Powered by Blogger.
RSS
Showing posts with label နိုက်ဂျီးရီးယား သတင်း. Show all posts
Showing posts with label နိုက်ဂျီးရီးယား သတင်း. Show all posts

နိုင်ဂျီးရီးယားနိုင်ငံ၏ ကမ္ဘာမြေပြင်စောင့်ကြည့်လေ့လာရေး အသေးစားဂြိုဟ်တုနှစ်လုံး လွှတ်တင်မည်


နိုင်ဂျီးရီးယားနိုင်ငံ၏ ကမ္ဘာမြေပြင်စောင့်ကြည့်လေ့လာရေးအတွက် အသေးစားဂြိုဟ်တုများဖြစ်သော Nigeria Sat-X နှင့် Nigeria Sat-2 ဂြိုဟ်တုတို့အား ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်ဟု သိရှိရသည်။.

ယင်း Nigeria Sat-X နှင့် Nigeria Sat-2 ဂြိုဟ်တုတို့လွှတ်တင်ရခြင်းရည်ရွယ်ချက်မှာ -

- နိုင်ဂျီးရီးယားနိုင်ငံအတွက် မြေပြင်အနေအထားဓါတ်ပုံများရယူခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော နေရာဒေသများ၏ မြေပြင်အနေအထားများရယူခြင်း အစရှိသည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊

- ၂၀၀၃ ခုနှစ်တွင်လွှတ်တင်ထားခဲ့ပြီးဖြစ်သော NigeriaSat-1 ၏လုပ်ငန်းစဉ်များကို လွဲပြောင်းချိတ်ဆက်၍ ဆက်လက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊

- နိုင်ဂျီးရီးယားနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များအတွက် လွှတ်တင်ခြင်းဖြစ်သည်။

Surrey Satellite Technology Limited ( SSTL ) အဖွဲ့အစည်း၏ ပါဝင်ထောက်ပံ့မှုဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အာကာသသုတေသနနှင့် ဖွံ့ဖြိုးရေးအေဂျင်စီသည် Nigeria Sat-2 ဂြိုဟ်တုနှင့် Nigeria Sat-X ဂြိုဟ်တုတို့ကို တည်ဆောက်လွှတ်တင်မည်ဖြစ်သည်။ ၂၀၁၁၊ သြဂုတ်လ၊ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် Nigeria Sat-X ဂြိုဟ်တုနှင့် Nigeria Sat-2 ဂြိုဟ်တုတို့ကို အခြားသောဂြိုဟ်တု ၅ လုံးနှင့်ပူးတွဲ၍ ရုရှားလွှတ်တင်ရေးဒုံးပျံဖြစ်သော Dnepr-1 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်မည်ဖြစ်သည်။ ပူးတွဲလွှတ်တင်မည့် ဂြိုဟ်တုများမှာ တူရကီနိုင်ငံ၏ RASAT ဂြိုဟ်တု၊ အီတီလီနိုင်ငံ၏ EDUSAT ဂြိုဟ်တု၊ အမေရိကန်နိုင်ငံ၏ ARSAT-5 နှင့် ARSAT-6 ဂြိုဟ်တု တို့နှင့် ယူကရိန်းနိုင်ငံ၏ Sich-2 ဂြိုဟ်တု အစရှိသည့် ဂြိုဟ်တုအသေးစား ၅ လုံးဖြစ်သည်။

ref: //sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...