Powered by Blogger.
RSS
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

ဂြိုဟ်တုလွှ​တ်တင်ရေးဒုံး​ပျံ Dnepr-1




အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်နိုင်ရန်အတွက် အသုံးပြုသော လွှတ်တင်ရေးဒုံးပျံ တစ်ခုဖြစ်သည့် Dnepr-1 ဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်သည်။ Dnepr ဟူသောအမည်သည် ရုရှားနိုင်ငံမှဖြစ်ဖျားခံ၍ ယူကရိန်း၊ ဘီလာရုစ် အစရှိသည့်နိုင်ငံများအား ဖြတ်သန်းကာ ပင်လယ်နက်အတွင်းသို့ စီးဝင်သွားသော Dnieper မြစ်ကိုအစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။ International Space Company Kosmotras မှ ပိုင်ဆိုင်သော Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ၁၉၉၉ ခုနှစ်၊ ဧပရယ်လ ၂၁ ရက်နေ့တွင် ယင်း၏ ပထမဦးဆုံးသော လွှတ်တင်မှုအဖြစ် ၃၅ ကီလိုဂရမ်သာရှိသော UoSAT-12 အသေးစားဂြိုဟ်တု ( mini-satellite ) အား ပတ်လမ်းနိမ့်ပတ်လမ်း ( Low Earth Orbit ) သို့ အောင်မြင်စွာ ပစ်လွှတ်ပေးနိုင်ခဲ့သည်။ Dnepr-1 ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံသည် အသေးစားဂြိုဟ်တုအများအပြားအား ပတ်လမ်းနိမ့်ပတ်လမ်းအတွင်းသို့ ပို့ဆောင်ပေးခြင်းကို အဓိကပြုလုပ်သည်။ အများအားဖြင့် ဂြိုဟ်တုအလေးချိန် ၃၀၀ကီလိုဂရမ် အောက်နှင့် ၅ ကီလိုဂရမ်အောက်ရှိသော ဂြိုဟ်တုအများအပြားကို တစ်ပြိုင်တည်းလွှတ်တင်ခြင်းဖြစ်သည်။ ( တည်ငြိမ်ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများသည် အများအားဖြင့် ပျှမ်းမျအလေးချိန် ၄၆၀၀ ကီလိုဂရမ်ခန့်ရှိကြသည်။)
Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံအမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်ပြီး hypergolic လောင်စာရည်( hypergolic liquid propellent ) သုံး အင်ဂျင်အဆင့် သုံးဆင့် ( three-stage) ပါရှိသော ဒုံးပျံဖြစ်သည်။ ယင်းဒုံးပျံအား ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော ဒုံးပျံပစ်လွှတ်ရေးစခန်း ( သို့ ) Dombarovsky ဒုံးပျံပစ်လွှတ်ရေးစခန်း မှ ပစ်လွှတ်သည်။



Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့်ပတ်လမ်း အတွင်းသို payload အလေးချိန် ၃၆၀၀ ကီလိုဂရမ်အထိ့ ပို့ဆောင်ပေးနိုင်ပြီး Sun-Synchronous ပတ်လမ်းအတွင်းသို့ payload အလေးချိန် ၂၃၀၀ ကီလိုဂရမ်ပို့ဆောင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် အဓိက payload ဂြိုဟ်တုအပြင် အခြားသော အသေးစားဂြိုဟ်တုများကိုပါ တစ်ပြိုင်တည်းထည့်သွင်း လွှတ်တင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် စီးပွားဖြစ်လွှတ်တင်မှု ၁၄ ကြိမ်ပစ်လွှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇူလှိုင်လ ၂၆ ရက်နေ့တွင် ဘီလာရုစ်၊ အီတလီ၊ ရုရှား၊ အမေရိကန်၊ တောင်ကိုရီးယား ၊ နော်ဝေးနှင့် ဂျပန်နိုင်ငံတို့၏ အသေးစားဂြိုဟ်တုများစုပေါင်းလွှတ်တင်စဉ် တစ်ချိန်သာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ လွှတ်တင်ပြီး ၇၄ စက္ကန့်အကြာတွင် ဒုံးပျံအင်ဂျင်၏ combustion chamber 4 ချို့ယွင်းမှုဖြစ်ပေါ်ကာ ဘိုင်ကိုနောဒုံးပျံပစ်လွှတ်ရေးစခန်း၏ ၁၅၀ ကီလိုမီတာ အကွာ၊ ကာဇက်စတန်နိုင်ငံ၏ လူနေထိုင်ခြင်းမရှိသည့် ဒေသသို့ပျက်ကျခဲ့ခြင်းဖြစ်သည်။ လောင်စာများ မီးလောင်ပေါက်ကွဲမှုကြောင့် အဆိပ်အတောက်များဖြစ်ပေါ်ခဲ့ပြီး ရုရှားအစိုးရမှ ယင်းအဖြစ်အပျက်အတွက် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ပေးလျော်ခဲ့ရသည်။


Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေအဖွဲ့အစည်ြး​ပင်ပသို့ ပထမဦးဆုံးေ​ရာက်ရှိသည့် အာကာသယာဉ်


နေအဖွဲ့အစည်း၏ ပြင်ပသို့ ပထမဦးဆုံးရောက်ရှိသည့် အာကာသယာဉ် Voyager 1 က ရိုက်ကူးခဲ့သော ကမ္ဘာနှင့်လတို့၏ တည်ရှိနေပုံ



ကမ္ဘာနှင့် လတို့အတူတကွ လည်ပတ်နေပုံကို ဂြိုဟ်တုတစ်ခုက ပထမဦးဆုံးရိုက်ကူးထားသော ပုံဖြစ်သည်။ ယင်းပုံအား Voyager 1 အာကာသယာဉ်က ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ကမ္ဘာနှင့် မိုင်ပေါင်း ၇.၂၅ သန်း (ကီလိုမီတာ ၁၁.၆၆ သန်း) အကွာအဝေးမှ ရိုက်ကူခဲ့ခြင်းဖြစ်သည်။ အဆိုပါပုံအား Voyager 1 အာကာသယာဉ်ပေါ်တွင် ပါရှိသည့် ကင်မရာ filter များက ရိုက်ကူးခဲ့ သည့် ဓာတ်ပုံ (၃) ပုံအား NASA ၏ Jet Propulsion Laboratory (JPT) တွင် ပြန်လည်ပေါင်းစည်း၍ ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ပုံတွင်မြင်တွေ့နေရသည့် လ၏ အရောင်မှာ ပိုမိုတောက်ပမှုရှိစေရန် အရောင်တင်ထားခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာသည် လထက်အဆပေါင်းမြောက်မြားစွာ ပိုမိုတောက်ပသောကြောင့် ဓာတ်ပုံကြည့်ရှုသူများ ရှင်းလင်းပြတ်သားစွာ မြင်သာစေရန် ပြန်လည် အရောင်တင်ထားခြင်းဖြစ်သည်။ Voyager 1 အာကာသယာဉ်အား ၁၉၇၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral လွှတ်တင်ရေးစခန်းမှ Titan III E/Centaur လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၇၂၂ ကီလိုဂရမ်ရှိသော Voyager 1 အာကာသယာဉ်အား နေအဖွဲ့အစည်းနှင့် ယင်းပြင်ပရှိ အာကာသကို လေ့လာရန်လွှတ်တင်ခဲ့ခြင်းဖြစ် သည်။ Voyager 1 အာကာသယာဉ်သည် နေအဖွဲ့အစည်း၏ ပြင်ပကိုလေ့လာရန်လွှတ်တင်ထားသော အာကာသယာဉ် (၅) စင်းအနက်မှ (၁) စင်းဖြစ်ပြီး လွှတ်တင်သည့်နေ့မှ ယနေ့အထိ နှစ်ပေါင်း ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်နေသော အာကာသယာဉ်ဖြစ်သည်။ Voyager 1 အာကာသယာဉ်သည် လက်ရှိအချိန်တွင် နေမှအကွာအဝေး ၁၁၇.၈၄၃၆ AU (Astronomical Units)၊ ကီလိုမီတာအားဖြင့် ၁.၇၆၂၉၁၅×၁၀၁၀ ကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိနေပြီး စကြာဝဠာအတွင်းတွင် အဝေးဆုံးရောက်ရှိနေသော လူသားများပြုလုပ်သည့်အရာဝတ္ထုတစ်ခုဖြစ်သည်။




Voyager 1 အာကာသယာဉ်၏ ပုံဖြစ်သည်။ ယင်းအာကာသယာဉ်၏ ထူးခြားချက်မှာ နေရောင်ခံပြားများ ပါဝင်ခြင်းမရှိဘဲ အာကာသယာဉ်၏ ပါဝါကို ယာဉ်ပေါ်တွင်ပါရှိသည့် Radioisotope Thermoelectric Generator (RTG) မှ ထုတ်ယူသုံးစွဲခြင်းဖြစ်သည်။

Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုအားထိန်းချုပ်မည့် မြေပြင်ထိန်းချုပ်ရေးစခန်း (အပိုင်း ၁)

