Powered by Blogger.
RSS

Satellite Ground Station Staff Function

Operation Staffing

Operation Staffing ( ပါဝင်သောဝန်ထမ်းအရေအတွက်) သည် အခြေအနေအမျိုးမျိုးအပေါ် လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ၄င်းအခြေအနေများမှာ operation ၏ရှုပ်ထွေးမှု ၊ payload control operation ပါဝင်ခြင်း (သို့)မပါဝင်ခြင်း၊ ပါဝင်သော automation များ၏အဆင့်အတန်း၊ single control centre မှ operation ပြုလုပ်သောဂြိုဟ်တုအရေအတွက် ၊ operation အတွက်လိုအပ်သော support function အားလုံးကို control centre မှပြုလုပ်နိုင်ခြင်း ( သို့ ) external support organization ပါဝင်းခြင်းတို့ဖြစ်သည်။ Operation အဖွဲ့များတွင် staff များပါဝင်မှုပမာဏများမှာ staff များ၏အရည်အသွေးကြောင့် operation တူညီသော်လည်း ကွဲပြားခြားနားမည်ဖြစ်သည်။.ထို့ပြင် ပြုလုပ်သော operation အပေါ်လိုက်၍ operation team များကိုလေးမျိုးခွဲခြားထားသည်-

- Large team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကိုမိမိ၏ control centre မှပင် ထောက်ပံ့ပေးသည်။ )

- medium team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကို အခြားအဖွဲ့အစည်းများ၏ အကူအညီကိုရယူ ဆောင်ရွက်သည်။

- small team (ရိုးရှင်းသော operation များကိုပြုလုပ်ပြီး ၊ automatic operation များစွာပါဝင်သည်။ )

- multi-team ( များစွားသောဂြိုဟ်တုနှင့် operation များကိုပြုလုပ်သည်။)

Operation Controllers

Operation Controller များသည် ဂြိုဟ်တုထိန်းကြောင်းခြင်းနှင့် data များသိမ်းဆည်းခြင်းတို့ကို ဂြိုဟ်တုနှင့် real-time အခြေအနေတွင် operation ပြုလုပ်သည်။ ထို့ကြောင့် အလုပ်ချိန်ဇယားများရေးဆွဲခြင်း ၊ နေ့/ည အလုပ်ချိန်အဆိုင်းများ ခွဲခြားထားခြင်းစသည့် အလုပ်ချိန်စီမံခန့်ခွဲမှုများထားရှိရန် လိုအပ်သည်။ Operation Controller သုံးမျိုးမှာ-

- Spacecraft operation controller

- Payload operation controller

- Ground system operation controller တို့ဖြစ်သည်။

ဤနေရာတွင် satellite အား operation ပြုလုပ်သော staff များ၏ ကဏ္ဍများကိုသာ ဖော်ပြထားပြီး အခြားသော အကူဝန်ထမ်းများ ၊ ရုံးပိုင်းဆိုင်ရာဝန်ထမ်းများ နှင့် admin အစရှိသောဝန်ထမ်းများကို မပါရှိပေ။

Spacecraft Controller (SC)

Spacecraft Controller ( SC )ကို spacecraft analyst ဟုလည်းခေါ်သည်။ SC သည်ဂြိုဟ်တုနှင့် ground station တို့အပြန်အလှန်ဆက်သွယ် အလုပ်လုပ်နိုင်ရန် real-time အချိန်တွင် operation ပြုလုပ်သည်။ SC သည်ဂြိုဟ်တုမလွှတ်တင်မီ စမ်းသပ်စစ်ဆေးခြင်း၊ ပတ်လမ်းအတွင်းတည်ရှိစဉ် ဂြိုဟ်တုသို့ဆက်သွယ် ထိန်းချုပ်သော uplink ကိုစစ်ဆေးခြင်း တို့ကိုလည်းပြုလုပ်သည်။ ဂြိုဟ်တုလွှတ်တင်ထားချိန်တွင်လည်း ကြုံတွေ့ရသောအခက်အခဲများကို မှတ်တမ်းတင်၍ Spacecraft Operation Engineer ( SOE ) သို့တင်ပြရသည်။ အဘယ့်ကြောင့်ဆိုသော် SC သည် mission planner and scheduling တို့မှချမှတ်ပေးသော အစီအစဉ်အတိုင်းသာ ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။

