယ် လွဲ​ချော်ခဲ့​ဖူး​သည်။ ၁၉၉၀ ပြည့်​လွန်နှစ်များ​တွင် ၎င်းသည် ၁၉၉၄ ဆို​သော စာအုပ်ကို ​ရေး​သား​ခဲ့​ပြီး​ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာကြီး​ ပျက်စီး​တော့​မည်ဟူ၍ အတိအလင်း​ ​ရေး​သား​ခဲ့​ဖူး​ကြောင်း​ သိရှိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇွန်လ ၁၆ ရက်နေ့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်မည်၊ အခြေခံလူတန်းစားများ စားဝတ်နေရေး ပြေလည်မည့် နိမိတ်ဟု နက္ခတ်သိပ္ပံအဖွဲ့ ပြောကြား

သာမန်မျက်စိနှင့် မြင်နိုင်ပြီး အချိန် သုံးနာရီခန့် ကြာမြင့်မည့် လအပြည့်ကြတ်ခြင်းကို ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သူများ မြင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။ ယခုဖြစ်စဉ်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့ည ဇွန်လ ၁၆ ရက်အကူး 00:56 am နာရီတွင် စတင် ဖြစ်ပေါ်မည် ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် 04:32 am အချိန်ထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အရပ်အခေါ် လငပုပ်ဖမ်းခြင်း ဟုခေါ်သော လကြတ်ခြင်း (Lunar Eclipse) ဖြစ်စဉ်များ၌ ယခု ဖြစ်စဉ်သည် လအပြည့်ကြတ်ခြင်း (Total Lunar Eclipse) ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ဘက် ကောင်းကင်တွင် ဇွန်လ ၁၆ ရက်နေ့ 00:56 am အချိန်လောက်မှ စတင်၍ မြင်နိုင်မည် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့ CEO ဦးဇေယျာကိုက ပြည်တွင်းသတင်းထောက်များသို့ ပြောပြခဲ့ကြောင်း သိရသည်။



ဤကဲ့သို့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်ရန် နှစ်အတန်ငယ် ကြာတတ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၆ ခုနှစ် ဧပြီ ၂၄ နှင့် အောက်တိုဘာ ၁၈ ရက် တို့၌ ကြုံတွေ့ခဲ့ဖူးလေသည်။ ယခုလကြတ်ခြင်းတွင် နက္ခတ်ဗေဒင် သဘောအရ ရာဟုဂြိုဟ်မင်းသည် လက်၌ ကျော့ကွင်းကို ကိုင်ဆောင်ထားသည့် အတွက် လကြတ်ခြင်း သက်ရောက်မြင်တွေ့နိုင်သည့် မြန်မာ၊ အိန္ဒိယ၊ အီရန်၊ အီဂျစ် စသော နိုင်ငံများတွင် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး တိုးတက် ပြေလည်စေသော နိမိတ်ဟု ကောက်ယူရမည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ပြီးလျှင် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အတွင်း၌ပင် ဒုတိယမြောက် လကြတ်ခြင်းကို ကြုံတွေ့ဦးမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်မည် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့၏ တွက်ချက်မှုများ အရ သိရှိရသည်။

Source: MMDaily

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်ုပ်တို့၏ ကမ္ဘာ နှင့် 2011 နေစကြာဝဠာ

ပုံများမှာ နာဆာအဖွဲ့ က ဖမ်းယူမိသော နေစကြာဝဠာ ဖြာထွက်ပေါက်ကွဲနေပုံဖြစ်သည်။

နေ၏ မျက်နှာပြင်ကိုဖြတ်လျှက် ကြီးမားကျယ်ပြန့်သောမီးလျှံကွင်းများမှာ

အလျှံတညီးညီး တောက်လောင်လျက်ရှိသည်။
ထို တောက်လောင်နေသော မီးလျှံကွင်းသည်
ကမ္ဘာ နှင့် လ အကွာအဝေး နှစ်ဆနီးပါး မိုင် ၄၃၅၀၀၀ ရှိသည်။

နေလှည့်လည်မှုစနစ် (Solar System)

ကျွန်ုပ်တို့ ကမ္ဘာပါဝင်နေသော နေလှည့်ပတ်မှုစနစ်(Solar System) တွင် နေအားဗဟိုပြု၍
ဂြိုဟ်ကြီး(၉)လုံး လှည့်ပါတ်နေကြသည်ဟု ယခင်က သတ်မှတ်ခဲ့ကြသော်လည်း ပြောင်းလဲပြီး
နေလှည့်လည်မှု စနစ်အသစ် (New Solar System) အရ ပလူတိုဂြိုဟ်(Pluto Planet) အား
24.8.2006 ရက်နေ့မှစပြီး ဂြိုဟ်အဖြစ် မသတ်မှတ်တော့၍ ဂြိုဟ်ကြီး(၈)လုံးသည် နေအား
ဗဟိုပြု၍ လည်ပတ်နေသည်ဟု သတ်မှတ်ပါသည်။
နေအားဗဟိုပြု၍ ဗုဒ္ဓဟူးဂြိုဟ် (Mercury) ၊ သောကြာဂြိုဟ် (Venus) ၊ ကမ္ဘာဂြိုဟ် (Earth)၊
အင်္ဂါဂြိုဟ်(Mars) တို့သည် အတွင်းပိုင်းဂြိုဟ်(၄)လုံးအဖြစ် လှည့်ပတ်နေပြီး ...............
ကြာသပတေးဂြိုဟ် (Jupitar)၊ စနေဂြိုဟ် (Saturn) ၊ ယူရေးနပ်စ်ဂြိုဟ်( Uranus) နှင့်

နက်ပ်ကျူး ( Neptune) ဂြိုဟ်(၄)လုံးတို့သည် အပြင်ပိုင်းဂြိုဟ် အဖြစ် လှည့်ပတ်နေကြသည်။
မူလနေလှည့်မှုစနစ်တွင် ဂြိုဟ်အဖြစ်သတ်မှတ်ထားသော ပလူတိုဂြိုဟ်(Pluto Planet) အား
နေလှည့်လည်မှု စနစ်အသစ်တွင် ဂြိုဟ်အသေးအမွှား (Dwarf Planet) အဖြစ် သတ်မှတ်ပါသည်။

နေလှည့်လည်မှု စနစ်သစ်တွင် (Pluto)အပြင် စီးရီးစ် (Ceres) ၊ အားရစ် (Eris) ဂြိုဟ် စသည့်

အသေးအမွှား (Dwarf Planet) (၂)လုံးလည်း ထပ်တိုးလာပါသည်။
ကျွန်ုပ်တို့ ၏ ကမ္ဘာသည် နေအား ဗဟိုပြုကီလိုမီတာ သန်း(၁၅၀) အကွာအဝေးမှ လှည့်ပါတ်

ပါသည်။ နေ နှင့် အနီးဆုံးဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်မှာ နေ နှင့် ကီလိုမီတာ သန်း(၆၀)ရှိပြီး အဝေးဆုံးဂြိုဟ်

နက်ပ်ကျူး မှာ ကီလိုမီတာ သန်း(၄၅၀၀)အကွာအဝေးတို့မှ နေအား ဗဟိုပြု၍ လှည့်ပတ်နေကြပါသည်။
နေအားလှည့်ပတ်ကြရာတွင် ကမ္ဘာသည် (၃၆၅.၂၄၂၂)ရက်တွင် တစ်ပတ် ပတ်မိပြီး ကျန်ဂြိုဟ်များအနက်

အနီးဆုံး ဗုဒ္ဓဟူးဂြိုဟ်မှာ (၈၈)ရက်တွင် တစ်ပတ်၊ အဝေးဆုံး နက်ကျူးဂြိုဟ်မှာ နှစ်ပေါင်း(၁၆၀)ကြာမှ

နေကို တစ်ပတ် ပတ်မိသည်။

ref: BBC News....
The Inter Planets (English On Line website)
The Solar System (Science-resources CO.UK ewbsite)
The Analysis of 2012 probulem -Naing Aung (Conqueror)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လပေါ်ကိုလူတွေရောက်ခဲ့တယ်ဆိုတာ..သမိုင်းဝင်လိမ်ညာမှု့ကြီးလား?