Satellite Ground Station Staff Function

Operation Staffing

Operation Staffing ( ပါဝင်သောဝန်ထမ်းအရေအတွက်) သည် အခြေအနေအမျိုးမျိုးအပေါ် လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ၄င်းအခြေအနေများမှာ operation ၏ရှုပ်ထွေးမှု ၊ payload control operation ပါဝင်ခြင်း (သို့)မပါဝင်ခြင်း၊ ပါဝင်သော automation များ၏အဆင့်အတန်း၊ single control centre မှ operation ပြုလုပ်သောဂြိုဟ်တုအရေအတွက် ၊ operation အတွက်လိုအပ်သော support function အားလုံးကို control centre မှပြုလုပ်နိုင်ခြင်း ( သို့ ) external support organization ပါဝင်းခြင်းတို့ဖြစ်သည်။ Operation အဖွဲ့များတွင် staff များပါဝင်မှုပမာဏများမှာ staff များ၏အရည်အသွေးကြောင့် operation တူညီသော်လည်း ကွဲပြားခြားနားမည်ဖြစ်သည်။.ထို့ပြင် ပြုလုပ်သော operation အပေါ်လိုက်၍ operation team များကိုလေးမျိုးခွဲခြားထားသည်-

- Large team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကိုမိမိ၏ control centre မှပင် ထောက်ပံ့ပေးသည်။ )

- medium team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကို အခြားအဖွဲ့အစည်းများ၏ အကူအညီကိုရယူ ဆောင်ရွက်သည်။

- small team (ရိုးရှင်းသော operation များကိုပြုလုပ်ပြီး ၊ automatic operation များစွာပါဝင်သည်။ )

- multi-team ( များစွားသောဂြိုဟ်တုနှင့် operation များကိုပြုလုပ်သည်။)

Operation Controllers

Operation Controller များသည် ဂြိုဟ်တုထိန်းကြောင်းခြင်းနှင့် data များသိမ်းဆည်းခြင်းတို့ကို ဂြိုဟ်တုနှင့် real-time အခြေအနေတွင် operation ပြုလုပ်သည်။ ထို့ကြောင့် အလုပ်ချိန်ဇယားများရေးဆွဲခြင်း ၊ နေ့/ည အလုပ်ချိန်အဆိုင်းများ ခွဲခြားထားခြင်းစသည့် အလုပ်ချိန်စီမံခန့်ခွဲမှုများထားရှိရန် လိုအပ်သည်။ Operation Controller သုံးမျိုးမှာ-

- Spacecraft operation controller

- Payload operation controller

- Ground system operation controller တို့ဖြစ်သည်။

ဤနေရာတွင် satellite အား operation ပြုလုပ်သော staff များ၏ ကဏ္ဍများကိုသာ ဖော်ပြထားပြီး အခြားသော အကူဝန်ထမ်းများ ၊ ရုံးပိုင်းဆိုင်ရာဝန်ထမ်းများ နှင့် admin အစရှိသောဝန်ထမ်းများကို မပါရှိပေ။

Spacecraft Controller (SC)

Spacecraft Controller ( SC )ကို spacecraft analyst ဟုလည်းခေါ်သည်။ SC သည်ဂြိုဟ်တုနှင့် ground station တို့အပြန်အလှန်ဆက်သွယ် အလုပ်လုပ်နိုင်ရန် real-time အချိန်တွင် operation ပြုလုပ်သည်။ SC သည်ဂြိုဟ်တုမလွှတ်တင်မီ စမ်းသပ်စစ်ဆေးခြင်း၊ ပတ်လမ်းအတွင်းတည်ရှိစဉ် ဂြိုဟ်တုသို့ဆက်သွယ် ထိန်းချုပ်သော uplink ကိုစစ်ဆေးခြင်း တို့ကိုလည်းပြုလုပ်သည်။ ဂြိုဟ်တုလွှတ်တင်ထားချိန်တွင်လည်း ကြုံတွေ့ရသောအခက်အခဲများကို မှတ်တမ်းတင်၍ Spacecraft Operation Engineer ( SOE ) သို့တင်ပြရသည်။ အဘယ့်ကြောင့်ဆိုသော် SC သည် mission planner and scheduling တို့မှချမှတ်ပေးသော အစီအစဉ်အတိုင်းသာ ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။

SC သည်ဂြိုဟ်တု၏ performance ကိုအကောင်းဆုံးရရှိရန်ထိန်းကြောင်းခြင်း ၊ ဂြိုဟ်တု၏ချို့ယွင်းမှုများကို ရှာဖွေမှတ်တမ်းတင်ခြင်း ၊ မှတ်တမ်းတင်ထားခြင်းမရှိသော ချို့ယွင်းမှုများကို SOE ထံသို့တင်ပြခြင်း၊ ဂြိုဟ်တုအစိတ်အပိုင်းများ၏ ပတ်လမ်းအတွင်းအလုပ်လုပ်ခဲ့သော အချိန်ကိုမှတ်တမ်းတင်ခြင်းစသည်တို့ကို ပြုလုပ်သည်။ SC သည်ကြိုတင်စီစဉ်ချမှတ်ထားသော ရိုးရှင်းသည့် ပုံမှန် operation များကိုသာပြုလုပ်ရပြီး ချို့ယွင်းမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော SC သည် ဂြိုဟ်တု၏ subsystem များမည်သို့အလုပ်လုပ်သည်ကို သိသော်လည်း ကျွမ်းကျင်သော ပညာရှင်ပါရဂူမဟုတ်သောကြောင့် ချို့ယွင်းမှုများအား အဖြေရှာရှင်းလင်းလျှင် ပိုမိုမှားယွင်းသွားနိုင်သောကြောင့်ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Polar Orbiting Satellites

မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း ဒေသများကို cover ဖြစ်စေသော orbit အမျိုးအစားဖြစ်သည်။ geostationary orbit သည် တစ်ခုတည်းသာဖြစ်သည်။ theory အရ polar orbit သည် infinite ဖြစ်သည်။ Low earth orbiting satellite များကို LEOSATS ဟုခေါ်ကြသည်။ meteorology အတွက်အသုံးပြုသော satellite များကို sun synchronous orbit တွင်လွှတ်တင်ထားကြသည်။ ၄င်း orbit များတွင်လွှတ်တင်ထားသော satellite များသည် နေ့စဉ် အီကွေတာအား တူညီသော local time အပိုင်းအခြားတွင်ဖြတ်သန်းလေ့ရှိ သည်။ ဥပမာ - ၄-နာရီခြား တစ်ကြိမ်ဖြတ်သန်းသည် (13း0 PM., 5:30 PM., and 9:30 PM စသည်ဖြင့်) ထို့ကြောင့် same area အား နေ့အချိန်တစ်ခုတွင်ဖြတ်သန်းခြင်းဖြင့် ၄င်း area အားအချိန်မှန်မြင်တွေ့စေသည်။ orbital pass သည် direction ပေါ်မူတည်ပြီး ၂-မျိုးရှိသည်။ တောင်မှမြောက်သို့ ပတ်လျှင် ascending pass ဟုခေါ်ပြီး မြောက်မှတောင်သို့ ပတ်လျှင် descending pass ဟုခေါ်သည်။

Polar Orbit များသည် circular orbit များဖြစ်ကြသည်။ ကမ္ဘာ့ မြေမျက်နှာပြင်အထက် ၈၀၀ မှ ၉၀၀ ကီလိုမီတာအတွင်းတွင်ရှိကြသည်။ Polar Orbiting Satellite များသည် ultraviolet sensors များကိုတပ်ဆင်ထားပြီး အိုဇုန်းလွှာကိုလေ့လာကြသည်။ Polar Orbiting Satellite အများစုသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ကိုလေ့လာကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသုံးဝင်သည်။ footprint ၏ အချင်းသည် ၆၀၀၀ ကီလိုမီတာ ခန့်ရှိသည်။ ၁၀၂ မိနစ်တွင် တစ်ကြိမ် ကမ္ဘာကိုတစ်ပတ်ပတ်သည်။ သည် အနောက်မှအရှေ့ သို့ ၂၄-နာရီတွင်တစ်ကြိမ်ပတ်သဖြင့် polar orbitingite တစ်ခု၏ တစ်ပတ်နှင့်တစ်ပတ်သည် အနောက်ဘက်သို့ 25 degree ခန့်ရွေ့ သွားသည်။ထို့ကြောင့် တစ်ရက်တွင်ကမ္ဘာအား ၁၄-ပတ်ပတ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူလိုက်ပါသော အာကာသစနစ်များ

နိုင်ငံတကာ အာကာသစခန်း (ISS) ၏ ရုရှားနိုင်ငံအပိုင်းကို ၁၉၉၃ ခုနှစ်၌ စတင်တပ်ဆင်၍ ၁၉၉၈ ခုနှစ်၌ စတင် အလုပ်လုပ်သည်။ ယင်းစီမံကိန်းသည် ရုရှားနိုင်ငံနှင့် နိုင်ငံတကာ လုပ်ဖော် ကိုင်ဖက်များ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းတို့သည် ကုန်ပစ္စည်း လက်ခံရယူခြင်း အပိုင်း (Functional Cargo Block – FCB) ဖြစ်သည့် Zarya ကိုတီထွင်မှုနှင့် အသုံးချခြင်း ၊ Module Zvezda (၂၀၀၀ ခုနှစ်) ကိုတီထွင်မှု ၊ဆိုက်ကပ်သည့် Module အပိုင်းဖြစ်သော Pirs (၂၀၀၁ ခုနှစ်) ကို တီထွင်မှု စသည်တို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် Progress M ၊ Progress M1 နှင့် Soyuz TM အာကာသယာဉ်များကို ထုတ်လုပ်ခြင်းနှင့် mission အာမခံမှု (၂၀၀၀ ခုနှစ်) တို့ကို လည်း ပြုလုပ်ခဲ့သည်။ လူလိုက်ပါသော အာကာသယာဉ်ဖြစ်သည့် Soyuz TMA ကို ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် တီထွင် ဖန်တီးပြုလုပ်ခဲ့သည်။

