Powered by Blogger.
RSS

ဂြိုဟ်တုအားထိန်းချုပ်မည့် မြေပြင်ထိန်းချုပ်ရေးစခန်း (အပိုင်း ၁)

Satellite Ground Station Staff Function

Operation Staffing

Operation Staffing ( ပါဝင်သောဝန်ထမ်းအရေအတွက်) သည် အခြေအနေအမျိုးမျိုးအပေါ် လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ၄င်းအခြေအနေများမှာ operation ၏ရှုပ်ထွေးမှု ၊ payload control operation ပါဝင်ခြင်း (သို့)မပါဝင်ခြင်း၊ ပါဝင်သော automation များ၏အဆင့်အတန်း၊ single control centre မှ operation ပြုလုပ်သောဂြိုဟ်တုအရေအတွက် ၊ operation အတွက်လိုအပ်သော support function အားလုံးကို control centre မှပြုလုပ်နိုင်ခြင်း ( သို့ ) external support organization ပါဝင်းခြင်းတို့ဖြစ်သည်။ Operation အဖွဲ့များတွင် staff များပါဝင်မှုပမာဏများမှာ staff များ၏အရည်အသွေးကြောင့် operation တူညီသော်လည်း ကွဲပြားခြားနားမည်ဖြစ်သည်။.ထို့ပြင် ပြုလုပ်သော operation အပေါ်လိုက်၍ operation team များကိုလေးမျိုးခွဲခြားထားသည်-

- Large team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကိုမိမိ၏ control centre မှပင် ထောက်ပံ့ပေးသည်။ )

- medium team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကို အခြားအဖွဲ့အစည်းများ၏ အကူအညီကိုရယူ ဆောင်ရွက်သည်။

- small team (ရိုးရှင်းသော operation များကိုပြုလုပ်ပြီး ၊ automatic operation များစွာပါဝင်သည်။ )

- multi-team ( များစွားသောဂြိုဟ်တုနှင့် operation များကိုပြုလုပ်သည်။)

Operation Controllers

Operation Controller များသည် ဂြိုဟ်တုထိန်းကြောင်းခြင်းနှင့် data များသိမ်းဆည်းခြင်းတို့ကို ဂြိုဟ်တုနှင့် real-time အခြေအနေတွင် operation ပြုလုပ်သည်။ ထို့ကြောင့် အလုပ်ချိန်ဇယားများရေးဆွဲခြင်း ၊ နေ့/ည အလုပ်ချိန်အဆိုင်းများ ခွဲခြားထားခြင်းစသည့် အလုပ်ချိန်စီမံခန့်ခွဲမှုများထားရှိရန် လိုအပ်သည်။ Operation Controller သုံးမျိုးမှာ-

- Spacecraft operation controller

- Payload operation controller

- Ground system operation controller တို့ဖြစ်သည်။

ဤနေရာတွင် satellite အား operation ပြုလုပ်သော staff များ၏ ကဏ္ဍများကိုသာ ဖော်ပြထားပြီး အခြားသော အကူဝန်ထမ်းများ ၊ ရုံးပိုင်းဆိုင်ရာဝန်ထမ်းများ နှင့် admin အစရှိသောဝန်ထမ်းများကို မပါရှိပေ။

Spacecraft Controller (SC)

Spacecraft Controller ( SC )ကို spacecraft analyst ဟုလည်းခေါ်သည်။ SC သည်ဂြိုဟ်တုနှင့် ground station တို့အပြန်အလှန်ဆက်သွယ် အလုပ်လုပ်နိုင်ရန် real-time အချိန်တွင် operation ပြုလုပ်သည်။ SC သည်ဂြိုဟ်တုမလွှတ်တင်မီ စမ်းသပ်စစ်ဆေးခြင်း၊ ပတ်လမ်းအတွင်းတည်ရှိစဉ် ဂြိုဟ်တုသို့ဆက်သွယ် ထိန်းချုပ်သော uplink ကိုစစ်ဆေးခြင်း တို့ကိုလည်းပြုလုပ်သည်။ ဂြိုဟ်တုလွှတ်တင်ထားချိန်တွင်လည်း ကြုံတွေ့ရသောအခက်အခဲများကို မှတ်တမ်းတင်၍ Spacecraft Operation Engineer ( SOE ) သို့တင်ပြရသည်။ အဘယ့်ကြောင့်ဆိုသော် SC သည် mission planner and scheduling တို့မှချမှတ်ပေးသော အစီအစဉ်အတိုင်းသာ ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။

SC သည်ဂြိုဟ်တု၏ performance ကိုအကောင်းဆုံးရရှိရန်ထိန်းကြောင်းခြင်း ၊ ဂြိုဟ်တု၏ချို့ယွင်းမှုများကို ရှာဖွေမှတ်တမ်းတင်ခြင်း ၊ မှတ်တမ်းတင်ထားခြင်းမရှိသော ချို့ယွင်းမှုများကို SOE ထံသို့တင်ပြခြင်း၊ ဂြိုဟ်တုအစိတ်အပိုင်းများ၏ ပတ်လမ်းအတွင်းအလုပ်လုပ်ခဲ့သော အချိန်ကိုမှတ်တမ်းတင်ခြင်းစသည်တို့ကို ပြုလုပ်သည်။ SC သည်ကြိုတင်စီစဉ်ချမှတ်ထားသော ရိုးရှင်းသည့် ပုံမှန် operation များကိုသာပြုလုပ်ရပြီး ချို့ယွင်းမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော SC သည် ဂြိုဟ်တု၏ subsystem များမည်သို့အလုပ်လုပ်သည်ကို သိသော်လည်း ကျွမ်းကျင်သော ပညာရှင်ပါရဂူမဟုတ်သောကြောင့် ချို့ယွင်းမှုများအား အဖြေရှာရှင်းလင်းလျှင် ပိုမိုမှားယွင်းသွားနိုင်သောကြောင့်ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...