Powered by Blogger.
RSS
Showing posts with label ကမ္ဘာပျက်ခြင်း. Show all posts
Showing posts with label ကမ္ဘာပျက်ခြင်း. Show all posts

နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာကို ဂြိုလ်တစ်လုံးဝင်တိုက်မည်


နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာဂြိုလ်ကို အခြား ဂြိုလ်တစ်လုံး ဝင်တိုက်မိမည်ဖြစ်ကြောင်း
နက္ခတ်တာရာ ပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ကြသည်။

ယင်းတွက်ချက်မှုသည် ကွန်ပျူတာတွက်ချက်မှုပါ ပါဝင်ပေါင်းစပ်ထားပြီး၊ မည်သည့်နည်းလမ်းနှင့် ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်မှာ ကမ္ဘာပျက်သည့် အလားသဏ္ဍန် လေလား ဟု နက္ခတ်ပညာရှင်များအကြား အငြင်းပွားဖွယ် ရာများ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၁၊ နိုဝင်ဘာလ ၈ ရက်( အင်္ဂါနေ့)တွင်လည်း စကြဝဋ္ဌာအတွင်း မှ ဂြိုလ်ငယ်တစ်လုံး သည် ကမ္ဘာနှင့် အနီးဆုံး ကီလိုမီတာ သုံးသိန်းခန့်အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ဧပရယ်လတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် လောက်နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ဂြိုလ်ငယ်၏ ဖြတ်သန်းမှုသည် ကမ္ဘာသို့မည်သည့် အန္တာရယ်မှ သက်ရောက်မှု မရှိနိုင်ကြောင်း နက္ခတ်တာရာ ပညာရှင်များ က ပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၀၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နေမုန်တိုင်း ကမ္ဘာမြေသို့ ဝင်ရောက်ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှုမရှိနိုင်ဟု ပညာရှင်များ သုံးသပ်

၂၀၀၅ခုနှစ်နောက်ပိုင်းနေ၏အကြီးဆုံးရောင်စဉ်ဖြာမုန်တိုင်းသည် ကမ္ဘာမြေသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့သော် မုန်တိုင်းကြောင့် ဝန်ရိုးစွန်းဒေသများရှိ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်အချို့တွင် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

နေ၏ ဗဟိုချက်အနီး လက်ယာဘက်စွန်းမှ နေမီးတန်းဖြာထွက်ခဲ့ခြင်းနှင့်အတူ စတင်ခဲ့ပြီး တစ်နာရီလျှင် မိုင် လေသန်းနှုန်းဖြင့် ဖြာထွက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်၏ သက်ရောက်မှုမှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိရှိနိုင်ပြီး အဆင့်ငါးဆင့် ခွဲခြားမှုတွင် အဆင့်သုံးဖြစ်သောအားကောင်းသော်လည်း မပြင်းထန်သည့်အဆင့်တွင်ရှိကြောင်းသိရသည်။

အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် မိုးလေဝသဌာန၊ အာကာသရာသီဥတုခန့်မှန်းရေးစင်တာ၏ ခန့်မှန်းချက်အရ ကမ္ဘာကို ပတ်နေသော် ဂြိုဟ်တုများတွင် တပ်ထားသော ကွန်ပျူတာများကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိရသည်။ သို့ရာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများကို ထိခိုက်နိုင်ခြေလည်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပေါ်ထွက်လာမည့် ရောင်စဉ်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် ဥရောပနှင့် အာရှိဒေသအချို့မှ မြင်တွေ့ရနိုင်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ကြီးကြီးမားမားသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ကားမောင်းရင်း ဂျီပီအက်စ်ကြည့်တာလောက်ကိုတော့ အနှောင့်အယှက်မဖြစ်ပါဘူး။ ဂျီပီအက်စ်ကို စင်တီမီတာနဲ့ အတိကျသုံးရတဲ့သူတွေအတွက်ပဲ နည်းနည်းလေးအခက်အခဲရှိမှာပါ” ဟု အာကာသရာသီဥတုခန့်မှန်းရေးစင်တာမှ ဒေါက်ဘီဆက်ကာက ပြောကြားခဲ့သည်။