Soyuz အမျိုးအစားနှင့် Progress အမျိုးအစား အာကာသယာဉ်များဖြင့် နိုင်ငံတကာ အာကာသစခန်း (ISS) တွင် အာကာသသုတေသနနှင့် စမ်းသပ်မှု Program များကို တပ်ဆင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းကို တည်ဆောက်ခြင်း ၊ Multipurpose ဓာတ်ခွဲခန်းနှင့် robotic ဖြစ်ထွန်းမှုအတွက် အရွယ်အစားသေးငယ်သည့် ပါဝါနှင့် သုတေသန module တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

Cybernetics ၊ nanotechnologies နှင့် microelectronics အစရှိသော ခေတ်သစ်နည်းပညာ ရပ်များ အပေါ်အခြေခံ၍ နည်းပညာသစ် အာကာသယာဉ်များ ပေါ်ပေါက်လာစေရန် တီထွင်ဖန်တီး ခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံတကာအာကာသစခန်းတွင် အသုံးပြုသည့် ဥရောပ အာကာသကုန်ပစ္စည်းသယ်ယာဉ် ဖြစ်သည့် (ATV – Automated Transfer Vehicle) ကို ပို့လွှတ်ခြင်းနှင့် ယင်း၏ refueling system ၊ docking system ၊ docking unit နှင့် control system တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ITU - International Telecommunication Union

ITU သည် United Nations ၏ အေဂျင်စီတစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို စည်းမျဉ်း ၊ စည်းကမ်းဖြင့် ထိန်းသိမ်းပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် တစ်ကမ္ဘာလုံး မျှဝေအသုံးပြုနေသော radio spectrum ကို ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုပတ်လမ်း သတ်မှတ်ခြင်းများအတွက် အထောက်အကူပေးခြင်း၊ ဖွံ့ဖြိုးလာသော telecommunication infrastructure များကို ပို၍တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် ကမ္ဘာအနှံ စံသတ်မှတ်ချက်များကို ထုတ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။

ယင်း ITU သည် အောက်ဖော်ပြပါ လုပ်ငန်းများအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိပါသည်-

· Broadband Internet

· Latest-generation wireless technologies

· Aeronautical nad maritime navigation

· Radio astronomy

· Satellite-based meteorology

· Fixed-mobile phone

· Internet access ၊ Data ၊ Voice ၊ TV broadcasting and
next-generation networks

*Structure of ITU *

၁၈၆၅ ခုနှစ်တွင် postal union အဖြစ်စတင်တည်ထောင်ခဲ့သော ITU သည် telecommunication ဥပဒေများနှင့် ပတ်သတ်၍ နိုင်ငံတကာဆိုင်ရာ အစောဆုံးနှင့် အရေးပါဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် United Nation ၏ အရေးပါသော အေဂျင်စီတစ်ခုဖြစ်သည့် အားလျော်စွာ တိုးတက်ပြောင်းလဲလာသော ကမ္ဘာ၌ ရေဒီယိုခေတ်မတိုင်မီကပင် အတွေ့အကြုံရှိပြီး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် ဆွစ်ဇာလန်နိုင်ငံနှင့် Sector member ပေါင်း ၇၀၀ ကျော်ရှိသည်။ အဖွဲ့ဝင်တစ်ဦးစီသည် ITU သို့၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေအရ အချိုးကျ ငွေကြေးထောက်ပံ့ရမည် ဖြစ်သည်။


အထက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း အပိုင်း ၃ ပိုင်း ကို ITU ၏ Radio Regulation နှင့် ကိုက်ညီသည့် frequency band allocation များအရ အောက်ပါအတိုင်းခွဲခြားထားခြင်း ဖြစ်သည်။

( ၁ ) Region 1 ( old world )

( Europe , including Russia , Africa and Monogolia )

( ၂ ) Region 2 ( new world )

( North America and South America ) နှင့်

( ၃ ) Region 3

( Asia-Pacific)

*Objectives of ITU Regulations*

ITU ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

( က ) ဆက်သွယ်ရေး လုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများတိုးတက်စေရး၊

( ခ ) နည်းပညာဆိုင်ရာ အထောက်အပံ့များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Telecommunication service
များပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေရေး၊

( ဂ ) အထက်ပါရည်ရွယ်ချက်များ ရရှိစေရန်အဖွဲ့ဝင်နိုင်ငံများ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်ရေး။

ယေဘုယျအားဖြင့်ကြည့်မည်ဆိုလျှင် ITU သည် နိုင်ငံတစ်ခုချင်းစီ၏ telecommunication နှင့် radio transmission များကို စည်းကမ်းသတ်မှတ်ရန်အတွက် အခွင့်အာဏာ မရှိပါ။ နိုင်ငံတစ်ခုစီ၏ အစိုးရသည်သာ ၄င်း၏နယ်နိမိတ်အတွင်း radio spectrum ကို ထိန်းချုပ်ရန် အခွင့်အာဏာ အပြည့်ရှိခြင်းကြောင့် ဖြစ်သည်။ Radio transmission များ၏ သဘာဝအရ အခြားနိုင်ငံများ၏ Radio communication အတွက် အနှောင့်အယှက် ဖြစ်မည်ဆိုပါက ITU ၏ စည်းမျဉ်းများနှင့် သက်ဆိုင်လာမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ Telecommunication service များတိုးတက်လာခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ITU တွင် အဓိကနေရာများကို ရရှိမည်ဖြစ်သည်။

အခြားသော ITU နှင့် သက်ဆိုင်သော သိမှတ်ဖွယ်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

· Regulatory Philsophy

· ITU Sectors and Bodies

· The ITU Radio Regulations

· Objectives of the Radio Regulations

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GEORING နှင့် မိတ်ဆက်ခြင်း

GEORING ဆိုသည်မှာ HERMES ဟု အမည်ရသော ပတ်လမ်းအတွင်း ၀န်ဆောင်မှုပေးခြင်းစနစ် (On-Orbit Servicing System) ၏ ရှေ့ပြေးအစီအစဉ် ဖြစ်သည်။ ဥရောပတွင် ပတ်လမ်းအတွင်း ၀န်ဆောင်မှုပေးခြင်းစက်မှုလုပ်ငန်း (On-Orbit Servicing Industry) ၏ အစကနဦးအစီအစဉ် အဖြစ်လည်း ရည်ရွယ်ထားသည်။ GEORING အား ပတ်လမ်းအတွင်း ၀န်ဆောင်မှု လုံလောက်စွာပေးနိုင်ရန် element system (၅) ခုဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ၀န်ဆောင်မှုများမှ တစ်ချို့သည် လက်ရှိဂြိုဟ်တုများအတွက်ဖြစ်ပြီး အနာဂတ်ဂြိုဟ်တုများအတွက်ပါ ၀န်ဆောင်မှု လုံလောက်စွာပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည်။ HERMES ပတ်လမ်းအတွင်း ၀န်ဆောင်မှုစနစ်၏ အဓိက element များမှာ အောက်ပါအတိုင်းဖြစ်သည်_

(၁) လောင်စာဆီများကို သိုလှောင်သိမ်းဆည်းထားနိုင်သော HERMES tanker အာကာသယာဉ်၊

(၂) Tanker အာကာသယာဉ်မှ သတ်မှတ်ထားသော ဂြိုဟ်တုဆီသို့ သွားရောက်နိုင်သော catcher-transporter အာကာသယာဉ်၊

(၃) ချိတ်ဆက်ခြင်း လုပ်ငန်းစဉ်များ (docking operations) အတွင်း ချိတ်ဆက်မည့် ဂြိုဟ်တု (target satellite) ကို စစ်ဆေးမည့် inspector အာကာသယာဉ်၊

(၄) Engine-Module (အမည်အားဖြင့် KINITRON) ဟုခေါ်ဝေါ်ကာ အသေးစား အာကာသယာဉ်တစ်ခုဖြစ်ပြီး ဂြိုဟ်တုဟောင်းများ၏ ပုံမှန်တည်နေရာ ထိန်းသိမ်းခြင်းလုပ်ငန်း (Station Keeping) ကို လုပ်ဆောင်သည်။

(၅) Apogee သို့သွားရောက်ရန် အထူးပြုလုပ်ထားသော ဒုံးပျံစက်များ (Special Apogee Kick Motor) သည် ဂြိုဟ်တုများကို ပို့ဆောင်ရာ၌ မြင့်မားသော တွန်းကန်အား (high thrust) အားအလိုရှိသည့် mission များတွင် အသုံးပြုသည်။