စစ်အေးခေတ်က ဆိုဗီယက်ယူနီယံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လပေါ်ကို ဘယ်သူအရင်ရောက်အောင် ခြေချနိုင်မလဲဆိုတဲ့ သိပ္ပံပြိုင်ပွဲကြီးတစ်ခုကို နိုင်ငံရေးအရရော၊ ဩဇာအရပါ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကြီးရဲ့ အဆုံးသတ် အရှုံးအနိုင်အဖြေဟာ (၁၉၆၉)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှာ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။ အမေရိကန်ရဲ့ Apollo 11ဒုံးပျံနဲ့ လိုက်ပါသွားတဲ့ နီးလ်အမ်းစထရောင်းနဲ့ ဘက်ဇ်အဲလ်ဒရင်တို့ဟာ လဆင်းယာဉ်နဲ့အတူ လပေါ်ကို ပထမဆုံး ခြေချခွင့်ရတဲ့ မဟာလူသားတွေအဖြစ် ကမ္ဘာကို ဂုဏ်ယူစွာ ကြေငြာခွင့် ရခဲ့ပါတော့တယ်။ ကမ္ဘာ့လူသားတွေဟာ နည်းပညာ နယ်ပယ်သစ်အတွက် အခမ်းနားဆုံး အောင်မြင်မှုကြီးအဖြစ် Apollo 11ကို ဂုဏ်ပြခဲ့ကြပါတယ်။ ခုတော့ ဒါတွေဟာ နှစ်ပေါင်း(၄၀)တောင် ကြာခဲ့ပါပြီ။ နောက်ပြီးတော့ Apollo 11ဟာ နိုင်ငံရေးအရ ဩဇာကြီးမားလာဖို့ NASA အမျိုးသား အာကာသ သိပ္ပံအေဂျင်စီက အကြံကြီးကြီးနဲ့ လှည့်ပတ်ထားတဲ့ အလိမ်အညာ ဇာတ်လမ်းကြီးလားလို့ ယူဆစရာ ဖြစ်လာရပါပြီ။

“လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ လိမ်ထားတာ သတ်သတ်မှန်း ကျွန်တော်သိတယ်”လို့ ရုပ်ရှင်လုပ်ငန်းရှင် ဘတ်ဆီဘရယ်လ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူဟာ အဲဒီသမိုင်းဝင် သိပ္ပံအောင်မြင်မှုကြီးကို သံသယ၀င်နေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီခေတ်က အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ဆိုဗီယက်အပေါ် အသာရရေး မူဝါဒကြောင့် NASAက မဖြစ်မနေ လုပ်ကြံလိုက်ရတဲ့ ဇာတ်လမ်းကြီးပါလို့ ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ (၁၉၆၉)ကနေ (၁၉၇၂)ခုနှစ်ထိ အမေရိကန်တွေ လပေါ်(၆)ခါ ဆင်းခဲ့သမျှ အတုတွေချည်းပဲလို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ခေတ် နည်းပညာ ထွန်းကားလာချိန်မှာ လပေါ်လူတွေဆင်းနိုင်တာ ဖြစ်လာနိုင်ပေမယ့် (၁၉၇၂)ခုနှစ်ထိတော့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆီဘရယ်လ်က စွပ်စွဲထားပါတယ်။

ဆီဘရယ်လ်ဟာ သံသယ မရှိသင့်တာကို ရှိနေတယ်လို့တော့ ယူဆလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပြဿနာကို မယုံမကြည် ဖြစ်နေတဲ့လူတွေက သူတစ်ယောက်ထဲ မဟုတ်လို့ပါပဲ။ (၁၉၉၉)ခုနှစ်က ကောက်ခံခဲ့တဲ့ စစ်တမ်းမှာဆို အမေရိကန်လူထု (၆)ရာခိုင်နှုန်းလောက်ဟာ လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက် အကြီးအကျယ် သံသယ ရှိနေကြပါသတဲ့။ ဗြိတိန်မှာလည်း အင်ဂျင်နီယာနဲ့ နည်းပညာ မဂ္ဂဇင်းက ကောက်ခံတဲ့ သဘောထား စစ်တမ်းအရ ဗြိတိန်နိုင်ငံသား လေးပုံ၊ တစ်ပုံက ဒီအောင်မြင်မှုဟာ လုပ်ကြံဇာတ်ကြီးလို့ ထင်နေတဲ့အကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ NASAဟာ ဒီပြဿနာကို အကြိမ်ကြိမ်ရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ခုထိတော့ အောင်အောင်မြင်မြင် မရှိသေးပါဘူး။ နောက်ပြီးတော့ အင်တာနက်မှာလည်း လပေါ်ကို လူတွေဆင်းခဲ့တာ တကယ်ဟုတ်မဟုတ် ပြဿနာကလည်း အကြီးအကျယ် ခေတ်စားလာပါတယ်။ Apollo 11ရဲ့ နှစ်(၄၀)ပြည့်တဲ့နေ့ မတိုင်ခင် တစ်ပါတ်လောက် အလိုကတည်းက Googleမှာ “Apollo moon landing hoax”ဆိုတဲ့ အကြောင်းအရာကို ရှာကြဖွေကြတာ အကြိမ်ပေါင်း (၁.၅)ဘီလျံတောင် ရှိပါသတဲ့။

“ကျွန်တော်တို့ဟာ အလိမ်အညာ စကားတွေထဲမှာ သာယာနေခဲ့တာပါ”လို့ ၀ါရှင်တန်မှာရှိတဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသဆိုင်ရာ ပြတိုက်က အကြီးတန်း အရာရှိ ရော်ဂျာလူးနီးယက်စ်က ပြောပါတယ်။ “ဒီကိစ္စကြီးကို လူအတော်များများက လွယ်လွယ်နဲ့ လက်ခံလိုက်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ တွေးစရာတွေ အများကြီးပါ။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်မရောက်ခဲ့ဘူးဆိုတဲ့ အယူအဆအတွက် အချက်အလက်တွေ တော်တော်များများ ရှိနေပါတယ်”လို့လည်း လူးနီးယက်စ်က ပြောသွားခဲ့ပါတယ်။ လပေါ်ကို လူတွေရောက်မရောက် သံသယ စရှိခဲ့တာ ခုမှမဟုတ်ပါဘူး။ (၁၉၇၂)ခုနှစ်ကတည်းက Rocketdyneရဲ့ နည်းပညာဆိုင်ရာ စာရေးဆရာ ဘီလ်ကေဆင်းက Apollo 11အတွက် NASAက ဆောက်ထားခဲ့တဲ့ ဒုံးပျံစနစ်ကို လေ့လာပြီးတဲ့နောက် သူ့ရဲ့(၁၉၇၄)ခုနှစ်ထုတ် စာအုပ်မှာ “ကျွန်တော်တို့ ဘယ်တုန်းကမှ လပေါ်ကို မရောက်ခဲ့ပါဘူး။ အမေရိကန် အစိုးရဟာ လူတွေကို လိမ်ညာဖို့ ဒေါ်လာဘီလျံနဲ့ချီပြီး သုံးခဲ့တာပါ”လို့ ထည့်ရေးခဲ့တာ အထင်အရှားပါပဲ။

