Powered by Blogger.
RSS

ဂြိုဟ်တုလွှ​တ်တင်ရေးဒုံး​ပျံ Dnepr-1




အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်နိုင်ရန်အတွက် အသုံးပြုသော လွှတ်တင်ရေးဒုံးပျံ တစ်ခုဖြစ်သည့် Dnepr-1 ဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်သည်။ Dnepr ဟူသောအမည်သည် ရုရှားနိုင်ငံမှဖြစ်ဖျားခံ၍ ယူကရိန်း၊ ဘီလာရုစ် အစရှိသည့်နိုင်ငံများအား ဖြတ်သန်းကာ ပင်လယ်နက်အတွင်းသို့ စီးဝင်သွားသော Dnieper မြစ်ကိုအစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။ International Space Company Kosmotras မှ ပိုင်ဆိုင်သော Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ၁၉၉၉ ခုနှစ်၊ ဧပရယ်လ ၂၁ ရက်နေ့တွင် ယင်း၏ ပထမဦးဆုံးသော လွှတ်တင်မှုအဖြစ် ၃၅ ကီလိုဂရမ်သာရှိသော UoSAT-12 အသေးစားဂြိုဟ်တု ( mini-satellite ) အား ပတ်လမ်းနိမ့်ပတ်လမ်း ( Low Earth Orbit ) သို့ အောင်မြင်စွာ ပစ်လွှတ်ပေးနိုင်ခဲ့သည်။ Dnepr-1 ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံသည် အသေးစားဂြိုဟ်တုအများအပြားအား ပတ်လမ်းနိမ့်ပတ်လမ်းအတွင်းသို့ ပို့ဆောင်ပေးခြင်းကို အဓိကပြုလုပ်သည်။ အများအားဖြင့် ဂြိုဟ်တုအလေးချိန် ၃၀၀ကီလိုဂရမ် အောက်နှင့် ၅ ကီလိုဂရမ်အောက်ရှိသော ဂြိုဟ်တုအများအပြားကို တစ်ပြိုင်တည်းလွှတ်တင်ခြင်းဖြစ်သည်။ ( တည်ငြိမ်ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများသည် အများအားဖြင့် ပျှမ်းမျအလေးချိန် ၄၆၀၀ ကီလိုဂရမ်ခန့်ရှိကြသည်။)
Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံအမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်ပြီး hypergolic လောင်စာရည်( hypergolic liquid propellent ) သုံး အင်ဂျင်အဆင့် သုံးဆင့် ( three-stage) ပါရှိသော ဒုံးပျံဖြစ်သည်။ ယင်းဒုံးပျံအား ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော ဒုံးပျံပစ်လွှတ်ရေးစခန်း ( သို့ ) Dombarovsky ဒုံးပျံပစ်လွှတ်ရေးစခန်း မှ ပစ်လွှတ်သည်။



Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့်ပတ်လမ်း အတွင်းသို payload အလေးချိန် ၃၆၀၀ ကီလိုဂရမ်အထိ့ ပို့ဆောင်ပေးနိုင်ပြီး Sun-Synchronous ပတ်လမ်းအတွင်းသို့ payload အလေးချိန် ၂၃၀၀ ကီလိုဂရမ်ပို့ဆောင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် အဓိက payload ဂြိုဟ်တုအပြင် အခြားသော အသေးစားဂြိုဟ်တုများကိုပါ တစ်ပြိုင်တည်းထည့်သွင်း လွှတ်တင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် စီးပွားဖြစ်လွှတ်တင်မှု ၁၄ ကြိမ်ပစ်လွှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇူလှိုင်လ ၂၆ ရက်နေ့တွင် ဘီလာရုစ်၊ အီတလီ၊ ရုရှား၊ အမေရိကန်၊ တောင်ကိုရီးယား ၊ နော်ဝေးနှင့် ဂျပန်နိုင်ငံတို့၏ အသေးစားဂြိုဟ်တုများစုပေါင်းလွှတ်တင်စဉ် တစ်ချိန်သာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ လွှတ်တင်ပြီး ၇၄ စက္ကန့်အကြာတွင် ဒုံးပျံအင်ဂျင်၏ combustion chamber 4 ချို့ယွင်းမှုဖြစ်ပေါ်ကာ ဘိုင်ကိုနောဒုံးပျံပစ်လွှတ်ရေးစခန်း၏ ၁၅၀ ကီလိုမီတာ အကွာ၊ ကာဇက်စတန်နိုင်ငံ၏ လူနေထိုင်ခြင်းမရှိသည့် ဒေသသို့ပျက်ကျခဲ့ခြင်းဖြစ်သည်။ လောင်စာများ မီးလောင်ပေါက်ကွဲမှုကြောင့် အဆိပ်အတောက်များဖြစ်ပေါ်ခဲ့ပြီး ရုရှားအစိုးရမှ ယင်းအဖြစ်အပျက်အတွက် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ပေးလျော်ခဲ့ရသည်။


Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...