ဂရိနတ်ဘုရားတစ်ပါး၏ အမည်ကိုယူထားသော HERMES စီမံကိန်းကို ကုမ္ပဏီများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်ခုမှ ပြုလုပ်နေသည်။ အဆိုပါ အဖွဲ့တွင် ဥရောပ၏ အဓိက အာကာသ ကုမ္ပဏီများ ပါဝင်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Launch Vehicle


၁၉၅၀ ခုနှစ်မှစ၍ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန် အစိုးရအာကာသအေဂျင်စီတို့မှ တိုက်ချင်းပစ်ဒုံးများ၏ပုံစံကို အခြေပြုတည်ဆောက်ထားသည့် ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံများဖြင့် ဆက်သွယ်ရေးနှင့် စူးစမ်းလေ့လာရေးဂြိုဟ်တုများကို ပတ်လမ်းနိမ့်ဂြိုဟ်တုပတ်လမ်းသို့ အပြိုင်အဆိုင်လွှတ်တင်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်တွင် လနှင့်အခြားဂြိုဟ်များသို့ စူးစမ်းလေ့လာရေးဂြိုဟ်တုများ ပစ်လွှတ်ရာမှ ပိုမိုအားကောင်းသော လွှတ်တင်ရေးဒုံးပျံများ ပေါ်ထွက်လာခဲ့သည်။ ထိုသို့ပေါ်ထွက်လာခြင်းကြောင့် ပတ်လမ်းမြင့်ဂြိုဟ်တုပတ်လမ်းဖြစ်သော GEO ဂြိုဟ်တုပတ်လမ်းသို့ ဂြိုဟ်တုများကို လွှတ်တင်နိုင်ခဲ့ကြသည်။ ၁၉၇၀ ခုနှစ်မှ ယနေ့ခေတ်တိုင် ဆက်သွယ်ရေးဂြိုဟ်တုများကို GEO ပတ်လမ်းသို့ လွှတ်တင်အသုံးပြုနေကြသည်။ ယခုအချိန်တွင် အလေးချိန်ပမာဏများစွာ သယ်ဆောင်နိုင်၍ အားကောင်းသောလွှတ်တင်ရေးဒုံးပျံများသာမက ဂြိုဟ်တုအများအပြားကို တစ်ကြိမ်တည်း ပူးတွဲပစ်လွှတ်နိုင်သည့် လွှတ်တင်ရေးဒုံးပျံများလည်း ပေါ်ထွက်လာခဲ့သည်။

ဂြိုဟ်တုအား သယ်ဆောင်ပစ်လွှတ်ပေးမည့် လွှတ်တင်ရေးဒုံးပျံအား အောက်ပါအချက်များအပေါ်မူတည်၍ ရွေးချယ်သည်-

၁။ လွှတ်တင်ရေးဒုံးပျံ၏ သယ်ဆောင်နိုင်သော အလေးချိန်ပမာဏ၊

၂။ လွှတ်တင်ရေးဒုံးပျံ၏ နောက်ဆုံးပစ်လွှတ်မှု လေးကြိမ် ( သို့ ) ဆယ်ကြိမ်ဆက် အောင်မြင်မှု / ပစ်လွှတ်မှုဆိုင်ရာ သက်တမ်းတစ်လျှောက် အောင်မြင်သော သမိုင်းကြောင်းရှိမှု၊

၃။ လွှတ်တင်ရေးဒုံးပျံ၏ သယ်ယူပို့ဆောင်ပေးမည့် ဈေးနှုန်း၊

၎။ ပစ်လွှတ်ချိန်တွင် အသုံးပြုသော ဆက်သွယ်ထိန်းချုပ်မှုဆိုင်ရာ ကွန်ယက်များ၏ အရည်အသွေးနှင့် ပြည့်စုံကောင်းမွန်စိတ်ချရမှု။

ယခုကာလတွင် အစိုးရပိုင်းဆိုင်ရာ ဂြိုဟ်တုလွှတ်တင်ခြင်းများ သာမက နိုင်ငံတကာမှပေးပို့လာသော ဂြိုဟ်တုများအား အခကြေးငွေယူ၍ လွှတ်တင်ပေးသော ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် ဈေးကွက်စီးပွားရေးတစ်ရပ်အနေဖြင့် အပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြသည်။ ယခုအချိန်တွင် ယင်းဂြိုဟ်တုလွှတ်တင်ခြင်းဆိုင်ရာ ဈေးကွက်တွင် နည်းပညာအသစ်များ အပြိုင်အဆိုင်အသုံးပြုကာ ကျယ်ပြန့်လာခဲ့သည်။

GEOလွှတ်တင်ရေးဒုံးပျံ၏ ပထမအဆင့်တွင် ဂြိုဟ်တုအားထည့်သွင်းသယ်ဆောင်သွားမည့် ဒုံးပျံထိပ်ဖူးအခွံ (rocket fairing) နှင့် ဂြိုဟ်တုအား နောက်ဆုံးသတ်မှတ်ပတ်လမ်းသို့ ပို့ဆောင်ပေးမည့် upper stage (သို့) ဂြိုဟ်တုနှင့်တွဲဆက်ထားသည့် apogee rocket motor ( ARM ) တို့ပါရှိ၍ ယင်းပထမအဆင့်အောက်တွင် အားကောင်းသောအင်ဂျင်များကို အဆင့်ဆင့်တပ်ဆင်ထားသည်။


လွှတ်တင်ရေးဒုံးပျံဖွဲ့စည်းပုံနှင့် Payload fairings များတပ်ဆင်ထားရှိပုံ

လွှတ်တင်ရေး အဖွဲ့အစည်းများစွာရှိသကဲ့သို့ ယင်းတို့၏လွှတ်တင်ရေးဒုံးပျံဒီဇိုင်း၊ လွှတ်တင်မှုပုံစံ ၊ သယ်ဆောင်နိုင်သော အလေးချိန်ပမာဏနှင့် ဈေးနှုန်း စသည်တို့မှာလည်း ကွဲပြားသည်။

Credit: http://sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝင်ရိုးစွန်းပတ်လမ်းများ

မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း ဒေသများကို cover ဖြစ်စေသော orbit အမျိုးအစားဖြစ်သည်။ geostationary orbit သည် တစ်ခုတည်းသာဖြစ်သည်။ theory အရ polar orbit သည် infinite ဖြစ်သည်။ Low earth orbiting satellite များကို LEOSATS ဟုခေါ်ကြသည်။ meteorology အတွက်အသုံးပြုသော satellite များကို sun synchronous orbit တွင်လွှတ်တင်ထားကြသည်။ ၄င်း orbit များတွင်လွှတ်တင်ထားသော satellite များသည် နေ့စဉ် အီကွေတာအား တူညီသော local time အပိုင်းအခြားတွင်ဖြတ်သန်းလေ့ရှိ သည်။ ဥပမာ - ၄-နာရီခြား တစ်ကြိမ်ဖြတ်သန်းသည် (13း0 PM., 5:30 PM., and 9:30 PM စသည်ဖြင့်) ထို့ကြောင့် same area အား နေ့အချိန်တစ်ခုတွင်ဖြတ်သန်းခြင်းဖြင့် ၄င်း area အားအချိန်မှန်မြင်တွေ့စေသည်။ orbital pass သည် direction ပေါ်မူတည်ပြီး ၂-မျိုးရှိသည်။ တောင်မှမြောက်သို့ ပတ်လျှင် ascending pass ဟုခေါ်ပြီး မြောက်မှတောင်သို့ ပတ်လျှင် descending pass ဟုခေါ်သည်။

Polar Orbit များသည် circular orbit များဖြစ်ကြသည်။ ကမ္ဘာ့ မြေမျက်နှာပြင်အထက် ၈၀၀ မှ ၉၀၀ ကီလိုမီတာအတွင်းတွင်ရှိကြသည်။ Polar Orbiting Satellite များသည် ultraviolet sensors များကိုတပ်ဆင်ထားပြီး အိုဇုန်းလွှာကိုလေ့လာကြသည်။ Polar Orbiting Satellite အများစုသည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ကိုလေ့လာကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအတွက်အသုံးဝင်သည်။ footprint ၏ အချင်းသည် ၆၀၀၀ ကီလိုမီတာ ခန့်ရှိသည်။ ၁၀၂ မိနစ်တွင် တစ်ကြိမ် ကမ္ဘာကိုတစ်ပတ်ပတ်သည်။ ကမ္ဘာသည် အနောက်မှအရှေ့ သို့ ၂၄-နာရီတွင်တစ်ကြိမ်ပတ်သဖြင့် polar orbiting satellite တစ်ခု၏ တစ်ပတ်နှင့်တစ်ပတ်သည် အနောက်ဘက်သို့ 25 degree ခန့်ရွေ့ သွားသည်။ထို့ကြောင့် တစ်ရက်တွင်ကမ္ဘာအား ၁၄-ပတ်ပတ်သည်။

Source: fwd

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုပတ်လမ်းများ


Geostationary Orbit (GEO)