ကေဆင်းဟာ NASAအနေနဲ့ နက္ခတ်ဗေဒ ပညာရှင်တွေကို Apollo 11က လပေါ်အရောက် ပို့ပေးခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ အမြဲယုံကြည်ခဲ့သူပါ။ သူ့အဆိုအရ အမ်းစထရောင်း၊ အဲလ်ဒရင်နဲ့ ပိုင်းလော့တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ကောလင်းစ်တို့ကို အမေရိကန် ကုန်တင်လေယာဉ်တစ်စင်းက သယ်သွားခဲ့တာပါတဲ့။ သူတို့ပါလာတဲ့ အာကာသယာဉ်ကို ပစိဖိတ် သမုဒ္ဒရာထဲမှာ ပြန်ချပေးထားပြီး အာကာသထဲက အောင်အောင်မြင်မြင် ပြန်ဆင်းလာနိုင်ပြီလို့ အမေရိကန် အစိုးရက ၀ါဒဖြန့်ခဲ့တယ်လို့ ကေဆင်းက ဆိုပါတယ်။ NASAဟာ အထူးပြင်ဆင်ထားတဲ့ Area 51ဆိုတဲ့ နေရာမှာ သူတို့ရဲ့ လပေါ်လူဆင်းရေး စီမံကိန်းကြီးကို ဦးနှောက်အစားခံပြီး အစအဆုံး ပြင်ဆင်ခဲ့တယ်လို့ ကေဆင်းရဲ့ စာအုပ်ထဲမှာ ပါခဲ့ပါတယ်။ အဲဒီနေရာဟာ နီဗားဒါး သဲကန္တာရထဲမှာ ရှိနေပြီး NASAရဲ့ လူသိမခံချင်ဆုံး လျှို့ဝှက်ချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာလို့ နာမည်ထွက်နေပါတယ်။ Area 51မှာ လုပ်နေတဲ့ တချို့ကိစ္စတွေဆို သမ္မတတွေတောင် မသိရဘူးလို့လည်း သတင်းကြီးနေပါသေးတယ်။

ကေဆင်းက အဲဒီသဲကန္တာရထဲမှာပဲ အထူးပြုလုပ်ထားတဲ့ Settingအခန်းကြီးထဲ အာကာသယာဉ်ကို ဆင်းခိုင်းပြီး ဓာတ်ပုံတွေရိုက်ကြ၊ အမေရိကန်အလံကြီး လွှင့်ပြီးတော့ ကမ္ဘာကို ဖြန့်ပြခဲ့တာပါလို့ ဆိုပါတယ်။ သူဟာ “ကျွန်တော်တို့ လပေါ်ကို လိမ်ညာပြီး ဆင်းခဲ့ပါသလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ (၂၀၀၁)ခုနှစ်က Fox TVမှာတောင် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ပြခဲ့ပါသေးတယ်။ လပေါ်ကို Apollo 11ဆင်းခဲ့တယ်ဆိုတာ သိပ္ပံစံနှုန်းတွေနဲ့ တိုင်းတာရင် ကွဲလွဲတာတွေ အများကြီးပဲလို့ ဆိုပါတယ်။ ဥပမာ အမေရိကန် အလံဟာ လေမရှိတဲ့ လပေါ်မှာ ဘာကြောင့်မို့ အရှိန်ပြင်းပြင်းနဲ့ လေထဲလွင့်နေတာလဲဆိုပြီး ဓာတ်ပုံကို ထောက်ပြမေးခွန်းထုတ်ခဲ့တဲ့အခါ NASAအဖွဲ့ခမျာ အကြီးအကျယ် အငိုက်မိခဲ့ရှာပါတယ်။ သူ့ရဲ့(၁)နာရီကြာ မှတ်တမ်းဟာ ရှုထောင့်အမျိုးမျိုးကနေ လပေါ်ကို လူတွေဆင်းခဲ့တာ မဟုတ်နိုင်ကြောင်း အမျိုးမျိုး သက်သေပြခဲ့ပါတယ်။ အဲဒီမှတ်တမ်းကို Fox TVက ပြပြီးတဲ့နောက် NASAဟာ အသည်းအသန် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြီးတော့ လပေါ်ကို လူတွေဆင်းခဲ့တာ အမှန်ပါလို့ ဖုံးခဲ့ဖိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီကတည်းက လူတွေကြားမှာ သံသယ အစိုင်အခဲက ပေါက်ဖွားလာတော့တာပါပဲ။

နောက်ထပ် မှတ်တမ်းတွေကလည်း NASAအတွက် အကြပ်ရိုက်စရာ ဖြစ်ပြီးရင်း ဖြစ်နေတော့တာပါပဲ။ ဗန်အလန်ဆိုတဲ့ ပညာရှင်ကလည်း ဂြိုဟ်ဆင်းယာဉ်က လပေါ်ကနေ ပျံတက်လာတဲ့အခါ ကမ္ဘာ့လေထုထဲမှာလို စွမ်းအင် မလုံလောက်နိုင်တဲ့အကြောင်း အချက်အလက် အပြည့်အစုံနဲ့ ရှင်းပြတော့ NASAက မသိချင်ယောင် ဆောင်ခဲ့ရပြန်ပါတယ်။ နောက်ပြီးတော့ လပေါ်ဆင်းခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ လရဲ့မျက်နှာပြင် မဟုတ်နိုင်ဘူးလို့လည်း ဗန်အလန်က ဆိုပါတယ်။ ဓာတ်ပုံကို အမ်းစထရောင်းတို့ လပေါ်ကို ရောက်တဲ့အချိန် ရိုက်ထားတာလို့ ဆိုပေမယ့် အဲဒီအချိန်မှာ နေကရတဲ့ အလင်းရောင်ကြောင့် ဖြစ်လာရတဲ့အရိပ်ဟာ တိတိကျကျ တွက်ချက်ကြည့်ရင် ဦးတည်ရာ တလွဲစီ ဖြစ်နေပါတယ်။ ဒါဟာ ကင်မရာ လှည့်စားမှုတွေနဲ့ ကမ္ဘာ့သဲမြေကို လမျက်နှာပြင်လို ဖန်တီးထားတယ်ဆိုတာ ထင်ရှားနေတယ်လို့ အလန်က ပြောခဲ့ပါတယ်။