Ref : Bi Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂ဝ၁၂ ခုနှစ်အတွင်း ဂလက်ဆီ၏ ဗဟိုကို ကမ္ဘာ ဖြတ်မည်ဆိုသည့် ကိစ္စ


အချိန်အားဖြင့် ၁၂နှစ်တာမျှ ခြားနားခဲ့သော်လည်း ၂ဝဝဝ ပြည့် နှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင် တူညီသော အချက်တစ်ခု ရှိနေသည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ တစ်နှစ်ခန့် ကတည်းက ယင်းနှစ်ရောက်လျှင် ကမ္ဘာပေါ်တွင် ဘာဖြစ်မည် ညာဖြစ်မည်နှင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြသကဲ့သို့ ၂ဝ၁၂ခုနှစ် မရောက်မီကပင် အင်တာနက် အပါအဝင် မီဒီယာများကို သုံး၍ လူတချို့က ထုတ်လွှင့်လိုက်သော ကမ္ဘာပျက် ကိန်းများစွာ ပေါ်ထွက်ခဲ့သည်။

ယင်းကမ္ဘာပျက်ကိန်းများကို အခြေခံ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ရှင် ဗီဒီယိုများအပြင် အင်္ဂလိပ် ဘာသာဖြင့် စာအုပ် ၁၇ဝခန့် ထုတ်ဝေခဲ့သည်ဟု သိရသည်။ မြန်မာနိုင် ငံတွင်လည်း ၂ဝ၁၂ကမ္ဘာပျက် ကိန်းကောလာဟလနှင့် ပတ်သက်သော ဆောင်းပါးအများအပြားနှင့် စာအုပ်အချို့ ထွက်ပေါ်ခဲ့သည်။ အဆိုပါ လုပ်ကြံပြောဆိုမှုများသည် အခြေအမြစ် ကင်းမဲ့သဖြင့် အခြားသော ကောလာဟလများ နည်းတူ အချိန်ကြာသည်နှင့်အမျှ မှေးမှိန်လာနေသော်လည်း ယင်း ကိစ္စရပ်သည် အလွယ်နှင့် မပျောက်ပျက် သေးဟု သိရသည်။ ယင်းမှာ ၂ဝ၁၂ ခုနှစ်အတွင်းတွင် ကမ္ဘာအပါ အဝင် နေအဖွဲ့အစည်းတစ်ခုလုံးသည် ဂလက်ဆီ၏ ဗဟိုကို ဖြတ် မည်ဆိုသည့်ကိစ္စ ဖြစ်သည်။ အဆိုပါ ပြောဆိုချက် ယုတ္တိတန် မတန်ကို စိစစ်ရာ၌ နေအဖွဲ့ အစည်း၊ ဂလက်ဆီစသည့် ဝေါဟာ ရများကို ဦးစွာဆွေးနွေးရန် လိုအပ်သည်။ နေနှင့် ကမ္ဘာအပါအဝင် ဂြိုဟ်ရှစ်လုံး၊ ဂြိုဟ်ငယ်ဂြိုဟ်သိမ် ဥက္ကာခဲနှင့် လများစသည်တို့ ပါဝင် သော အစုအဝေးကို နေအဖွဲ့အ စည်း (Solar System) ဟုခေါ်သည်။ နေသည် ကြယ်တစ်လုံး ဖြစ်ပြီး ကမ္ဘာ ပါဝင်သော နေအဖွဲ့ အစည်းနှင့်အလားတူ အခြား နေ သို့မဟုတ် ကြယ်အဖွဲ့အစည်းပေါင်း များစွာတို့သည် အုပ်စုများဖွဲ့၍ တည်ရှိရာ အုပ်စုတစ်စုစီကို ကြယ်စု သို့မဟုတ် ဂလက်ဆီ (Galaxy) ဟု ခေါ်သည်။ ကမ္ဘာပါဝင်သော နေအဖွဲ့အစည်းရှိသည့် ကြယ်စုကို မစ်လ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy)ဟု အမည်ပေးထားသည်။ မရေမတွက်နိုင်သော ဂလက်ဆီပေါင်း များစွာတို့သည် စကြဝဠာ (Universe) ထဲ၌ အစဉ် ရွေ့လျား သွားလာနေကြသည်။