GEO ပတ်လမ်းသည် ဂြိုဟ်တုဆက်သွယ်ရေး အခန်းကဏ္ဍ၌ အသုံးများသော ပတ်လမ်းတစ်ခုဖြစ်သည်။ ထိုပတ်လမ်းတွင် လှည့်ပတ်နေသော ဂြိုဟ်တုသည် ကမ္ဘာကို တစ်ပတ်ပြည့်ရန် ၂၄ နာရီ ကြာလှည့်ပတ်သည်။ ထိုသို့ ကမ္ဘာနှင့် တူညီစွာလှည့်ပတ်နေသောကြောင့် မြေပြင်မှကြည့်လျှင် ဂြိုဟ်တုသည် ပုံသေအမှတ်တစ်ခု၌သာ တည်ရှိနေမည်ဖြစ်သည်။ GEO ပတ်လမ်း၏ inclination သည် သုည နီးပါးဖြစ်ပြီး အီကွေတာနှင့် ထပ်တူနီးပါးတည်ရှိသည်။

ဂြိုဟ်တုသည် ပုံသေအမှတ် တစ်မှတ်တွင်သာ တည်ရှိသောကြောင့် ဂြိုဟ်တုအား tracking ပြုလုပ်ရန်မလိုအပ်ပေ။ ဂြိုဟ်တုသည် ၄င်း၏ မပြောင်းလဲသော လွှမ်းခြုံဧရိယာအတွင်း များပြားသော operation များကိုလုပ်ဆောင် ပေးနိုင်သည်။ ရုပ်သံထုတ်လွှင့်မှုများ အပါအ၀င် များပြားလှသော ဆက်သွယ်ရေးဂြိုဟ်တုများကို GEO ပတ်လမ်းသို့ လွှတ်တင်အသုံးပြုနေကြသည်။

သို့သော်လည်း GEO ပတ်လမ်းသည် ကမ္ဘာမှ ၃၆၀၀၀ km အကွာအဝေးတွင် တည်ရှိသောကြောင့် GEO ဂြိုဟ်တုများအတွက် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့တွင် ၀.၂၅ စက္ကန့် ကြာမြင့်သည့် signal delay ကိုဖြစ်ပေါ်စေသည်။ ထိုအချက်သည် အချက်အလက်များ ထုတ်လွှင့်ခြင်း (သို့) တယ်လီဖုန်းဆက်သွယ်ခြင်း တို့အတွက် အခက်အခဲတစ်ရပ်ဖြစ်သည်။ GEOဂြိုဟ်တုသည် အီကွေတာနှင့် တူညီသည့်ပတ်လမ်းတွင် တည်ရှိသဖြင့် လက်တီတွဒ် (သို့) လောင်ဂျီတွဒ် မြင့်မားသော နေရာများတွင်မူ ဂြိုဟ်တုနှင့် ဖမ်းယူရေးစခန်းအကြား elevation angle (မော့ထောင့်) တန်ဘိုး လျော့ကျနိုင်သည်။ ထိုအချက်သည် mobile communication အတွက် အခက်အခဲတစ်ရပ်ဖြစ်သည်။

Medium Earth Orbit (MEO)


MEO ပတ်လမ်းသည် ကမ္ဘာမြေပြင်မှ အကွာအဝေး ၂၀၀၀-၃၅၀၀၀ km အကြားတွင် တည်ရှိသော ပတ်လမ်းများကို ခေါ်ဆိုသည်။ MEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုသည် ကမ္ဘာကို တစ်ပတ်ပြည့်ရန် ၄င်း၏ ပတ်လမ်းအမြင့်အလိုက် ၂ နာရီမှ ၂၄ နာရီ အတွင်း ကြာမြင့်သည်။ MEO ရှိ ဂြိုဟ်တုများအား GPS အသုံးပြုခြင်း အတွက်အများဆုံး အသုံးပြုကြသည်။


Low Earth Orbit (LEO)

LEO ပတ်လမ်းသည် ကမ္ဘာမြေပြင်မှ ၁၆၀-၂၀၀၀ km (၁၀၀-၁၂၄၀ မိုင် ) အကွာတွင် တည်ရှိသော ပတ်လမ်းဖြစ်သည်။ LEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုသည် တစ်နာရီလျှင် ၂၇၄၀၀ km ( ၈ km/s ) နှုန်းဖြင့် ကမ္ဘာကို မိနစ် ၉၀ လျှင်တစ်ကြိမ် လှည့်ပတ်သည်။ LEO ဂြိုဟ်တုများအား ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် အသုံးပြုကြသည်။ LEO ဂြိုဟ်တုသည် ပတ်လမ်းနိမ့်ဖြစ်သောကြောင့် လွှမ်းခြုံဧရိယာ ကျယ်ပြန့်စေရန် ဂြိုဟ်တုအစုအဝေးဖြင့် ချိတ်ဆက်ထားရှိကြသည်။ Remote sensing အတွက် LEO ဂြိုဟ်တုအစုအဖွဲ့များကို အဓိကအသုံးပြုကြသည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Satellite Ground Station Staff Function

Operation Staffing

Operation Staffing ( ပါဝင်သောဝန်ထမ်းအရေအတွက်) သည် အခြေအနေအမျိုးမျိုးအပေါ် လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ၄င်းအခြေအနေများမှာ operation ၏ရှုပ်ထွေးမှု ၊ payload control operation ပါဝင်ခြင်း (သို့)မပါဝင်ခြင်း၊ ပါဝင်သော automation များ၏အဆင့်အတန်း၊ single control centre မှ operation ပြုလုပ်သောဂြိုဟ်တုအရေအတွက် ၊ operation အတွက်လိုအပ်သော support function အားလုံးကို control centre မှပြုလုပ်နိုင်ခြင်း ( သို့ ) external support organization ပါဝင်းခြင်းတို့ဖြစ်သည်။ Operation အဖွဲ့များတွင် staff များပါဝင်မှုပမာဏများမှာ staff များ၏အရည်အသွေးကြောင့် operation တူညီသော်လည်း ကွဲပြားခြားနားမည်ဖြစ်သည်။.ထို့ပြင် ပြုလုပ်သော operation အပေါ်လိုက်၍ operation team များကိုလေးမျိုးခွဲခြားထားသည်-

- Large team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကိုမိမိ၏ control centre မှပင် ထောက်ပံ့ပေးသည်။ )

- medium team (ရှုပ်ထွေးသော operation များကိုပြုလုပ်ပြီး လိုအပ်သော engineering support များကို အခြားအဖွဲ့အစည်းများ၏ အကူအညီကိုရယူ ဆောင်ရွက်သည်။

- small team (ရိုးရှင်းသော operation များကိုပြုလုပ်ပြီး ၊ automatic operation များစွာပါဝင်သည်။ )

- multi-team ( များစွားသောဂြိုဟ်တုနှင့် operation များကိုပြုလုပ်သည်။)

Operation Controllers

Operation Controller များသည် ဂြိုဟ်တုထိန်းကြောင်းခြင်းနှင့် data များသိမ်းဆည်းခြင်းတို့ကို ဂြိုဟ်တုနှင့် real-time အခြေအနေတွင် operation ပြုလုပ်သည်။ ထို့ကြောင့် အလုပ်ချိန်ဇယားများရေးဆွဲခြင်း ၊ နေ့/ည အလုပ်ချိန်အဆိုင်းများ ခွဲခြားထားခြင်းစသည့် အလုပ်ချိန်စီမံခန့်ခွဲမှုများထားရှိရန် လိုအပ်သည်။ Operation Controller သုံးမျိုးမှာ-

- Spacecraft operation controller

- Payload operation controller

- Ground system operation controller တို့ဖြစ်သည်။

ဤနေရာတွင် satellite အား operation ပြုလုပ်သော staff များ၏ ကဏ္ဍများကိုသာ ဖော်ပြထားပြီး အခြားသော အကူဝန်ထမ်းများ ၊ ရုံးပိုင်းဆိုင်ရာဝန်ထမ်းများ နှင့် admin အစရှိသောဝန်ထမ်းများကို မပါရှိပေ။

Spacecraft Controller (SC)

Spacecraft Controller ( SC )ကို spacecraft analyst ဟုလည်းခေါ်သည်။ SC သည်ဂြိုဟ်တုနှင့် ground station တို့အပြန်အလှန်ဆက်သွယ် အလုပ်လုပ်နိုင်ရန် real-time အချိန်တွင် operation ပြုလုပ်သည်။ SC သည်ဂြိုဟ်တုမလွှတ်တင်မီ စမ်းသပ်စစ်ဆေးခြင်း၊ ပတ်လမ်းအတွင်းတည်ရှိစဉ် ဂြိုဟ်တုသို့ဆက်သွယ် ထိန်းချုပ်သော uplink ကိုစစ်ဆေးခြင်း တို့ကိုလည်းပြုလုပ်သည်။ ဂြိုဟ်တုလွှတ်တင်ထားချိန်တွင်လည်း ကြုံတွေ့ရသောအခက်အခဲများကို မှတ်တမ်းတင်၍ Spacecraft Operation Engineer ( SOE ) သို့တင်ပြရသည်။ အဘယ့်ကြောင့်ဆိုသော် SC သည် mission planner and scheduling တို့မှချမှတ်ပေးသော အစီအစဉ်အတိုင်းသာ ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။