ဒီပြဿနာကို လူတွေဆီစပြီး သယ်လာခဲ့တဲ့ ကေဆင်းကတော့ (၂၀၀၅)ခုနှစ်မှာ အနိစ္စ ရောက်သွားခဲ့ရှာပါပြီ။ ဒါပေမယ့် သူ့တာဝန်ကို တင်နက်ဆီမှာ အခြေစိုက်တဲ့ ရုပ်ရှင်လုပ်ငန်းရှင် ဆီဘရယ်လ်က ဆက်ယူလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ လပေါ်ကို လူတွေရောက်ခဲ့တာ အလကား ဇာတ်လမ်းကြီးလို့ ခေါင်းမာမာ ယူဆထားတုန်းပါ။ နောက်ပြီးတော့ ဆီဘရယ်လ်ဟာ (၂၀၀၁)က ပြသွားခဲ့တဲ့ ကေဆင်းရဲ့ မှတ်တမ်းရုပ်ရှင်အတွက် အကူအညီတွေ ပေးခဲ့တဲ့သူပါ။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လပေါ်ကို လူတွေမရောက်ခဲ့တဲ့အကြောင်း သူသက်သေပြနိုင်တယ်လို့ ကေဆင်းက မိတ်ဆွေတွေကို အမြဲပြောပါတယ်။ ဒီကိစ္စကို ခုချိန်ထိ NASAက ငြင်းနေပေမယ့် တကယ်သာ ဖြစ်နေတယ်လို့ ခိုင်ခိုင်မာမာ ဖြစ်သွားရင်တော့ NASAအဖွဲ့နဲ့အတူ NASAရဲ့ ၀န်ထမ်း ထောင်ပေါင်းများစွာဟာ အရှက်တကွဲ ဖြစ်ရမှာ ကျိန်းသေပါပဲ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ် (၄)စုကို ဖြတ်သန်းပြီးတာတောင် အမ်းစထရောင်းရဲ့ခြေရာ လပေါ်မှာ တကယ်ထင်ခဲ့သလားဆိုတာ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေတုန်းပါ။ ဆီဘရယ်လ်ကတော့ ဒီကိစ္စကို အဲဒီတုန်းက Apolloနဲ့အတူ လိုက်သွားခဲ့တဲ့ ပညာရှင်တွေရယ်၊ NASAက ထိပ်တန်းလက်တဆုပ်စာ အရာရှိတချို့ရယ်ကလွဲပြီး အမေရိကန် သမ္မတတောင် သိခဲ့ပုံမရဘူးလို့ သုံးသပ်ထားပါတယ်။ “ကျွန်တော်ဟာ နာမည်ကြီးချင်လို့ ဒီပြဿနာကို ဖော်ကောင်လုပ်နေတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်သူတွေ အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားတိုင်းဟာ အလိမ်ခံနေရတယ်ဆိုတာ သိစေချင်တဲ့ ဆန္ဒက အဓိကကျပါတယ်”လို့ CNNနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် Apolloရဲ့ Missionတွေ မပျံသန်းတော့တာ နှစ်ပေါင်း (၃၇)နှစ် ရှိခဲ့ပြီဖြစ်သလို ခုခေတ် အမေရိကန်လူငယ် သန်းပေါင်းများစွာဟာ ဒီကိစ္စကို စိတ်မ၀င်စားကြတော့ပါဘူးလို့လည်း ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ Apolloရဲ့ ယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ အဲလ်ဒရင်ကို (၂၀၀၂)ခုနှစ်က ကိုယ်တိုင်သွားမေးခဲ့တာပါ။ အဲဒီအချိန်က အသက်(၇၂)နှစ် ရှိနေပြီဖြစ်တဲ့ အဲလ်ဒရင်ဟာ ဆီဘရယ်လ် မေးမြန်းတာတွေကို သွယ်သွယ်ဝိုက်ဝိုက်လောက်ပဲ ၀န်ခံတာမျိုး လုပ်သွားခဲ့ပါတယ်။

ကော်လိုရာဒို တက္ကသိုလ်က နက္ခတ်ဆိုင်ရာ ရူပဗေဒ ပညာရှင် စတူးဝတ်ရော်ဘင်စ်ကတော့ NASAဘက်က ကာကွယ်ပြီး Apolloဟာ လပေါ်ကို တကယ်ရောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ လပေါ်သွားတဲ့ ခရီးဟာ လိမ်ညာတာပါလို့ စွပ်စွဲနေတာကလည်း အန္တရာယ် ကြီးလွန်းတယ်လို့ သူက သတိပေးသွားပါတယ်။ “လူတွေက ကျွန်တော်တို့ လပေါ်ကို တကယ်မရောက်ခဲ့ဘူးလို့ ယုံကြည်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ စဉ်းစားကြည့်ပါ။ အမေရိကန်ရဲ့ အောင်မြင်မှုကိုရော လူ့သမိုင်းမှာ အကြီးမားဆုံး စွမ်းဆောင်ခဲ့တာပါ မြောင်းထဲရောက်သွားမယ်။ လူသားမျိုးနွယ်တွေရဲ့ ဂုဏ်ယူစရာ ကြိုးစားအားထုတ်မှုတွေ အားလုံးကို သံသယနဲ့ ကြည့်ကြတော့မယ်။ ဒါမျိုးထိတော့ မဖြစ်သင့်ပါဘူး”လို့ ရော်ဘင်စ်က ဆိုပါတယ်။ “လပေါ်ကို လူတွေရောက်ခဲ့တာ မမှန်ဘူး ထင်တာဟာ လူတွေ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ သတ္တိမရှိဘဲ ငြင်းလိုက်တာနဲ့ တူတူပါပဲ”လို့လည်း ရော်ဘင်စ်က ပွင့်ပွင့်လင်းလင်း သူ့အမြင်ကို ပြောသွားပါတယ်။

ဒီလိုနဲ့ ယုံသူတွေ၊ မယုံသူတွေကြား ညပ်နေတဲ့ NASAရဲ့ လပေါ်သွားရောက်ခြင်း စီမံကိန်း အောင်မြင်မှုဟာ နှစ်(၄၀)တောင် ပြည့်ခဲ့ပါပြီ။ ခုဆိုရင် မယုံကြည်တဲ့သူတွေက အရမ်းအားကောင်းတဲ့ မှန်ဘီလူးတွေနဲ့ Apollo 11ရဲ့ Eagleလဆင်းယာဉ် ဆင်းခဲ့တယ်ဆိုတဲ့နေရာကို လှမ်းပြီး ထောက်လှမ်းနေပါတယ်။ သူတို့အဆိုအရ အဲဒီနေရာမှာ အမေရိကန်အလံကို ရှာမတွေ့ခဲ့ရင် NASAဟာ လိမ်ခဲ့တယ်ဆိုတာ ကျိန်းသေပေါက် ပြောနိုင်တော့မယ်လို့ သိရပါတယ်။ Discoveryမဂ္ဂဇင်းကတော့ “ယုံလွယ်သူတွေအတွက် အထောက်အထားတွေကို ဦးစားပေးထားတဲ့ ကမ္ဘာကြီးမှာ အဆင်ပြေမှာမဟုတ်ဘူး”လို့ ဒီကိစ္စအတွက် မှတ်ချက်ပေးထားပါတယ်။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်ပဲ ရောက်ခဲ့၊ မရောက်ခဲ့ဆိုတာကတော့ အချက်အလက်တွေအပြင် ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ချင့်ချိန်ပြီး ယုံသင့်မယုံသင့် ဆုံးဖြတ်ဖို့ကတော့ လူုတစ်ယောက်နဲ့တစ်ယောက် တူဖို့ရာ ခဲယဉ်းမှာပဲ ဖြစ်ပါတယ်။

Source: CNN, TheStar

မြန်မာနိုင်ငံမှ သုတစွယ်စုံမဂ္ဂဇင်းပါ ရေးသားဖော်ပြချက်

လွန်ခဲ့သော (၁၀)နှစ်ခန့်က သုတစွယ်စုံ မဂ္ဂဇင်း(ခုနှစ်နှင့် အတွဲအမှတ် အတိအကျ မမှတ်မိတော့ပါ)တွင် “အံ့ဖွယ်မွန်းဂိတ်၏ လိမ်ညာမှုကြီး”အမည်ဖြင့် အဆိုပါ အကြောင်းအရာကို ဝေေ၀ဆာဆာ ဖော်ပြခဲ့ပါသည်။ အချက်အလက် အသေးစိတ်ကို မမှတ်မိတော့သော်လည်း ယခုတိုင် စွဲမြဲနေသော အကြောင်းအရာ အချို့နှင့် လပေါ်လူရောက်ခြင်းအား မယုံကြည်သူ ပညာရှင်များ အဆိုပြုခဲ့သော အချက်အလက် အချို့တို့အား Planetမှ ယခုကဲ့သို့ စုစည်းတင်ပြလိုက်ရပါသည်။