လသည် ကမ္ဘာကို လှည့်ပတ် နေပြီး လနှင့်ကမ္ဘာ စုံတွဲသည် အခြားဂြိုဟ်များနှင့်အတူ နေကို အတူတကွ လှည့်ပတ်နေသည်။ တစ်ဖန် ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်း နှင့် မစ်လ်ကီးဝေးဂလက်ဆီ တွင်ပါဝင်သော အခြားကြယ်များ ဂြိုဟ်များသည် ဂလက်ဆီ၏ ဗဟို ချက်ကို လှည့်ပတ်နေကြသည်။ ကြယ်စုပေါင်း ကုဋေကုဋာ ပါဝင်သည့် မစ်လ်ကီးဝေးဂလက်ဆီ ကို အပေါ်မှ စီး၍ကြည့်လျှင် အဝန်း အဝိုင်းကြီးတစ်ခု ပုံသဏ္ဌာန်ရှိပြီး ဘေးမှ ကြည့်လျှင်မူ အလယ်တွင် အနည်းငယ်ဖောင်းကာ ဘေးနှုတ် ခမ်း တစ်လျှောက်တွင် ပါးလျားနေသဖြင့် မုန့်ဆီကြော်နှင့် တူသည်ဟု ဆိုနိုင် သည်။ မစ်လ်ကီးဝေးဂလက်ဆီ၏ ဗဟိုတွင် ပြင်းထန်သော ဓာတ်ရောင်ခြည်များ ထွက်ပေါ်နေ သည့် အပြင် တွင်းနက်ကြီးများ (Black Holes) ဟု ခေါ်သော အလွန်သိပ် သည်းသည့် ဒြပ်ထုအစု အဝေးကြီး များရှိသည်။ တွင်းနက်များ၏ ဒြပ်ထုသည် လေးလံလွန်း သဖြင့် ယင်း အနီးသို့ရောက်သော အရာဝတ္ထု အားလုံးသည် ဧရာမ သံလိုက်ကြီး ဖြင့် အဆွဲခံရသည့် သံတိုသံစများ ပမာ တွင်းနက်ကြီးများ၏ စုပ်ယူဝါး မျိုခြင်းကို ခံရ သည်။