SC သည်ဂြိုဟ်တု၏ performance ကိုအကောင်းဆုံးရရှိရန်ထိန်းကြောင်းခြင်း ၊ ဂြိုဟ်တု၏ချို့ယွင်းမှုများကို ရှာဖွေမှတ်တမ်းတင်ခြင်း ၊ မှတ်တမ်းတင်ထားခြင်းမရှိသော ချို့ယွင်းမှုများကို SOE ထံသို့တင်ပြခြင်း၊ ဂြိုဟ်တုအစိတ်အပိုင်းများ၏ ပတ်လမ်းအတွင်းအလုပ်လုပ်ခဲ့သော အချိန်ကိုမှတ်တမ်းတင်ခြင်းစသည်တို့ကို ပြုလုပ်သည်။ SC သည်ကြိုတင်စီစဉ်ချမှတ်ထားသော ရိုးရှင်းသည့် ပုံမှန် operation များကိုသာပြုလုပ်ရပြီး ချို့ယွင်းမှုများကို ဖြေရှင်းပိုင်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော SC သည် ဂြိုဟ်တု၏ subsystem များမည်သို့အလုပ်လုပ်သည်ကို သိသော်လည်း ကျွမ်းကျင်သော ပညာရှင်ပါရဂူမဟုတ်သောကြောင့် ချို့ယွင်းမှုများအား အဖြေရှာရှင်းလင်းလျှင် ပိုမိုမှားယွင်းသွားနိုင်သောကြောင့်ဖြစ်သည်။

Command Controller (CC)

SC (spacecraft controller ) နှင့်အတူ ဂြိုဟ်တုအားထိန်းကြောင်းရာတွင်ပါဝင်သော CC သည် SC ၏ junior position ဖြစ်သည်။ သတ်မှတ်ထားသော စီမံချက်များအတိုင်း ချို့ယွင်းမှုများအား SC သို့တင်ပြခြင်းများကို ပြုလုပ်သည်။

Payload Controller ( PC )

Payload Controller ( PC ) သည် real-time အချိန်တွင် payload operation ကိုထိန်းချုပ်ရသူဖြစ်သည်။ Payload တွင်ပါဝင်သော science instrument နှင့်ထို instrument များ၏ အထောက်အပံ့ ပစ္စည်းများကိုလည်းထိန်းချုပ်ရသည်။ ပုံမှန် operation ပြုလုပ်ချိန်တွင် SC ( spacecraft controller ) နှင့်လုပ်ငန်းစဉ်တူညီသော်လည်း payload အား command နှင့် control ပြုလုပ်စဉ်တွင် SC ကဲ့သို့တင်းကြပ်ခြင်း မရှိပေ။ ရှုပ်ထွေးသော mission တွင်မူ payload control ကို payload operation team အဖြစ်ခွဲခြားလုပ်ဆောင်သည်။

Mission Planner (MP)

Mission Planner (MP) သည်ဂြိုဟ်တု၏ နေ့စဉ်ပုံမှန် operation ပြုလုပ်ခြင်းများအတွက် လမ်းစဉ်များချမှတ်ပေးသည်။ ထို့ပြင်မြေပြင်စခန်းအတွက် လိုအပ်သော အလုပ်ချိန်ဇယားများရေးဆွဲ ခြင်း ၊ဂြိုဟ်တုသို့ပေးပို့မည့် command များကို ရေးဆွဲခြင်း၊ ဂြိုဟ်တု၏ operation နှင့် maintenance များအတွက် SOE နှင့်ညိ§နှိုင်းစီစဉ်ခြင်း ၊ SC ( spacecraft controller ) အတွက်လိုအပ်သော လမ်းညွှန်ချက်များကို ရေးဆွဲပေးခြင်း နှင့်လိုအပ်ပါက payload operation schedule များရေးဆွဲခြင်း စသည်တို့ကိုလည်းပြုလုပ်သည်။

Data Analyst (DA)

Data analyst (DA) သည် ဂြိုဟ်တုမှပေးပို့သော အချက်အလက်(data) များ၏ အရည်အသွေးကို စောင့်ကြည့်စီမံခန့်ခွဲခြင်းဖြစ်သည်။ အချက်အလက်(data) အရည်အသွေးများအား ground station မှလက်ခံရရှိသည်မှ customer (သို့ ) user များတိုင်အောင် စောင့်ကြည့်ခြင်းဖြစ်သည်။ အများအားဖြင့် data management system များသည် highly automation များဖြစ်ကြသည်။ ထိုကြောင့် DA သည် operation network တွင်ဖြစ်ပေါ်လာသော ချို့ယွင်းမှုများကို ရှာဖွေဖြေရှင်းကိုသာ အဓိကလုပ်ဆောင်သည်။ real-time data management function ကို ထိန်းချုပ်ညွှန်ကြားသူမှာ GC (ground controller ) ဖြစ်သော်လည်း mission ၏လိုအပ်မှုအပေါ်မူတည်၍ DA (data analyst ) သည်ပါဝင်လာမည်ဖြစ်သည်။

Orbit Analyst ( OA )

Orbit Analyst (OA) သည်ရရှိလာသော ပတ်လမ်းဆိုင်ရာ tracking data များအရဂြိုဟ်တု၏ flight dynamics function များကိုရေးဆွဲသည်။ ထို့ပြင်ဂြိုဟ်တုအတွက် orbit များညိ§နှိုင်းသတ်မှတ်ခြင်း ၊ maneuver planများကို တွက်ချက်ပေးခြင်းတို့ကိုလည်းပြုလုပ်သည်။ ထို့နောက် ရရှိလာသော data အချက်အလက်များကို MP (mission planner ) သို့ပေးပို့သည်။

Spacecraft Operation Engineer (SOE)

Spacecraft Operation Engineer (SOE) သည်ဂြိုဟ်တုသက်တမ်းကုန်ဆုံးချိန်အထိ တည့်တံရေးနှင့် mission ကိုကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ကဏ္ဍအားလုံးတွင် တာဝန်ရှိသူဖြစ်သည်။ SOE သည်ဂြိုဟ်တုထုတ်လုပ်သူများနှင့် ညိ§နှိုင်းခြင်း၊ ဂြိုဟ်တုမလွှတ်တင်မီစမ်းသပ်စစ်ဆေးခြင်း ၊ လွှတ်တင်ပြီးနောက် တင်ပြလာသော ဂြိုဟ်တု၏အခြေအနေများအရ လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်း စသည်တို့ကိုပြုလုပ်သည်။ Payload သည်ဂြိုဟ်တုတစ်ခု၏ အသက်သွေးကြောနှင့် အရင်းအမြစ်ဖြစ်သောကြောင့် SOE သည် ဂြိုဟ်တုတည်ရှိမှု အခြေအနေကိုသာမက payload ၏စွမ်းဆောင်နိုင်မှုအခြေအနေကိုပါ စီမံဆောင်ရွက်ရသည်။

SOE သည် SC ( spacecraft controller ) (သို့)အခြားသော position များမှ တင်ပြလာသော ချို့ယွင်းမှုများ၏ အကြောင်းအရင်းများကို ရှာဖွေသတ်မှတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဖြေရှာခြင်းတို့ကိုပြုလုပ်သည်။ အကယ်၍ SOE သည်ချို့ယွင်းမှုများကို မဖြေရှင်းနိုင်လျှင် အခြားသော Anomaly Response Team (ART) များအား ချိတ်ဆက်ငှားရမ်းအသုံးပြုသည်။ ပုံမှန်မဟုတ်သော orbital maneuvers ပြောင်းလခြင်းကဲ့သို့သော အခြင်းအရာများတွင် SOE သည် SC အဖြစ် ယာယီတာဝန်ယူ၍ ဂြိုဟ်တုအား ထိန်းကြောင်းသည်။

Payload Analyst (PA)

Payload Analyst ( PA )သည် payload ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလုံးကို စီစဉ်ဆောင်ရွက်ရသည်။ PA သည် SOE (spacecraft operation engineer ) နှင့် လုပ်ငန်းစဉ်တူညီသော်လည်း payload အား spacecraft bus ထက်ပိုမိုနိုင်နင်းခြင်းသာ ကွာခြားသည်။

Operation Engineer (OE)

Operation Engineer (OE)သည် satellite operation တစ်ခုလုံးအား စီစဉ်ခြင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းများတွင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ Operation တစ်ခုလုံး၏ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူဖြစ်ပြီး operation အတွက်လိုအပ်သော အထောက်အပံ့နှင့် စီမံခန့်ခွဲမှုအပိုင်းများတွင်လည်း ပြုလုပ်ရသည်။ OE သည် spacecraft နှင့် payload တို့၏ဖြစ်ပေါ်လာသော ချို့ယွင်းမှုများကို အဖြေရှာရာတွင် ဦးဆောင်စီမံခန့်ခွဲသူဖြစ်သည်။

Summary

မြေပြင်ထိန်းချုပ်ရေးစခန်း၏ operation တွင်ပါဝင်မည့် ၀န်ထမ်းများ အားလုံးကို ငှားရမ်းအသုံးပြုမည်ဆိုလျင် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည်။ ပြုလုပ်ရသော operation ရှုပ်ထွေးလျှင် ၀န်ထမ်းအရေအတွက်များစွာ လိုအပ်မည်ဖြစ်သောကြောင့် ငွေကြေးကုန်ကျမှု များပြားနိုင်သည်။ ရှုပ်ထွေးမှုနည်းသော operation သည် ၀န်ထမ်းအရေအတွကို လျော့ကျစေနိုင်သည်။

