Powered by Blogger.
RSS

ရုရှား မားစ်ဂြိုလ်လေ့လာစူးစမ်းရေး အာကာသယာဉ် ခိျု့ယွင်းမှုနှင့် ရင်ဆိုင်နေရ



ရုရှား - ရုရှားနိုင်ငံ၏ ဂြိုလ်အချင်းချင်းလေ့လာစူးစမ်းရန် စေလွှတ်သော လူမပါသည့် အာကာသယာဉ်မှာ လွှတ်တင်ထားပြီးနောက် မားစ်ဂြိုလ်ရှိရာ လမ်းကြောင်း ရောက်ရှိရန် မအောင်မမြင်ဖြစ်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ Phobos-Grunt အာကာသယာဉ်မှာ ကာဇက်စတန်ရှိ အာကာသလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ထိုသို့ လွှတ်တင်ပြီးနောက် ၁၁မိနစ်ခန့်အကြာတွင် သယ်ဆောင်ပေးသော ဒုံးပြန်မှခွဲထွက်၍ မားစ်ဂြိုလ်ရှိရာ လမ်းကြောင်းပေါ်သို့ ထွက်ခွာရန် အင်ဂျင်နိုးခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရသည် ဟုဆိုသည်။

ရုရှားပြည်ထောင်စု အာကာသ အေဂျင်စီအကြီးအကဲ ဗလာဒီမာပိုပေါ့ကင်၏ အဆိုအရ အာကာသယာဉ်၏ အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်ကြောင်း၊ အာကာသယာဉ်၏ ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြုလုပ်သည့်စနစ်တွင် ခိျု့ယွင်းချက်မှု ရှိနေဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။




Phobos-Grunt အာကာသယာဉ်သည် မားစ်ဂြိုလ်မှ မြေကြီးနမူနာကို ကမ္ဘာမြေသို့ ယူဆောင်လာရန် စေလွှတ်သည့် ယာဉ်လည်းဖြစ်သည်။ ကမ္ဘာမြေ၏ ဂြိုလ်ပတ်လမ်းအတွင်းရှိနေသော Phobos အာကာသယဉ်အား ယခုအခါ ကျွမ်းကျင် သူတို့က မားစ်ဂြိုလ်သို့သွားရာ လမ်းကြောင်းပေါ် ရောက်ရှိစေရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ Phobos-Grunt ယာဉ်၏ ဂြိုလ်အချင်းချင်း လေ့လာရေးအစီအစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျသော အစီအစဉ်ဖြစ်ပြီး ယခုကဲ့သလို့ မအောင်မမြင်ဖြစ်မှုက ရုရှားအာကာသ အေဂျင်စီအတွက် အရှက်ရစရာ ဖြစ်စေမည့် ကြီးမားသော ထိုးနှက်မှုလည်း ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...