Powered by Blogger.
RSS

တတိယမြောက် လမ်းကြောင်းပြ ဂြိုဟ်တု တရုတ် လွှတ်တင်

တရုတ်နိုင်ငံသည် အမှီအခိုကင်းသော ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းပြကွန်ယက်တစ်ခုကို တည်ဆောက်လျက်ရှိရာ ရှေ့ခြေတလှမ်းအနေဖြင့် တနင်္ဂနွေနေ့နံနက်က တတိယကမ္ဘာပတ် လမ်းကြောင်းပြဂြိုဟ်တု တစ်လုံးကို ဇီချမ်းအာကာသစခန်းမှ လွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုသည်ရှိနှင့် ပြီးဖြစ်သော ဂြိုဟ်တုနှစ်လုံးနှင့် ပေါင်းစပ်၍လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ ၎င်းကွန်ယက်တွင်ဂြိုဟ်တု ၃၅ လုံး ပါရှိ၍ ၂၀၂၀ အရောက်တွင် တကမ္ဘာလုံးမှ သုံးစွဲသူများအား ကမ္ဘာ့လမ်းကြောင်းပြ ၀န်ဆောင်မှုကို ပေးအပ်သွားမည် ဖြစ်သည်။ ယခုအခါတရုတ်နိုင်ငံသည် အမေရိကန်နှင့် ရုရှပြီးလျှင် အမှီအခို ကင်းသော တတိယမြောက်ဂြိုဟ်တုလမ်းပြစနစ်ကို တည်ထောင်နိုင်သည့် နိုင်ငံအဖြစ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ (ဆင်ဟွာ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...