
နမီးဘီးယားနိုင်ငံသို့ အာကာသတွင်းမှ အလုံးကြီးတစ်လုံးကျလာခဲ့ပြီး ဂြိုဟ်သားတို့နှင့် ဆက်စပ်နိုင်သည်ဆိုသော ကောလာဟလများ ပျံ့နှံ့ခဲ့သော်လည်း ယင်းအလုံးကြီးမှာ လူမဲ့အာကာသဒုံးယာဉ်မှ တွန်းကန် အင်ဂျင်၏ ဟိုက်ဒရာဇိုင်းလောင်စာ ဘူးသာဖြစ်ကြောင်း ယခုအခါဖော် ထုတ်နိုင်ခဲ့ပြီဟု သိရသည်။
၁၃ ပေါင်လေးပြီး ၁၄ လက်မရှိသော ဘောလုံးအသွင်အလုံးကြီးမှာနိုဝင်ဘာလလယ်ကတည်းက နမီးဘီးယားမြေပေါ် ကျဆင်းခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များက အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် လျို့ဝှက်စစ်ဆေးနေခဲ့ပြီး နားမလည်သောအခါတွင်မှ အမေရိကန် အမျိုးသားအာကာသအေဂျင်စီကို လေ့လာပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပညာရှင်များက သုံးသပ်ခဲ့ကြပြီးနောက် ယင်းအလုံးကြီးသည် ဂြိုဟ်တုများ လွှတ်တင်ရာတွင်သုံးသည့် လူမဲ့အာကာသဒုံးယာဉ်မှ ၃၉ လီတာဝင် လောင်စာဘူးသာဖြစ်ကြောင်း သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍နာဆာမှ တရားဝင်ထုတ်ပြန်မှု မပြုလုပ်သေး ပေ။
Ref: Daily Mail
0 comments:
Post a Comment