Powered by Blogger.
RSS

အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိခဲ့တဲ့ ချော်ရည် စီးဆင်းမှု ပုံစံများ

အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိခဲ့တဲ့ ချော်ရည်စီးဆင်းမှုပုံစံများအာကာသ သိပ္ပံ ပညာရပ်ရဲ့ နောက်ဆုံး တွေ့ရှိမှု တစ်ခု ဖြစ်တဲ့ အင်္ဂါ ဂြိုဟ်ပေါ်မှာ တွေ့ရှိ ခဲ့ရတဲ့ ချော်ရည်တွေရဲ့ စီးဆင်းမှု ပုံစံ မှတ်တမ်း ဓာတ်ပုံ တွေအရ ချော်ရည် တွေဟာ ပြန့်ကျဲ စီးဆင်းခြင်း မရှိဘဲ တစ်ဖက်တည်း စီးဆင်း နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီလိုပုံစံမျိုးနဲ့ ချော်ရည်တွေ စီးဆင်းမှုကို အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိ ခဲ့ပြီးတဲ့ နောက်မှာ တော့ ကမ္ဘာမြေပြင်ပေါ်မှာ ရှိတဲ့ နေရာဒေသ တချို့မှာလည်း အခုလို တစ်ဖက်တည်း စီးဆင်းမှုတွေကို ထပ်မံတွေ့ရှိခဲ့ပါ တယ်။

ဒီတွေ့ရှိချက် တွေကို အရီဇိုးနား ပြည်နယ်က တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်တဲ့ အန်ဒရူးရိုင်ယန်က ၂၀၁၂ ခုနှစ် ဧပြီလထုတ် သိပ္ပံနဲ့နည်းပညာ ဂျာနယ် တစ်ခုမှာ ထုတ်ဖော်ရေး သားခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ အီလိုက်ဆီယန် မီးတောင် ကနေ ထွက်ပေါ် လာခဲ့တဲ့ ရေတွေရဲ့ စီးဆင်းမှုပုံစံနဲ့ အဲဒီမီးတောင် ကနေ ထွက်ပေါ် လာတဲ့ ချော်ရည်တွေရဲ့ စီးဆင်းမှုပုံစံက ကွဲပြားခြားနားမှု ရှိတယ်လို့ သုံးသပ် ပြောဆို ထားပါတယ်။

အမေရိကန် ရုပ်သံလိုင်း တွေမှာ ဖော်ပြခဲ့တဲ့ မီးတောင်ချော် ရည်စီးဆင်းမှုဆိုင်ရာ ပြကွက်တွေမှာ အင်္ဂါဂြိုဟ်ပေါ်က အီလိုက်ဆီယန်မီးတောင်ရဲ့ အစိတ်အပိုင်း နှစ်ခုဖြစ်တဲ့ အက်သာဘက်စ်ကာ ဗီးလပ်စ်နဲ့ ဆာဗာရက်စ်ပလက်စ်တို့ အကြောင်းကို သူအရမ်းစိတ်ဝင်စားကြောင်း သိပ္ပံနဲ့အနုပညာကောလိပ်ရဲ့ ဌာနခွဲတစ်ခု ဖြစ်တဲ့ ASU ကမ္ဘာနဲ့ အာကာသလေ့လာရေးဆိုင်ရာကောလိပ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသားအန်ဒရူးဘိုင်ယန်ကရေးသားခဲ့တာပါ။

ASU ကောလိပ်ရဲ့ ပါမောက္ခ ဖြစ်တဲ့ ဖီးလစ် ခရစ္စတီဆင်ဟာ သိပ္ပံပညာရပ်ဆိုင်ရာ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ သူက အင်္ဂါဂြိုဟ်ဟာ လက်ရှိကမ္ဘာမှာနေ ထိုင်ကြတဲ့ လူသားတွေ အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ကမ္ဘာ့အပြင်ဘက် တစ်နေရာဖြစ်ပြီး အခုလိုသူတို့ရဲ့ မီးတောင် ပေါက်ကွဲမှု အခြေ အနေ ချော်ရည် စီးဆင်းမှု အခြေအနေ တွေနဲ့ တခြားအစိတ်အပိုင်း အတော်များများကို လေ့လာနိုင်တာဟာ လူသားတွေအတွက် ဂုဏ်ယူစရာ ကောင်းတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကမ္ဘာထဲက အခြေအနေတွေနဲ့နှိုင်းယှဉ် ပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဟာဝိုင်ရီမှာ ချော်ရည်စီးဆင်းမှုတွေကို မကြာခဏ တွေ့မြင်ရ တယ်လို့ သိရပါတယ်။ အဲဒီအထဲက တစ်ချို့ချော်ရည်စီးဆင်းမှုနေရာတွေဟာ အင်္ဂါဂြိုဟ်ပေါ် မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တူညီမှု ရှိနေတာကြောင့် အနာဂတ် ကမ္ဘာသစ် တစ်ခုကို အင်္ဂါဂြိုဟ်ပေါ်မှာ ရှာဖွေဖို့ ကြံစည်နေတဲ့ လူသားတွေအတွက် လမ်းစတစ်ခုဖြစ်လာနိုင် တယ်လို့ သုံးသပ် နေကြပါတယ်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...