Powered by Blogger.
RSS

ဂြိုလ်တုဓါတ်ပုံ အသုံးချစနစ်သင်တန်းဖွင့်မည်

ဂြိုလ်တုဓါတ်ပုံ အသုံးချစနစ်သင်တန်းဖွင့်မည်
သတင်းအချက်အလက်နှင့်ဆက် သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်အသင်း (MCPA) နှင့် Myanmar Credent Technology တို့ ၏ပူးပေါင်းစီစဉ်မှုဖြင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ သင်ကြားပေးမည့်ဂြိုဟ်တုဓာတ်ပုံ၊ ကောင်းကင်ဓာတ်ပုံအသုံးချခြင်းဘာ သာရပ် (Remote Sensing Course) သင်တန်းအားဒုတိယအ ကြိမ်အနေဖြင့်ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ Myanmar Info-Tech ရှိ e-learning Center တွင်အပတ် စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် ညနေ၅နာရီမှ၆း ၃၀အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖော်ပြပါသင်တန်းကိုဇူလိုင်လ (၁)ရက်နေ့မှစက်တင်ဘာလ(၈)ရက် နေ့အထိသင်တန်းသား(၂၀)ဦးသာ လက်ခံ၍သင်ကြားပို့ချပေးမည် ဖြစ်ပြီးသင်တန်းကြေးမှာငါးသောင်း ကျပ်(စာရွက်စာတမ်းကြေးပါ) ဖြစ် ၍အစိုးရ၀န်ထမ်းများကျောင်းသား များ၊ MCPA အသင်းဝင်များ၊ MES အသင်းဝင်များအား 20% Discount ပေးမည်ဖြစ်ကြောင်းသိ ရှိရသည်။ အသေးစိတ်သိလိုပါက Myanmar Info-Tech ရှိမြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံး ခန်း၊ အဆောင်(၄)၊ အခန်း(၄)ဖုန်း နံပါတ်-၆၅၂၂၇၆ သို့ဆက် သွယ်နိုင်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...