- လေမရှိသော လပေါ်တွင် အမေရိကန်အလံသည် အရှိန်အဟုန်နှင့် လွင့်ပျံနေသည်။

- ရေမရှိသော လ၏ နောက်ခံကောင်းကင်တွင် ရေခိုးရေငွေ့ဖြင့် တည်ဆောက်ထားသည့် မိုးတိမ်များ ပါရှိနေသည်ကို ဓာတ်ပုံအထောက်အထားများတွင် တွေ့နိုင်သည်။

- လ၏ဆွဲအားသည် ကမ္ဘာ့ဆွဲအား၏ (၄)ပုံ၊ (၁)ပုံသာ ရှိမည်ဆိုလျင် Eagle အာကာသယာဉ် ဆင်းသက်ချိန်က ယာဉ်၏အောက်ဘက် သဲထုတွင် ဆွဲအားနည်းခြင်းကြောင့် ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာရမည် ဖြစ်သော်လည်းမှတ်တမ်းတွင် ထိုအချက်ကို လုံးဝမတွေ့ရပါ။

- လပေါ်မှ ဓာတ်ပုံဟုဆိုကာ ပြသခဲ့သော မှတ်တမ်းပုံများရှိ တောင်အချို့သည် နီဗားဒါး သဲကန္တာရအတွင်းမှ တောင်တန်းများနှင့် ဆင်တူနေသည်။

- အမ်းစထရောင်းတို့ လပေါ်ဆင်းသက်ချိန်ကို တိုင်းတာကြည့်ပါက ကောင်းကင်တွင် ကြယ်များကို ထင်ထင်ရှားရှား တွေ့နိုင်မည်ဖြစ်သော်လည်း ဓာတ်ပုံထဲတွင် ကြယ်တစ်ပွင့်မျှ ရှိမနေပါ။

- Apollo 11အနေနှင့် ဆွဲအားနည်းသော လပေါ်မှ ပြန်တက်မည်ဆိုလျင် သယ်ဆောင်သွားသည်ထက် စွမ်းအင်ပမာဏ များများစားစား လိုအပ်ပေလိမ့်မည်။

- လပေါ်သို့ အမ်းစထရောင်းတို့ ရောက်သွားသည့်အချိန်နှင့် လပေါ်သို့ နေရောင်ကျရောက်ချိန် တွက်ချက်ကြည့်ပါက အရိပ်များ၏ တည်နေရာ လွဲမှားနေသည်။

- ဆွဲအားနည်းသော လမျက်နှာပြင်မှ ပျံတက်လာချိန်တွင် သဲများကို အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွားစေသင့်သော်လည်း လက်တွေ့တွင် ဖြစ်မလာပါ။

- NASAသည် Apollo 11နှင့် ပတ်သတ်ပြီး အတိကျ အသေးစိတ် နည်းပညာ အချက်အလက်များကို ပြည်သူများထံ ချပြရန် ထိမ်ချန်ထားသည်။

- နက္ခတ်ပညာရှင်များ ရိုက်ယူလာသည်ဆိုသော ဓာတ်ပုံများအတွက် ဖလင်များသည်လပေါ်ရှိ ဖြာထွက်စွမ်းအင်များကြောင့် သဘာဝအလျောက် အရည်ပျော်သွားရမည်ဖြစ်သော်လည်း ကမ္ဘာပေါ်သို့ အကောင်းပကတိ ပြန်ပါလာခဲ့သည်။

http://myanmargay.socialgo.comမှ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့အမြန်ဆုံး လူစီး လေယာဉ်


http://www.hin4ooe.com/main/temp/May%2030,%202011/luselayyin.gif

လူသားတို့သည် ကုန်းနေသတ္တဝါများသာ ဖြစ်ကြသော်လည်း ၎င်းတို့၏ တီထွင်ဉာဏ်၊ ကြိုးပမ်း အားထုတ်မှုတို့ကြောင့် ရေပြင် အဏ္ဏဝါကိုသာမက ဝေဟင်တိမ်လွှာကိုပါ အောင်နိုင်ခဲ့ပါပြီ။ ထို့အပြင် စိတ်ကြိုက် လှုပ်ရှားနိုင်သော အာကာယံထက်တွင် မြန်သည်ထက် မြန်မြန်သွားလာနိုင်အောင် ကြံဆောင်ခဲ့ရာမှ ကမ္ဘာ့အမြန်ဆုံး ဂုဏ်ဒြပ်ခံ လေယာဉ်ပျံများ ပေါ်ပေါက်လာခဲ့ရသည်။ လက်ရှိ ကမ္ဘာ့အမြန်ဆုံး လူစီးလေယာဉ်ပျံမှာ SR-71 Blackbird ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် Blackbird သည် လက်ရှိ ကမ္ဘာသုံး လေယာဉ်ဖျက် ဒုံးကျည်များ၏ ရန်မှ ရှောင်ကွင်းနိုင်သော အံ့ဖွယ် လေယာဉ်ပျံလည်း ဖြစ်သည်။


ထောက်လှမ်းရေး မဟူရာငှက်

အမေရိကန် ပြည်ထောင်စု အခြေစိုက် Lockheed ကုမ္ပဏီမှ ထုတ်လုပ်သော ထောက်လှမ်းရေး လေယာဉ် ပုံစံအမှတ် SR-71 လျှို့ဝှက်အမည် မဟူရာငှက် (Blackbird) သည် အသံထက် (၃)ဆခန့် ပိုမြန်အောင် မောင်းနှင်နိုင်သော ဗျူဟာမြောက် ထောက်လှမ်းရေး လေယာဉ် ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်က ပေါ်ထွန်းခဲ့သော Lockheed A-12 ထောက်လှမ်းရေး လေယာဉ်က အခြေခံ၍ ပြုလုပ်ခဲ့သော လူသိနည်း စီမံကိန်းတစ်ခု၏ အကျိုးရလဒ် ဖြစ်သည့် Blackbird သည် လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများကို ကျော်လွှား၍ ထောက်လှမ်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ဒီဇိုင်း ထုတ်ထားသည်။ ထို့အပြင် ၎င်းပေါ်ထွန်းစနှစ်များက ရေဒါ ထောက်လှမ်းမှုမှ ရှောင်ရှားနိုင်စွမ်းရှိခဲ့ပြီး ယခုခေတ် ရေဒါများကသာ Blackbird ကို ထောက်လှမ်း သိရှိနိုင်သည်။ သို့သော် ကမ္ဘာ့အမြန်ဆုံးဟု ဂုဏ်တင်လောက်သော အမြန်နှုန်းကြောင့် ရေဒါများသည် Black bird ကို ခေတ္တမျှသာ ထောက်လှမ်း သိရှိနိုင်ပြီး များမကြာမီ မျက်ခြည်ပြတ်သွား ကြရသည်။ မဟူရာငှက်ဟူသော အမည်နာမနှင့် လိုက်ဖက်သည့် ထောက်လှမ်းရေး လေယာဉ်ပင် ဖြစ်သည်။


