Powered by Blogger.
RSS

တရုတ်နိုင်ငံ၏ ပထမဆုံးလူလိုက်ပါသည့် အာကာသခရီးစဉ်ပြီးဆုံး

http://www.planet.com.mm/news/newsimg/September08/chinam200.jpg

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသအတွင်း လမ်းလျှောက်နိုင်ရန် စမ်းသပ်ခဲ့သည့် missionအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် အလွန်နှစ်ထောင်းအားရ ဖြစ်မိကြောင်း တရုတ်အာကာသယာဉ်မှူး (၃)ဦးကပြောကြားခဲ့သည်။ ထိုအောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အာကာသလေ့လာရေးအတွက် သမိုင်းဝင် အောင်မြင်မှုကြီးတစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ စက်တင်ဘာလ(၂၅)ရက်နေ့က လွှတ်တင်လိုက်သော ဒုံးပျံမှာ အာကာသအတွင်း လမ်းလျှောက်နိုင်ရန် အဓိကရည်ရွယ်ပြီး လွှတ်တင်လိုက်ခြင်းဖြစ်သည်။


ယခု mission၏ ခေါင်းဆာင်ဖြစ်သူ အာကာသယာဉ်မှူး ဇိုင်ဇီဂန်က ၎င်းအနေနှင့် ကမ္ဘာပါတ်လမ်းကြောင်းအတွင်း(၁၃)မိနစ်ခန့်ကြာအောင် လမ်းလျှောက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် နောက်ထပ်အာကာသ လေ့လာမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ဇိုင်ဇီဂန်က ဖြည့်စွက်ပြောကြားသွားသည်။

စက်တင်ဘာလ(၂၈)ရက်နေ့က အာကသယာဉ်မှူး (၃)ဦးပါဝင်သော ရှန်ဇူး(၇) အာကာသယာဉ် မြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်အပြီး ဇိုင်ဇီဂန်က ယခုခရီးစဉ်သည် စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော်လည်း အဆုံးသတ်တွင် အောင်မြင်မှုအပြည့်အ၀ ရရှိနိုင်ခဲ့ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇိုင်ဇီဂန်က ယခုအောင်မြင်မှုကြောင့် အမိနိုင်ငံတော်အတွက် ဂုဏ်တက်ဖွယ်ရာ ဖြစ်စေခဲ့ကြောင်း မြေပြင်ဆင်းသက်ယာဉ်ငယ်ဖြင့် မွန်ဂိုလီးယားဒေသတွင် ဆင်းသက်အပြီး ၀ံ့ကြွားစွာ ပြောကြားသွားသည်။ (၆၈)နာရီကြာ အာကာသခရီးစဉ်မှ ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိလာသော အာကာသယာဉ်မှူးများအား ဆေးစစ်မှုများပြုလုပ်အပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အသက်(၄၁)နှစ်အရွယ် တိုက်လေယာဉ်မှူးဟောင်း ဇိုင်ဇီဂန်က ဒေါ်လာ(၄.၄)သန်းတန် အာကာသယာဉ်မှူးဝတ်စုံနှင့် အာကာသဟင်းလင်းပြင်ထဲတွင် တရုတ်နိုင်ငံ၏ အလံတော်ကိုကိုင်ကာ လမ်းလျှောက်ခဲ့ရသည့် အတွေ့အကြုံအား မည်သည့်အခါမျှ မေ့နိုင်တော့မည်မထင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ်သတင်းဌာနများကလည်း နိုင်ငံ၏သမိုင်းဝင်အောင်မြင်မှုအတွက် ဂုဏ်ယူမိကြောင်း သတင်းများထုတ်လွှင့်ပြသခဲ့သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...