Powered by Blogger.
RSS

Mobile GPS System


မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ GPS System တွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်မှာ
အနည်းငယ် ပြောပြသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပက
ဖုန်းအသုံးပြုသူတွေ ကြားထဲမှာ GPS System နဲ့ပတ်သက်ပြီး အခက်အခဲတွေနဲ့
နားလည်မှု လွဲမှားခြင်းရှိနေတာ တွေ့ရလို့ပါ။ ပြည်တွင်းကို
ဝင်ရောက်လာခဲ့တဲ့ မိုဘိုင်းဖုန်းအများစုမှာ GPS စနစ်တွေ ပါဝင်ပေမယ့်
တော်တော်များများက အသုံးပြုလို့မရတာမျိုးတွေ ရှိတယ်လို့ ဆိုကြတဲ့အပြင်
နားလည် ကျွမ်းကျင်သူတွေလောက်ပဲ အသုံးပြုကြပြီး တချို့အသုံးပြုချင်သူတွေ
အနေနဲ့လည်း နားလည်မှု လွဲနေကြတာကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းတွေမှာ
ပါဝင်တဲ့ GPS စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ GPS ဆော့ဖ်ဝဲ လိုအပ်ပါတယ်။
အများစုအားဖြင့်တော့ Android OS စနစ်သုံး ဖုန်းအသုံးပြုသူ
တော်တော်များများမှာ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဖုန်းမှာ နဂိုကတည်းက
ပါဝင်တဲ့ GPS စနစ်ဟာ GPS စနစ်ကို အသုံးပြုနိုင်ဖို့အတွက် Hardware
စနစ်ပိုင်းနဲ့ Function စနစ်ပိုင်းအနေနဲ့ပဲ ပါဝင်တာဖြစ်ပါတယ်။
ဒါကဖုန်းရဲ့ Setting ထဲမှာပါဝင်တဲ့ GPS စနစ်ပါ။ ဒါတွေကတော့ GPS Satellite
တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပါဝင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။



ဖုန်းထဲမှာ ပါဝင်တဲ့ GPS Satellite ဆိုတဲ့နေရာမှာ ON လုပ်လိုက်ရုံလေးနဲ့
အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဒါကိုတော့ သိထားသင့်ပါတယ်။ GPS စနစ်ကို
အသုံးပြုချင်တယ် ဆိုရင်တော့ GPS စနစ်ကို အသုံးပြုနိုင်တဲ့ Garmin
လိုမျိုး GPS ဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
ဒီလိုမျိုး အသုံးပြုနိုင်တဲ့ တခြား GPS ဆော့ဖ်ဝဲတွေ အများကြီး
ရှိပါသေးတယ်။ ဒီလိုမျိုး ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုမှပဲ ရမှာပါ။
ဖုန်းထဲမှာ ပါဝင်တဲ့ GPS စနစ်ကို ဖွင့်လိုက်ပြီး ထည့်သွင်းထားတဲ့ GPS
ဆော့ဖ်ဝဲထဲမှာ အသုံးပြုရတာမျိုးပါ။ ဒါ့အပြင် နောက်ထပ် လိုအပ်တာတွေ
ရှိနေပါသေးတယ်။ အဲဒါတွေကတော့ GPS စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်မယ့်
မြေပုံစနစ်တွေ လိုအပ်ပါသေးတယ်။ ကိုယ်အသုံးပြုမယ့် နေရာဒေသတွေရဲ့
မြေပုံတွေ လိုအပ်ပါသေးတယ်။ ဒါတွေကတော့ အွန်လိုင်းကနေ ကိုယ်တိုင် Download
ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ ဝင်ရောက်လာခဲ့တဲ့ တချို့
နည်းပညာမြင့် ဖုန်းတွေမှာဆိုရင်တော့ တချို့ဖုန်းတွေက GPS စနစ်အတွက်
ဆော့ဖ်ဝဲစနစ်တွေကိုပါ တစ်ခါတည်း ထည့်သွင်း ပေးထားတာမျိုးတွေလည်း
ရှိပါတယ်။ အဲဒီလို ဖုန်းမျိုးတွေမှာ ဆိုရင်တော့ ဘာမှထပ်မံ ထည့်သွင်းစရာ
မလိုအပ်ပဲနဲ့ ကိုယ်အသုံးပြုမယ့် မြေပုံကို ထည့်သွင်းပြီး တိုက်ရိုက်
အသုံးပြုနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...