ထို့ကြောင့် ကမ္ဘာသည် ဂလက်ဆီဗဟိုကို ဖြတ်ဖို့မဆိုထား နှင့် အနီးကပ်မိလျှင်ပင် တွင်းနက် ကြီးများ၏ စုပ်ယူဖျက်ဆီးခြင်းကို ခံရဖို့ရှိသည်။ ကမ္ဘာသည် ယခုအခါ ဂလက်ဆီဗဟိုမှအလင်းနှစ် ၂၅ဝဝဝ အကွာတွင်ရှိနေသည်။ နက္ခတ္တ ဗေဒဆိုင်ရာ အကွာအဝေး တိုင်းတာ ရေးယူနစ်ဖြစ်သည့် အလင်းနှစ်သည် အလင်းရောင် တစ်နှစ် အတွင်း ပေါက်ရောက်သည့် ခရီးတာကို ဖော်ပြသည်။ အလင်းနှစ် တစ်နှစ် လျှင် မိုင်ပေါင်း ၅၈၆၅၆၉၆ဝဝဝဝဝဝ ရှိရာ ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်းနှင့် ဂလက်ဆီဗဟို တို့ကြား ခရီးတာမှာ ချရေးရန်ပင်မလွယ်လှ အောင် ကွာလှမ်းလှသည်။ ထို့အပြင် ကမ္ဘာပါသော နေ အဖွဲ့အစည်းသည် မစ်လ်ကီးဝေး ဂလက်ဆီအတွင်း သွားလာနေရာ၌ ဂလက်ဆီဗဟိုသို့ ဦးတည်နေခြင်း မဟုတ်ပေ။ ဗီဂါအမည်ရှိ ကြယ် တစ်လုံးရှိရာသို့ ဦးတည်နေသည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် ဂလက်ဆီဗဟိုကို ကမ္ဘာဖြတ်မည်ဆို ခြင်းသည် ယုတ္တိကင်းမဲ့လှသော ပြောဆိုချက်သာဖြစ်သည်။
အချို့က ကမ္ဘာသည် ဂလက် ဆီပြင်ညီကို ၂ဝ၁၂ ခုနှစ်တွင် ဖြတ်ရန်ရှိ၍ ယင်းသို့ ဖြတ်သည့် အခါ ဂလက်ဆီအတွင်းအခြားဂြိုဟ်၊ ဥက္ကာခဲစသည်တို့နှင့် တိုက်မိပျက်စီး နိုင်သည်ဟု ဆိုကြပြန်သည်။ မုန့်ဆီ ကြော်ပုံ မစ်လ်ကီးဝေးဂလက်ဆီကို စိတ်ကူးဖြင့် အပေါ်အောက်ထက်ခြမ်း ခွဲကြည့်လျှင် ပေါ်လာမည့် ပြင်ညီ ကို ဂလက်ဆီပြင်ညီ (Galactic Plane) ဟု ခေါ်သည်။ ဂလက်ဆီ ပြင်ညီတွင် ကြယ်များ ဂြိုဟ်များ သည် အခြားအပိုင်းများတွင်ထက် အရေအတွက် ပိုမိုများပြားစွာ ရှိနေ နိုင်သဖြင့် ကမ္ဘာပါ သော နေအဖွဲ့ အစည်းသည် ဂလက်ဆီပြင်ညီကို ဖြတ်သည့်အခါ အခြားအရာများနှင့် ပို၍ တိုက်မိနိုင်သည့် အလားအလာ ကို တွက်ချက်၍ အထက်ပါအတိုင်း ပြောကြ ခြင်း ဖြစ်သည်။

ကမ္ဘာသည် ဂလက်ဆီဗဟို ချက်ကို လှည့်ပတ်နေရင်းဂလက်ဆီ ပြင်ညီ၏ အပေါ်ပိုင်းသို့ တက်သွား လိုက်၊ ပြင်ညီကို ဖြတ်၍ အောက်ဘက်ဆင်းလိုက်၊ တစ်ဖန်ပြင်ညီ ကို ဖြတ်၍ အပေါ်ပြန်ရောက်လိုက် စသဖြင့် သွားလာနေသည်။ ထိုသို့ သွားနေရာ၌ ပြင်ညီကို ပျမ်းမျှ နှစ်ပေါင်း သန်း ၃ဝ ခန့်ကြာလျှင် တစ်ကြိမ်ဖြတ်သည်။ နက္ခတ္တ ပညာရှင်များ၏ လေ့လာ တွက်ချက်မှုများအရ ကမ္ဘာနှင့် နေအဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းခန့်က ပြင်ညီကို ဖြတ်ခဲ့ပြီး ယခုအခါ ပြင်ညီ အပေါ် ပိုင်းသို့ ဦးတည်၍ တက်လာနေကာ နောက်ထပ်နှစ်ပေါင်း ၁၄သန်း ကြာမျှ ပြင်ညီ၏ အပေါ်ပိုင်းသို့ ဆက်၍ တက်နေဦးမည်သာ ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် ဂလက်ဆီ ပြင်ညီသည် ၂ဝ၁၂ ခုနှစ် အတွင်း ကမ္ဘာဖြတ်မည်ဆိုခြင်းမှာလည်း လုံးဝအဓိပ္ပာယ်ကင်းမဲ့သော ပြောဆိုချက်သာလျှင် ဖြစ်ကြောင်း သိနိုင်ကြသည်။ ကမ္ဘာသည် ၂ဝ၁၂ ခုနှစ်တွင်လည်း ၂ဝဝဝ ပြည့်နှစ်က ကဲ့သို့ပင် မည်သည့်အန္တရာယ်ကိုမျှ ကြုံရန်မရှိဘဲ ပုံမှန်အတိုင်း ကုန်ဆုံးသွားမည်သာ ဖြစ်သည်။

