ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoff ဂိမ်းကို NASAက ဖန်တီးခဲ့ခြင်းဖြစ်

Welcome to MDSNG . It gathers news on Digital Satellite , Astrophysics around the world. Your ideas and news about this field will be a great help to broaden our knowledge in future.
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က Facebookတွင် လူအများ ကစားနိုင်မည့် ဂိမ်းတစ်ခုကို လွှင့်တင် ပေးလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoffဂိမ်းကို NASAက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိမ်းသည် ကစားသူများက အာကာသဆိုင်ရာ ဗဟုသတုကို ဆန်းစစ် မေးခွန်းထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းဂိမ်းကို ကစားသူများသည် တစ်ဦးချင်း မိမိ၏ အသိပညာကို လေ့လာနိုင်သလို အခြားသူများနှင့်လည်း အပျော်သဘော ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် “အာကာသထဲ လမ်းလျှောက်တဲ့ ပထမဆုံး အမေရိကန်က ဘယ်သူလဲ”၊ “အရည်လောင်စာသုံး ဒုံးကျည်ကို ပထမဆုံး လွှတ်တင်တာ ဘယ်သူလဲ”အစရှိသည့် ဥာဏ်စမ်း မေးခွန်းများ ပါဝင်မည်ဖြစ်သည်။
NASA၏ သမိုင်းနှင့် သုတေသန ဌာနက Facebookကို အသုံးချကာ အာကာဆိုင်ရာ အသိပညာ ဗဟုသုတ ဖြန့်ဖြူးရန်အတွက် Space Race Blastoffကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း NASA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ NASAသည် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ဝေရန်အတွက် Facebookနှင့် Twitterစသည့် Social Network ၀န်ဆောင်မှုများကို ယခင်ကတည်း မှီခိုခဲ့သည်။
Source: Planet
0 comments:
Post a Comment