ဂြိုဟ်သား နည်းပညာ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ်ရှိ Groom Lake ဒေသသည် Area-51 ဟူသော အမည်ဖြင့် ကျော်ကြားသော နေရာတစ်နေရာ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ခေတ်အမီဆုံး၊ အဆန်းသစ်ဆုံး လက်နက်များကိုသာ သီးသန့် ထုတ်လုပ်သော နေရာဖြစ်သောကြောင့် ဂြိုဟ်သား နည်းပညာများကို တိတ်တဆိတ် အသုံးချနေသည့် နေရာတစ်ခုအဖြစ် ကျော်ကြားသော Area-51 တွင် Blackbird ကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ Blackbird ၏ ရှေ့ပြေးပုံစံဖြစ်သော Lockheed A-12 ကို ကလဲရင့်(စ်)ဂျွန်ဆင် ဆိုသူက တီထွင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၂ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် စတင် ပျံသန်းနိုင်ခဲ့သည်။ A-12 (၁၃) စီး တည်ဆောက်ခဲ့ပြီး ၎င်းတို့အနက်တွင် ကြားဖြတ် တိုက်ခိုက်ရေး ရှေ့ပြေးပုံစံ၊ လူမဲ့လေယာဉ် တင်ဆောင်ရေး ရှေ့ပြေးပုံစံတို့ ပါရှိခဲ့သည်။ A-12 သည် ဗီယက်နမ်နိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံတို့၌ ထောက်လှမ်းရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာဝန်မှ အနားယူခဲ့သည်။ A-12 နည်းပညာကို အခြေခံကာ Blackbird ကို ပုံစံထုတ်ခဲ့ခြင်းဟု လူသိများသော်လည်း အမှန်စင်စစ်မှာမူ Blackbird သည် A-12 ၏ နောက်ပ်ါထွန်းလာသော ထောက်လှမ်းရေး လေယာဉ် စီမံကိန်း ဖြစ်ပြီး ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး တာဝန်များကို ပူးတွဲ ထမ်းဆောင်နိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။ ထို့အပြင် ၁၉၆၀ ပြည့်လွန်နှစ်များ၏ အကောင်းဆုံး နည်းပညာများကို ပေါင်းစု အသုံးချထားခြင်းမျိုး ဖြစ်သောကြောင့် Blackbird ၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်မှာ ဂြိုဟ်သား နည်းပညာများကို အခြေခံထားသကဲ့သို့ ရှိသည်။


မဟူရာ တည်ဆောက်ပုံ

ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးနှင့် သိရအခက်ဆုံး စီမံကိန်းတစ်ခု ဖြစ်သောကြောင့် SR-71 ၏ ပေါ်ထွက်လာပုံမှာလည်း လျှို့ဝှက်ဆန်းကြယ်လှသည်။ အသံထက် သုံးဆမြန်အောင် မောင်းနှင်နိုင်သော လေယာဉ်တစ်စီးသည် လေထု ပွတ်အားကြောင့် အပူချိန်တက်လာသည့် ဖြစ်ရပ်မျိုးကို အများဆုံး ကြုံတွေ့ရလေ့ ရှိသည်။ လေယာဉ်၏ အရှေ့ ဘက်ပိုင်းတွင် ဖိအားများစွာ တိုးလာနိုင်ပြီး အသံထက် မြန်အောင် သွားသည့်အချိန်တွင် ပေါ်ပေါက်လာလေ့ရှိသော အသံလွန်သိမ့်လှိုင်းကြောင့် လေယာဉ်၏ ကိုယ်ထည်ကို ပေါ့ပါးသလောက် ခိုင်မာသည့် အရာဝတ္ထု တစ်မျိုးမျိုးနှင့် တည်ဆောက်ရန် လိုအပ်စေသည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ် အတွက် အသင့်တော်ဆုံး ဖြစ်သော တိုက်တေနီယမ် သတ္တုကို ဆိုဗီယက်တို့ထံမှ ဝယ်ယူခဲ့ရသည်။ အမေရိကန်တို့သည် နည်းပညာ ပေါက်ကြားမည် စိုးသောကြောင့် တိုက်တေနီယမ် ဝယ်ယူရသည့် အကြောင်းအရင်းကို ထုတ်ပြန်ခြင်း မပြုခဲ့ဘဲ ဆင်ခြေဆင်လက်များစွာနဲ့ လှည့်ဖြားဝယ်ယူခဲ့ရခြင်း ဖြစ်သည်။ လေယာဉ်တစ်စီးလုံးကို တိုက်တေနီယမ်ဖြင့် တည်ဆောက်ပါက ကုန်ကျစရိတ် အလွန်တက်သွားမည် ဖြစ်သဖြင့် လေယာဉ် တည်ဆောက်သူ Lockheed ကုမ္ပဏီသည် တိုက်တေနီယမ်ကို အခြားသတ္တုများနှင့် ရောစပ် အသုံးချခဲ့သည်။ အချောကိုင်ထားသော လေယာဉ်များကိုလည်း အနက်ရောင်နီးနီး ရှိသော နက်ပြာရောင် သုတ်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားစေရန် စီမံထားသည်။ ထို့အပြင် ရေဒါလှိုင်း ရိုက်ခတ်မှုမှ သက်သာရာရစေရန် လေယာဉ်၏ ကန့်လန့်ဖြတ် ဧရိယာကိုလည်း အကောင်းဆုံး အနေအထား အထိ လျော့ချထားသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက အသုံးပြုခဲ့ကြသော ရေဒါများသည် Blackbird ကို ထောက်လှမ်း သိရှိနိုင်စွမ်း မရှိသည့်အပြင် ကောင်းကင်အပြာရောင် နောက်ခံ၌ အလွန်လျင်မြန်စွာ သွားလာနေသော Blackbird ကို သာမန်မျက်လုံးဖြင့် လွယ်ကူစွာ မမြင်ရသည့်အတွက် မဟူရာငှက်ဟူသော အမည်ကို ထိုက်တန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။