Popular

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကို ဂြိုဟ်သိမ်တစ်ခု တိုက်မိပါက ဗြိတိန်နှင့်အမေရိကန်တွင် အန္တရာယ် အများဆုံး ဖြစ်နိုင်

ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င်တိုက်မိပါက အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နိုင်သည့် နိုင်ငံများကို စာရင်းပြုစုရာတွင် ဗြိတိန်နှင့် အမေရိကန်၌ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်သည့် ကပ်ဘေး ဖြစ်ပေါ်ပါက အသက်ဆုံးရှုံးမှု (သို့မဟုတ်) ပြန်လည် နာလန်မထူနိုင်မှုများ ကြုံတွေ့နိုင်မှု အတွက် သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။Southamption တက္ကသိုလ်မှ သုတေသန ပညာရှင်များက NASA's Near Earth Object ပရိုဂရမ် အမည်ရှိ ဆော့ဖ်ဝဲများကို အသုံးပြုပြီး အဆိုပါ စာရင်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံ အများဆုံး ပါဝင်ကြောင်း သိရှိရသည်။ လူဦးရေများပြား၍ သေဆုံး ထိခိုက်မှု မြင့်မားနိုင်သဖြင့် တရုတ် နိုင်ငံသည်လည်း အဆိုပါ စာရင်းတွင် ပါဝင်ခဲ့သည်။ ဆွီဒင်နိုင်ငံကဲ့သို့သော
နိုင်ငံငယ်များပင်လျှင် အခြေခံ အဆောက်အအုံများ ပျက်စီးနိုင်သောကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်သည်။

ဂြိုဟ်သိမ်ဖြင့် တိုက်မိပါက အန္တ ရာယ်အများဆုံး နိုင်ငံများတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အီတလီ၊ ဗြိတိန်၊ နိုင်ဂျီးရီးယား နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။

လူသေဆုံးနိုင်မှုကိုကြည့်လျှင် အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဂြိုဟ်သိမ်တိုက်မိပါက ကနေဒါ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အခြေခံ အဆောက်အအုံ များစွာ ပျက်စီးမှုများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ယခု သီတင်းပတ်အတွင်း အိမ်တစ်လုံး အရွယ်အစားရှိသည့် ကျောက်တစ်ခုသည် ကမ္ဘာနှင့်မိုင် ၇၅၀၀ အကွာသို့ ရောက်ရှိလာသောကြောင့် ယခုကဲ့သို့ ဂြိုဟ်သိမ်များ၏ အန္တရာယ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''ကမ္ဘာမြေကို ဂြိုဟ်သိမ်တစ်ခုရဲ့ ၀င်တိုက်ခံရမှုကို လူသားတို့ ကြုံရတဲ့ အန္တရာယ် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခု အဖြစ် လက်ခံလာကြပြီ''ဟု Southampton တက္ကသိုလ်မှ NEOimpactor ဆော့ဖ်ဝဲတီထွင်သူ Nick Bailey က ပြောကြားခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာပျက်မည့်​နေ့​မှာ အနည်း​ငယ်​​နောက်ဆုတ်သွား​ခြင်း​​သာဖြစ်ဟုဆို


