Powered by Blogger.
RSS

သက်ရှိများ နေထိုင်နိုင်ဖွယ် ရှိသော ဂြိုဟ်ပေါင်း ၁၂၃၅ ကို နာဆာ အဖွဲ့ က ပြသ

အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့က နက္ခတ္တဗေဒ ပညာရှင် တွေ ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး မစ်ကီဝေး နဂါးငွေ့တန်း အတွင်းမှာ ကမ္ဘာ နဲ့ တူပြီး သက်ရှိတွေ နေထိုင် နိုင်ဖွယ် ရှိတဲ့ ဂြိုဟ်တွေကို ပိုက်စိပ်တိုက် ရှာဖွေ ခဲ့ပါတယ်။ အဲဒီလို ရှာဖွေ ပြီးတဲ့ နောက် နာဆာအဖွဲ့ ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နေအသီးသီးကို လှည့်ပတ် နေတဲ့ ဂြိုဟ်ပေါင်း ၁၂၃၅ ကို အရွယ်အစား အစဉ်လိုက် စီစဉ်ပြီး မတ်လ ၂၉ ရက် နေ့ မှာ ထုတ်ဖော် ပြသ လိုက် ပါတယ်။ အဲဒီ ဂြိုဟ်တွေကို ကပ္ပလာ အာကာသ ကြည့်မှန်ပြောင်း ကို အသုံးပြုပြီး ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ အခု ရှာဖွေခဲ့မှုက ညဘက် ကောင်းကင် ရဲ့ အပုံလေးရာပုံ တစ်ပုံပဲ ရှာဖွေ ရသေးတာ ဖြစ်တာမို့ နောက်ထပ် ကမ္ဘာ နဲ့ တူတဲ့ ဂြိုဟ်တွေ အများကြီး ထပ်မံ တွေ့ရှိ လာဖို့ ရှိပါ သေးတယ်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...