Powered by Blogger.
RSS

ကမ္ဘာကို ဂြိုဟ်သိမ်တစ်ခု တိုက်မိပါက ဗြိတိန်နှင့်အမေရိကန်တွင် အန္တရာယ် အများဆုံး ဖြစ်နိုင်

ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င်တိုက်မိပါက အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နိုင်သည့် နိုင်ငံများကို စာရင်းပြုစုရာတွင် ဗြိတိန်နှင့် အမေရိကန်၌ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်သည့် ကပ်ဘေး ဖြစ်ပေါ်ပါက အသက်ဆုံးရှုံးမှု (သို့မဟုတ်) ပြန်လည် နာလန်မထူနိုင်မှုများ ကြုံတွေ့နိုင်မှု အတွက် သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။Southamption တက္ကသိုလ်မှ သုတေသန ပညာရှင်များက NASA's Near Earth Object ပရိုဂရမ် အမည်ရှိ ဆော့ဖ်ဝဲများကို အသုံးပြုပြီး အဆိုပါ စာရင်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံ အများဆုံး ပါဝင်ကြောင်း သိရှိရသည်။ လူဦးရေများပြား၍ သေဆုံး ထိခိုက်မှု မြင့်မားနိုင်သဖြင့် တရုတ် နိုင်ငံသည်လည်း အဆိုပါ စာရင်းတွင် ပါဝင်ခဲ့သည်။ ဆွီဒင်နိုင်ငံကဲ့သို့သော
နိုင်ငံငယ်များပင်လျှင် အခြေခံ အဆောက်အအုံများ ပျက်စီးနိုင်သောကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်သည်။

ဂြိုဟ်သိမ်ဖြင့် တိုက်မိပါက အန္တ ရာယ်အများဆုံး နိုင်ငံများတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အီတလီ၊ ဗြိတိန်၊ နိုင်ဂျီးရီးယား နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။

လူသေဆုံးနိုင်မှုကိုကြည့်လျှင် အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဂြိုဟ်သိမ်တိုက်မိပါက ကနေဒါ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အခြေခံ အဆောက်အအုံ များစွာ ပျက်စီးမှုများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ယခု သီတင်းပတ်အတွင်း အိမ်တစ်လုံး အရွယ်အစားရှိသည့် ကျောက်တစ်ခုသည် ကမ္ဘာနှင့်မိုင် ၇၅၀၀ အကွာသို့ ရောက်ရှိလာသောကြောင့် ယခုကဲ့သို့ ဂြိုဟ်သိမ်များ၏ အန္တရာယ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''ကမ္ဘာမြေကို ဂြိုဟ်သိမ်တစ်ခုရဲ့ ၀င်တိုက်ခံရမှုကို လူသားတို့ ကြုံရတဲ့ အန္တရာယ် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခု အဖြစ် လက်ခံလာကြပြီ''ဟု Southampton တက္ကသိုလ်မှ NEOimpactor ဆော့ဖ်ဝဲတီထွင်သူ Nick Bailey က ပြောကြားခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...