Powered by Blogger.
RSS

တရုတ်ကိုယ်ပိုင် အာကာသစခန်းတည်ဆောက်ရေး ပထမခြေလှမ်းအဖြစ် လေ့လာရေးစခန်း၏ ပင်မအစိတ်အပိုင်း လွှတ်တင်

w71_04

ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်မှုအတွက် ပထမဆုံးခြေလှမ်းအဖြစ် ယင်းအစီအစဉ်တွင် ပါဝင်သည့်လေ့လာရေးစခန်း ပင်မအစိတ်အပိုင်းကို တရုတ်နိုင်ငံက စက်တင်ဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်လိုက်ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်မည့် အာကာသစခန်းအတွက် အကြိုစမ်းသပ်မှုများ ပြုလုပ်ရန် အလေးချိန် ၈ ဒသမ ၅ တန်ရှိသည့် Tiangong-1 (ကောင်းကင်နန်းတော်) ဟုအမည် ပေးထားသော လူမဲ့အာကာသစခန်း အစိတ်အပိုင်းကို ဂိုဘီ သဲကန္တာရအစွန်းရှိ ကျူးကွမ်လွှတ်တင်ရေးစခန်းမှ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

လွှတ်တင်ပြီး ၁၀ မိနစ်အကြာ မြေပြင်အထက် ၁၂၅ မိုင်အရောက် တွင် Tiangong-1 သည် ၎င်းအား ပစ်တင်ခဲ့သည့် Long March 2F မှ အောင်မြင်စွာ ခွဲထွက်ခဲ့ကြောင်း သိရသည်။

အာကာသအတွင်း နှစ်နှစ်ကြာ လေ့လာမှုများ လုပ်သွားမည့် Tian-gong-1 သည် တရုတ်နိုင်ငံ၏ Shen-zhou VIII လူမဲ့အာကာသယာဉ်နှင့် ယခုနှစ်ကုန်ပိုင်းတွင် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားသည်။ နောက်ထပ် လွှတ်တင်မှု နှစ်ခုတွင်မူ အနည်းဆုံးတစ်ခု၌ လူပါလာမည်ဖြစ်ပြီး ယင်းစခန်းတွင် တစ်လကြာမျှနေထိုင်မည် ဖြစ်သည်။ အခြားစမ်းသပ်စခန်း အစိတ်အပိုင်းနှစ်ခုကိုလည်း လွှတ်တင်ကာ ချိတ်ဆက်မည်ဖြစ်သည်။

အာကာသစခန်းကြီးကိုမူ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း သုံးပိုင်းခွဲပြီး လွှတ်တင် တပ်ဆင်မည်ဖြစ်သည်။ တန် ၆၀ မျှရှိမည့် တပ်ဆင်မှုများ ပြီးစီးပါကလည်း တရုတ်အာကာသစခန်းသည် နိုင်ငံ ၁၆ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) နှင့်ယှဉ်လျင် သေးငယ်နေဦး မည်ဖြစ်သည်။တရုတ်သည် ISS တွင်သာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သော်လည်း အမေရိကန်၏ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ နည်းပညာပိုင်းအရ ကြည့်လျှင် တရုတ်၏ ယခုလုပ်ဆောင်ချက်သည် အမေရိကန်၏ ၁၉၆၀ ပြည့်နှစ်များ က ဂျီမီနီစီမံကိန်းနှင့်ဆင်တူပြီး ထိုစဉ်ကထက် အားသာသည်မှာ လွှတ်တင်မှုအကြိမ် ရေလျှော့သွားခြင်းနှင့် စခန်းတည်ဆောက်ရေးအတွက် အမေရိကန်ေ ဆာင်ရွက်ခဲ့ရသကဲ့သို့ အစမှ ပြန်လည်လေ့လာရန် မလိုတော့ခြင်းဖြစ်သည်။

တရုတ်သည် ၂၀၀၃ ခုနှစ်တွင် လူလိုက်ပါသည့်အာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စုတို့ ပြီးနောက် အာကာသအတွင်းသို့ လူစေလွှတ်နိုင်သည့် ကမ္ဘာ့တတိယမြောက် နိုင်ငံဖြစ်သည်။

Ref:AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...