အံ့ဖွယ် အင်ဂျင် ပါဝါ

Blackbird ကို အသံထက် (၃.၂) ဆ အမြန်နှုန်းနှင့် ကောင်းစွာ ဝဲပျံနိုင်ရန် စီမံထားသော်လည်း ၎င်း၏ တာဘိုဂျက် အင်ဂျင်များ အတွင်း လေဝင်မှု အမြန်နှုန်းကို အသံ၏ ထက်ဝက်မျှသာ ရှိသော ပမာဏရှိစေရန် ကန့်သတ်ထားသည်။ လေယာဉ် ပျံသန်းနှုန်း မြင့်လာသည်နှင့်အမျှ အင်ဂျင်အတွင်း လေတိုးဝင်မှု နှုန်းလည်း မြင့်တက်လာမည်ဖြစ်ရာ ပြင်းထန်သော လေအားကြောင့် အင်ဂျင်ပျက်စီးမှုများမှ ကာကွယ်ရန် ဤသို့ စီစဉ်ထားခြင်း ဖြစ်သည်။ အင်ဂျင်၏ လေဝင်ပေါက်ရှေ့ဘက်တွင် အချွန်ပုံစံ လေဝင်ထိန်းစနစ် ပါဝင်ပြီး ပုံမှန်မောင်းနှင်ချိန်တွင် အဆိုပါ အချွန်မှာ ရှေ့သို့ ထွက်နေကာ အသံထက် (၃) ဆကျော် မောင်းနှင်နေသည့် အချိန်တွင် အင်ဂျင်အတွင်းသို့ (၂၆) လက်မခန့် တိုဝင်သွားရန် ဖန်တီးပေးထားသည်။ အပြင်မှလေများ တိုးဝင်လာလေ အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲမှု မြင့်တက်လာလေ ဖြစ်သောကြောင့် အရှိန်နှုန်း မြန်မြန်နှင့် မောင်းနှင်လေ ဆီစားသက်သာလေ ဖြစ်စေမည် ဖြစ်သည်။ Blackbird မပေါ်ထွန်းမီက တိုက်တေနီယမ်သတ္တုကို ဂျက်အင်ဂျင် လေထွက်ပေါက်များနှင့် အခြားအပူဒဏ်ခံ အစိတ်အပိုင်းများတွင် အသုံးပြုခဲ့သော်လည်း မဟူရာငှက်တွင်မူ တိုက်တေနီယမ် (၈၅)ရာခိုင်နှုန်း၊ အခြားသတ္တုစပ် (၁၅) ရာခိုင်နှုန်းဖြင့် ကိုယ်ထည်ကို တည်ဆောက် ဖန်တီးပေးထားသည်။ Blackbird တည်ဆောက်ရန် ဝယ်ယူခဲ့သော တိုက်တေနီယမ် သတ္တု (၈၀) ရာခိုင်နှုန်းကို မသန့်စင်သောကြောင့် ပယ်ချပစ်ခဲ့ရသည်ဟု မှတ်တမ်းများက ဖော်ပြထားသဖြင့် အမေရိကန်တို့ အလေးထား ဆောင်ရွက်ခဲ့ပုံကို သိရှိနိုင်သည်။
အင်ဂျင်နီယာများ၏ ကာလရှည် လေ့လာမှုများအရ ကိုယ်ထည် တည်ဆောက်ထားသော တိုက်တေနီယမ်သတ္တုသည် ပျံသန်းချိန် ကြာမြင့်သည်နှင့်အမျှ ပိုမိုကျစ်လျစ် ခိုင်မာလာကြောင်း သိရှိခဲ့ရသည်။ မြန်နှုန်းမြင့် ပျံသန်းစဉ် လေယာဉ်ကိုယ်ထည်ပေါ်၌ ကြုံတွေ့ရသော ဖိအားပြောင်းလဲမှု၊ အပူချိန် ပြောင်းလဲမှုများက လေယာဉ်ကိုယ်ထည်ကို အမာတင်ပေးသလို ဖြစ်စေကြောင်း အင်ဂျင်နီယာများက ရှင်းပြထားသည်။ ကိုယ်ထည်၏ အပိုင်းအစများကို သွပ်ပြားများကဲ့သို့ အခေါက်အတွန့်များဖြင့် ဖန်တီးထားပေးခြင်းမှာလည်း Blackbird ၏ ထူးခြားချက် ဖြစ်ပြီး ချောမွေ့သော မျက်နှာပြင်ပေါ်တွင် လေထုပွတ်အား ကျရောက်ပါက အဆိုပါ မျက်နှာပြင် ခေါက်ကျိုးသွားနိုင်သည့် အချက်ကို ကြိုတင် ကာကွယ်ထားခြင်း ဖြစ်သည်။

ကိုယ်ထည်အတွင်း တည်ဆောက်ပုံမှာလည်း မြန်နှုန်းမြင့် သွားလာစဉ် ကြုံတွေ့ရမည့် မဟာဖိအားများကို ကြိုတင် တွက်ချက်ထားသည့်အနေဖြင့် မြေပြင်ပေါ်တွင် ပွရောင်းရောင်းသာ ရှိနေစေရန် စီမံထားသည်။ မည်မျှ ပွရောင်းရောင်း နိုင်သနည်းဟု ဆိုရလျှင် လေယာဉ်ပျံ တက်စဉ် ဆီတိုင်ကီမှ ဆီယိုဖိတ်သည် အထိ ကိုယ်ထည် မလုံခြုံဟု ဆိုသည်။ လေယာဉ် လေထဲရောက်ခါမှ အမြန်နှုန်းကြောင့် ကိုယ်ထည် ကျစ်လျစ် သွားစေမည် ဖြစ်သည်။ ယိုဖိတ်သွားသော လေယာဉ်ဆီကို ဝေဟင်ပေါ်၌ ပျံသန်းရင်း ပြန်လည် ဖြည့်တင်းယူရသည်။


ကိုယ်ပျောက် လေယာဉ်

လက်ရှိကာလတွင် ကိုယ်ပျောက် လေယာဉ်၊ ရေဒါပျောက် လေယာဉ် အစရှိသော ကိစ္စများသည် အဆန်းမဟုတ်တော့ဘဲ ကိုယ်ပျောက် ရဟတ်ယာဉ်များပင် ပေါ်ပေါက်နေပြီ ဖြစ်သည်။ ကန့်လန့်ဖြတ် ဧရိယာ နည်းပါးလျှင် ရေဒါမြင်ကွင်း၌ ပေါ်ရန် ခက်ခဲသည်ဟု ရှာဖွေတွေ့ရှိပြီးနောက် ပေါ်ပေါက်လာသော လေယာဉ်ပီပီ Blackbird သည် အပေါ်အောက် ပြားကပ်ကပ်နှင့် ချပ်ချပ်ရပ်ရပ်ရှိသော ကိုယ်ထည်ဖြင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လေယာဉ်၏ ထောင့်စွန်းများတွင် ရေဒါလှိုင်းကို စုပ်ယူနိုင်သော ပစ္စည်းများ တပ်ဆင်ထားရှိရာ ရေဒါလှိုင်း ပြန်ကန်ထွက်မည့် အရေးကို အကောင်းဆုံး အနေအထားအထိ တားဆီးထားသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ခေတ်ပေါ် ရေဒါများသည် Blackbird ကို အလွယ်တကူ ထောက်လှမ်း သိရှိနိုင်ပြီး အသံထက် (၃) ဆ မြန်အောင် ပျံသန်းသည့် အခါမျိုး၌ Blackbird ၏ မီးခိုးတန်းသည် အလွန်သိသာသော အနေအထားမျိုး၌ ရှိနေသည်။ ထို့ကြောင့်လည်း Blackbird များ စစ်ဘက် တာဝန် ထမ်းဆောင်ခဲ့သော ၁၉၆၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ရန်သူများဘက်မှ ပစ်ချရန် ကြိုးပမ်းမှု အကြိမ် (၄၀၀၀) ကျော် ရှိခဲ့သည်။ Blackbird တွင် အီလက်ထရွန်နစ် တန်ပြန်ကာကွယ်ရေး စနစ်များ မပါဝင်သော်လည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအတွက် Blackbird ၏ အမြန်နှုန်းမှာ အလွန်မြင့်မားနေသောကြောင့် အရှိန်မြှင့် ပျံသန်းလိုက်ရုံဖြင့် ဒုံးကျည်နှင့် ပစ်ချခံရမည့်ဘေးမှ ကာကွယ်ပြီးသား ဖြစ်သွားခဲ့သည်။ ပေ (၈၀၀၀၀) အမြင့်မှ ပျံသန်းရသော လေယာဉ်ဖြစ်သောကြောင့် လေယာဉ်မှူးများ အသက်ရှူ မဝသည့် ဘေးမှ ကာကွယ်ရန် ဖိအားမြင့် ဝတ်စုံများကို အသုံးပြုထားပြီး အလားတူ ဝတ်စုံများကို အာကာသ လွန်းပြန်ယာဉ်များပေါ်တွင်ပါ အသုံးပြုထားသည်။ လေထုကို အမြန်နှုန်းမြင့်မြင့်ဖြင့် ခွင်း၍သွားရသောကြောင့် ကိုယ်ထည် အပူချိန် (၂၃၀)ဒီဂရီစင်တီဂရိတ် အထိ တက်လာနိုင်သဖြင့် ယာဉ်မှူးအခန်းကို လေအေးပေးထားရသည်။ မြန်နှုန်းမြင့် ကိုယ်ပျောက်လေယာဉ်အဖြစ် ရပ်တည်နိုင်ရန် အထူးအသားပေးထားသောကြောင့် Blackbird တွင် လက်နက်ဟူ၍ သီးသီးသန့်သန့် မရှိလှဘဲ ထောက်လှမ်းရေး ကင်မရာများသာ တပ်ဆင်ထားလေ့ ရှိသည်။ ကမ္ဘာ့အမြန်ဆုံး လူစီးလေယာဉ်အဖြစ် လည်းကောင်း၊ ဂြိုဟ်သား နည်းပညာကို သုံးစွဲထားသည်ဟု သတင်းကြီးသော လေယာဉ်တစ်စီးအဖြစ်လည်းကောင်း ဂုဏ်သတင်း ပျံ့လွင့်ခဲ့သည့် SR-71 Blackbird များသည် ယခုအခါ စစ်ဘက် တာဝန်မှ အနားယူသွားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ရန်သူနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက် ထောက်လှမ်းခြင်း စွန့်စားခန်းများ၊ နည်းပညာကို အမြင့်ဆုံးအထိ ဆွဲယူအသုံးချခဲ့ပုံများသည် နောင်လာမည့် နှစ်ပေါင်းများစွာအထိ လူပြောများနေစေဦးတော့မည် ဖြစ်ပါသည်။

