Powered by Blogger.
RSS
Showing posts with label ဗြိတိန်သတင်း. Show all posts
Showing posts with label ဗြိတိန်သတင်း. Show all posts

၁၉၆၇ ခုနှစ်​က အရူး​​​လုပ်​ခံ​ခဲ့​​ရသည့်​ ဗြိတိန်​​ကာကွယ်​ရေး​​ဝန်ကြီး​​ဌာန​၏ ဖြစ်ရပ်​အား​ ပြန်လည်​​ဖော်ပြ

alt

မှတ်တမ်းဓာတ်ပုံ တစ်ခု © dailymail

၁၉၆၇ ခုနှစ်က ​ကျောင်း​သား​လေး​များ​၏ အ​ပျော်တမ်း​ ဖန်တီး​မှုတစ်ခု​ကြောင့်​ ဗြိတိသျှ ကာကွယ်​ရေး​ ဝန်ကြီး​ဌာန တစ်ခုလုံး​ အရူး​မီး​ဝိုင်း​ ဖြစ်ခဲ့​ရပုံကို စာအုပ်တစ်အုပ်က ပြန်လည်​ဖော်ပြလိုက်သည်။ ကျောင်း​သား​လေး​များ​က ပန်း​ကန်ပြား​ပျံ ဇာတ်လမ်း​တု တစ်ခုကို ဖန်တီး​ပြီး​ အင်္ဂလန်​တောင်ပိုင်း​တွင် ဝက်အူ​ချောင်း​ပုံ ယာဉ်ပျံများ​ကို ​တွေ့​ရှိရ​ကြောင်း​ ဝိုင်း​ဝန်း​သတင်း​ပေး​ခဲ့​ခြင်း​ဖြစ်သည်။

ထိုအချိန်က ဂြိုဟ်သား​များ​ ကမ္ဘာ​မြေ​ပေါ် ကျူး​ကျော်လာပြီဟူ​သော သတင်း​ပါ ပျံ့​နှံ့​လာရာ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနသည် စစ်တပ်များ​၊​ ရဲတပ်ဖွဲ့​များ​ကို အလျင်အမြန် တပ်ဖြန့်​ခဲ့​ရသည်။ ဂျွန်ကီလင် ​ရေး​သား​သော စာအုပ်တွင် ယခုသတင်း​မှား​သည် ဗြိတိန်အစိုး​ရကို တုန်လှုပ်​စေခဲ့​သည့်​ အတုအ​ယောင် သတင်း​များ​အနက် အား​အ​ကောင်း​ဆုံး​ တစ်ခုအဖြစ် ​ဖော်ပြထား​သည်။ ထို့​အပြင် တစ်ကမ္ဘာလုံး​တွင် ဖြစ်​ပေါ်​နေသည့်​ ပန်း​ကန်ပြား​ပျံ သတင်း​များ​အနက်လည်း​ ထိ​ရောက်မှု အကြီး​မား​ဆုံး​ဟု ကီလင်က သုံး​သပ်ခဲ့​သည်။

ထို့​အပြင် ကာကွယ်​ရေး​ ဝန်ကြီး​ဌာနအတွက်လည်း​ အကြီး​မား​ဆုံး​ ​မော်ကွန်း​ဝင် အလိမ်ခံရမှုကြီး​တစ်ခုအဖြစ် ၎င်းက ​ရေး​သား​သွား​ခဲ့​သည်။ ထိုစဉ်က ​ကျောင်း​သား​လေး​များ​သည် X-Ray နည်း​ပညာကို အသုံး​ပြုကာ ပန်း​ကန်ပြား​ပျံ ​ခြောက်စင်း​တို့​ ဝင်​ရောက်လာသည့်​ဟန် ဖန်တီး​ခဲ့​ကြခြင်း​ဖြစ်​ကြောင်း​ သိရသည်။