SC သည်ဂြိုဟ်တု၏ performance ကိုအကောင်းဆုံးရရှိရန်ထိန်းကြောင်းခြင်း ၊ ဂြိုဟ်တု၏ချို့ယွင်းမှုများကို ရှာဖွေမှတ်တမ်းတင်ခြင်း ၊ မှတ်တမ်းတင်ထားခြင်းမရှိသော ချို့ယွင်းမှုများကို SOE ထံသို့တင်ပြခြင်း၊ ဂြိုဟ်တုအစိတ်အပိုင်းများ၏ ပတ်လမ်းအတွင်းအလုပ်လုပ်ခဲ့သော အချိန်ကိုမှတ်တမ်းတင်ခြင်းစသည်တို့ကို ပြုလုပ်သည်။ SC သည်ကြိုတင်စီစဉ်ချမှတ်ထားသော ရိုးရှင်းသည့် ပုံမှန် operation များကိုသာပြုလုပ်ရပြီး ချို့ယွင်းမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော SC သည် ဂြိုဟ်တု၏ subsystem များမည်သို့အလုပ်လုပ်သည်ကို သိသော်လည်း ကျွမ်းကျင်သော ပညာရှင်ပါရဂူမဟုတ်သောကြောင့် ချို့ယွင်းမှုများအား အဖြေရှာရှင်းလင်းလျှင် ပိုမိုမှားယွင်းသွားနိုင်သောကြောင့်ဖြစ်သည်။

Command Controller (CC)

SC (spacecraft controller ) နှင့်အတူ ဂြိုဟ်တုအားထိန်းကြောင်းရာတွင်ပါဝင်သော CC သည် SC ၏ junior position ဖြစ်သည်။ သတ်မှတ်ထားသော စီမံချက်များအတိုင်း ချို့ယွင်းမှုများအား SC သို့တင်ပြခြင်းများကို ပြုလုပ်သည်။

Payload Controller ( PC )

Payload Controller ( PC ) သည် real-time အချိန်တွင် payload operation ကိုထိန်းချုပ်ရသူဖြစ်သည်။ Payload တွင်ပါဝင်သော science instrument နှင့်ထို instrument များ၏ အထောက်အပံ့ ပစ္စည်းများကိုလည်းထိန်းချုပ်ရသည်။ ပုံမှန် operation ပြုလုပ်ချိန်တွင် SC ( spacecraft controller ) နှင့်လုပ်ငန်းစဉ်တူညီသော်လည်း payload အား command နှင့် control ပြုလုပ်စဉ်တွင် SC ကဲ့သို့တင်းကြပ်ခြင်း မရှိပေ။ ရှုပ်ထွေးသော mission တွင်မူ payload control ကို payload operation team အဖြစ်ခွဲခြားလုပ်ဆောင်သည်။

Mission Planner (MP)

Mission Planner (MP) သည်ဂြိုဟ်တု၏ နေ့စဉ်ပုံမှန် operation ပြုလုပ်ခြင်းများအတွက် လမ်းစဉ်များချမှတ်ပေးသည်။ ထို့ပြင်မြေပြင်စခန်းအတွက် လိုအပ်သော အလုပ်ချိန်ဇယားများရေးဆွဲ ခြင်း ၊ဂြိုဟ်တုသို့ပေးပို့မည့် command များကို ရေးဆွဲခြင်း၊ ဂြိုဟ်တု၏ operation နှင့် maintenance များအတွက် SOE နှင့်ညိ§နှိုင်းစီစဉ်ခြင်း ၊ SC ( spacecraft controller ) အတွက်လိုအပ်သော လမ်းညွှန်ချက်များကို ရေးဆွဲပေးခြင်း နှင့်လိုအပ်ပါက payload operation schedule များရေးဆွဲခြင်း စသည်တို့ကိုလည်းပြုလုပ်သည်။

Data Analyst (DA)

Data analyst (DA) သည် ဂြိုဟ်တုမှပေးပို့သော အချက်အလက်(data) များ၏ အရည်အသွေးကို စောင့်ကြည့်စီမံခန့်ခွဲခြင်းဖြစ်သည်။ အချက်အလက်(data) အရည်အသွေးများအား ground station မှလက်ခံရရှိသည်မှ customer (သို့ ) user များတိုင်အောင် စောင့်ကြည့်ခြင်းဖြစ်သည်။ အများအားဖြင့် data management system များသည် highly automation များဖြစ်ကြသည်။ ထိုကြောင့် DA သည် operation network တွင်ဖြစ်ပေါ်လာသော ချို့ယွင်းမှုများကို ရှာဖွေဖြေရှင်းကိုသာ အဓိကလုပ်ဆောင်သည်။ real-time data management function ကို ထိန်းချုပ်ညွှန်ကြားသူမှာ GC (ground controller ) ဖြစ်သော်လည်း mission ၏လိုအပ်မှုအပေါ်မူတည်၍ DA (data analyst ) သည်ပါဝင်လာမည်ဖြစ်သည်။

Orbit Analyst ( OA )

