Powered by Blogger.
RSS

၂၀၀၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နေမုန်တိုင်း ကမ္ဘာမြေသို့ ဝင်ရောက်ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှုမရှိနိုင်ဟု ပညာရှင်များ သုံးသပ်

၂၀၀၅ခုနှစ်နောက်ပိုင်းနေ၏အကြီးဆုံးရောင်စဉ်ဖြာမုန်တိုင်းသည် ကမ္ဘာမြေသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့သော် မုန်တိုင်းကြောင့် ဝန်ရိုးစွန်းဒေသများရှိ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်အချို့တွင် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

နေ၏ ဗဟိုချက်အနီး လက်ယာဘက်စွန်းမှ နေမီးတန်းဖြာထွက်ခဲ့ခြင်းနှင့်အတူ စတင်ခဲ့ပြီး တစ်နာရီလျှင် မိုင် လေသန်းနှုန်းဖြင့် ဖြာထွက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်၏ သက်ရောက်မှုမှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိရှိနိုင်ပြီး အဆင့်ငါးဆင့် ခွဲခြားမှုတွင် အဆင့်သုံးဖြစ်သောအားကောင်းသော်လည်း မပြင်းထန်သည့်အဆင့်တွင်ရှိကြောင်းသိရသည်။

အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် မိုးလေဝသဌာန၊ အာကာသရာသီဥတုခန့်မှန်းရေးစင်တာ၏ ခန့်မှန်းချက်အရ ကမ္ဘာကို ပတ်နေသော် ဂြိုဟ်တုများတွင် တပ်ထားသော ကွန်ပျူတာများကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိရသည်။ သို့ရာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများကို ထိခိုက်နိုင်ခြေလည်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပေါ်ထွက်လာမည့် ရောင်စဉ်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် ဥရောပနှင့် အာရှိဒေသအချို့မှ မြင်တွေ့ရနိုင်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ကြီးကြီးမားမားသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ကားမောင်းရင်း ဂျီပီအက်စ်ကြည့်တာလောက်ကိုတော့ အနှောင့်အယှက်မဖြစ်ပါဘူး။ ဂျီပီအက်စ်ကို စင်တီမီတာနဲ့ အတိကျသုံးရတဲ့သူတွေအတွက်ပဲ နည်းနည်းလေးအခက်အခဲရှိမှာပါ” ဟု အာကာသရာသီဥတုခန့်မှန်းရေးစင်တာမှ ဒေါက်ဘီဆက်ကာက ပြောကြားခဲ့သည်။

Ref : Bi Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...