
ကောင်းကင်ယံတွင် ညအချိန်၌ မြင်တွေ့ရသည့် တလက်လက် တောက်ပနေသော ကြယ်များအားလုံး တွင် အနည်းဆုံး တစ်လုံးထက်မကသည့် ဂြိုဟ်များ ရှိနေနိုင်ကြောင်း အသစ်ထုတ်ပြန်လိုက် သည့် တွေ့ရှိမှု တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယခုလိုတွေ့ရှိ မှုကြောင့် လူသားတို့နေထိုင်ရာ နဂါးငွေ့တန်း ဂလက်ဆီအ တွင်း ကမ္ဘာကြီးနှင့် အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၀ ဘီလီယံ ပမာဏအထိ ရှိနေနိုင်ကြောင်းလည်း ဆိုလိုခြင်းဖြစ်သည်ဟု bbc သတင်းတွင် ဖော်ပြခဲ့သည်။
gravitational microlensing ဟူအမည်ရသည့် နည်းစနစ်ကို အသုံးပြုပြီး နိုင်ငံတကာမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့၏ ရှာဖွေဖော် ထုတ် ချက်အရ ယခုလို တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ယင်းသို့ သောကြယ်များကို လှည်ပတ်နေသော ဂြိုဟ်ပေါင်း ကုဋေကုဋာမက ရှိနေနိုင်ေ ကြာင်း ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။အဆိုပါတွေ့ရှိချက်ကို ၂၁၉ ကြိမ်မြောက် American Astronomical Society (AAS) အဖွဲ့၏တွေ့ဆုံပွဲအတွင်း ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်ကာ အသေးငယ်ဆုံးသော နေတစ်လုံးပါ ကြယ်အဖွဲ့အစည်းများလည်း ရှိနေနိုင်ကြောင်းလည်း ပြောကြားသွားခဲ့သည်။








0 comments:
Post a Comment