Powered by Blogger.
RSS

အင်္ဂါဂြိုလ်ပေါ်၌ ရေခဲတွေ့ရှိကြောင်း နာဆာမှ အတည်ပြု

http://www.planet.com.mm/news/newsimg/August08/phoen200.jpg

အင်္ဂါဂြိုဟ်၏မျက်နှာပြင်ပေါ် ဆင်းသက်ရောက်ရှိနေပြီး လေ့လာစူးစမ်းမှုများ ပြုလုပ်လျက်ရှိသော ဖီးနစ် အာကာသယာဉ်မှ ပေးပို့လိုက်သော သတင်းအချက်အလက်များအရ အင်္ဂါဂြိုဟ်၏ မျက်နှာပြင် မြေသားတွင် ရေခဲတွေ့ရှိခဲ့ကြောင်း နာဆာမှ အတည်ပြုခဲ့သည်။ ဇူလိုင်လ (၃၁) ရက်နေ့က ဖီးနစ် ဂြိုဟ်ဆင်းယာဉ်ငယ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် ရေရှိကြောင်း အခိုင်အမာ ဖော်ထုတ်နိုင်ခဲ့ပြီဟု သိပ္ပံပညာရှင်များက ဆိုသည်။ ယခုတွေ့ရှိမှုကြောင့် ယခင်ဂြိုဟ်တု ဓာတ်ပုံများအရ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းအရပ်တွင် ရေခဲထုရှိနိုင်ကြောင်း ခန့်မှန်းမှုများအား သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ အရီဇိုးနားတက္ကသိုလ်မှ ပညာရှင် ၀ီလျံဗိုင်တန်က ဖီးနစ်၏ စက်လက်တံများမှ တူးဖော်ရရှိခဲ့သည့် မြေသားများအတွင်း ရေခဲမှုန်များပါလာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဖီးနစ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ မေလ (၂၅) ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် လူနှင့်အခြားသက်ရှိများ နေထိုင်နိုင်ခြင်းရှိမရှိ သုံးလတာမျှ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဂြိုဟ်နီကြီးဟု အမည်တွင်သည့် အင်္ဂါဂြိုဟ်တွင် ရေခဲအရည်ပျော်သည့် အထောက်အထားများ တွေ့ရှိခဲ့အပြီး ဂြိုဟ်ပေါ်တွင် လူနေထိုင်ရန်သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးမှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။ လေ့လာသူများက အင်္ဂါဂြိုလ်မျက်နှာပြင်တွင်တွေ့ရှိရသောအရာမှာ ရေခဲမှတ်ဖြစ်သော ၃၂ ဒီဂရီအထက်တွင် အရည်ပျော်ပြီး ရေမော်လီကျူးများ ထုတ်လွှတ်ပေးနိုင်သဖြင့် ရေခဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ မားစ်မျက်နှာပြင်တွင် ရေတွေ့ရှိမှုမှာ ကမ္ဘာမြေပြင်ပ ဂြိုဟ်များတွင် လူသားများအခြေချ နေထိုင်နိုင်ရန် မျှော်လင့်နေသော သိပ္ပံပညာရှင်များအတွက် သတင်းကောင်းတစ်ခုပင်ဖြစ်ကြောင်း သိရှိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...