Powered by Blogger.
RSS

အန်ဒဲဗား အာကာသလွန်းပျံယာဉ် ကမ္ဘာမြေပြင်သို့ ပြန်လည်ရောက်ရှိ

ဇွန်လ(၁)ရက်နေ့က အန်ဒဲဗား အာကာသလွန်းပျံယာဉ်သည် ၎င်း၏ နောက်ဆုံး အာကာသ ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ပြီး ကမ္ဘာမြေသို့ ဆင်းသက်လာပြီဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ကနေဒီ အာကာသ လေ့လာရေးစခန်းသို့ အန်ဒဲဗား ချောမွေ့စွာ ပြန်ရောက်လာခြင်းဖြစ်သည်။

endeavour

(အန်ဒဲဗားအာကာသလွန်းပျံယာဉ်မှ အာကာသယာဉ်မှူးများ)

နိုင်ငံတကာ အာကာသစခန်း (ISS)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နက္ခတ်ဗေဒ ပညာရှင် (၁၅)ဦးကို သယ်ဆောင်ကာ ပြန်ရောက်လာပြီးနောက် ၎င်း၏ (၁၉)နှစ်ကြာ အာကာသ စွန့်စားခန်းများကို အဆုံးသတ်လိုက်သည်။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)သည် ကာလရှည် သုံးစွဲလာသည့် အာကာသယာဉ်များအစား ပိုမိုနည်းပညာ မြင့်မားသော ယာဉ်သစ်များနှင့် အစားထိုးရန် စီစဉ်ထားသည်။

endeavour

(ကနေဒီ အာကာသလေ့လာရေးစခန်းသို့ ပြန်လည်ဆင်းဆက်လာသည့် အန်ဒဲဗား အာကာသလွန်းပျံယာဉ်)

အန်ဒဲဗားနှင့်ခေတ်ပြိုင် အာကာသ လေ့လာရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ယာဉ်များအနက် အတ္တလန္တစ် တစ်စင်းသာ အာကာသထဲ နောက်ဆုံးတစ်ကြိမ် သွားရောက်ရန် ကျန်ရှိနေတော့သည်။ လာမည့်လတွင် အတ္တလန္တစ်ကို လွှတ်တင်ဖွယ် ရှိနေသည်။ အန်ဒဲဗား၏ နောက်ဆုံးအာကာသ ခရီးစဉ်အပြီးတွင် ၎င်းကို လော့စ်အန်ဂျလိစ်ရှိ သိပ္ပံပြတိုက်သို့ ပို့ဆောင်ကာ အများပြည်သူသို့ ပြသသွားရန် စီစဉ်လျက်ရှိသည်။ “ကျွန်တော်တို့ အမြဲအမှတ်ရနေမယ့် အံ့ဩထူးကဲလှတဲ့ အာကာသယာဉ်ပါ။ သူ့ရဲ့ အပြန်ခရီးကို ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါတယ်”ဟု အာကာသယာဉ် ပြေးလမ်းပေါ်တွင် အောင်မြင်စွာ ရပ်နားပြီးချိန်၌ ရေဒီယိုအသံလွှင့် မျှော်စင်က ဂုဏ်ပြုပြောကြားလိုက်သည်။

endeavour

(အန်ဒဲဗား အာကာသလွန်းပျံယာဉ်ကို နောက်ဆုံးအကြိမ်းအဖြစ် အာကာသအတွင်းသို့ လွှတ်တင်ခဲ့စဉ်)

အန်ဒဲဗားကို (၁၉၉၂)၊ မေလ(၇)ရက်နေ့က စတင်ပျံသန်းခဲ့ပြီး ၎င်းသည် အာကာသထဲသို့ (၂၅)ကြိမ် သွားရောက်ခဲ့ပြီး ကမ္ဘာပတ်လမ်းအတွင်း စုစုပေါင်း (၂၉၉)ရက် နေထိုင်ခဲ့သည်။ စုစုပေါင်း အကွာအဝေးအနေနှင့် ခရီးမိုင် (၁၂၂.၈)သန်း သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခုနောက်ဆုံး ခရီးစဉ်တွင် အန်ဒဲဗားသည် ISSတွင် (၁၁)ရက်ကြာ နေထိုင်ခဲ့သည်။ NASAသည် လက်ရှိတွင် အတ္တလန္တစ်၏ ပျံသန်းမှု ခရီးစဉ်အတွက် အာရုံစိုက် ဆောင်ရွက်နေပြီဟုလည်း ထုတ်ပြန်ကြေညာထားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...