People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်ကန်းပြားပျံဇာတ်လမ်းများနှင့် ဗြိတိန်ကာကွယ်ရေးဝန်းကြီးဌာန

http://www.planet.com.mm/news/newsimg/March09/ufo2001.jpg

မကြာသေးမီက နိုင်ငံအတွင်း ပန်းကန်ပြားပျံဟု ယူဆရသည့် အရာများကို တွေ့ရှိမှုအကြိမ်ရေ များလာပြီးနောက်ပိုင်း အခြားသော ဂြိုလ်ကမ္ဘာများမှ ကျူးကျော်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများအား ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စိုးရိမ်စရာမရှိဟု ပြောကြားလိုက်သည်။ ဗြိတိန်လေတပ်မတော်မှ လေသူရဲများအပါအ၀င် ရာနှင့်ချီသော မျက်မြင်သက်သေများက နော်ဖော့ခ်တွင် ထူးဆန်းသော ပုံသဏ္ဍန်ရှိသည့် အရာများ ပျံဝဲနေသည်ကို တွေ့မြင်ခဲ့ရသော်လည်း ၀န်ကြီးဌာနက ထိုနေရာများသည် ဗြိတိန်၏ စစ်ရေးမဟာမိတ် အမေရိကန်နိုင်ငံ၏ B2 အသံတိတ် ဗုံးကြဲလေယာဉ်များ အစမ်းလေ့ကျင့် ပျံသန်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်နေသည့် ဒေသများဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။




(B2 ဗုံးကြဲလေယာဉ်)

မျက်မြင်များအနေနှင့် အဆိုပါလေယာဉ်ကြီးများ၏ ပုံသဏ္ဍန်ကို ထင်ယောင်ထင်မှား ဖြစ်ကြခြင်းသာဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ၀န်ကြီးဌာနက သူလျှိုထောက်လှမ်းရေး လုပ်ငန်းများကို စမ်းသပ်လေ့ကျင့်နေသည့် အမေရိကန်လေတပ်မတော်သည် ဗြိတိန်အစိုးရကို ကြိုတင်အကြောင်းမကြားဘဲ ပျံသန်းနေခဲ့ခြင်းကြောင့်ဟု ပြောဆိုခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာနသည် (၁၉၈၇)ခုနှစ်မှ (၁၉၉၃)ခုနှစ်အကြား ပန်းကန်ပြားပျံဖြစ်ရပ် (၁၂၀၀)ကျော်ကို လေ့လာဆန်းစစ်ထားသည့် မှတ်တမ်းများကို မကြာသေးမီက ပြည်သူများထံ ဖော်ထုတ်ပြသခဲ့သေးသည်။




(လူတစ်ဦးက အမှတ်မထင်ရိုက်ယူခဲ့သော ဓာတ်ပုံတွင်တွေ့ရသည့်

ကောင်းကင်ယံမှ ပန်းကန်ပြားပျံဟု ထင်ရသောအရာများ)

အမေရိကန်၏ အသံတိတ်စွမ်းရည်ရှိ ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များသည် အမေရိကန်လေတပ်၏ မဟာဗျူဟာအမြောက်ဆုံး တိုက်ခိုက်ရေးယန္တရားများဖြစ်ပြီး ၎င်းလေယာဉ်များ၏ တည်ဆောက်ပုံနှင့် ဖွဲ့စည်းထားသည့် ဓာတ်သတ္တုများကြောင့် ရေဒါဖြင့် ရှာမတွေ့နိုင်ချေ။ ယခုအခါ ရုရှားကလည်း အဆိုပါစွမ်းရည်ရှိ လေယာဉ်ကြီးများ ပုံစံထုတ် တည်ဆောက်နေပြီဟုသိရသည်။ ပန်းကန်ပြားပျံ ဖြစ်ရပ်ဆန်းများနှင့် ပတ်သတ်ပြီး ကောလဟာလအမျိုးမျိုး ထွက်ပေါ်နေသော်လည်း Auroraခေါ် သူလျိုလေယာဉ်ပျံများ စမ်းသပ်ပျံသန်းနေသည်ကို အမြင်မှားခဲ့မှုများလည်း ဖြစ်နိုင်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာသွားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...