http://img.pmv-net.com/images/594_288F5F9B2CD922FF69F4C30C0CB49.jpg

ကမ္ဘာပျက်မည့်​နေ့​ကို တလွဲတ​ချော် ခန့်​မှန်း​ခဲ့​သော အ​မေရိကန် ခရစ်ယာန် တရား​ဟော ဆရာတစ်ဦး​က ကမ္ဘာပျက်မည့်​နေ့​သည် အနည်း​ငယ် ​နောက်ဆုတ်သွား​ခြင်း​သာဖြစ်​ကြောင်း​ ထပ်မံ​ပြောဆိုလိုက်သည်။

မေလ ၂၁ ရက်​နေ့​တွင် အဆုံး​အဖြတ်​နေ့​ခေါ် ကမ္ဘာပျက်မည့်​နေ့​ ကျ​ရောက်မည်ဟု ​ကြွေး​ကြော်ခဲ့​သည့်​ အသက် ၈၉ နှစ်ရှိ ဟာရိုး​ကမ်း​ပင်း​က Raptureဟု ၎င်းသုံး​နှုန်း​ခဲ့​သော ကမ္ဘာပျက်​နေ့​သည် ​နောက် ၅ လအကြာတွင် ဖြစ်လာမည်ဟု ​ကြေညာခံသည်။ 

အောက်တိုဘာ ၂၁ ရက်​နေ့​တွင် တစ်ကမ္ဘာလုံး​ ပြင်း​အား​အဆင့်​ ၆.၀ ရှိ​သော ငလျင်များ​ လှုပ်ခတ်ပြီး​နောက် ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်မှု မရှိသူများ​ ကပ်​ဘေး​သင့်​လိမ့်​မည်ဟု ကမ်း​ပင်း​ကဆိုသည်။ ဘုရား​သခင်သည် ဆိုး​ရွား​လှ​သော ဒုက္ခဆိုး​ကို ထို​နေ့​တွင် ကမ္ဘာ​မြေသို့​ ​စေလွှတ်မည်ဟု ယင်း​က ဆက်လက်​ပြောဆိုခဲ့​သည်။

ကမ်း​ပင်း​သည် ထိုကဲ့​သို့​ ​ဟောကိန်း​မျိုး​ကို ယခင်ကလည်း​ ခပ်တည်တည် ထုတ်ပြန်ခဲ့​ပြီး​ အကြီး​အကျယ် လွဲ​ချော်ခဲ့​ဖူး​သည်။ ၁၉၉၀ ပြည့်​လွန်နှစ်များ​တွင် ၎င်းသည် ၁၉၉၄ ဆို​သော စာအုပ်ကို ​ရေး​သား​ခဲ့​ပြီး​ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာကြီး​ ပျက်စီး​တော့​မည်ဟူ၍ အတိအလင်း​ ​ရေး​သား​ခဲ့​ဖူး​ကြောင်း​ သိရှိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာပျက်မယ့်နေ့ နဲ့ ဥက္ကာပျံ အန္တရာယ်


This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005
ဓာတ်ပုံ AP

သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်းက ပြင်သစ်နိုင်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့ နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမ္ဘာပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့ Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။

အဲဒီနေ့မှာ Galactic allignment လို့ခေါ်တဲ့ နဂါးငွေ့တန်း ဗဟိုယာဉ်စွန်းတန်းနဲ့ နေရဲ့ ပတ်လမ်းကြောင်းဟာ တတန်းထဲရှိနေတာမို့ ဆွဲအားတွေ သိပ်များပြီး နေကရွေ့လျားသွားမလားလို့ ပူပင်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ လူသားတွေဟာ နေမိသားစုထဲမှာ နေကိုအားကိုးနေထိုင်သူတွေမို့ နေရွေ့ သွားခဲ့ရင် ဂြိုဟ်တွေပါ ပရမ်းပတာ ဖြစ်ပြီး အားလုံး ကစဉ့်ကလျားဖြစ်မှာကိုစိုး ကြတာပါ။ ဒါ့ပြင် အဲဒီနေ့မှာ ဂြိုဟ်တွေ တတန်းထဲ ရှိမှာမို့ စိုးရိမ် သူတွေ အတွက်လည်း ဒါဟာ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်တခုလို့ ဆိုပါတယ်။

