Powered by Blogger.
RSS

ကမ္ဘာကြီးကို ပူနွေးလာစေသည့်ဓာတ်ငွေ့များ ပိုမိုများပြားလာကြောင်း UN ပြောကြား



ကမ္ဘာကြီးပူနွေးစေသည့် ဓာတ်ငွေ့များစွန့်ပစ်မှုသည် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုကျွမ်းကျင်ပညာရှင်များ ခန့်မှန်းထားသည့်အခြေအနေထက် ပိုမိုများပြားလာကြောင်း အဆိုပါအဖွဲ့မှပြောကြားခဲ့သည်။ အင်ဒီးစ်၊ အလက်စကာနှင့် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းဒေသရှိ ရာသီဥတုစခန်းများမှ ကောက်ယူရရှိသည့်အချက်အလက်များအရ အိုဇုန်းလွှာကို အဓိကပျက်စီးစေသည့် CFC အစားထိုး ဓာတ်ငွေ့အပါအ၀င် ဖန်လုံအိမ်များမှထွက်ရှိသည့် ဓာတ်ငွေ့များသည် ပိုမိုများပြားလာခဲ့ပြီး ဓာတ်မြေသြဇာများမှစွန့်ပစ်လိုက်သည့် နိုက်ထရပ်အောက်ဆိုက်နှင့် ကာဗွန်ဓာတ်ငွေ့စွန့်ထုတ်မှုများမှာလည်း ပိုမိုများပြားလာခဲ့ ကြောင်းသိရသည်။ World Meteorological Organisation ၏အဆိုအရ လေထုထဲတွင် အပူချိန်လွန်ကဲမှုကိုဖြစ်ပေါ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်စွန့်ပစ်မှုသည် ၃၉ ရာခိုင်နှုန်းရှိနေပြီဖြစ်ကာ ပို မိုများပြားလာနေကြောင်း WMO မှ Greenhouse Gas ကြေညာချက်တွင် ဖော်ပြထားသည်။ နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့စွန့်ပစ်မှု များပြားလာခြင်းအပေါ်တွင်လည်း ပိုမို၍အလေးထားလာကြပြီး ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း ရာသီဥတုစနစ်အပေါ် ထိရာက်စေသည့် ပူနွေးလာမှုသည် ၂၉ ရာခိုင်နှုန်းရှိလာကြောင်း ၎င်းဖော်ပြချက်တွင်ဆက်လက်ဖော်ပြပေးထားသည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စွန့်ပစ်မှုမှာ ၁၉၉၀ ပြည့်နှစ်များကထက် ပိုမိုများပြားမြင့်တက်လာနေပြီဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ပြီးလျှင် ဒုတိယအရေးကြီးဓာတ်ငွေ့ဖြစ်သော မီသိန်းစွန့်ပစ်မှုမှာလည်း ကမ္ဘာတစ်ဝန်းလုံးတွင် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ရေးသားသူ - ဟေမာ
Ref: DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...