Powered by Blogger.
RSS

ဂြိုဟ်တုစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ လိုက်နာစဉ်းစားရမည့်အဆင့်များ

အဆင့် ( ၁ ) ။ ဂြိုဟ်တုကို အသုံးပြု၍ မိမိတို့လိုအပ်သော ( အသုံးပြုလိုသော ) ဂြိုဟ်တုမှ စွမ်းဆောင်ပေးနိုင်မည့် အချက်များကို သတ်မှတ်ခြင်း

ဥပမာအားဖြင့် ဆက်သွယ်ရေးဂြိုဟ်တုစီမံကိန်းအတွက် အဆိုပြုစာတမ်းရေးသားရာ၌ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့လက်ခံနိုင်ရန် ၊ ရုပ်မြင်သံကြားထုတ်လွှင့်မှု ပိုမိုအဆင်ပြေစေရန် ၊ အင်တာနက်ဆက်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရန် ၊ ဂြိုဟ်တုဆက်သွယ်ရေး ဖုန်းကွန်ယက်များ တွင်ကျယ်စွာအသုံးပြုနိုင်ရန် စသည်ဖြင့် ဆက်သွယ်ရေးဂြိုဟ်တုကို အသုံးပြု၍ မိမိတို့လိုချင်သော အချက်အလက်များကို ပြည့်စုံစွာရေးသားရပါမည်။

အဆင့် ( ၂ ) ။ လိုအပ်ချက်များကို ဂြိုဟ်တုတွင်ပါဝင်မည့် စနစ်အဖြစ်ပြောင်းလဲသတ်မှတ်ခြင်း

မိမိတို့သတ်မှတ်ထားသော လိုအပ်ချက်များကို အပြည့်အ၀ရရှိနိုင်ရန်အတွက် အသုံးပြုမည့် နည်းပညာများနှင့် ကုန်ကျနိုင်မည့် ငွေကြေးပမာဏ ၊ စီမံကိန်းကြာချိန် စသည်တို့ကိုစဉ်းစားရပါမည်။

အဆင့်( ၃ ) ။ ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များကို အတည်ပြုခြင်း

ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များဆိုသည်မှာ ဂြိုဟ်တုသည် အာကာသထဲရှိ မိမိပတ်လမ်းကြောင်းသို့ ရောက်ရှိသောအခါ လုပ်ဆောင်သည့်အချက်များအားလုံးကို ဆိုလိုပါသည်။

အဆင့်( ၄ ) ။ စီမံကိန်းကို သရုပ်ဖော်ခြင်း

ဂြိုဟ်တုစီမံကိန်းကို သရုပ်ဖော်ရာတွင် ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များနှင့် အာကာသနှင့်ပတ်သတ်သော စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်ရမည့် အစိတ်အပိုင်းများ အားလုံးကို စီစဉ်ထည့်သွင်းပေးရပါမည်။

အဆင့်( ၅ ) ။ ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များကို အကောင်အထည်ဖော်ခြင်း

ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များကို အကောင်အထည်ဖော်ရာတွင် အချက် (၁၀ )ချက် ပါဝင်သော အစီအစဉ်အတိုင်းလုပ်ဆောင်ရပါမည်။

အဆင့် (၆) ။ အလွန်အရေးပါသော အချက်အလက်များသတ်မှတ်ခြင်း

ဂြိုဟ်တုစနစ်တစ်ခုလုံးအတွက် အချက်အလက်များ သတ်မှတ်မှုအပေါ်မူတည်၍ စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်နှင့် ငွေကြေးကုန်ကျမှုတို့ကို ထိရောက်စွာ ကွဲပြားခြားနားစေပါသည်။

အဆင့် ( ၇ ) ။ စီမံကိန်းမှ အသုံးချနိုင်မှု တန်ဖိုးတွက်ချက်ခြင်း

စီမံကိန်းမှအသုံးချနိုင်မှုကို တွက်ချက်ရာတွင် ဂြိုဟ်တုစနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်အဆင့်အလိုက် ကုန်ကျနိုင်မည့် ငွေကြေးပမာဏ ၊ ကြုံတွေ့နိုင်သည့် အခက်အခဲများ စသည်တို့အပေါ်မူတည် တွက်ချက်ရပါမည်။

အဆင့် (၁၀) ။ စီမံကိန်း အချက်အလက်များသတ်မှတ်ခြင်း

အာကာသစီမံကိန်းတစ်ခု လုပ်ဆောင်ရာတွင် စဉ်းစားရမည့် အချက်များဖြစ်ပါသည်။ အချက် ( ၁၁ ) ချက်အပေါ်မူတည်သတ်မှတ်ခြင်းဖြစ်သည်။

အဆင့် ( ၁၁ ) ။ စနစ်တစ်ခုလုံး၏ လိုအပ်ချက်များကို သတ်မှတ်ခြင်း

မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအပ်ချက်များ အားလုံးကို တိတိကျကျ သတ်မှတ်ထားသော စနစ်တစ်လုံး၏ လိုအပ်ချက်များ အဖြစ်အသွင်ပြောင်းလဲပေးရပါမည်။

အဆင့် ( ၁၂ ) ။ စနစ်တစ်ခုလုံး၏ လိုအပ်ချက်များကို စနစ်တစ်ခု၏ အစိတ်အပိုင်းများအဖြစ် နေရာချခြင်း

မိမိတို့၏ လိုအပ်ချက်များကို ဂြိုဟ်တုစနစ်ကြီးတစ်ခုလုံး၏ အစိတ်အပိုင်းများအဖြစ် သင့်တော်သည့် နေရာ၌ တည်ဆောက်လွှတ်တင်ထိန်းချုပ်ဆက်သွယ်ရပါမည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...