Powered by Blogger.
RSS

GPS စက်ငယ်များဖြင့် ပြည်တွင်းကားလမ်းကြောင်းရှာဖွေမှုပြုနိုင်

http://www.planet.com.mm/news/newsimg/March09/632009_GPS_b.jpg

ကုမ္ပဏီများမှ အသုံးပြုလျက်ရှိသည့်ကားများ၊ အရောင်းကားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတွင်ရှိသောကားများသည် နေ့စဉ်နှင့်အမျှပြေးဆွဲမောင်းနှင်လျက်ရှိရာ၌ တနေ့တာသွားခဲ့သည့်ခရီးစဉ်များအား မှတ်တမ်းတင်နိုင်သည့် Fleet Management System အား ပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ကြောင်းသိရသည်။

“အရောင်းကားတွေ၊ သက်ဆိုင်ရာကုမ္ပဏီကားတွေဟာ တစ်နေ့တစ်နေ့ ဘယ်ကိုသွားခဲ့လဲ။ ဘယ်နှစ်မိုင်သွားခဲ့လဲ။ ဘယ်အချိန်က ဘယ်လမ်းပေါ်ရောက်ခဲ့လဲ။ ဘယ်အချိန်ကဘယ်ဆိုင်ကိုဝင်ခဲ့လဲဆိုတာတွေကို စနစ်တကျမှတ်တမ်းတင် ပို့အတွက် Fleet Management System ကိုအသုံးပြုလို့ရပါတယ်။ ဒီစနစ်ကိုအသုံးပြုတဲ့အတွက် ကားတွေဟာဘယ်နေရာမှာ၊ ဘယ်နေ့က ဘယ်ကိုသွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့လို့ရှိရင် သူတို့အတွက် ကုန်ကျတဲ့ဓါတ်ဆီဖိုးတွေ၊ သူတို့ခိုင်းလိုက်တဲ့အလုပ်တွေ၊ သူတို့သွားခဲ့တဲ့တန်ဖိုးတွေကို ကျွန်တော်တို့စနစ်တကျမှတ်တမ်းတင်ပြီး အကျိုးအမြတ်ကိုတွက်ယူလို့ရပါတယ်” ဟု Concordia မှ တာဝန်ရှိသူကိုညီညီမင်းမှပြောကြားခဲ့သည်။

“ဥပမာ-ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ကားတစ်စီးဟာဖြတ်သွားခဲ့တယ်ဆိုပါဆို့။ ဖြတ်သွားတဲ့ကားဟာ ရုံးကိုပြန်ရောက်လာတဲ့အချိန် download ပြန်လုပ်ယူတဲ့အခါမှာ ကားဟာ ရွှေဂုံတိုင်မီးပွိုင့်ကို ဘယ်နေ့ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဖြတ်သွားခဲ့တယ်ဆိုတာကို မှတ်တမ်းတင်လို့ရပါတယ်။ ဒီမှတ်တမ်းဟာလည်း အင်မတန်အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စထွက်သွားတဲ့နေရာနဲ့ ပြန်ဝင်ရောက်တဲ့နေရာတွေကို မှတ်တမ်းတင်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ အင်မတန်တွင်ကျယ်လာမယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်” ဟု ၎င်းထပ်မံပြောကြားခဲ့သည်။

အဆိုပါဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အသေးစား GPS တစ်လုံးအား ကားတွင်ပါဝင်သော စီးကရက် Lighter ထွက်လာသော Power ကြိုးနှင့် ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည့်အတွက် ပါဝါစားသက်သာကြောင်းသိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...