Powered by Blogger.
RSS

မိုဘိုင်းဖုန်း ၄ သန်း စီမံကိန်းအတွက် တည်ဆောက်မည့် တာဝါများအချို့တွင် ဆိုလာစနစ်တပ်ဆင်မည်


မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်းတွင် ပထမနှစ်လျာထားချက် ၄ သန်းအတွက်တည်ဆောက်မည့် တာဝါတိုင် အချို့၌ ဆိုလာစနစ်တပ်ဆင်မည် ဖြစ်ကြောင်း အဆိုပါစနစ်ကို တပ်ဆင်မည့် Solar Hut မှ Technical Consulant ဦးခင်မောင်က ပြောသည်။ ၎င်းဆောင်ရွက်ချက်အတွက် ကုမ္ပဏီအချို့က ကမ်းလှမ်း ထားကြောင်း သိရသည်။ မိုဘိုင်းဖုန်းချထားပေးရေး ပထမနှစ် စီမံကိန်းအတွက် တာဝါတိုင်ပေါင်း ၁၄၅၀ ဝန်းကျင်ကို တည်ဆောက်မည် ဖြစ်သည်။

“လတ်တလောမှာ ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေပါတယ်။ GSM တာဝါတိုင် ၄၀ မှာ အဲဒီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆိုလာစနစ်တွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ခွင့်ပြုချက်နဲ့ ရရှိထားတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို တည်ဆောက်ပြီး ဆိုလာစနစ် တပ်ဆင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

စီမံကိန်းအတွက် တည်ဆောက်သည့် တာဝါတိုင်အားလုံးတွင် ဆိုလာစနစ်ပါဝင်မည် မဟုတ်သော်လည်း သုံးပုံတစ်ပုံ နီးပါးဝန်းကျင်တွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ “တာဝါတိုင်အများစုကတော့ Solar စနစ်တပ်ဆင်မှာ မဟုတ်ဘူး။ မြို့နဲ့နီးတဲ့နေရာတွေမှာ ဆိုရင် လျှပ်စစ်မီးအလွယ်တကူ ရောက်ရှိနေလို့ နယ်ဒေသတွေ၊ မြို့နဲ့ ဝေးတဲ့နေရာတွေမှာ တပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အခြားကုမ္ပဏီအချို့နှင့်လည်း ဆက်သွယ်ရေး တာဝါတိုင်အချို့တွင် ဆိုလာစနစ်တပ်ဆင်ရန် ဆွေးနွေးလျက်ရှိပြီး လက်ရှိမြို့နယ် ၁၀ ခု အတွက် Proposal ရေးခိုင်းထားခြင်း ရှိကြောင်း သိရသည်။ ဆက်သွယ်ရေးတာဝါတိုင်များတွင် ဆိုလာစနစ်တပ်ဆင်ခြင်းအားဖြင့် ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Ref : Internet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...