ဟင်းလေးအိုး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုအားထိန်းချုပ်မည့် မြေပြင်ထိန်းချုပ်ရေးစခန်း (အပိုင်း ၁)

Satellite Ground Station Staff Function

Operation Staffing

Operation Staffing ( ပါဝင်သောဝန်ထမ်းအရေအတွက်) သည် အခြေအနေအမျိုးမျိုးအပေါ် လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ၄င်းအခြေအနေများမှာ operation ၏ရှုပ်ထွေးမှု ၊ payload control operation ပါဝင်ခြင်း (သို့)မပါဝင်ခြင်း၊ ပါဝင်သော automation များ၏အဆင့်အတန်း၊ single control centre မှ operation ပြုလုပ်သောဂြိုဟ်တုအရေအတွက် ၊ operation အတွက်လိုအပ်သော support function အားလုံးကို control centre မှပြုလုပ်နိုင်ခြင်း ( သို့ ) external support organization ပါဝင်းခြင်းတို့ဖြစ်သည်။ Operation အဖွဲ့များတွင် staff များပါဝင်မှုပမာဏများမှာ staff များ၏အရည်အသွေးကြောင့် operation တူညီသော်လည်း ကွဲပြားခြားနားမည်ဖြစ်သည်။.ထို့ပြင် ပြုလုပ်သော operation အပေါ်လိုက်၍ operation team များကိုလေးမျိုးခွဲခြားထားသည်-

- Large team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကိုမိမိ၏ control centre မှပင် ထောက်ပံ့ပေးသည်။ )

- medium team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကို အခြားအဖွဲ့အစည်းများ၏ အကူအညီကိုရယူ ဆောင်ရွက်သည်။

- small team (ရိုးရှင်းသော operation များကိုပြုလုပ်ပြီး ၊ automatic operation များစွာပါဝင်သည်။ )

- multi-team ( များစွားသောဂြိုဟ်တုနှင့် operation များကိုပြုလုပ်သည်။)

Operation Controllers

Operation Controller များသည် ဂြိုဟ်တုထိန်းကြောင်းခြင်းနှင့် data များသိမ်းဆည်းခြင်းတို့ကို ဂြိုဟ်တုနှင့် real-time အခြေအနေတွင် operation ပြုလုပ်သည်။ ထို့ကြောင့် အလုပ်ချိန်ဇယားများရေးဆွဲခြင်း ၊ နေ့/ည အလုပ်ချိန်အဆိုင်းများ ခွဲခြားထားခြင်းစသည့် အလုပ်ချိန်စီမံခန့်ခွဲမှုများထားရှိရန် လိုအပ်သည်။ Operation Controller သုံးမျိုးမှာ-

- Spacecraft operation controller

- Payload operation controller

- Ground system operation controller တို့ဖြစ်သည်။

ဤနေရာတွင် satellite အား operation ပြုလုပ်သော staff များ၏ ကဏ္ဍများကိုသာ ဖော်ပြထားပြီး အခြားသော အကူဝန်ထမ်းများ ၊ ရုံးပိုင်းဆိုင်ရာဝန်ထမ်းများ နှင့် admin အစရှိသောဝန်ထမ်းများကို မပါရှိပေ။

Spacecraft Controller (SC)

Spacecraft Controller ( SC )ကို spacecraft analyst ဟုလည်းခေါ်သည်။ SC သည်ဂြိုဟ်တုနှင့် ground station တို့အပြန်အလှန်ဆက်သွယ် အလုပ်လုပ်နိုင်ရန် real-time အချိန်တွင် operation ပြုလုပ်သည်။ SC သည်ဂြိုဟ်တုမလွှတ်တင်မီ စမ်းသပ်စစ်ဆေးခြင်း၊ ပတ်လမ်းအတွင်းတည်ရှိစဉ် ဂြိုဟ်တုသို့ဆက်သွယ် ထိန်းချုပ်သော uplink ကိုစစ်ဆေးခြင်း တို့ကိုလည်းပြုလုပ်သည်။ ဂြိုဟ်တုလွှတ်တင်ထားချိန်တွင်လည်း ကြုံတွေ့ရသောအခက်အခဲများကို မှတ်တမ်းတင်၍ Spacecraft Operation Engineer ( SOE ) သို့တင်ပြရသည်။ အဘယ့်ကြောင့်ဆိုသော် SC သည် mission planner and scheduling တို့မှချမှတ်ပေးသော အစီအစဉ်အတိုင်းသာ ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။

SC သည်ဂြိုဟ်တု၏ performance ကိုအကောင်းဆုံးရရှိရန်ထိန်းကြောင်းခြင်း ၊ ဂြိုဟ်တု၏ချို့ယွင်းမှုများကို ရှာဖွေမှတ်တမ်းတင်ခြင်း ၊ မှတ်တမ်းတင်ထားခြင်းမရှိသော ချို့ယွင်းမှုများကို SOE ထံသို့တင်ပြခြင်း၊ ဂြိုဟ်တုအစိတ်အပိုင်းများ၏ ပတ်လမ်းအတွင်းအလုပ်လုပ်ခဲ့သော အချိန်ကိုမှတ်တမ်းတင်ခြင်းစသည်တို့ကို ပြုလုပ်သည်။ SC သည်ကြိုတင်စီစဉ်ချမှတ်ထားသော ရိုးရှင်းသည့် ပုံမှန် operation များကိုသာပြုလုပ်ရပြီး ချို့ယွင်းမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော SC သည် ဂြိုဟ်တု၏ subsystem များမည်သို့အလုပ်လုပ်သည်ကို သိသော်လည်း ကျွမ်းကျင်သော ပညာရှင်ပါရဂူမဟုတ်သောကြောင့် ချို့ယွင်းမှုများအား အဖြေရှာရှင်းလင်းလျှင် ပိုမိုမှားယွင်းသွားနိုင်သောကြောင့်ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...