ဥက္ကာပျံကြီးတွေ ၀င်တိုက်လို့ ပျက်စီးမယ့် အရေးပူပန်နေသူတွေလည်းရှိပါတယ်။

ဥက္ကာပျံ ကို ၃မျိုးခွဲခြား နိုင်ပြီး အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားမှာ ပျံ့နှံနေတဲ့ ကျောက်အစိုင်အခဲကြီး တွေကိုတော့ Asteroids လို့ခေါ်ပါတယ်။ သူတို့ဟာ အကျယ်အ၀န်း ၂မိုင် ၃မိုင်လောက် ထိအောင် ကြီးကြီး မားမား ရှိတတ်ပါတယ်။ အဲဒီထဲက တချို့ကျောက်စိုင်ကျောက်ခဲတွေ ကမ္ဘာ့လေထုထဲဝင်လာတာ ဒါမှမဟုတ် တခြားဂြိုဟ်က ကျောက်စိုင်ကျောက်ခဲတွေ ၀င်လာတာမျိုးမှာ လေရဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး ကျတာ မျိုးကိုတော့ ကြယ်ကြွေတာ ဒါမှမဟုတ် Meteor လို့ ခေါ်ပါတယ်။ နောက်တမျိုးကတော့ ကမ္ဘာကို ဘဲဥပုံပတ် နေတဲ့ ရေခဲတွေနဲ့ ဖွဲ့စည်းထားတဲ့ Comet ပါ။ Meteoroids နဲ့ Comet တွေကတော့ အန္တရာယ် မရှိလှပါဘူး။

၁၉၉၄ခုနှစ် က အလွန်ကြီးမားတဲ့ Asteroids လို့ခေါ်တဲ့ ဥက္ကာပျံ ဟာ ကြာသပတေး ဂြိုဟ်ပေါ် ကျရောက်ခဲ့ ပါတယ်။ ကြာသပတေး ဂြိုဟ်ဟာ ဆွဲငင်အားအလွန် ပြင်းထန်တာမို့ ဥက္ကာပျံဟာ အပိုင်း ၂၄ပိုင်းကွဲပြီး ကျရောက်ခဲ့တာပါ။ တချို့ အစိုင်အခဲတွေဟာဆို ကမ္ဘာ ပမာဏလောက်ရှိနေပါတယ်။

ဒီလောက်ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမ္ဘာကို ကျရောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ သူတို့က ဒိုင်နိုဆော လို သတ္တ၀ါကြီးတွေကို မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို ဥက္ကာပျံ ကျရောက်မှုတွေမှာ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေထားရှိလာမယ် ဆိုရင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA က နှစ်နဲ့ချီပြီး ကြိုတင် သတိပေးမှာဖြစ်ပါ တယ်။

နေစင်္ကြာဝဌာရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း လေးထောင့် ငါးရာရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက်ထပ်ပြီး နေနိုင်ပါသေးတယ်။ ဒီသက်တမ်းအတွင်း ဥက္ကာပျံတွေ ကျရောက်မှု ရှိနိုင်ပေမယ့် ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်တွေ လို ဆွဲအားသိပ်ပြင်းထန်တဲ့ ဂြိုဟ်တွေက ဥက္ကာပျံတွေရဲ့ ရန်တွေကနေ ကမ္ဘာကို အကာအကွယ်တွေပေး နေပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...