Powered by Blogger.
RSS

နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာကို ဂြိုလ်တစ်လုံးဝင်တိုက်မည်


နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာဂြိုလ်ကို အခြား ဂြိုလ်တစ်လုံး ဝင်တိုက်မိမည်ဖြစ်ကြောင်း
နက္ခတ်တာရာ ပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ကြသည်။

ယင်းတွက်ချက်မှုသည် ကွန်ပျူတာတွက်ချက်မှုပါ ပါဝင်ပေါင်းစပ်ထားပြီး၊ မည်သည့်နည်းလမ်းနှင့် ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်မှာ ကမ္ဘာပျက်သည့် အလားသဏ္ဍန် လေလား ဟု နက္ခတ်ပညာရှင်များအကြား အငြင်းပွားဖွယ် ရာများ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၁၊ နိုဝင်ဘာလ ၈ ရက်( အင်္ဂါနေ့)တွင်လည်း စကြဝဋ္ဌာအတွင်း မှ ဂြိုလ်ငယ်တစ်လုံး သည် ကမ္ဘာနှင့် အနီးဆုံး ကီလိုမီတာ သုံးသိန်းခန့်အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ဧပရယ်လတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် လောက်နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ဂြိုလ်ငယ်၏ ဖြတ်သန်းမှုသည် ကမ္ဘာသို့မည်သည့် အန္တာရယ်မှ သက်ရောက်မှု မရှိနိုင်ကြောင်း နက္ခတ်တာရာ ပညာရှင်များ က ပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...