Powered by Blogger.
RSS

Communication Satellite

ဂြိုဟ်တုပတ်လမ်းအလိုက် ဂြိုဟ်တုအမျိုးအစားသုံးမျိုး ( LEO , MEO , GEO ) တို့ရှိသည့် အနက် GEO ဂြိုဟ်တုသည် အလေးချိန်ပမာဏများစွာသယ်ဆောင်နိုင်ခြင်း ၊ ဂြိုဟ်တုသက်တမ်းရှည်ကြာခြင်း၊ ကမ္ဘာမြေပြင် သုံးပုံတစ်ပုံခန့်ကို ဂြိုဟ်တုတစ်လုံးတည်းဖြင့် လွှမ်းခြုံနိုင်ခြင်း ၊ ဂြိုဟ်တု၏ လွှမ်းခြုံဧရိယာကျယ်ပြန့်ခြင်း ၊ ဂြိုဟ်တုသက်တမ်းတစ်လျောက် ထမ်းဆောင်နိုင်သော ၀န်ဆောင်မှုပမာဏကြီးမားခြင်း ၊ Fiber ၊ wires ၊ Tower အစရှိသည့် မြေပြင်ဆက်သွယ်ရေးပစ္စည်းများ အပေါ်မှီခိုမှုမရှိခြင်း စသည့်အားသာချက်များရှိသည်။ GEOဂြိုဟ်တုသည် ဆက်သွယ်ရေး ၊ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများနှင့် ဆက်သွယ်ကယ်ဆယ်ခြင်း၊ ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာခြင်းနှင့် မြေပြင်ဓါတ်ပုံများရယူခြင်း အစရှိသည့် လုပ်ငန်းများကို ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဂြိုဟ်တုလွှတ်တင်အသုံးပြုမှုသည် ယနေ့ခေတ်နိုင်ငံများအတွက် အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် အရေးပါလာသည်။


မြေပြင်ထိန်းချုပ်ရေးစခန်း (Earth Station )

ဂြိုဟ်တုအားထိန်းချုပ်ညွှန်ကြားမည့် Earth Station တစ်ခုတွင် staff နှင့် operation ( software၊ hardware ) တို့ပါဝင်သည်။ ထို့ပြင် Earth Station ရှိ operator များ၏ အတွေ့အကြုံရှိမှု ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့အပေါ်မူပြီး ဂြိုဟ်တုသက်တမ်းနှင့် စွမ်းဆောင်ရည်အတက်အကျ ဖြစ်ပေါ်မည် ဖြစ်သည်။


ဂြိုဟ်တု (Satellite )

ဂြိုဟ်တုတွင်ပါဝင်မည့် ၀န်ဆောင်မှုများကို ဦးစွာညှိနှိုင်းရမည် ဖြစ်သည်။ အခြားသော ၀န်ဆောင်မှုများနှင့် အစိုးရပိုင်းဆိုင်ရာလုပ်ငန်းများကို ထည့်သွင်းလိုလျှင် ဂြိုဟ်တုပိုင်ဆိုင်သူ ၊ ထုတ်လုပ်သူတို့နှင့် ဆွေးနွေးရမည်ဖြစ်သည်။


လွှတ်တင်ရေးဒုံးပျံ(LaunchVehicle)

ဂြိုဟ်တုအား တင်ဆောင်ပစ်လွှတ်ပေးမည့် ဒုံးပျံသည် အောင်မြင်သည့် သမိုင်းကြောင်းကောင်းမွန်ရန် လိုအပ်သည်။ ဒုံးပျံ၏ နောက်ဆုံးပစ်လွှတ်မှု လေးကြိမ် ( သို့ ) ဆယ်ကြိမ်အထိ အောင်မြင်မှုရရှိထားရန် လိုအပ်ပါသည်။ ဒုံးပျံ၏ ယုံကြည်စိတ်ချရမှု ၊တင်ဆောင်နိုင်သော အလေးချိန်ပမာဏ နှင့် ဈေးနှုန်းတို့သည် အဓိကစဉ်းစားရမည့် အချက်များဖြစ်သည်။ ဂြိုဟ်တုစီမံကိန်းတစ်လျှောက်တွင် လွှတ်တင်ရေးဒုံးပျံဖြင့် တင်ဆောင်ပစ်လွှတ်ချိန်တွင် ချို့ယွင်းပျက်စီးနိုင်ခြေ အများဆုံးလည်းဖြစ်သည်။


ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ


ဂြိုဟ်တုစီမံကိန်းတစ်ခုတွင် ဂြိုဟ်တုဝယ်ယူသူ ၊ ဂြိုဟ်တုထုတ်လုပ်သူ ၊ ဂြိုဟ်တုလွှတ်တင်ပေးသူ ၊ ဂြိုဟ်တုအာမခံပေးသူနှင့် အာမခံအတွက်ညှိနှိုင်းစဉ် ပါဝင်ဆောင်ရွက်ပေးမည့် အကျိုးဆောင်များ စသည့်အဖွဲ့အစည်း ( ၅ )ခုပါဝင်မည်ဖြစ်သည်။ ထို့အတွက် လိုအပ်သော လုပ်ငန်းဆောင်တာများ အတွက်ကြိုတင်ပြင်ဆင်ထားသင့်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...