Powered by Blogger.
RSS

နာဆာ၏ အာကာသ စီမံကိန်း အနှစ် ၃၀ ပြည့် အဖြစ် အန္တလန္တိတ် လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်ကို ဇူလိုင် ၈ ရက်တွင် လွှတ်တင်


b41402

b41403အမေရိကန် အာကာသ အေဂျင်စီ နာဆာ၏ အာကာသစီမံကိန်း အနှစ် ၃၀ ပြည့်ရန် နီးကပ်လာချိန်၌ အတ္တလန္တိတ် လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်ကို ဇူလိုင် ၈ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းလွန်းပြန်ယာဉ်သည် ကနေဒီ အာကာသစခန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လိုက်ပါမည့် အာကာသယာဉ်မှူး လေးဦးက အမေရိကန်နိုင်ငံ၏ ၂၃၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဦးညွှတ်ခဲ့သလို အာကာသ လွန်းပြန်ယာဉ်များ၏ အင်ဂျင်နီယာ များကိုလည်း ဂုဏ်ပြုခဲ့သည်။ လွန်းပြန်ယာဉ် လွှတ်တင်မည့် အခမ်းအနားသို့ လူ ၇၅၀၀၀၀ မှ တစ်သန်းကြား လာရောက် ကြည့်ရှုမည်ဟု ခန့်မှန်းထားပြီး သတင်းမီဒီယာ အဖွဲ့ဝင် ၂၅၀၀ ခန့်က ယင်းအခမ်းအနားကို မှတ်တမ်းတင်နိုင်ရန် ခွင့်ပြုချက် တောင်းခံထားသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက ဒစ္စကာဗာရီ လွန်းပြန်ယာဉ်၊ မေလက အန်ဒဲဗား လွန်းပြန်ယာဉ် တို့ကို ၎င်းတို့၏ နောက်ဆုံးခရီးစဉ် အပြီး အနားပေးခဲ့ပြီး ဖြစ်သည်။ လွန်းပြန်ယာဉ်တွင် အနည်းဆုံး အာကာယာဉ်မှူး ခြောက်ဦး လိုက်ပါလေ့ ရှိသော်လည်း ယခု ခရီးစဉ်တွင် အာကာသယာဉ်မှူး လေးဦးသာ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။ အတ္တလန္တိတ် လွန်းပြန်ယာဉ်သည် နိုင်ငံတကာ အာကာသစခန်း ISS သို့ လိုအပ်သော ပစ္စည်းများ ပို့ဆောင်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် ခရီးစဉ် အဆုံးသတ်မည် ဖြစ်သည်။

အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီများက ကိုယ်ပိုင် အာကာသယာဉ်များ ထုတ်လုပ်ပြီး လွှတ်တင်ခြင်း မပြုလုပ်နိုင်သေးမီ အမေရိကန် အာကာသ ယာဉ်မှူးများသည် ရုရှား၏ ဆိုယုဇ် အာကာသယာဉ်ဖြင့်သာ အာကာသ စခန်းသို့ သွားလာရမည် ဖြစ်သည်။ ကမ္ဘာမြေ အနိမ့်ပိုင်း လမ်းကြောင်းသို့ ထပ်ခါထပ်ခါ သွားနေခြင်းထက် ဂြိုဟ်သိမ်များနှင့် အင်္ဂါဂြိုဟ်သို့ သွားရောက်ရေး ပိုမို အာရုံစိုက်ရန် အိုဘားမား အစိုးရက နာဆာကို တိုက်တွန်းခဲ့သည်။

အမေရိကန် နာဆာအဖွဲ့ရဲ့ နှစ် ၃၀ အကာသလွန်းပြန်ယာဉ် စီမံကိန်း နောက်ဆုံးမစ်ရှင်အဖြစ် သောကြာနေ့က အတ္တလန်တစ် အာကာသလွန်းပြန်ယာဉ်ကို လွှတ်တင်ခဲ့သည်။

ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်း အနီးရှိ လမ်းများ၊ ကမ်းခြေများတွင် လူတစ်သန်းကျော် နောက်ဆုံး လွန်းပြန်ယာဉ်လွှတ်တင်မှုကို စောင့်ကြည့်ခဲ့ကြသည်။ တိမ်တိုက်တွေရဲ့ကြား ထိုးဖောက်ပျောက်ကွယ်မသွားမီ လွန်းပြန်ယာဉ်မှာ ၄၈ စက္ကန့်အထိ မြင်တွေ့ခဲ့ကြရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...