Powered by Blogger.
RSS

ဆိုယုဇ်ဒုံးယာဉ် တစ်ခေတ်ဆန်းပြီဟု ရုရှား ကြေညာ


w64303အမေရိကန် အာကာသ လွန်းပြန်ယာဉ်၏ နောက်ဆုံးခရီးစဉ် အဆုံးသတ်သွားပြီးနောက် ရုရှားတစ်နိုင်ငံတည်းသာ နိုင်ငံတကာ အာကာသစခန်းသို့ လူစေလွှတ်နိုင်သည့်ယာဉ် ပိုင်ဆိုင်ထားတော့သောကြောင့် ဆိုယုဇ် (Union) ဒုံးယာဉ် တစ်ခေတ်ဆန်းပြီဟု ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်၏ လွန်းပြန်ယာဉ်များကဲ့သို့ မြေပြင်ပေါ်သို့ စတိုင်ကျကျ ဆင်းသက်နိုင်ခြင်း မရှိသည့် ရုရှား၏ ဒုံးယာဉ်စနစ်သည် အာကာသတွင်း ပထမဆုံး လူရောက်ရှိသည့် ခေတ်ကာလနှင့်များစွာ ကွာခြားမှု မရှိပေ။ ၁၉၆၁ ခုနှစ်က ကမ္ဘာပတ်လမ်း အတွင်း ယူရီဂါဂါရင်ကို ဆိုဗီယက်ပြည်ထောင်စုက ပို့လွှတ်နိုင်ပြီး နောက်ပိုင်း အနှစ် ၅၀ အတွင်း အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့သည်။

သက်သောင့်သက်သာ မရှိသော်လည်း ကုန်ကျစရိတ် သက်သာခြင်းက အဓိကအချက် ဖြစ်ခဲ့သော်လည်း ယင်းကြောင့် မဟုတ်ကြောင်း၊ ယုံကြည်စိတ်ချရနိုင်စွမ်း ရှိခြင်းကြောင့်သာ ဖြစ်ကြောင်း ရုရှားက ထုတ်ပြန်ထားသည်။

ယနေ့မှစပြီး လူသား အာကာသတွင်း စေလွှတ်မှုတွင် ဆိုယုဇ်၏ခေတ်၊ ယုံကြည်စိတ်ချရမှု၏ခေတ် စတင်ပြီဟု ရုရှား အာကာသအေဂျင်စီ(ရော့စ်ကော့စ်မော့စ်)က ကြေညာခဲ့သည်။ ရုရှားက သူ၏ ဒုံးယာဉ်များ ခေတ်မမီတော့ ဆိုသည်မှာ မဟုတ်မှန် ကြောင်း ငြင်းဆိုထားပြီး နောက်ဆုံးထုတ် TMA-M မိုဒယ် ဆိုယုဇ်ဒုံးယာဉ်ကို ယခုနှစ်မှ စတင်ပြီး သုံးစွဲနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နာဆာ၏ လွန်းပြန်ယာဉ်များသည် နှစ်ကြိမ် ပျက်ကျခဲ့ဖူးသလို ဆိုယုဇ် ဒုံးယာဉ်များမှာလည်း နှစ်ကြိမ် ပျက်ကျခဲ့ဖူးသည်။ သို့ရာတွင် ဆိုယုဇ် ဒုံးယာဉ်များ ပျက်ကျမှုမှာ ဆိုဗီယက်ပြည်ထောင်စုခေတ်ကသာ ဖြစ်ပြီး ၁၉၆၇ နှင့် ၁၉၇၁ တို့က ဖြစ်သောကြောင့် နောက်ပိုင်းကာလတွင် ပျက်မကျခြင်းကို ရုရှားက အမွှမ်းတင် ပြောခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ ပျက်ကျမှုတွင် တစ်ဦး၊ ၁၉၇၁ ခုနှစ် ပျက်ကျမှုတွင် သုံးဦးသာ သေဆုံးခဲ့ဖူးသည်။


Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...