မိမိတို့အဖွဲ့အစည်းအတွင်းရှိ ၀န်ထမ်းများအား လုံလောက်စွာ လေ့ကျင့်သင်ကြားပေး၍ ငှားရမ်းထားသော ၀န်ထမ်းများ၏ အချို့နေရာများတွင် အစားထိုးအသုံးပြုခြင်းသည်လည်း ငွေကြေးကုန်ကျမှုကို သက်သာစေမည်ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ လိုက်နာစဉ်းစားရမည့်အဆင့်များ

ဂြိုဟ်တုစီမံကိန်းတွင် အာမခံထားရှိမှုသည် အရေးပါသောလိုအပ်ချက် တစ်ခုဖြစ်သည်။ စီးပွားဖြစ် ဂြိုဟ်တုတစ်ခု၏ အဓိကရည်ရွယ်ချက်မှာ ဂြိုဟ်တု၏ သက်တမ်းကုန်ဆုံးချိန်ထိ အမြတ်အစွန်းနှင့် ၀န်ဆောင်မှုကို အပြည့်အ၀ပေးနိုင်ရန်ဖြစ်သည်။ ဂြိုဟ်တုစတင်ပစ်လွှတ်ချိန်မှစ၍ သက်တမ်းကုန်ဆုံးချိန်အထိ အချိန်ကာလအတွင်းတွင် မမျှော်လင့်သောဖြစ်ရပ်များကြောင့် ဂြိုဟ်တုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ရာ၊ ယင်းသို့ဖြစ်ပေါ်ခဲ့လျှင် ဂြိုဟ်တု၏ ၀န်ဆောင်မှုများအတွက် ရရှိမည့်ဝန်ဆောင်ခသည် လျော့နည်း/ဆုံးရှုံးသွားမည်။ ထိုအခါ ဂြိုဟ်တုပိုင်ဆိုင်သော အဖွဲ့အစည်းတွင် ငွေကြေးပိုင်းဆိုင်ရာဆုံးရှုံးနစ်နာမှုဖြစ်ပေါ်မည်။ သို့ဖြစ်၍ မမျှော်လင့်သော ဂြိုဟ်တုထိခိုက် ပျက်စီးမှုများကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ပါက ပြန်လည်ကာမိစေရန် ဂြိုဟ်တုစီကိန်းတစ်လျောက် အာမခံမျိုးမျိုးထားရှိကြပါသည်။

ဂြိုဟ်တုတစ်ခုအားထုတ်လုပ်ခြင်း ၊လွှတ်တင်ခြင်းနှင့် အသုံးပြုခြင်း စသည်ဖြင့် အောက်ဖော်ပြပါအတိုင်း အချိန်ကာလ ( ၃ ) ပိုင်းခွဲခြားထားပါသည်-

(က) စတင်ထုတ်လုပ်ချိန်နှင့် မပစ်လွှတ်မီအချိန် (Manufacture and pre-launch)

(ခ) ပစ်လွှတ်စဉ်အချိန် ( Launch )

(ဂ) ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးနေချိန် ( in-orbit operation )

အထက်စာပိုဒ်ပါ အချိန်ကာလ ( ၃ ) ပိုင်းလုံးတွင် မမျှော်လင့်သောဂြိုဟ်တုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ တစ်နည်းအားဖြင့် ဂြိုဟ်တုကို စတင်ထုတ်လုပ်နေချိန်မှစ၍ ပတ်လမ်းအတွင်းတည်ရှိကာ သက်တမ်းကုန်ဆုံးချိန်ကာလအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်နိုင်သည်ဖြစ်ရာ ဂြိုဟ်တုစတင်ထုတ်လုပ်ချိန်မှစ၍ ပတ်လမ်းအတွင်း သက်တမ်းကုန်ဆုံးချိန်အထိ အဆင့်ဆင့်အတိုင်းတွင် အာမခံထားရှိရန်လိုအပ်ပါသည်။ ယေဘုယျအားဖြင့် ဂြိုဟ်တုအာမခံထားရှိမှု အဆင့်များကိုလည်း ယင်းအချိန်ကာလ(၃) ပိုင်းနှင့် လိုက်လျောညီထွေမှုရှိစေရန် အောက်ပါအတိုင်း ( ၃ )မျိုးခွဲခြားထားပါသည်။

(က) စတင်ထုတ်လုပ်ချိန်နှင့် မပစ်လွှတ်မီအာမခံထားရှိခြင်း ( pre-launch insurance ) ။ မမျှော်လင့်သောဖြစ်ရပ်များကြောင့် တည်ဆောက်ဆဲနှင့် မပစ်လွှတ်မီကာလအတွင်း ဂြိုဟ်တုအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုကိုထေမိစေရန်အတွက် စတင်ထုတ်လုပ်စဉ်နှင့် မပစ်လွှတ်မီအချိန် အာမခံထားရှိရခြင်းဖြစ်ပါသည်။

(ခ) ပစ်လွှတ်စဉ်အချိန်တွင် အာမခံထားရှိရခြင်း (Launch insurance ) ။ဂြိုဟ်တုအား လွှတ်တင်ရေးဒုံးပျံ (launch vehicle ) ဖြင့် ပစ်လွှတ်စဉ်တွင် မမျှော်လင့်သော ဖြစ်ရပ်များကြောင့် လွှတ်တင်မှုမအောင်မြင်ပါက် ဂြိုဟ်တုပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဆုံးရှုံးမှုများကို ကာမိစေရန်အတွက် ပစ်လွှတ်စဉ်အချိန်တွင် အာမခံထားရှိရခြင်းဖြစ်ပါသည်။

(ဂ) ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးချိန်အာမခံထားရှိခြင်း ( In-orbit insurance ) ။ ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးနေချိန်တွင် ဂြိုဟ်တုသည် အာကာသအတွင်းရှိ အရာဝတ္ထုများနှင့် ထိခိုက်မိခြင်း ၊ ဂြိုဟ်တု၏အစိတ်အပိုင်းများချို့ယွင်းခြင်း စသည့် မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးမှုများကို ခုမိစေရန် ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးချိန်၌လည်း အာမခံထားရှိရခြင်းဖြစ်သည်။

1965 ခုနှစ်တွင် လွှတ်တင်ခဲ့သော စီးပွားဖြစ်ဆက်သွယ်ရေးဂြိုဟ်တုဖြစ်သည့် Intelsat 1 သည် ပထမဦးဆုံး ပစ်လွှတ်မှုအာမခံ (launch insurance ) ထားရှိခဲ့သော ဂြိုဟ်တုဖြစ်သည်။ ထို့နောက် 1968 ခုနှစ်တွင် လွှတ်တင်ခဲ့သော Intelsat 3 ဂြိုဟ်တုသည် မပစ်လွှတ်မီအချိန် ( pre-launch ) နှင့် ပစ်လွှတ်စဉ်အချိန် (launch) တို့အတွက် အာမခံစတင်ထားရှိခဲ့သော ဂြိုဟ်တုဖြစ်သည်။ ယခုကာလတွင်မူ အာကာသစီမံကိန်းများ၌ အာမခံထားရှိမှုသည် အရေးပါသော အခန်းကဏ္ဍအဖြစ် တွင်ကျယ်စွာ ပါဝင်လာပြီဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ လိုက်နာစဉ်းစားရမည့်အဆင့်များ

အဆင့် ( ၁ ) ။ ဂြိုဟ်တုကို အသုံးပြု၍ မိမိတို့လိုအပ်သော ( အသုံးပြုလိုသော ) ဂြိုဟ်တုမှ စွမ်းဆောင်ပေးနိုင်မည့် အချက်များကို သတ်မှတ်ခြင်း

ဥပမာအားဖြင့် ဆက်သွယ်ရေးဂြိုဟ်တုစီမံကိန်းအတွက် အဆိုပြုစာတမ်းရေးသားရာ၌ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့လက်ခံနိုင်ရန် ၊ ရုပ်မြင်သံကြားထုတ်လွှင့်မှု ပိုမိုအဆင်ပြေစေရန် ၊ အင်တာနက်ဆက်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရန် ၊ ဂြိုဟ်တုဆက်သွယ်ရေး ဖုန်းကွန်ယက်များ တွင်ကျယ်စွာအသုံးပြုနိုင်ရန် စသည်ဖြင့် ဆက်သွယ်ရေးဂြိုဟ်တုကို အသုံးပြု၍ မိမိတို့လိုချင်သော အချက်အလက်များကို ပြည့်စုံစွာရေးသားရပါမည်။

အဆင့် ( ၂ ) ။ လိုအပ်ချက်များကို ဂြိုဟ်တုတွင်ပါဝင်မည့် စနစ်အဖြစ်ပြောင်းလဲသတ်မှတ်ခြင်း