Orbit Analyst (OA) သည်ရရှိလာသော ပတ်လမ်းဆိုင်ရာ tracking data များအရဂြိုဟ်တု၏ flight dynamics function များကိုရေးဆွဲသည်။ ထို့ပြင်ဂြိုဟ်တုအတွက် orbit များညိ§နှိုင်းသတ်မှတ်ခြင်း ၊ maneuver planများကို တွက်ချက်ပေးခြင်းတို့ကိုလည်းပြုလုပ်သည်။ ထို့နောက် ရရှိလာသော data အချက်အလက်များကို MP (mission planner ) သို့ပေးပို့သည်။

Spacecraft Operation Engineer (SOE)

Spacecraft Operation Engineer (SOE) သည်ဂြိုဟ်တုသက်တမ်းကုန်ဆုံးချိန်အထိ တည့်တံရေးနှင့် mission ကိုကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ကဏ္ဍအားလုံးတွင် တာဝန်ရှိသူဖြစ်သည်။ SOE သည်ဂြိုဟ်တုထုတ်လုပ်သူများနှင့် ညိ§နှိုင်းခြင်း၊ ဂြိုဟ်တုမလွှတ်တင်မီစမ်းသပ်စစ်ဆေးခြင်း ၊ လွှတ်တင်ပြီးနောက် တင်ပြလာသော ဂြိုဟ်တု၏အခြေအနေများအရ လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်း စသည်တို့ကိုပြုလုပ်သည်။ Payload သည်ဂြိုဟ်တုတစ်ခု၏ အသက်သွေးကြောနှင့် အရင်းအမြစ်ဖြစ်သောကြောင့် SOE သည် ဂြိုဟ်တုတည်ရှိမှု အခြေအနေကိုသာမက payload ၏စွမ်းဆောင်နိုင်မှုအခြေအနေကိုပါ စီမံဆောင်ရွက်ရသည်။

SOE သည် SC ( spacecraft controller ) (သို့)အခြားသော position များမှ တင်ပြလာသော ချို့ယွင်းမှုများ၏ အကြောင်းအရင်းများကို ရှာဖွေသတ်မှတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဖြေရှာခြင်းတို့ကိုပြုလုပ်သည်။ အကယ်၍ SOE သည်ချို့ယွင်းမှုများကို မဖြေရှင်းနိုင်လျှင် အခြားသော Anomaly Response Team (ART) များအား ချိတ်ဆက်ငှားရမ်းအသုံးပြုသည်။ ပုံမှန်မဟုတ်သော orbital maneuvers ပြောင်းလခြင်းကဲ့သို့သော အခြင်းအရာများတွင် SOE သည် SC အဖြစ် ယာယီတာဝန်ယူ၍ ဂြိုဟ်တုအား ထိန်းကြောင်းသည်။

Payload Analyst (PA)

Payload Analyst ( PA )သည် payload ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလုံးကို စီစဉ်ဆောင်ရွက်ရသည်။ PA သည် SOE (spacecraft operation engineer ) နှင့် လုပ်ငန်းစဉ်တူညီသော်လည်း payload အား spacecraft bus ထက်ပိုမိုနိုင်နင်းခြင်းသာ ကွာခြားသည်။

Operation Engineer (OE)

Operation Engineer (OE)သည် satellite operation တစ်ခုလုံးအား စီစဉ်ခြင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းများတွင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ Operation တစ်ခုလုံး၏ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူဖြစ်ပြီး operation အတွက်လိုအပ်သော အထောက်အပံ့နှင့် စီမံခန့်ခွဲမှုအပိုင်းများတွင်လည်း ပြုလုပ်ရသည်။ OE သည် spacecraft နှင့် payload တို့၏ဖြစ်ပေါ်လာသော ချို့ယွင်းမှုများကို အဖြေရှာရာတွင် ဦးဆောင်စီမံခန့်ခွဲသူဖြစ်သည်။

Summary

မြေပြင်ထိန်းချုပ်ရေးစခန်း၏ operation တွင်ပါဝင်မည့် ၀န်ထမ်းများ အားလုံးကို ငှားရမ်းအသုံးပြုမည်ဆိုလျင် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည်။ ပြုလုပ်ရသော operation ရှုပ်ထွေးလျှင် ၀န်ထမ်းအရေအတွက်များစွာ လိုအပ်မည်ဖြစ်သောကြောင့် ငွေကြေးကုန်ကျမှု များပြားနိုင်သည်။ ရှုပ်ထွေးမှုနည်းသော operation သည် ၀န်ထမ်းအရေအတွကို လျော့ကျစေနိုင်သည်။

မိမိတို့အဖွဲ့အစည်းအတွင်းရှိ ၀န်ထမ်းများအား လုံလောက်စွာ လေ့ကျင့်သင်ကြားပေး၍ ငှားရမ်းထားသော ၀န်ထမ်းများ၏ အချို့နေရာများတွင် အစားထိုးအသုံးပြုခြင်းသည်လည်း ငွေကြေးကုန်ကျမှုကို သက်သာစေမည်ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...