Powered by Blogger.
RSS

စကြ၀ဠာပြန့်ကားမှုကို လေ့လာတွေ့ရှိခဲ့သူ ပညာရှင်သုံးဦး ရူပဗေဒနိုဗယ်ဆု ဆွတ်ခူး

b27_18

စကြ၀ဠာပြန့်ကားမှုသည် အရှိန်အဟုန်အဖြင့် ဖြစ်ပေါ်နေကြောင်း လေ့လာတွေ့ရှိမှုတွင် ပါဝင်ခဲ့သူပညာရှင်သုံးဦးသည် ယခုနှစ်အတွက် ရူပဗေဒ နိုဗယ်ဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

အမေရိကန်မှ ဆော်လ်ပါးလ်မက်တာ၊ အဒမ်ရိစ်နှင့် သြစတြေးလျမှ ဘရိုင်ယန်ရှမစ်တို့သည် ဆုကို ခွဲဝေရရှိကြမည်ဖြစ်သည်။ အရာဝတ္ထုများပိုမို ဝေးကွာလေလေ ပိုမိုလျင်မြန်စွာရွေ့ လျားလေလေဖြစ်သည့်ဖြစ်စဉ်ကို ဆုံးဖြတ်ပေးသော Type 1a ဆူပါနိုဗာ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏လေ့လာမှုများအရ စကြ၀ဠာသည် ပြန့်ကားနေရုံ သက်သက်မဟုတ်ဘဲ ဖြန့်ကျက်မှုသည် မနားမနေအရှိန် မြှင့်ပြန့်ကားနေခြင်းကို တွေ့ရှိခဲ့ရသည်။

ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေမှ ပါမောက္ခပါးလ်မက်တာက ဆုကြေးဆွီဒင်ခရိုနာ ၁၀ သန်း၏ တစ်ဝက်ကို ရရှိမည်ဖြစ်ပြီး သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ပါမောက္ခရှမစ်နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အာကာ သတယ်လီစကုပ် သိပ္ပံအင်စတီကျုမှ ပါမောက္ခရိစ်တို့က ကျန်တစ်ဝက်ကို ခွဲရမည်ဖြစ်သည်။

ပညာရှင်သုံးဦး၏ တွေ့ရှိမှုများသည် လက်ရှိနားလည်းထားသည့် စကြာဝဠာ မူလဖြစ်စဉ်၏ အခြေခံဖြစ်ခဲ့သော်လည်း ခက်ခဲသောမေးခွန်းများကိုလည်း ပေါ်ပေါက်စေခဲ့သည်။ ပြန့်ကားမှုဆက်လက်ဖြစ်ပေါ်နေ ခြင်းကို ရှင်းပြရန်အတွက် စကြ၀ဠာမူလ အစလေ့လာမှုပညာရှင်များက dark energy ဟုခေါ်သော စွမ်းအင်တစ်မျိုး ရှိသည်ဟု ယူဆထားကြသည်။ Dark Energy ၏သဘောသဘာဝမှာ အံ့ဖွယ်အခြေအနေတစ်ရပ်အဖြစ်သာ တည်ရှိနေသေးသော်လည်း ယင်းစွမ်အင်သည် စကြ၀ဠာလေးပုံသုံးပုံတွင် တည်ရှိနေကြောင်း သီအိုရီများက ဖော်ပြထားသည်။ ပါးလ်မက်တာသည် လေ့လာမှုကို ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ရှမစ်နှင့်ရိစ်တို့က ၁၉၉၄ ခုနှစ်တွင်မှ သီးခြားလေ့လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ကြယ်ဖြူပုဟု ထင်ရှားသော ထူထဲသိပ်သည်းမှုမြင့်သည့် ကြယ်အမျိုးအစားတစ်မျိုး၏ တောက်ပသော အဆုံးဖက်ခြမ်းဖြစ်သော ဝေးကွာသည့်နေရာမှ Type 1a ဆူပါနိုဗာ ဖြစ်စဉ်များကို တိုင်းတာရန် ဖြစ်သည်။ မူလကဝေးကွာသော ဆူပါနို ဗာများသည် နှေးကွေးလာပြီး စကြာဝဠာပြန့်ကားမှု ပြန်လည်ကျဆင်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း နှစ်ဖွဲ့စလုံးသည် ဆူပါနိုဗာများမှာစင်စစ်တွင် ဆက်လက်အရှိန်မြှင့်နေပြီး စကြ၀ဠာသည် အစဉ်တိုးချဲ့ပြန့်ကားနေကြောင်း အယူအဆကို မမျှော်လင့်ဘဲ ဖော်ထုတ်နိုင်ခဲ့ကြသည်။ တွေ့ရှိချက်များကို မရှေးမနှောင်းပင် အပြိုင်ထုတ်ပြန်နိုင်ခဲ့သောကြောင့် ပူးတွဲဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Ref;BBC

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...