မိမိတို့သတ်မှတ်ထားသော လိုအပ်ချက်များကို အပြည့်အ၀ရရှိနိုင်ရန်အတွက် အသုံးပြုမည့် နည်းပညာများနှင့် ကုန်ကျနိုင်မည့် ငွေကြေးပမာဏ ၊ စီမံကိန်းကြာချိန် စသည်တို့ကိုစဉ်းစားရပါမည်။

အဆင့်( ၃ ) ။ ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များကို အတည်ပြုခြင်း

ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များဆိုသည်မှာ ဂြိုဟ်တုသည် အာကာသထဲရှိ မိမိပတ်လမ်းကြောင်းသို့ ရောက်ရှိသောအခါ လုပ်ဆောင်သည့်အချက်များအားလုံးကို ဆိုလိုပါသည်။

အဆင့်( ၄ ) ။ စီမံကိန်းကို သရုပ်ဖော်ခြင်း

ဂြိုဟ်တုစီမံကိန်းကို သရုပ်ဖော်ရာတွင် ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များနှင့် အာကာသနှင့်ပတ်သတ်သော စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်ရမည့် အစိတ်အပိုင်းများ အားလုံးကို စီစဉ်ထည့်သွင်းပေးရပါမည်။

အဆင့်( ၅ ) ။ ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များကို အကောင်အထည်ဖော်ခြင်း

ဂြိုဟ်တုစနစ်တစ်ခုလုံး၏ လုပ်ဆောင်ချက်စနစ်များကို အကောင်အထည်ဖော်ရာတွင် အချက် (၁၀ )ချက် ပါဝင်သော အစီအစဉ်အတိုင်းလုပ်ဆောင်ရပါမည်။

အဆင့် (၆) ။ အလွန်အရေးပါသော အချက်အလက်များသတ်မှတ်ခြင်း

ဂြိုဟ်တုစနစ်တစ်ခုလုံးအတွက် အချက်အလက်များ သတ်မှတ်မှုအပေါ်မူတည်၍ စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်နှင့် ငွေကြေးကုန်ကျမှုတို့ကို ထိရောက်စွာ ကွဲပြားခြားနားစေပါသည်။

အဆင့် ( ၇ ) ။ စီမံကိန်းမှ အသုံးချနိုင်မှု တန်ဖိုးတွက်ချက်ခြင်း

စီမံကိန်းမှအသုံးချနိုင်မှုကို တွက်ချက်ရာတွင် ဂြိုဟ်တုစနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည်အဆင့်အလိုက် ကုန်ကျနိုင်မည့် ငွေကြေးပမာဏ ၊ ကြုံတွေ့နိုင်သည့် အခက်အခဲများ စသည်တို့အပေါ်မူတည် တွက်ချက်ရပါမည်။

အဆင့် (၁၀) ။ စီမံကိန်း အချက်အလက်များသတ်မှတ်ခြင်း

အာကာသစီမံကိန်းတစ်ခု လုပ်ဆောင်ရာတွင် စဉ်းစားရမည့် အချက်များဖြစ်ပါသည်။ အချက် ( ၁၁ ) ချက်အပေါ်မူတည်သတ်မှတ်ခြင်းဖြစ်သည်။

အဆင့် ( ၁၁ ) ။ စနစ်တစ်ခုလုံး၏ လိုအပ်ချက်များကို သတ်မှတ်ခြင်း

မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအပ်ချက်များ အားလုံးကို တိတိကျကျ သတ်မှတ်ထားသော စနစ်တစ်လုံး၏ လိုအပ်ချက်များ အဖြစ်အသွင်ပြောင်းလဲပေးရပါမည်။

အဆင့် ( ၁၂ ) ။ စနစ်တစ်ခုလုံး၏ လိုအပ်ချက်များကို စနစ်တစ်ခု၏ အစိတ်အပိုင်းများအဖြစ် နေရာချခြင်း

မိမိတို့၏ လိုအပ်ချက်များကို ဂြိုဟ်တုစနစ်ကြီးတစ်ခုလုံး၏ အစိတ်အပိုင်းများအဖြစ် သင့်တော်သည့် နေရာ၌ တည်ဆောက်လွှတ်တင်ထိန်းချုပ်ဆက်သွယ်ရပါမည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Communication Satellite

ဂြိုဟ်တုပတ်လမ်းအလိုက် ဂြိုဟ်တုအမျိုးအစားသုံးမျိုး ( LEO , MEO , GEO ) တို့ရှိသည့် အနက် GEO ဂြိုဟ်တုသည် အလေးချိန်ပမာဏများစွာသယ်ဆောင်နိုင်ခြင်း ၊ ဂြိုဟ်တုသက်တမ်းရှည်ကြာခြင်း၊ ကမ္ဘာမြေပြင် သုံးပုံတစ်ပုံခန့်ကို ဂြိုဟ်တုတစ်လုံးတည်းဖြင့် လွှမ်းခြုံနိုင်ခြင်း ၊ ဂြိုဟ်တု၏ လွှမ်းခြုံဧရိယာကျယ်ပြန့်ခြင်း ၊ ဂြိုဟ်တုသက်တမ်းတစ်လျောက် ထမ်းဆောင်နိုင်သော ၀န်ဆောင်မှုပမာဏကြီးမားခြင်း ၊ Fiber ၊ wires ၊ Tower အစရှိသည့် မြေပြင်ဆက်သွယ်ရေးပစ္စည်းများ အပေါ်မှီခိုမှုမရှိခြင်း စသည့်အားသာချက်များရှိသည်။ GEOဂြိုဟ်တုသည် ဆက်သွယ်ရေး ၊ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများနှင့် ဆက်သွယ်ကယ်ဆယ်ခြင်း၊ ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာခြင်းနှင့် မြေပြင်ဓါတ်ပုံများရယူခြင်း အစရှိသည့် လုပ်ငန်းများကို ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဂြိုဟ်တုလွှတ်တင်အသုံးပြုမှုသည် ယနေ့ခေတ်နိုင်ငံများအတွက် အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် အရေးပါလာသည်။


မြေပြင်ထိန်းချုပ်ရေးစခန်း (Earth Station )

ဂြိုဟ်တုအားထိန်းချုပ်ညွှန်ကြားမည့် Earth Station တစ်ခုတွင် staff နှင့် operation ( software၊ hardware ) တို့ပါဝင်သည်။ ထို့ပြင် Earth Station ရှိ operator များ၏ အတွေ့အကြုံရှိမှု ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့အပေါ်မူပြီး ဂြိုဟ်တုသက်တမ်းနှင့် စွမ်းဆောင်ရည်အတက်အကျ ဖြစ်ပေါ်မည် ဖြစ်သည်။


ဂြိုဟ်တု (Satellite )

ဂြိုဟ်တုတွင်ပါဝင်မည့် ၀န်ဆောင်မှုများကို ဦးစွာညှိနှိုင်းရမည် ဖြစ်သည်။ အခြားသော ၀န်ဆောင်မှုများနှင့် အစိုးရပိုင်းဆိုင်ရာလုပ်ငန်းများကို ထည့်သွင်းလိုလျှင် ဂြိုဟ်တုပိုင်ဆိုင်သူ ၊ ထုတ်လုပ်သူတို့နှင့် ဆွေးနွေးရမည်ဖြစ်သည်။


လွှတ်တင်ရေးဒုံးပျံ(LaunchVehicle)

ဂြိုဟ်တုအား တင်ဆောင်ပစ်လွှတ်ပေးမည့် ဒုံးပျံသည် အောင်မြင်သည့် သမိုင်းကြောင်းကောင်းမွန်ရန် လိုအပ်သည်။ ဒုံးပျံ၏ နောက်ဆုံးပစ်လွှတ်မှု လေးကြိမ် ( သို့ ) ဆယ်ကြိမ်အထိ အောင်မြင်မှုရရှိထားရန် လိုအပ်ပါသည်။ ဒုံးပျံ၏ ယုံကြည်စိတ်ချရမှု ၊တင်ဆောင်နိုင်သော အလေးချိန်ပမာဏ နှင့် ဈေးနှုန်းတို့သည် အဓိကစဉ်းစားရမည့် အချက်များဖြစ်သည်။ ဂြိုဟ်တုစီမံကိန်းတစ်လျှောက်တွင် လွှတ်တင်ရေးဒုံးပျံဖြင့် တင်ဆောင်ပစ်လွှတ်ချိန်တွင် ချို့ယွင်းပျက်စီးနိုင်ခြေ အများဆုံးလည်းဖြစ်သည်။


ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ


ဂြိုဟ်တုစီမံကိန်းတစ်ခုတွင် ဂြိုဟ်တုဝယ်ယူသူ ၊ ဂြိုဟ်တုထုတ်လုပ်သူ ၊ ဂြိုဟ်တုလွှတ်တင်ပေးသူ ၊ ဂြိုဟ်တုအာမခံပေးသူနှင့် အာမခံအတွက်ညှိနှိုင်းစဉ် ပါဝင်ဆောင်ရွက်ပေးမည့် အကျိုးဆောင်များ စသည့်အဖွဲ့အစည်း ( ၅ )ခုပါဝင်မည်ဖြစ်သည်။ ထို့အတွက် လိုအပ်သော လုပ်ငန်းဆောင်တာများ အတွက်ကြိုတင်ပြင်ဆင်ထားသင့်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...